ကွမ်းယာကြိုက်​တဲ့ တ​စ္ဆေနှင့်​ သခိုးကြီးည

""ကွမ်းကြိုက်တဲ့တစ္ဆေ နှင့် သခိုးကြီည""
   ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

       "" ဟင်္သာတ➳  ဇလွန်ကြား ကားလမ်းဘေးက `လယ်တော်ကုန်း´ ဆိုတဲ့ရွာလေးမှာဖြစ်ပါတယ်။

   " ဒေါ်ဂုဏ်တင့်နှင်းဆီ(အငြိမ်းစား အထက်တန်းသူနာပြု) လို့ ဆိုင်းပုဒ်တင်ထားသော ပုဂ္ဂလိကဆေးခန်းလေးတွင် အပျိုကြီး မသောင်သောင်မာတယောက် ဆရာမကြီးမေးသမျှကို ရှက်ရှက်နဲ့ပြန်ဖြေရင်း ထပြေးချင်စိတ်များပေါက်လာတော့သည်။

"" ဘယ်လို.....ကိုယ်ဝန်ဖျက်ချချင်လို့...
...ဟုတ်လား သောင်သောင်မာ

...ဟုတ်ပါတယ် ဆရာမကြီး....
...
...အလိုအေ....နင်လိုအပျိုကြီးကို ဘယ်သကောင့်သားက ချက်ပေါ်ကို လက်တော်နဲ့ရစ်လိုက်လို့တုန်း......
....ဘယ်အကောင်လဲ ပြောစမ်း...
...ဒါမျိုးဆိုတာ ဒီလိုဖြေရှင်းလို့ရတာမဟုတ်ဘူး...
...ဒီကိစ္စ ငါကိုယ်တိုင်ရှင်းပေးမယ်....

...ဟင့်အင်း....မ...မဟုတ်ဘူးဆရာမကြီး
...ကျွန်မကိုယ်ဝန်က လူနဲ့ရတာမဟုတ်ဘူး....

""ဘာ............
...လူ...လူနဲ့ရတာမဟုတ်လို့....ဘာကောင်နဲ့.....အဲ........ဘယ်လိုရလာတာလဲ.....

...အပျိုကြီးရဲ့အဖြေကြောင့် ဆရာမကြီးမျက်လုံးပြူးသွားသလို ဆံပင်ဖြူများကျိုးတိုးကျဲတဲပေါက်နေသော သူ့ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်သည်။

.....အဲ့ဒါကိုပဲ စဉ်းစားမရတာရှင့်...ဘုရားစူး၊မိုးကြိုးပစ် ဒီအသက်ဒီအရွယ်အထိ ဖို ဆိုလို့ ယင်ဖိုတောင်မသမ်းခံဖူးပါဘူး....

....အေးလေ.....
...ငါလဲ နင့်အကြောင်းသိနေတာပဲ
...ဒါဖြင့် ဒီကိုယ်ဝန်က ဘယ်လိုပေါ်လာတာလဲ.....

...အဲ့ဒါတော့ ကျွန်မလဲမသိဘူး....
....တနေ့က ကျေးလဒ်ကျန်းမာရေးဌာနမှာ "သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သပ်ပြီး ဆွေးနွှေးပွဲလုပ်လို့ ကျွန်မသွားခဲ့မိတယ်။

..အင်းး
..ပြောပါဦး....

...အဲ့မှာ သားဖွားဆရာမကပြောတယ်...အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာချိန်မှာမလာပဲ ၂ပါတ်ကျော်ရင် မိမိဆီးကို ဆီးစစ်တံနဲ့စစ်ကြည့်ပါတဲ့...ဆီးစစ်တံမှာ ၁ရစ်ပေါ်ရင် ကိုယ်ဝန်မရှိဘူး၊၂ရစ်ဆိုရင်ရှိတယ်လို့ပြောတယ်.....

...အေးလေ
..အဲ့ဒါအမှန်ပဲဟာ...

...ဆရာမကြီးရဲ့ထောက်ခံမှုကြောင့် အပျိုကြီးရဲ့မျက်နှာ အတော်မှောင်သွားသည်။

...အီးးဟီးးဟီးး
...အဲ့...အဲ့နေ့မှာ ဆီစစ်တံဝေလို့ တချောင်းယူလာခဲ့ပါတယ်....ကျွန်မအနေနဲ့ မလာတာ၂ပါတ်ကျော်နေပြီဆိုတော့ စိတ်ပူပြီး အဲ့..ဆီးစစ်တံနဲ့ စစ်ကြည့်လိုက်တယ်...
....ကြည့်...ကြည့်ပါဦးဆရာမကြီးရယ်...၂ရစ်.......ပေါ်နေတယ်တော့
......ဟီးးအီးးရွှတ်....
....ကျွန်မကိုကယ်ပါဦး...
...အဖေသိရင် ကျွန်မကိုသက်မှာ....
...ဘယ်သူနဲ့မှ ဘာမဖြစ်ပဲ လင်ကောင်မပေါ်တဲ့ဒီခလေးကိုမမွေးပါရစေနဲ့.....ကျွန်မကိုကယ်ပါဦးဆရာမကြီးရယ်...ဟင့်...ဟင့်.......

...ဟော.....တော့.............

.... ပါလာသောဆီးစစ်တံကိုထုတ်ပြပြီး ဝါးလုံးကွဲအောင်ငိုချလိုက်သော သောင်သောင်မာကိုကြည့်ပြီး ဆရာမကြီးဒေါ်ဂုဏ်တင့်နှင်းဆီ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

....ဟင်းးး
...ဖြစ်တတ်ရန်ကော သောင်သောင်မာရယ်......
...ဆီစစ်လို့၂ရစ်ပေါ်တိုင်း ကိုယ်ဝန်ရှိနေပြီလို့ ဘယ်သူပြောလဲ...ရှုထောင့်အမျိုးမျိုးကနေစစ်ဆေးရတယ်ဟဲ့....တကယ်ထဲတော်...
...ငါ့နယ်အဟုတ်မှတ်လို့......

..လာ ခုတင်ပေါ်မှာပက်လက်လှန်လိုက်
...နင့်ကိစ္စငါစစ်ကြည့်မယ်

...ရှင်....

...မရှင်နဲ့....ခလေးမွေးချင်လို့လား

...ဟင့်အင်း...ဟင့်အင်း.....မွေးဘူး...မွေးဘူး....

...အေး ဒါဆို ငါပြောသလိုနေ...

..ဟုတ်ကဲ့

...." အလုံးစုံစစ်ဆေးပြီးသောအခါ ဟိုမုန်းဓာတ်အပြောင်းအလဲမရှိသောကြောင့် မကြာခဏရာသီထိန်ခြင်းကိုအကြောင်းပြုပြီး သားအိမ်လမ်းကြောင်းမှာ အနာဖြစ်နေပါသတဲ့လေ......

...ဒါ့ကြောင့် လိုအက်တဲ့ဆေးဝါးများကိုပေးပြီး စိတ်အေးလက်အေးနဲ့ပြန်နိုင်ပါကြောင်း ခဝါညောင်းခဲ့လေ၏။

"" ဟူးးး...
..စောစောဆီးဆီ ဘာတွေနဲ့လာတွေ့နေမှန်းမသိဘူး

...""နောက်တယောက်လာဟေ့"

...အခေါ်ဆင့်လိုက်သဖြင့် ကန့်လန့်ကာကြားမှထွက်လာသော လင်မယားနှစ်ယောက်....

