က​ဝေ ​သေလို့ဖြစ်​တဲ့သရဲ (ပထမပိုင်း)

~~~~~ကဝေသေလို့ ဖြစ်တဲ့သရဲ~~~~

ဤ ဇာတ်လမ်းလေး အား ဆရာ ရာဝန ပြောပြ၍  ကျွန်မ ပန်ဒိုရာ  ပုံဖော်ရေးသားထားပါသည်။

လမင်းကြီးကထိန်ထိန်သာလျက် မြိုင်သာယာ ရွာလေးကို ငွေရောင် အေးမြမှုလေးများ လွှမ်းခြုံပေးထားသည်။

မအေးမြနိုင်သည်က ရွာသူရွာသားများဖြစ်၏။

ရွာသူ ရွာသား အပေါင်းမှာ သူကြီး၏ အိမ်တွင်စုစည်းနေကြသည်။ သူကြီးအပါအဝင် သူတို့သည် တစ်စုံတစ်ရာအကြောင်း ဆွေးနွေးနေကြ၏။

သူကြီးမှ``ဒို့  ရွာမှာ အခုတလော တစ်ပတ်ကို တစ်ရက်လောက် မိန်းမတွေပဲ သေနေကြတယ်ကွ ´´

သူကြီးကတော်မှ ``အဲ့တာ ရွာအပြင်က ဟိုမိန်းမ ဒေါ် ရှိန် ကြောင့်ပေါ့ တော့´´ ဟုပြောလိုက်သောအခါ ကျန်သောရွာသူရွာသားများကလည်း ``ဟုတ်တယ် ဟုတ်တယ်´´ဟုထောက်ခံကြသည်။

သူကြီးမှာ သူ၏ ဆံပင်မရှိသော ခေါင်းအား ပွတ်ကာ ``အာာာ လူတစ်ယောက်ကို လွယ်လွယ်နဲ့  စွပ်စွဲ လို့ မရဘူးကွ´´

ထိုအခါ လူအုပ်ထဲ မှ လူတစ်ယောက်ထကာ
``လွယ် လွယ်စွပ်စွဲ တာမဟုတ်ပါဘူး သူကြီး ကျွန်တော် တို့သေချာစုံစမ်း ပြီးပြီဗျ´´

သူကြီးမှ ထိုလူ့အား ကြည့်ကာ``လင်းစမ်းပါဦး´´

ထိုလူမှ``ပထမဦးဆုံး စသေတာ ကျွန်တော့် ညီမဗျ ညီမလေးက ရွာအပြင် ဟင်းရွက်ခူးသွားတာ နယ်ကျွံပြီး ဒေါ်ရှိန့်  တဲရှေ့ ရောက်သွားတာဗျ´´ ဟုပြောကာ ထိုလူ၏ အသံများ တိမ်ဝင်သွားသည်။

ကျန်သောသူများမှာ လည်း အပ်ကျသံပင်ကြားရလောက်အောင် ငြိမ်သက်နေကာ ထိုလူ ဆက်ပြောမည့် စကားကို နားစွင့်နေကြ၏........

