ဝလာ​စေမည့်​နည်းလမ်းများ

ဝ လာစေမည့် နည်းလမ်းများ

မကြာခဏ မေးလာကြတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ ၀ လာအောင် ဘယ်လိုလုပ်ရမလဲ။ ဘာဆေးစားရမလဲ ဆိုတာပါပဲ။

အခုခေတ်မှာ အ၀လွန်ရောဂါများကြောင့် ပိန်ဆေး၊ အဆီချဆေးများ ထုတ်လုပ်ရောင်းချ၊ စားသုံးနေကြပေမယ့် ပိန်နေသူများအတွက် ၀လာစေမည့် ဆေးနည်းတွေကတော့ ရှားနေတာကို တွေ့ရပါတယ်။

ဝဆေးအချို့ ရှိနေပေမယ့် သဘာဝအတိုင်းမဟုတ်ရင် ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေတာကို သတိထားရပါမယ်။ လူကို ဘာကြောင့်ပိန်စေသလဲဆိုတဲ့ အကြောင်းရင်းကို သိအောင်အရင်လေ့လာပြီး ရှောင်ရန်၊ ဆောင်ရန်တို့ကို လိုက်နာပေးလိုက်ရင် သဘာဝအတိုင်း ပြန်ဝလာပါလိမ့်မယ်။

ပိန်စေတဲ့အကြောင်းရင်းများ

အဆာလွန်ခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မျိုးရိုးလိုက်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အစာမချေနိုင်ခြင်း၊ အအိပ်အစားနည်းခြင်း၊ အစပ်စားလွန်းခြင်း စသည်တို့ကြောင့် ဖြစ်ပါတယ်။ ဆီးချို၊ ကင်ဆာ၊ အရိုးပါး၊ ခံတွင်းပျက် စတဲ့ရောဂါများ အပြင်းအထန်ရှိရင်လည်း ပိန်စေပါတယ်။

ဝလာစေမည့် အစားအစာများ

ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ကစီဓါတ်၊ ကာစီယမ်ဓါတ်၊ ကယ်လိုရီဓါတ်၊ ပရိုတင်းဓါတ်တို့ကို ဖြည့်ဆည်းပေးနိုင်မည့် အစားအစာများကို စားသုံးပေးခြင်းဖြင့် သဘာဝအတိုင်း ၀လာစေပါမယ်။ ကယ်လိုရီများစေပြီး ၀လာစေမည့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ အပြည့်အစုံတော့ မဟုတ်ပေမယ့် စုံနိုင်သမျှ စုစည်းထားပါတယ်။

နည်းလမ်း(၁)

အာလူးကို သံလွင်ဆီနဲ့ ကြော်ပြီး တစ်နေ့ ၂လုံးကုန်အောင် စားပါ။ တစ်ပတ်ကို ၃ရက်နဲ့ ၂လတိတိ စားပေးပါ။ ဟင်းချက်စား၊ မီးဖုတ်စားရင်လည်း ရပါတယ်။

နည်းလမ်း(၂)

မနက်စာကို ငှက်ပျောသီး ၂လုံး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ် ရပါတယ်။ နွားနို့ပူပူထဲကို သကြားနဲ့ ထောပတ် အနည်းငယ်စီထည့်၍ မနက်တိုင်း သောက်ပါ။ ၁လလောက် ပုံမှန်ပြုလုပ်ပေးပါ။

နည်းလမ်း(၃)

ကြက်ဥ ၃လုံးပြုတ်ပြီး အကာကို စားပေးပါ။ ကြော်စား၊ ချက်စားလည်း ရပါတယ်။ အစိမ်းကိုတော့ မသောက်ပါနဲ့။ ကြွက်သားများကို ဖွံ့ဖြိုးသန်မာစေပါတယ်။

နည်းလမ်း(၄)

နွားနို့တစ်ခွက်စာထဲကို စွန်ပလွန်သီးခြောက် ၂လုံး၊ သဖန်းသီးခြောက် လုံး၊ မက်မွန်သီး(Almonds) ၃လုံးထည့်၍ ဆူအောင် တည်ပြီးရင် အသီးများကို စားပါ။ အရည်ကို သောက်ပါ။ တစ်ရက်ခြားစီစားပြီး ၂လလောက် ပြုလုပ်ပေးပါ။

နည်းလမ်း(၅)

သရက်သီးနဲ့နွားနို့ (Mango Milkshake) တစ်နေ့တစ်ခွက် ပုံမှန်ဖျော်သောက်ပါ။ သို့မဟုတ် သရက်သီးစားပြီးတိုင်း နွားနို့တစ်ခွက် သောက်ပေးပါ။ တစ်လလောက်ဆို ၀လာပါမယ်။

နည်းလမ်း(၆)

စပျစ်သီးခြောက်၊ မြေပဲထောပတ်၊ ပဲအမျိုးမျိုး စသည်တို့ကို ပုံမှန်ဖြစ်အောင် စားပေးပါ။

အိပ်ရေးဝအောင်အိပ်ခြင်း၊ ခန္ဓာကိုယ်ကို လှုပ်ရှားပေးခြင်း၊ စိတ်ချမ်းသာအောင်နေခြင်း၊ ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုလုပ်ခြင်း အနားယူခြင်းတို့ကို ဂရုတစိုက် ပြုလုပ်ပေးပါက သဘာဝအတိုင်း ၀လာပါလိမ့်မယ်။ သတိထားရမှာက ကယ်လိုရီကို လောင်ကျွမ်းစေတဲ့ အစပ်စားခြင်းကို လျှော့ပေးရပါမယ်။ ရှောင်နိုင်ရင်တော့ ပိုကောင်းပါတယ်။

လူသားတိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

စောနွဲ့ နေဆိုင် - ပူတာအို
အစွမ်းထက် သဘာဝဆေးနည်းများ
.


Post a Comment