...အလို....မငယ်တို့လင်မယားပါ့လား
....ဘာလဲ နင်ကရော ဗိုက်လာအက်တာလား....တကောင်ကဖြင့် နို့တောင်မပျက်သေးဘူး.....နောက်တကောင်က ဇီးကပ်နေပြီလား...
...ဟိုမသာ `အောင်ကျော်သန်း´ ကလဲ ဒီလောက်တောင်သရမ်းနေလား...

...ဗျာ
...ရှင်...

...မ...မဟုတ်ဘူး....
..အခုပြမှာ သမီးမဟုတ်ဘူး
သမီးရဲ့ယောင်္ကျား`အောင်ကျော်သန်း´
....ပါ.....

...ဟေ.....
..လာပြန်ပြီတယောက်......
...နင့်ယောင်္ကျားကဘာဖြစ်လို့လဲ....

...အောင့်လို့တဲ့ .....အတိအကျတော့ ဆရာမကြီးပဲမေးကြည့်ပါတော့.....

...အေးပါ.......မေးဆိုတော့လဲ မေးပြီအေ
...ဆိုစမ်းပါဦး...ဘယ်နေရာကအောင့်တာလဲ......

...ဗျာ....အင်းး.. အဲ....ဟိုလေ....ဟိုဒင်း...

...ဟဲ့အကောင်...ဘာဖြစ်နေတာလဲ....
...မေးတာဖြေလေ....နင့် ယအုကိုညှပ်နဲ့ဆွဲလိုက်ရမလား...

...အားးးးးး
..မ...မလုပ်ပါနဲ့...အဲ့နေရာကအောင့်တာပါ.....
.....ဟင်းးဟင်းး
...သိပါအေ
...နင်တို့အခွက်တွေကိုကြည့်ထဲက သိတယ်....တမင်မေးတာ......

....ခင်ဗျာ
...ရှင်.........

....ကကြမ်းကရမ်းနိုင်သလို တုတ်ထိုးအိုးပေါက်ပြောတတ်သော ဆရာမကြီးကိုတော့ တရွာလုံးက လက်မြှောက်ထားရသည်....အပြောဆိုးပေမဲ့ ဆေးလိုက်သလို စေတနာလဲအရမ်းကောင်းသူကြီးတဦးပါ.......

....သည်လိုနှင့် လိုအက်သောအမေးအဖြေများ၊စစ်ဆေးစမ်းသပ်မှုများပြုပြီးသည့်နောက်....
....
....ဟင်းးးး
...ရောဂါက လူကြားထဲပြောလို့မကောင်းတဲ့ရောဂါပါလားအေ.....

...မငယ်ရေ

...ရှင်

...နင်တို့မိသားစုအတွက်တော့ စိတ်မကောင်းပါဘူးအေ...

...ခင်ဗျာ

....ရှင်....
..ဘာ....ဘာရောဂါမို့လဲဟင် ဆရာမကြီး.....

...အေး....ဒီရောဂါမျိုးဆိုတာ နင့်လင်လို ဆိုက်​ကားသမားမျိုး၊ကားသမားမျိုးတွေမှာဖြစ်တတ်ကျတဲ့ရောဂါပေါ့အေ....အနေအစားမဆင်ခြင်ပဲ စွတ်လုပ်တော့ ဖြစ်ပြီပေါ့။

...ဆရာမကြီးရဲ့စကားကိုကြားလိုက်တော့...မငယ်ရဲ့မျက်နာတခုလုံးနီရဲလာသည်......

....ဒါ....ဒါဆို.....
....အမလေး....ကိုယ်ကျိုးတော့နဲပါပြီတော်.....
...ထင်တယ်.....ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိလို..ဒီဆိုက်ကားကိုမနင်းပါနဲ့ဆိုတာ တားလို့မရဘူး....
...ခုတော့...မကောင်းတဲ့မိန်းမတွေကိုအကြိုအပို့လုပ်ရင်း ဒင်းက အချောင်နှိုက်၊ ကမြင်းကျောထတော့....အခု ဒီရောဂါကြီးကူးပြီပေါ့.....
....အမလေး....ကိုအောင်ကျော်သန်းရဲ့
...ရှင့်ကိုမုန်းတယ်....ရှင့်ကိုရွံတယ်
...ကဲဟယ်...ကဲဟယ်
..ဖုန်းးးဘုန်းးးအုန်းးး

...ဟဲ့....
...မဟုတ်ဘူး...ငါဘာမလုပ်ဘူး
...ငါ..ဘာမသိဘူးနော်......
..ဆရာမကြီး....ကယ်ပါဦးဗျ.....
....
...မလိမ်နဲ့...အခု..ရှင့်အကြောင်းက ရောဂါမှာပေါ်နေပြီ.....ဘာကိုဆက်လိမ်ချင်သေးလို့လဲ..
...အီးးး ဟီးဟီးဟီး

...ဘာကိုဘယ်လိုအတွေးပေါက်ပြီး.. လင်ဖြစ်သူကျောက်ကုန်းကို တအားထုလိုက် ကျိန်လိုက် ဆဲလိုက်နှင့် ဘီလူးဆိုင်းတီးနေသော မငယ်ကိုကြည့်ပြီး ဆရာမကြီးကြောင်သွားသည်။

....နေ...နေစမ်းပါဦး...မငယ်
....ဘာလို့အောင်ကျော်သန်းကိုထုနေတာလဲ......ဘာရောဂါလို့ ငါပြောရသေးလို့လား.....

...ရှင်.......
..အလို...
...မသိဘူးလေ....ဆရာမကြီးပဲ လူတောတဲ့ပြောမကောင်းတဲ့ရောဂါဆို...

...အေး...ဟုတ်တယ်....နင့်လင်က နေပူမရှောင်မိုးရွာမရှောင် ဘောဘဇောတိုက်ပြီး  ဆိုက်ကားနင်းနေတော့...ဥကျတဲ့ရောဂါဖြစ်နေတာဟေ့......ဒါ့ထက်ရှင်းအောင်ပြောရရင် မုတ်ကျရောဂါဟဲ့...သူ့ထက်ပိုရှင်းအောင်ပြောရရင် ဘောကျတဲ့ရောဟဲ့....ဒါ့ကြောင့် ဆိုက်ကားဆက်နင်းလို့မရဘူး...ဆက်နင်းရင် ၂လုံးစလုံးထုတ်ပြစ်ရလိမ့်မယ်...ဆိုက်​ကား မနင်းရရင် နင်တို့မိသားစုစီးပွားရေး ထိခိုက်မှာစိုးလို့ စိတ်မကောင်းဘူးလို့ပြောတာ....သိပြီလား......

...ဟောတော့...........
...အမလေးဗျာ....တော်ပါသေးရဲ့.....ဟူးးး

...တော်မနေနဲ့.....နင့်ရောဂါကသေးသေးမဟုတ်ဘူး....ဆေးစာရေးပေးမယ် ဟင်္သာတတက်ဝယ်ပြီးသောက်..အနဲဆုံး၆လလောက် ဆိုက်​ကား မနင်းနဲ့....
...နင်းရင် ကို့အကြောင်းနဲ့ကိုယ်.....
...ကျန်တဲ့ဟာက ပိုက်ဆံတက်နိုင်ရင်အစားထိုးကုလို့ရတယ်...နင့်ဟာကမရဘူး....တသက်လုံး `နတ်ကွတ်´ဖြစ်ပြီးလူဖြစ်ရှုံးသွားမယ် ဘာမှတ်လဲ.....
...ရော့ ဆေးစာ....သွားကျ....မြန်မြန်သွားကျတော့ဟယ်...
......တကထဲမှပဲတော်........