နှင်းနု ဒီနေ့မှ ဟင်းရွက်ခူးတာ ဟင်းရွက်က ဟင်းစာတောင်မရချင်။ အိမ်က အကို ထွန်းမောင်က သူမကို ဒေါ်ရှိန့် တဲရှေ့ မသွားဖို့ ပိတ်ပင်ထား၏။ ဒေါ်ရှိန်က စုန်းထက်မြင့်တဲ့  ကဝေတောင်ဖြစ်နေပြီဆိုလားပဲ။ သူမရယ်ချင်လာမိသည်။ သူမသည် ထိုသို့ စုန်းတို့  ကဝေတို့ ကို အယုံအကြည်မရှိပေ။

ဒေါ်ရှိန့် တဲဘက် ရွာထဲကမည်သူမျှ မသွား၍ဟင်းရွက်များ လှိုင်လှိုင် ပေါက်နေ၏။

နှင်းနု ဆုံးဖြတ်ချက်တခုကို လျင်မြန်စွာချကာ ဒေါ် ရှိန့် တဲ ဘက်ထွက်လာသည်။

သူမထင်သည့် အတိုင်းပင် ဟင်းရွက်များ မျိုးစုံ ပေါက်နေ၏။

သူမနှစ်လိုဖွယ် ပြုံးရင်း ဟင်းရွက်များကိုခူးနေသည်။

ထိုစဉ် ``ဂျွတ်  ဂျွတ် ´´ခနဲ တခုခုကို ဝါးစားနေသံ သူမ နားနှင့် သဲ့ သဲ့ ကြားလိုက်၏။

သူမ အသံကြားရာ ဘက်သို့ ကြည့်သောအခါ ဒေါ်ရှိန့် တဲ ထဲမှ ဖြစ်၏။

မိန်းမသားတို့  သဘာဝအတိုင်း စူးစမ်း ခြင်စိတ်ပေါ်လာကာ သူမခြေကို ဖွဖွလျှောက်၍ တဲ ရှေ့ ထွက်လာ၏။

သူမ တဲရှေ့ရောက်သောအခါ တဲထဲမှ ဆံပင်များ ဖားလျား ချထားသောမိန်းမကြီးတစ်ယောက်

သူမသည် မြေပြင်ပေါ် ဆောင့်ကြောင့် ထိုင်ရင်း ကြွက်အရှင် လတ်လတ်များကို
ခေါင်းကနေ ``ဂျွတ် ´´ခနဲ ``ဂျွတ်´´ခနဲ မြည်အောင် စားနေ၏။

သူမ၏ ပါးစပ် တွင် ကြွက်သွေးများ နှင့် ရွံစရာကောင်းနေ၏။

သူမ၏ ဟန်ပန်မှာ အသက်ကင်းမဲ့ နေကာ ကြွက်များ ကိုသာ လက်နှစ်ဖက်နှင့် ကိုင်၍ အသည်းအသန် စားနေသည်။

နှင်းနု သည် ကြောက်လန့် ရွံရှာကာ နောက်သို့ ခြေလှမ်း အဆုတ်``ဂျွတ်´´ခနဲ
သစ်ကိုင်း ခြောက်ကို တက်နင်းမိသွား၏။

``ဟင်´´ကြွက်များ ကို စားနေသော ဒေါ် ရှိန်မှာ ခေါင်းမော့အကြည့် ``သြော် ရွာထဲက နှင်းနုကို ´´ဟု ပြောပြီး တဖြည်းဖြည်း ထလာ၏။

နှင်းနုသည် ကြောက်လန့် ကာ ပါးစပ် နှစ်ဖက်ကို လက်ဖြင့်ပိတ်ပြီး  နောက်ကြောင်း ပြန်ပြေး၏။

ထိုအခါ ဒေါ် ရှိန်မှ သူမလက်ထဲက ကြွက်သေ ခေါင်းပြတ်ကြီး နှင့် နှင်းနုနောက်ကျောကို
ပစ်ပေါက်လိုက်သည်။``ဖတ်´´ခနဲ နှင်းနု ဝတ်ဆင်ထားသော အင်္ကျီအဖြူ ကျောပြင်တွင် အသားစများ နှင့် ကြွက်သေ ကပ်ပါပြီး တဖြည်းဖြည်း ပြန်ပြုတ်ကျသွား၏။

``အောင်မလေး´´ဟု နှင်းနု အော်ကာ ဒေါ် ရှိန်၏တဲ နှင့် ဝေးရာသို့ တချိုး ထဲ ပြေးလေ တော့သည်။

``ဟားဟားဟား မိန်းကလေး မင်းပြေးလဲ မလွတ်တော့ဘူး မင်းကို အမှတ်အသား လုပ်လိုက်ပြီး မင်းရဲ့ ဝိညာဉ် ကို ဒီည သန်းခေါင်ယံ အချိန်မှာလာခေါ်မယ် အဟား ဟား ဟား´´

ဒေါ်ရှိန်မှာ အသိစိတ်ကင်းမဲ့ နေသော အရူးတစ်ယောက်လို အော်ရယ်ကာ တဲထဲကျန်ခဲ့ လေ၏။

``ဒုန်း  ခလွမ် ´´ နှင်း နု အိမ်ထဲ သို့ ပြေး ဝင်လာကာ လမ်းရှိ တွေ့ သမျှ ပစ္စည်းများ ကို ခြေထောက်နှင့် တိုက်မိလေ၏။

``ညီမလေး နှင်းနု ဘာတွေ ဖြစ်လာတာတုန်း´´နှင်းနုအစ်ကို ထွန်းမောင်မှ အိမ်ပေါ်တက်ပြေးသွားသော ညီမနောက် ပြေးလိုက်ကာ မေးလေ ၏။

သူ နှင်းနု၏ အိမ်ခန်း ထဲ ဝင်လိုက်သောအခါ အိမ်ခန်း ထရံထောင့် တွင် စောင်အား ခေါင်းမြီး ခြုံ ပြီး အသားများ တဆတ်ဆတ်တုန်နေသော ညီမဖြစ်သူ နှင်းနုအား တွေ့ လေ၏။

ထွန်းမောင်မှ အထိတ်တလန့် နှင့် စိုးရိမ်ကာ `` ညီမလေး ညီမလေး ဘာဖြစ်တာ လဲ ဘာဖြစ်ခဲ့တာလဲ´´ဟုသူ၏ ညီမလေး အား ကိုင်လှုပ်မေးလေ၏။

နှင်းနု မျက်လုံးများ မှာ တောင်ကြည့် မြောက်ကြည့်နှင့် ``ကိုကြီး သူ သူ ညီမလေးကို ဒီည လာခေါ်မယ်တဲ့ လာခေါ်မယ် တဲ့ ညီမလေး ကြောက်တယ် ညီမလေး ကြောက်တယ် ´´ဟု သွေးရူးသွေးတန်း ပြောနေလေသည်။

ထွန်းမောင်မှ သူ၏ ညီမလေးမျက်နှာအား လက်နှစ်ဖက်ဖြင့် ဆွဲလှည့်ကာ ``ညီမလေး ကိုကြီး ကိုကြည့်စမ်း သူ ဆိုတာ ဘယ်သူလဲ ပြောကိုကြီး ကိုညီမလေး ဘယ်တွေသွားခဲ့တာ လဲပြောစမ်း´´ဟု မေးလေ၏။

ထိုအခါမှ နှင်းနု သတိဝင်လာကာသူမ၏ အစ်ကို့ မျက်နှာအား ကြည့်၍ သူမကြုံ တွေ့ခဲ့ရသည်များကို ပြန်ပြောင်း ပြောပြလေတော့သည်။

``ဟာ ညီမလေး  ကွာ ကိုကြီး စကားကို နားမထောင်ဘူး အဲ့ဒေါ်ရှိန် တဲ့ရှေ့ မသွားပါနဲ့ လို့ ပြော ထားတာကို ´´ဟု ဂရုဏာဒေါသောနှင့် ထွန်းမောင်မှာ နှင်းနုအား ငေါက်လိုက်လေသည်။

ထိုသို့ ငေါက်ပြီး စိတ်မကောင်းဖြစ်ကာ``ညီမလေး အင်္ကျီလဲ ဘာမှမကြောက်နဲ့ ကိုကြီး ပရိတ်ရည်သွားယူဦးမယ် ´´ဟုပြောကာ ဘုရားခန်း ထွက်လာတော့၏။

``အူးးးးးးးးးးးး´´သန်းခေါင်ယံ အချိန်တွင် စူးစူး ဝါးဝါး အူလိုက်သော ခွေး အူသံကြောင့် ထွန်းမောင် လန့်နိုး လာသည်။

ထွန်းမောင်သည် သူ၏ ညီမလေး အား စိတ်မချသဖြင့် ညီမလေး ၏ အခန်း ရှေ့တွင် ထိုင်စောင့်ရင်း ငိုက်သွားခြင်းမျိုး ဖြစ်သည်။

ထိုစဉ်``အစ် အစ် အစ်´´နှင်းနု အခန်းထဲ မှအသံထွက်လာ၏။

``ညီမလေး ´´ထွန်းမောင် စိုးရိမ်စွာ သူ၏ ညီမအခန်းထဲ သို့ ပြေးဝင်ကြည့်လိုက်သောအခါ