......ဟူးးးးးးးးးး
....

-------------------------------------

       "" ဘယ်လိုလုပ်ကျမလဲ ကိုကျော်....ကျွန်မစက်ချုပ်ခလေးနဲ့ ပါးစပ်၅ပေါက်ကို ဘယ်လိုထိန်းပါ့မလဲ.......ဟင်းးး

....အားမငယ်ပါနဲ့မိန်းမရယ်.....
...ရောဂါဆိုတာ ဆေးသောက်ရင်ပျောက်မှာပေါ့...တပါတ်လောက်နားပြီးရင်ဆိုက္ကားပြန်ထွက်မယ်......
....ဘာ....လာပြန်ပြီလား ဒီဆိုက္ကား.....
...ဒီလောက်ဖြစ်နေတာတောင် ဒီဆိုက္ကား ကိုပြန်နင်းချင်သေးလို့လား....ကျွန်မလုံးဝသဘောမတူဘူးနော်....
....ကျွန်မစိုးရိမ်လို့ပါတော်....

...ဟီးဟီး
...နင်စိုးရိမ်တာငါသိပါတယ်....အဟတ်..

...ရှင်နော်.....စကားအကောင်းပြော
...ဟွန်းးး

...အကောင်းပြောပါ့မယ်.....
.... ဆိုက္ကားပြန်နင်းလို့မဖြစ်ဘူးဆိုတော့ သက်တောင့်သက်သာနဲ့ ပုံမှန်ဝင်ငွေရမဲ့အလုပ်လေးပြောင်းလုပ်ရင်ကောင်းမလားလို့.....

....ဟင်....ကိုကျော်က ဘာလုပ်မယ်စဉ်းစားထားလို့လဲ....

...ဒီလို မိန်းမ.....
..ငါတို့အိမ်က ကားလမ်းနဲ့နီးတယ်...
....လမ်းထိတ်မှာ ဇရပ်လဲရှိတော့...ခရီးသွားခရီးလာ တွေလဲများတယ်....တဘက်မှာလဲ မြို့ဝင်ဂိတ်ရှိတယ်....ဒါ့ကြောင့် ကားလမ်းအတက်မှာ ကွမ်းရာဆိုင်ဖွင့်မလားလို့စိတ်ကူးမိတယ်။ ကွမ်းယာရောင်းတယ်ဆိုတာ အရင်းနဲပြီး အမြတ်ကျန်တယ်လေ...၁ရာဖိုးရင်းရင်၃ရာလောက်ပြန်ရတယ်.....
...ဒီတော့ ငါ့မိန်းမသဘောကရော....

....ကျွန်မသဘောကတော့ ရှင့်ရောဂါနဲ့သင့်တော်မဲ့အလုပ်မျိုး၊ပုံမှန်ဝင်ငွေရမဲ့အလုပ်မျိုးဆိုရင် ဘာပဲလုပ်လုပ်သဘောတူပါတယ်...
...ဒါပေမဲ့....ကွမ်းယာရောင်းတယ်ဆိုတာ လွယ်ပါ့မလားတော်....အမြင်လွယ်ပေမဲ့ တကယ်တမ်းကျ စားသုံးသူနှစ်သက်အောင်လုပ်ဖို့ကျမလွယ်ဘူးရှင့်.....

...အိုကွာ...အကို့မှာလဲ နားတွေမျက်စိတွေရှိပါတယ်....လုပ်ရင်း အဆင်ပြေသွားမှာပေါ့.......ဘယ်အလုပ်ဖြစ်ဖြစ် လုပ်ချင်စိတ်ရှိဖို့နဲ့စိတ်ရှည်ဖို့ကဲလိုတာ....

...သဘောလေ...ရှင်လုပ်ချင်တယ်ဆိုလဲ ကျွန်မ မကန့်ကွက်ပါဘူး......

...အေးကွာ....ဘဝသမားတွေဆိုတော့လဲ ဦးနဲ့မရ ပဲ့နဲ့တိုက်ရမှာပေါ့......ဟင်းးးး

          ^^နောက်နေ့မနက်တွင် မိမိပိုင်ဝါးခြံမှ ဝါးအချို့ကိုခုတ်ပြီး ရွာထိတ် ကားလမ်းဘေးမှာ ကွမ်းယာဆိုင်လေးဆောက်လိုက်ပါတယ်။ ၆တောင်ပါတ်လည်ဆိုတော့ ညအိပ်ညနေထိစောင့်ရောင်းလို့ရပါတယ်။
.....ဟင်္သာတ➳ ဇလွန်➳ ကြိမ်ပင်၂၀➳ ရန်ကုန်သို့ဆက်သွယ်ထားသောကားလမ်းမို့ ကားတွေက နေ့ရောညပါ မပျက်သွားနေသည်။ ကွမ်းယာဆိုင်မှိုလိုပေါက်နေသည့်အထဲမှာ နာမည်ရကွမ်းယာဆိုင်ဖြစ်ဖို့ကျ မလွယ်ကူလှပါဘူး.....အောင်ကျော်သန်းလို အသစ်​စက်​စက်​ကွမ်းယာဆိုင်လေးအဖို့ ဝယ်သူနဲပြီးအထီးကျန်ဆန်လွန်းလှသည်။
....သူ့ဆိုင်ကိုတခါဝယ်စားဖူးသော ကားသမားများသည် နောက်တကြိမ်ပြန်မလှည့်တော့ပါ။
....မလှည့်ဆို ကောင်းမှမကောင်းပဲလေ။
..ကြုံရာကွမ်းရွက်၊ဆေးဆိုးကွမ်းသီး၊ဆေးရွက်ဆိုပြီးရော မဲမဲမြင်ရာညှက်ထဲ့သဖြင့် စားသုံးသူတွေမကြိုက်ကျပါ။ ဒီတော့ အရင်းမပြန်ရာက အရင်းမြုတ်တဲ့ထိ ဖြစ်လာသည်။

.""..ဘယ်လိုလုပ်ကျမလဲဟင်..

..ဒီတိုင်းဆို.. .အကိုရဲ့ကွယ်းယာဆိုင်က အားကိုးလို့မရတော့ဘူးထင်တယ်။

.....ဟင်းးးး
....ဘာတက်နိုင်မလဲ မိန်မရယ်....
..နောက်တပါတ်လောက်ဆက်ရောင်းကြည့်မယ်....အဲ့ဒါမှမထူးရင် ဆက်မရောင်းယုံပေါ့ကွာ..
.........ဟင်းးးး

....ဤသို့ဖြင့် ညတညတွင်

....ပွမ်...ပွမ်....ဝူးးးဝေါ
..ဒုံးးးးအုန်းးးးး
...အားးးးးး

..ဟာ....တိုက်ပြီဟေ့.....
...ဟင်္သာတမှထွက်လာသောအမြန်ကနှင့် ဇလွန်ဘက်မှမောင်းလာသောဆိုင်ကယ်တို့ ခေါင်းချင်းဆိုင်တိုက်မိကိသည်။

...ထိုယဉ်တိုက်မှုဟာ အောင်ကျော်သန်း၏ကွမ်းယာဆိုင်နဲ့ဆို ကို၁ရာကျော်လောက်ပဲဝေးမည်....ကားတိုက်သံကြားတော့ အောင်ကျော်သန်းသွားကြည့်ပြီး လိုအက်သော ကူညီမှုများပြုလုပ်ပေးခဲ့သည်။ တိုက်တဲ့ကားက ရန်ကုန်နဲ့ဟင်္သာတကိုပြေးဆွဲနေသော ရဲရင့်ခိုင် မှန်လုံခရီးသည်တင်ဘက်စ်ကားဖြစ်သည်။ အတိုက်ခံရတာက ဆိုင်ကယ်စီးလာသောအဖိုးကြီးတယောက်...အသက်၆၀ကျော်လောက်ရှိမည်...ခေါင်းတခုလုံးပြားသွားသဖြင့် မည်သူမည်ဝါမှန်းမသိတော့ပါ....အခင်းဖြစ်တဲ့ဘေးမှာတော့ ညောင်ချပ်ပင်ကြီးတပင်ရှိပါတယ်...သရဲရှိသည်ဟု သီတင်းကြီးနေသောအပင်ကြီးပါ။
...ဆေးရုံကားလာတော့ အလောင်းကိုကားပေါ်မတင်ပေးပြီး ဆိုင်ကယ်ကိုတော့ ရဲကားနဲ့သယ်သွားပါတယ်.....

.........အိမ်ကိုပြန်ရောက်တော့ လက်မှာပေနေသော သွေးအစအနများကို ဆပ်ပြာနှင့်သေသေချာချာဆေးပြီးအိပ်ယာဝင်ခဲ့ပါသည်။

......အောင်ကျော်သန်းဟာ အနေစုတ်သော်လဲ စီးစနစ်ကျပြီး သပ်သပ်ခက်ခက်နေတတ်သူတဦးပါ...ရောင်းမကောင်းသောကွမ်းယာဆိုင်လေးဖွင့်တဲ့မနက်တိုင်း ဆိုင်ပတ်ဝန်းကျင်ကိုသန့်ရှင်းရေးအရင်လုပ်သည်။ အလုပ်လုပ်ရင်း မေတ္တာသုတ်၊ခန္တာသုတ် ပရိတ်တရားများကို နှုတ်ဖြင့်သော်၎င်း၊ကက်ဆက်ခွေဖွင့်၍သော်၎င်း ပူဇော်လေ့ရှိသည်။ လူမှန်းသိတတ်စအရွယ်ထဲက သမာအာဇီဝအလုပ်ကို ခန္တာအရင်းပြုပြီး ရိုးရိုးသားသားရှာဖွေစားသောက်ခဲ့ပါသည်။ ဆိုင်အတွင်းအပြင်သန့်ရှင်းရေးလုပ်ပြီးသည့်နောက် ဇရပ်ပေါ်မှ သောက်ရည်အိုးများကိုရေဖြည့်ခြင်း၊ဇရပ်ပေါ်ကိုသန့်ရှင်းရေးလုပ်ခြင်းများကို နေ့စဉ်မပျက်ပြုလုပ်ပေးသည်။ ထိုကဲ့သို့ စေတနာကောင်းမှုတွေကြောင့် ရောင်းမကောင်းသောသူ့ကွမ်းယာဆိုင်လေးကို `ပြိုင်စံရှား´ ကွမ်းယာဆိုင်အဖြစ်သို့ရောက်ရှိအောင် ကူညီမဲ့သူတဦးရောက်လာခဲ့ပါသည်။

"" ညတည ၁၂နာရီခန့်......
...အောင်ကျော်သန်းအိပ်နေတုန်း သူ့ဆိုင်သို့ လူတယောက်ရောက်လာသည်.......

"" ဆိုင်ရှင်တို့..ဗျို့...ဆိုင်ရှင်တို့
....ကွမ်းဝယ်ချင်လို့...ထပါဦးဗျာ....

....ဝယ်သူလာရင်ထရောင်းရမှာက ဈေးသည်တယောက်ရဲ့တာဝန်မို့ အောင်ကျော်သန်း ဆိုင်တံခါးဖွင့်လိုက်သည်။ထို့နောက် ဘက်ထရီမီးကို ကလစ်ကိုက်ပြီး
...ဘယ်လောက်ဖိုးလဲ၊ဘာနဲ့စားမှာလဲဦး...
...အေး...
...မြန်မာဆေး ထုံးလေးလေးနဲ့ ဂျမ်း၅ရာဖိုးလောက်....

...ဗျာ.....ဂျမ်း ၅၀၀ဖိုးတောင်...

..ဟုတ်တယ်တူကြီး...ဦးက ကွမ်းအရမ်းကြိုက်တယ်....
...တယာလောက်အရင်ကျွေးကွာ...ကွမ်းမစားရတာ ၃ညရှိပြီ.....

...ဟုတ်ကဲ့ဦး...ရော့....

...အေး...အေး....

...ထိုလူကြီးဟာ ကိုကျော်ကန်းလိုက်သောကွမ်းတယာကို ပါးစပ်ထဲထိုးသွင်းပြီး တချက်နှစ်ချက်ဝါးလိုက်သည်....

...ထို့နောက် မျက်နှာကြီးရှုံ့မဲ့သွားပြီး
...ထြီ....ဖြီ....
...ဒါလားကွ ကွမ်းယာ......
...ဒီလောက် သောက်သုံးမကျတဲ့ကွမ်းယာကို ဘယ်သူ့အားကိုးနဲ့ရောင်းနေရတာလဲငါ့တူ......
....ကွမ်းရောင်းတာ ဘယ်လောက်ကြာပြီလဲ......

...သာမန်ဆို အဖိုးကြီးရဲ့လုပ်ပုံက ရိုက်ပေါက်ပါ....ဒါပေသည့် မိမိကွမ်းယာ မကောင်းမှန်းသိထားတဲ့ ကိုကျော်က..............

.."ဦးပြောလဲခံရမှာပဲ.....လုပ်စရာမရှိလို့ ဒီအလုပ်ကိုလုပ်ရတာပါ.....ကွမ်းအကြောင်း သိပ်နားမလည်ဘူးဗျ.....

...ဟေ...ဖြစ်ရလေကွာ.....
...ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကိုလုပ်ရင် အောင်မြင်မှုဘယ်ရမတုန်း...တခြားအလုပ်မရှိလို့လား.....

....ဟင်းးးး
....ရှိတာကရှိတယ် ကျန်းမာရေးမကောင်းတော့ မလုပ်နိုင်ဘူးလေ........စသည်ဖြင့် မိမိကျန်းမာရေးအကြောင်းကိုပြောပြလိုက်သည်။

...သြော်....ဒါ့ကြောင့် လူလေးက ဒီကွမ်းကို ဒီလိုရောင်းနေရတာပေါ့....
...အေးကွာ.....ဒီလိုဆိုရင်လဲ ဦးလေးကူညီနိုင်သလောက် နှုတ်၏ဆောင်မခြင်းနဲ့ကူညီပါ့မယ်...ဦးကိုယ်တိုင်ကလဲ ဇလွန်မြို့က နာမည်ကြီးကွမ်းယာဆိုင်ရှင်တဦးပဲ....
..ဦးနာမည်က ဦးဘသော်လို့ခေါ်တယ်...

...အဖိုးကြီးရဲ့စကားကြောင့် ကိုကျော်အားတက်သွားသည်.......
...ဒီ...ဒီလိုဆို ဦးရဲ့ ကွမ်းယာပညာအကြောင်းလေး လူလေးကိုမျှဝေပါဦးဗျာ......လူလေး တကယ်လိုချင်လို့ပါ.......

.....အင်းး
...ပြောပါ့မယ်......
...ဒါပေမဲ့ ငါ့ကို ညတိုင်း ကွမ်းတထုပ် အလကားကျွေးရမယ်...ဘယ်လိုလဲ....

...အိုဗျာ...တထုပ်မဟုတ်ဘူး ကြိုက်သလောက်စား.......