နှင်းနုမှာ လေပေါ်တွင် ဝဲရင်း ဇက်စောင်းနေ၏။

ထွန်းမောင်မှ သူ၏ ညီမလေး အား ပြေး၍ အောက်သို့  ဆွဲ ချလေ၏။

ထိုအခါ နှင်းနု မှာ ``ဗုန်း´´ခနဲ အရုပ်ကြိုးပြတ် ကြမ်းပြင်ပေါ် ကျလာ၏။

ထွန်းမောင်မှ``ညီမလေး ညီမလေး ´´ဟု ခေါ်ကာ သူ၏ ညီမအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

နှင်းနုမှာ လည်း ဆံပင်များ ဖားလျားနှင့် ဖွာလန်ကြဲနေကာ အော်ငိုလေ၏။

ထွန်းမောင်မှ သူ၏ ညီမလေး မျက်နှာအား ကြည့်ကာ ``ညီမလေး ကိုကြီး ရှိတယ် ဘာမှမဖြစ်နဲ့ တော့ ဘာမှမဖြစ်နဲ့ တော့ နော်´´ဟုပြောလိုက်၏။

နှင်းနုမှာ ဘာမှမပြောဘဲ အိပ်ခန်း အပြင်ဘက်သို့ ကြောင်ကြည့်နေကာ လက်ညှိုး ထိုးပြလေ၏။

ထွန်းမောင်မှာ သူ၏ ညီမလက်ညှိုး ထိုးပြရာ အိမ်အပြင်ဘက်သို့ ထွက်ကြည့်လိုက်သည်။

``ဟင် ဘယ်က ခွေးမည်း ကြီး လဲ´´ထွန်းမောင် အံ့အား သင့်မိ၏။

ခွေးမည်းကြီး မှာ သူ၏ ခါးလောက်ရှိ၏။
တစ်ကိုယ်လုံး မည်းနက်နေကာ မျက်လုံးများမှာ မီးဝင်းဝင်းတောက် နီရဲနေသည်။ ထိုခွေးကြီးသည် ထွန်းမောင်တို့ အိမ်ရှေ့မှ ထွန်းမောင်တို့ အိမ်ထဲသို့ ကြည့်နေလေ၏။

ထွန်းမောင်မှာ လည်း မခေပေ။အိမ်အောက်ရှိ ခဲလုံးခပ်ကြီး ကြီး ကို ကောက်၍ ထို ခွေးအား
ပေါက်ရန်လက်အရွယ် ``အားးးး´´ခနဲ သူ၏ ညီမအော်သံကို ကြားလိုက်ရသဖြင့် ဒရောသောပါး သူ ၏ ညီမအခန်း သို့ပြေးဝင်လာ၏။

``ဟာ  ညီမလေး ´´ သူ၏ ညီမ နှင်းနုမှာ ကြမ်းပြင်ပေါ်တွင် ခြေလက်များ တွန့် လိမ်၍ အကြောဆွဲ နေလေပြီ။

ထွန်း မောင်သူ၏ ညီမအနား ပြေး၍ နှင်းနု ခေါင်းလေး ကို လက်ပေါ် အတင်နှင်းနုမှာ ``အင့် ´´ခနဲ ဇက်ကျိုး ကျပြီး အသက်ပါသွား၏။

``ညီမလေးးးးးးးး´´ ထွန်းမောင် နှင်းနုအား ဖက်၍အော်ငိုလေ၏။

``ခစ် ခစ် ခစ်´´

``ဟင်´´ ထွန်းမောင် ရင်ခွင်ထဲမှ နှင်းနုသည် ရယ်လေ၏။

သူမရယ်သံမှာ လှောင်ရယ်သံမျိုး

သူမ၏ မျက်နှာ မှာ ဖြူရော်ကာ အေးစက်မာကြောနေသည်။ မျက်လုံးများ မှာ
မျက်သားအပြည့် မည်းနက် လျက် ထွန်းမောင်အားကြည့် နေ၏။ သူမနှုတ်ခမ်းများမှာ ခြောက်ကပ်အက်ကွဲလာလေပြီ။

ထွန်းမောင်သည် ရုတ်ချည်း ပြောင်း လဲသွားသော သူ၏ ညီမလေး နှင်းနု အားကြည့်၍အံ့သြမဆုံး နိုင်အောင် ဖြစ်နေသည်။