...ကောင်းပြီ....ဒါဆို ကွမ်းပညာအကြောင်းပြောပြမယ်.....

....အောင်မြင်တဲ့ကွမ်းယာသည်တယောက်ဖြစ်ဖို့ဆိုတာ....မိမိယာတဲ့ကွမ်းကို အမြဲတမ်းဂရုစိုက်ရတယ်.......ပါဝင်တဲ့ပစ္စည်းတွေ လတ်ဆတ်ဖို့၊ထုတ်ပိုးမှုသန့်ရှင်းဖို့ အထူးအရေးကြီးတယ်....
....
....ဟုတ်ကဲ့.....ပြောပြပါဦးလေး

....အင်းး
...ကွမ်းယာတော့မယ် ဆိုရင် ယာမဲ့ကွမ်းရွက်ကို အနာအဆာလွတ်ပြီး မနုမရင့်ကွမ်းရွက်မျိုးဖြစ်ဖို့လိုတယ်...အထူးသဖြင့် ဟင်္သာတကွမ်းတွေဟာ အကြီးတရွက် အသေးတရွက်စီထားတာများတယ်...ကြီးတာသေးတာထက် ကွမ်းကြောမမာဖို့၊နူးညံ့ဖို့ကအရေးကြီးတယ် ဒါမှ လိတ်တဲ့အခါ သပ်သပ်ချေချေဖြစ်မှာ......

...ဟုတ်ကဲ့...မှတ်ထားပါ့မယ်....

...နောက်အချက်က` ထုံး´
...မင်းအခုယာနေတဲ့ထုံးဟာ ပါကင်ပိတ်ထုံးချောကို အရည်ဖျော်ပြီးယာတာမို့လား

...ဟုတ်ကဲ့...တထုပ်ကို၅၀ပေးရပါတယ်..

...ထင်သားပဲ....ထုံးမကောင်းရင် ကွမ်းပေါက်တယ်....အာပေါက်တယ်...ဒါ့ကြောင့် ထုံးစပ်နည်းပြောပြမယ်လူလေး...

...ဟုတ်ကဲ့ ဦး

...ထုံးစပ်မယ်ဆိုရင် အိမ်ဆောက်တဲ့အခါ မဆလာစပ်တဲ့ မဖောက်ထုံးတအိတ်ဝယ်လိုက်....တအိတ်ကို၅၀၀လောက်ပဲရှိတယ်....

..ဗျာ....ဖြစ်....ဖြစ်ပါ့မလားဦး...အဲ့ထုံးက စားလို့ရလို့လား.....

...ဟ....ဒီအတိုင်းတော့ ဘယ်ရလိမ့်မတုန်း....အဲ့ထုန်းကိုပြန်လုပ်ရမှာပေါ့.....

...ဟုတ်ကဲ့....ဘယ်လိုလုပ်ရမလဲ......

...အေးး
...မင်းအိမ်မှာ ရေထဲ့တဲ့ကျောက်စည်ပိုင်းရှိလား?

...ရှိတယ်ဦး...၂လုံးတောင်

...ကောင်းပြီ....အဲ့ထဲက စည်တလုံးကို သန့်ရှင်းအောင်လုပ်ပြီး မဖောက်ထုံးတအိတ်ထဲ့လိုက် ပြီးရင်ရေအပြည့်ဖြည့်......

...ဟုတ်ကဲ့.....ပြီးတော့ရော

.....ပြီးရင် တိုင်းရင်းဆေးဆိုင်က ကျောက်ချဉ်၅၀သားဝယ် အမှုန့်ကြိတ်ပြီး စည်ထဲ ထဲ့မွှေလိုက်။ တညလောက်ထားရင် ထုံးသားတွေအောက်ထိုင်သွားပြီး အရည်ကြည်တွေအပေါ်မှာရှိနေလိမ့်မယ်။ အဲ့အရည်ကြည်ကို ခွက်နဲ့ခတ်ထုတ်ပေး......အဲ့လို၂ကြိမ်လောက်လုပ်ပြီးရင် ထုံးက အခိုးသေပြီးချောသွားလိမ့်မယ်.....ဒီတော့ ကျန်တဲ့ထုံးအနှစ်ကို စဥ့်အိုးထဲထဲ့ပြီး လေလုံအောင်ပိတ်...မိုးလင်းလာက်ဆိုရင် စားလို့ရတဲ့ ထုံးသားကိုရမယ်...ကြိုကသလောက်ထဲ့စား မပေါက်တဲ့အပြင် ဆိမ့်နေတဲ့အရသာကိုထူးထူးခြားခြားခံစားရမယ်......

...ဝိုးးး မိုက်တယ်ဗျာ....လုပ်ရတာလဲမခက်ဘူး...ပိုက်ဆံကုန်သက်သာပြီး ထုံးအများကြီးရမှာပဲနော်...

...မှန်တယ်လူလေး.....
...နောက်တခုက ကွမ်းသီး....
....ကြုံရာကွမ်းသီးကိုဝယ်ပြီးမလုပ်နဲ့...အထူးသဖြင့် ဆေးနီဆိုးထားတဲ့ကွမ်းသီးခြမ်းမျိုး.....ပျော့စိစိနဲ့ ခါးတတ်တဲ့သဘောရှိတယ်...ဒါ့ကြောင့် ဆေးမဆိုးတဲ့ကွမ်းသီးခြမ်းကိုဝယ်ပြီး ကျောက်ချဉ်ရည်နဲ့စိမ်...ပြီးရင် နေပြန်လှန်း.....ကွမ်းတယာကို ကွမ်းသီးစိတ်ရဲ့ ၄ပုံ၁ပုံညှက်ထဲ့...ဟုတ်ပြီလား......

...ဟုတ်ကဲ့....နားလည်ပါပြီဦး....

...အင်းး
..အခုနောက်ဆုံးပြောမဲ့ အရေးအကြီးဆုံးက `ဆေး´

....ဆေးဆိုတာ ထုံးစံအတိုင်း ဆေးရွက်ကြီးပေါ့.....ပိုက်ဆံမနှမျောနဲ့ ဖာလိုက်သာဝယ်.....အဲ့ဆေးရွက်ကြီးကို တရွက်ခြင်းရေပြန်ဆွတ်ပြီး အဝတ်သန့်သန့်နဲ့ ခဲ၊သလဲတွေစင်အောင်ပွတ်....ပြီးရင် နေပြန်လှန်းပေး....ခြောက်သွားရင် အရိုးတွေကိုဖယ်ပြီး အိမ်နုံ/လောင်းဖျဉ်းတခုထဲကိုထဲ့.......နောက်...မန်​ကျည်းသီးမှည့်၅၀သားလောက်ကို အရည်ဖျော်ပြီး ထဲ့နဲ့နယ်ပေး မှိုတက်မှာကြောက်ရင် အရက်ဆီ၁ဆယ်သားလောက်ထဲ့နယ်...အစီးပေါက်အောင်နယ်ပြီးရင် မြေအိုးထဲမှာထဲ့သိမ်းလိုက်...ဒါဆို ကွမ်းယာတယာမှာပါဝင်ရမဲ့အင်္ဂါရပ်အားလုံးညီပါပြီကွယ်.....တချို့လူတွေက အန္တိယကလာတဲ့ ပါရာဂျက်၊92၊နှပ်ဆေး၊ဖာလာ၊1612...စသည်ဖြင့် စားကျတာမျိုးရှိတယ်....အဲ့လိုမျိုးကျ မြန်မာဆေးကို ခက်နဲနဲထဲ့ပြီးယာပေး....
...ကွမ်းယာဆိုင်ဖွင့်ရင်...အခြားရောင်းကုန်ဖြစ်တဲ့ ဆေးလိပ်၊ချိုချဉ်၊ပီကေနဲ့ မုန့်မျိုးစုံပါတင်ရောင်း...ဒါမှ ပြန်အမ်းတဲ့အခါ အကြွေပြန်မပေးရပဲ တမျိုးထပ်ရောင်းရမှာ.....ဟုတ်ပြီလား....

....ကျေး....ကျေးဇူးတင်လိုက်တာဦးရယ်
...မနက်ကျ ဦးပြောသလိုလုပ်မယ်....ကြုံတဲ့အခါအဆင်သင့်မသင့် ဦးပဲ အရသာခံပေးဦးနော်.......
....ဒါနဲ့ ဦးက ဘယ်ကိုပြန်မှာလဲဗျ...တနေ့တထုပ်လာစားမယ်ဆိုတာက ဘယ်အချိန်လဲဦး....

....ငါ့မှာပြန်စရာမရှိဘူး သွားစရာပဲရှိတာ အဲ့သွားစရာဆိုတာကလဲ ခုထိမယ်မယ်ရရမသိသေးဘူး....မင်းဆီကွမ်းလာစားမှာက ခုအချိန်တိုင်းပဲ....ဒီထက်ပိုပြီးမမေးပါနဲ့လူလေး......

....ဟုတ်ကဲ့...နားလည်ပါပြီ......

...ဒါဖြင့် ဦး ပြန်ဦးမယ် မနက်ဖြန်ညမှ တခေါက်ပြန်လာမယ် ဦးပြောတဲ့အတိုင်းလုပ်ထားနော်...

...စိတ်ချဦး....လုံးဝမှတ်မိတယ်....အဲ့အတိုင်းလုပ်မယ်ဦး.......

....အင်း....ဒီလိုဆို ဦးကိုခွင့်ပြုဦး

...ဟုတ်ကဲ့ဦး.......

...မိမိကိုကျောခိုင်းပြီးထွက်သွားသော ဦးဘသော်ကိုကြည့်ပြီး တခုခုကို ကိုကျော်မြင်လိုက်ရသည်....

...ဟင်..သူ့..သူ့ခေါင်းမှာ သွေးတွေလား
....မဟုတ်သေးဘူး....ဘာရည်တွေပါလိမ့်...
....မေးလို့ကမဖြစ်.....မမေးနဲ့လို့ပြောထားတယ်လေ....ဒါ့ကြောင့် ဆိုင်တံခါးပြန်ပိတ်ပြီး အိပ်ယာပြန်ဝင်လိုက်ပါတော့သည်။

++++++++++++++++++++++++++

    "" မိုးလင်းတော့ ကိုကျော်ဟာ သူပိုင်ဆိုက္ကားဖြင့် သပြုပင်လမ်းထိပ်မှာကွမ်းစောင့်ဝယ်သည်။ ခြံသမားများ၏ လတ်​လတ်​ဆတ်​ဆတ်​ ကွမ်းများမို့ အလွန်ကောင်းပါသည်။ ကွမ်းအချိန်၁၀ခန့်ရတော့ ဟင်္သာတဈေးကြီးမှာ မဖောက်ထုံး၁အိတ်၊ဆေးရွက်ကြီတဖာ၊ကျောက်ချဉ်၁ပိသာ၊မန်ကျည်းသီး၂ပိသာဝယ်၍အိမ်ပြန်လာခဲ့သည်။
     အိမ်ပြန်ရောက်တော့ မငယ်ကတန်းဆူတော့သည်။ ရောဂါရှိမှန်းသိရက်နဲ့ ဆိုက္ကားနင်းရကောင်းလားဆိုပြီးပေါ့။
...ပြောချင်ရာပြော ခွန်းတုံ့မပြန်ပဲ မိမိလုပ်စရာရှိတာကို တခုချင်းဆက်လုပ်လိုက်ရာ ညနေစောင်းတော့ အားလုံးပြီးဆုံးသွားပါတော့သည်။

""" ကဲ...ဦးလေးပြောတဲ့အတိုင်း ရှိတာလေးရင်းပြီးချလိုက်ပြီ....စားကြည့်ပါဦးဗျာ......

....ကိုကျော်ယာပေးသောကွမ်းယာကို ဦးဘသော်စားကြည့်လိုက်သည်။

...အားပါးပါး
...လူလေးလက်ယာက အဘက်ထက်တောင်စွာနေပါ့လားဟ
...လျှာပေါ်မှာဆိမ့်သွားတာပဲ.....
...ဆရာထက်တပည့် လက်စောင်းထက်ဆိုတာ ဒါမျိုးကွ...ဟားဟားဟား ဟား........

+++++++++++++++++++++++++

....ထိုအချိန်မှစပြီး ကိုကျော်ရဲ့ကွမ်းယာဆိုင်လေးဟာ အတော်နာမည်ကြီးလာပါတယ်...လိုင်းကားမောင်းသူများသာမက၊ကုန်ကား၊အိမ်ကား၊ဆိုင်ကယ်၊စက်ဘီးသမားများကအစ ကိုကျော့ကွမ်းကိုအာတွေ့နေကျသည်။ မနက်ပိုင်းကို မငယ်ကရောင်းပြီး ကိုကျော်က ကုန်ကြမ်းရှာထွက်ပါတယ်....နေ့ခင်းလောက်မှ လူခြင်းချိန်းပြီး ကိုကျော်ကဆက်ရောင်းပါတယ်။ ဝယ်သူများလွန်းသဖြင့် ည၇နာရီထိမနားတမ်းရောင်းရတယ်....ပုံမှန်ကားသမားဖောက်သယ်တွေအတွက်တော့ ကြိုထုပ်ပေးထားရသည်ပေါ့။ ဘယ်လောက်ရောင်းကောင်းသလဲဆိုရင် တနေ့ကို ၁၅ပိသာတိတိရှိသော ကွမ်း၂ချင်းလောက် ကုန်အောင်ရောင်းရတယ်။ အရောင်းအဝယ်လေးကောင်းလာတော့ လက်ထဲမှာငွေအတော်စုမိလာသည်။  ၅လလောက်ရောင်းပြီးသည့်အခါ သွတ်မိုးပျဉ်ထောင်အိမ်တလုံးဆောက်ရန် လုံလောက်သောငွေပမာဏကိုရခဲ့ပါသည်။ ကိုကျော်တို့လင်မယားနှစ်ယောက်ဟာ တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းရည်အတူလျှက်ခဲ့ရဖူးတော့ ဘဝနာထားသူတွေဖြစ်သည်။ ရတဲ့အချိန်မှာရသလိုမသုံးပဲ မဖိတ်မစင်အောင်စုထားခဲ့ကျသည်။
....ယခုလိုချောင်ချောင်လည်လည်ဖြစ်လာရခြင်းအကြောင်းက ဘယ်အရပ်ကလာ၍ ဘယ်မှနေမှန်း အတိအကျမသိသော ဦးဘသော်ရဲ့ကျေးဇူးကြောင့်ပါ။ ၅လကျော်တဲ့အထိ ည၁၂နာရီထိုးတိုင်း အဘသော်တယောက် ကိုကျော့ဆီမှာ ပုံမှန်ကွမ်းလာစားသည်။ အဘသော်လာရင် သူ့အကြောင်းမှလွဲ၍ အခြားတိုးတက်ရာတိုးတက်ကြောင်းတွေကို မှတ်သားဖွယ်ရာအမြဲပြောသည်။
....အထူးသဖြင့် ဘာသာရေးအကြောင်းပေါ့...စိုတဲ့လက်မခြောက်မှီ ခြောက်တဲ့လက်မစိုခင် ရတဲ့အချိန်လေးမှာ ကုသိုပြုဘို့၊တရားဘာဝနာနှလုံးသွင်းဖို့အမြဲပြောသည်။ သူလာရင် ကိုကျော်ပေးတဲ့ကွမ်းကို အရသာခံစားပြီး မေတ္တာသုတ်၊ခန္တာသုတ် ပရိတ်တရားကိုအရင်ရွတ်ခိုင်းသည်။ ကိုကျော်ရွတ်တဲ့အခါမှာ မျက်စိမှိတ်၊ကွမ်းယာဝါးရင်း လေးလေးစားစားနားထောင်သည်။ ပရိတ်ရွတ်လို့ပြီးသွားရင် အသံဝါကြီးဖြင့် သာဓု၃ကြိမ်ခေါ်ပြီး ကျေးဇူးတင်ကြောင်းပြောသည်။