နှင်းနုမှ နှုတ်ခမ်း ကွေးရုံမျှ ပြုံးကာ ``နောက်တခါ ဖွေးစိန် အလှည့် ´´ဟု ပြောပြီး ထွန်းမောင် လက်ပေါ်တွင်ပင် ဇက်ကျိုး ကျ၍ အသက်ထွက်သွားလေ၏။

``ညီမလေးးးးးးး´´သန်းခေါင်ယံ အချိန်တွင် ထွန်းမောင်၏ အသံသည် မြိုင်သာယာ ရွာလေးအား ဖုံးလွှမ်း သွားတော့၏။

နောက်တစ်နေ့ မနက်တွင်နှင်းနု သေဆုံးရသည့်အကြောင်း တစ်ရွာလုံးတွင် သတင်းပြန့် လေ၏။ ထိုသတင်းနှင့် နောက်ဆက်တွဲသတင်းမှာ နှင်းနု ရက်လည်နေ့ တွင် ဖွေးစိန် အား လာခေါ်မည့် အကြောင်း ပင်ဖြစ်သည်။

တချို့ ရွာသူရွာသား များမှာ ထွန်းမောင် စကားကို ယုံကြပြီး တချို့ မှာ မယုံကြပေ။ ထွန်းမောင် တစ်ယောက် ညီမလေး ကိုဆုံးရှုံးထားရ ၍ သွေးရူးသွေးတန်း ပြောနေသည်ဟု ထင်မှတ်ကြ၏။

မည်သို့ ပင် ဆို စေကာ မူ နှင်းနု ၏ ရက်လည်ညသို့ ရောက်ရှိ လို့ လာလေပြီ။
ထွန်းမောင်တို့  တရွာ လုံးမှာ လည်း မိသားစု လို ဖြစ်နေ၍ နှင်းနူ ရက်လည်ကို  ဝိုင်းဝန်း
ကူညီကြ၏။ ထို့ ကြောင့် ညအချိန်အနားယူ ချိန်ရောက်သောအခါ တရွာ လုံး အိပ်မောကျနေလေ ပြီ။

``အူးးးးးးးးးးဝူးးးးးးး´´ ညသန်းခေါင်ယံ မင်္ဂလာမရှိတဲ့  ခွေးအူသံက အရင်ကြားရလေပြီ။

ဖွေးစိန်တစ်ယောက် နှင်းနု နာရေးတွင်ကူညီလုပ်ကိုင်ခဲ့ရသမျှ အိပ်စက်ခြင်းနှင့် အနားယူနေစဉ် ခွေးအူသံများကြောင့် လန့် နိုး လာ၏။

ထိုစဉ် သူမခြေရင်း မှ လိုက်ကာ အကွယ့် တွင် ဆံပင်များ ဖြန့် ချ ထား သော မိန်းမတစ်ယောက်ရပ်နေလေသည်။

ဖွေးစိန်မှ``အမေ လား ´´ဟု မေး၍ လှဲနေရာမှ ထလိုက်၏။

လိုက်ကာ အကွယ်မှ အမျိုးသမီး သည် ဘာမျှမပြောပဲ ရပ်မြဲ ရပ်နေမြဲပင်။

ဖွေးစိန် တံတွေး တချက်ကို မြိုချကာ လိုက်ကာနားသို့  တဖြည်း ဖြည်း ခြေ ဖွသွားလေ၏။

သူမ လိုက်ကာ နား အရောက် ``လှစ်´´ခနဲ သူမလိုက်ကာကို လက်နှင့် ဖယ်လိုက်သည်။

``ဟင်´´လိုက်ကာ အကွယ်တွင် မည်သူ မျှ ရှိမနေပါ။သူမ အံ့သြ ၍ဘေးဘီ သို့ကြည့် မိ၏။ထိုအခါ အိမ်ရှေ့ တံခါး မှာ ``ဖျတ်´´ခနဲ ပွင့် လာသည်။

သူမ အံ့သြစွာ ထို တံခါး သို့ အကြည့် သူမ တို့ အိမ်ရှေ့ တွင် ခွေးနက်ကြီး တစ်ကောင် သူမအား စိုက် ကြည့် နေလေ၏။

ခွေးကြီး၏ မျက်လုံးများ မှာညှို့ ဓာတ် ပါနေသည်။ ဖွေးစိန်သည် တစ်စုံတစ်ယောက်၏ ဆွဲငင်မှု့ အောက်သို့  ရောက်ရှိ သွားလေ၏။

ထို့ နောက်သူမ ခြေလှမ်း များ က တလှမ်း ချင်း တလှမ်း ချင်း ရွာ့ အပြင်ဘက်သို့ ........