.....ယခုတော့ ကိုကျော်နဲ့အဘသော်တို့ သံသရာတကွေ့ဆုံတွေ့မှုဟာ ပြီးဆုံးဖို့အချိန် ကျရောက်ခဲ့ပါပြီ.....

...""".အဲ့နေ့က တန်ဆောင်မုန်းလပြည့်ညဖြစ်ပါတယ်""

...ကာလသားခေါင်းထွန်းညို၏ဆင့်ခေါ်မှုအရ လယ်တော်ကုန်းကာလသားအားလုံး ထွန်းညို၏နွားတင်းကုတ်မှာ တံခါးပိတ်စည်းဝေးပွဲတခုပြုလုပ်ကျသည်။

...အဟမ်း.....
....အခုညက အားလုံးသိတဲ့အတိုင်း သူခိုးကြီးည ဖြစ်တယ်.....
....ဒီတော့ ခုညမှာ အပျော်သဘောနဲ့ ရွာထဲကအိမ်တွေမှာ တန်ဘိုးမရှိတဲ့ပစ္စည်းတွေကို အပျော်တန်းခိုးပြီး ရွာအနောက်ကုက္ကိုလ်ပင်ကြီမှာစုထားကျမယ်....မနက်မိုးလင်းခါမှ အသံချဲ့စက်နဲ့ကြေငြာပြီး တဦးခြင်းလာယူခိုင်းမယ်....ဒီတော့ ခိုးရမဲ့အစီစဉ်ကို အသေးစိတ် ဆက်လက်ဆွေးနွေးကျမယ်။

.....အဖွဲ့၁။...သန်းအောင်၊အုံမောင်း၊မြောက်ကြီး....မင်းတို့က ဆရာမကြီး ဒေါ်ဂုဏ်တင့်နှင်းဆီရဲ့ ဆေးခန်းဆိုင်းပုဒ်ကိုဖြုတ်ပြီး ဦးချစ်ညိုဘူးစင်က ဘူးသီးသုံးလုံးခိုးခဲ့ရမယ်....

...အဖွဲ့၂။ ကျော်အေး၊မြင့်ငွေ၊အောင်လှနဲ့ဇော်ဝင်းက ရွာလူကြီးလှဒံရဲ့လှည်းက လှည်းဘီးနှစ်ဘီးကိုဖြုတ်ပြီး စုရပ်ကိုခိုးလာရမယ်...

...အဖွဲ့၃။ ဆင်မ၊ဝက်မဲ၊ကုလားနဲ့ တင်ဝင်းက အပျိုကြီးသောင်သောင်မာရဲ့ ထဘီတန်းက ထမီရသလောက်ခိုးခဲ့....ဘလာစီယာဆိုလဲဖြစ်တယ်...အတွင်းခံတော့မပါစေနဲ့....

...အဖွဲ့၎။ သက်ဦး၊လင်းအောင်၊မော်ကြီးနဲ့ မင်းမင်းဇော်က အောင်ကျော်သန်းအိမ်က ဆိက္ကားကိုခိုးရမယ်....

...အဖွဲ့၅...မှာတော့ ငါ ၊ သက်ပြင်းနဲ့အောင်ပုက ဦးတင်မောင်ဘဲခြံက ဘဲငန်း၂ကောင်ခိုးမယ်........
...လုပ်ငန်းစမဲ့အချိန်....၁၁- ၀၀နာရီ....စုရပ်မှာပြန်ဆုံမဲ့အချိန် ၁၃-၀၀ နာရီ ....ဘာမရှင်းတာရှိလဲ.....

_မရှိပါဘူး(ကာလသားအားလုံး၏အသံ)

ကောင်းပြီ....ဒါဖြင့် တန်းဖြုတ်တော့

...ဟုတ်..........

"""" အူးးးစ် ဝူးးး
...ဝုတ်...ဝုတ်....
...ဂီးးဂါးးးဝူးးး
....ရွာခွေးတအုပ်၏ အူသံ...ဟောင်သံများကလဲ အဆက်မပျက်ကြားနေရသည်။

...တန်ဆောင်မုန်းလပြည့်ည၏ လရောင်အောက်တွင် ကာလသားအဖွဲ့များဟာ မိမိတို့ထန်းဆောင်ရမည့်တာဝန်အတိုင်း မှောင်ရိပ်ခို၍ အဖွဲ့ခွဲပြီးထွက်သွားကျသည်။

....အောင်ကျော်သန်းရဲ့ဆိုက္ကားကိုခိုးမည့်အဖွဲ့ဖြစ်သော သက်ဦး၊လင်းဇော်၊မော်ကြီးနဲ့မင်းမင်းဇော်တို့ဟာ ကိုကျော်ရဲ့ခြံထဲကို အရပ်လေးမျက်နှာမှ တပ်ဖြန့်၍ဝင်လာခဲ့သည်။
...အိမ်းနားရောက်တော့ ဆိုက္ကားကိုရှာလို့မတွေ့...သူတို့ထက်ပါးသည့်ကိုကျော်က သူ့ဆိုက္ကားကို အိမ်ပေါ်တင်ပြီးသိမ်းထားနှင့်ပြီ...

...ဘယ်လိုလုပ်ကျမလဲသက်ဦး
..ဆိုက္ကားကအိမ်ပေါ်မှာ....

...အေး...ဒီလူအတော်လည်တာပဲ...ငါတို့အကြံကိုသိလို့ တမင်လုပ်ထားတာကွ...

..ဟိတ်ကောင်....အပေါ်မှာ တမိသားစုလုံးရှိတယ်ကွ...ဒီလူ ဒီည ဆိုင်မှာမရှိဘူး...

...လင်းအောင်၏စကားကြောင့် သက်ဦးတချက်ပြုံးလိုက်သည်။

...အကြံရပြီ လင်းအောင်....ငါတို့က၄ယောက်မို့လား...ဒီတော့ ဆိုက္ကားခိုးမရတဲ့အတူတူ သူ့ကွမ်းယာဆိုင်ကိုမပြီး လယ်ကွင်းထဲ ရွှေ့ထားခဲ့ကျမယ်....

...ကောင်းတယ်...ဒါမှ ကိုထွန်းညိုကိုပြန်ပြောလို့ကောင်းမှာ...ဘလိုင်းကြီးပြန်လို့တော့မဖြစ်ဘူး...

..အိုကေ...ဒါဖြင့် အဲ့ဆိုင်ဆီကို လစ်ကျစို့....

..ထို့နောက် သက်ဦးတို့၎ယောက် ကိုကျော်၏ကွမ်းယာဆိုင်သို့ချီတက်သွားကျသည်။

...အလို ....ဆိုင်ပေါ်မှကွမ်းတထုပ်ဟ...ငါတို့လာမယ်မှန်းသိလို့ တမင်ထုပ်ထားပေးတာဖြစ်မယ်...

...ဟင်းဟင်း
..ဘာဖြစ်ဖြစ်ကွာ....တွေ့တော့လဲ စားကျတာပေါ့.....

...ကာလသားလေးဦးဟာ ဦးဘသော်အတွက်ထုပ်ထားသောကွမ်းထုပ်ကို အငန်းမရဖြေစားလိုက်သည်။

...ကဲ....
...ဆိုင်ကို ဘယ်လို မကျမလဲ....

...ဒီတိုင်းတော့ဘယ်ရမလဲ...ဇရပ်မှာ ဆင့်ဝါး၂လုံး ခဏသွားဖြုတ် တန်ပိုးလျှိုပြီး ၄ယောက်ပြိုင်မမယ်.....

....ထို့နောက် ဆင့်ဝါး၂လုံးကို ၂ဘက်လျှိုပြီး ၄ယောက်ထမ်းရွှေ့ကျသည်။ ဆိုင်က မြေစိုက်တိုင်မဟုတ်သောကြောင့် အလွယ်တကူရွှေ့လို့ရပါသည်။ ဒါပေသည့် သုံးလေးလှမ်းလောက် ထမ်းသွားပြီနောက်....

...ဖျက်....ဖျက်
...ရှပ်....ရှပ်
....ဟီးဟီး ဟဲဟဲ
....ဟေ့ကောင်တွေ...ဒါ ဘာလုပ်တာလဲ...

...အန်...
..ဘယ်သူလဲ...
...မသိဘူးလေ
..ကိုကျော့ အသံမဟုတ်ဘူးကွ...

....အသံကြားသဖြင့် လေးယောက်သား တန်ပိုးအောက်ချပြီး ပြန်ကြည့်ကျသည်...

...ဘယ်မလဲ ငါ့ကွမ်းထုပ်....အခုပြန်ပေးစမ်း.....

....ဟာ.....
...အန်...
...ဘာ.....ဘာကြီးလဲ...
...အမလေး.......

....မြင်လိုက်ရသည်က ဦးခေါင်းတခုလုံး ထက်ခြမ်းကွဲပြီး ဦးနှောက်အပိုင်းအစများနဲ့အတူ သွေးစိမ်းရှင်ရှင်ပန်းထွက်နေသော ဖြူဖြူကောင်ကြီးတကောင်ဖြစ်သည်....

...ထင်မထားသောမြင်ကွင်းကြောင့် လင်းအောင်တို့လေးယောက်လုံးကြောင်ကြည့်နေကျသည်...

..ပေးစမ်းငါ့ကွမ်းထုပ်
...မပေးရင် မင်းတို့၎ယောက်လုံးကို ဂုတ်ချိုးသက်မှာနော်
....ဟီးဟီး ဟားဟား
...အူးးးစ် ဝါးးဟားးဟား

...အောက်မေးရိုးပြုတ်နေသောပါးစပ်ကြီးကို အစွမ်းကုန်ဖြဲ၍ရီလိုက်သောအခါ......

...အူးးဝေါ့...
...ေအာ့....ဖြီ.....
...နံ...နံလိုက္တာ....
...ဟေ့ကောင်တွေ
...ဒါ.....လူ...လူမဟုတ်ဘူး
...သ....သရဲ........ပြေး....ပြေး

....ဖြော....ဗြော....ဝေါ.....ဖရော
...အမလေး......
...ကြောက်...ကြောက်ပါပြီဗျ
...ကယ်ကျပါ....ကယ်ကျပါ....
...အားးးးးး.. ..........

....+++++++++++++++++++++++++++

....မနက်မိုးလင်းတော့ လင်းအောင်တို့အဖွဲ့ သရဲနဲ့တွေ့ခဲ့တဲ့သီတင်းဟာ အော့အော်သောင်းနင်းဖြစ်ခဲ့သလို ကာလသားခေါင်းထွန်းညို၏ သခိုးကြီးညအစီစဉ်လဲ တပိုင်းတစနှင့်ပျက်စီးခဲ့ရသည်။ ပျက်စီးဆို လင်းအောင်တို့၎ယောက်က ရွာထဲရောက်တော့ အကြောက်လွန်ပြီး သတိလစ်သွားကျတာကိုး....ဆရာမကြီးရဲ့ကောင်းမှုကြောင့် အချိန်မှီအသက်ကယ်နိုင်ခဲ့သည်...သူတို့ရဲ့ကျောပြင်မှာ လက်ဝါးရာကြီးတခုစီထင်ထင်ရှားရှားပါလာသည်မဟုတ်လား.....

...သတိပြန်လည်တော့ ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြကျသည်။

"""" ဒီအတိုင်းဆို ဒီသရဲက အောင်ကျော်သန်းနဲ့ တနည်းနည်း ပတ်သက်နေလောက်တယ်......
....ကိုင်း....ဆိုစမ်းပါဦးအောင်ကျော်သန်း
...ဒီသရဲက မင်းမွေးထားတာလား....

...ဗျာ....မ...မဟုတ်ပါဘူး ဦးလှဒံ
...
...ဒါဖြင့် ဒီကွမ်းထုပ်ကို ဒီသရဲက ဘာလို့ သဲကြီးမဲကြီး လိုက်တောင်းလဲ...

...အဲ့ဒါတော့မသိဘူး....
..ညတိုင်း ကျုပ်ဆီမှာကွမ်းလာတောင်းစားတဲ့ ကျုပ်ရဲ့ကျေးဇူးရှင် ဦးဘသော်ဆိုတာပဲရှိတယ်......

...ရှင်....ခု...ခုန အကိုကြီးဘာပြောလိုက်တယ်...
...ဦးဘသော်....ဟုတ်လား.....

...ဗျာ.....သူ..သူက ဘယ်သူလဲ ဦးလှဒံ..

..အေး....သူက ဇလွန်ကကွဲ့
...လွန်ခဲ့တဲ့၅လလောက်က မင်းဆိုင်နားမှာ ကားနဲ့ဆိုင်ကယ်တိုက်တာ မှတ်မိလား..

..မှတ်မိပြီလားဗျာ...အလောင်းကို ကျုပ်ကိုယ်တိုင်ပဲ ကားပေါ်တင်ပေးရတာ.....

...အေး...အဲ့အလောင်းရဲ့ သမီး မခင်မာလာဆိုတာသူပေါ့.....အခင်းဖြစ်တုန်းက သူမရှိဘူး ရန်ကုန်မှာအလုပ်လုပ်နေတာတဲ့....သားအဖခြင်းအဆက်အသွယ်မရတော့ အဖေသေတာတောင်မသိရှာဘူးလေ...အခု ဇလွန်ကိုပြန်လာမှ ဖအေသေမှန်းသိတာ....အဲ့တော့ သူ့အဖေခေါင်းချသွားတဲ့နေရာမှာ အလှူအတမ်းလေးလုပ်ချင်လို့ ငါတို့ဆီရောက်လာတာပဲ....မနက်ဖြန်သူ့အဖေ ၆လပြည့်လေ......

.....အင်း....ဟုတ်ပါပြီ.....
...ခုန ကျပ်ရဲ့ကျေးဇူးရှင်ဦးဘသော်နဲ့ ဒီညီမက ဘာဆိုင်လို့လဲဗျ....

...ခဏ အကို..






Post a Comment