ထွန်းမောင် စကားကို ရွာသူ ရွာသား များအကုန်နားစွင့်နေကြ၏။

``ကဲ အခု ဖွေးစိန် အလောင်းကို ဒေါ်ရှိန့် တဲရှေ့ တွေ့ တယ် ကျုပ်တို့ ဘာတတ်နိုင်သေးလဲ အခုနောက်တစ်ယောက်က ဘယ်သူလဲ ဆိုတာ ကျုပ်တို့ မသိနိုင်ဘူး ရွာက မိန်းမပျိုတွေလည်း ကြောက်နေကြပြီ´´ဟုစကားစဖြတ်လိုက်၏။

ထိုအခါ ရွာသား တစ်ယောက်မှ``ကျုပ်တို့ ဘာဆက်လုပ်မလဲ´´ဟုမေးလေ၏။

သူကြီး မှ``ဒီလို ဆိုတော့လည်း ကဲလာအားလုံး လူစု ဒီညပဲ သူ့ အိမ် မီးသွားရှို့ မယ်´´ဟု ပြောလိုက်၏။

ထိုအခါမှ ရွာသူရွာသား များ စိတ်ချမ်းသာကာ``ဟေးးးး´´ခနဲ အော်ကြလေ၏။

လမင်းမှာ ထိန်ထိန်သာလျက်........

မြိုင်သာယာ ရွာမှ ရွာသူရွာသားများ မီးတုတ်များကိုယ်စီကိုင်ကာ ဒေါ်ရှိန့် တဲရှေ့ ဦးတည်လျက်......

သူကြီးမှ ``ဒေါ် ရှိန် ဒီနေ့ ဟာ ခဗျ ရဲ့နောက်ဆုံးနေ့ ပဲခဗျကြောင့် ကျုပ်ရွာက ရွာသူတွေ အဆုံးရှုံး မခံနိုင်တော့ ဘူး ´´ဟုအော်ကာ သူကြီးကိုယ်တိုင် ဒေါ်ရှိန့် တဲ ရှေ့ သို့ မီးတုတ်ပစ်လိုက်၏။

ထိုအခါ ကျန်သော ရွာသူ ရွာသားများပါ မီးတုတ်များ ကို တဲ၏ ခေါ့င်မိုး  နှင့် တဲရှေ့သို့မီးတုတ်များပစ်လေတော့သည်။

တဲမှာ ကပ်မိုး ဖြစ်၍ မီးအလွယ်တကူစွဲကာ တရှဲ ရှဲ မြည်လေ၏။

တဲထဲမှ ဒေါ် ရှိန်သည် ထွက်ပြေးချိန်မရလိုက်
သူမကိုယ်ပါ မီးများ စွဲလောင်လေပြီ။

``အားးးးးးးးးးးးးးးငါမီးစွဲလောင်သလို နင်တို့ တရွာလုံး ဒုက္ခလှလှရောက်စေရမယ် ရောက်စေရမယ်...အားးးးးးးးးးးးးးး´´ထိုအသံနက်ကြီးမှာ တလောကလုံးအား ဖုံးလွှမ်းသွား၏။

သူမ၏တဲ အိမ်မှာလည်း တမှတ်ဟုတ်ချင်း ပြိုလဲ မီးလောင်ကျွမ်း ကုန်လေပြီ။

သူကြီးအပါအဝင်ရွာသူရွာသားများ မှာ သူမ ကျိန်စာကို ကြားလိုက်ရ၍ ရင်မအေးနိုင်ကြ။

ဒေါ်ရှိန့် တဲ မီးလောင်သော အခါ မီးခိုး ငွေ့ များမှာ အလုံးလိုက် မိုးပေါ်သို့ တက်သွားလေ၏။

မြိုင်သာယာ ရွာသူရွာသားများ၏ ရင်ထဲက အပူလုံးကတော့ ပို၍ ပင်ကြီးလို့ လာလေတော့သည်။

ထို့နောက်ပြာကျသွားသောအိမ်ထဲသို့ သူကြီးအပါအဝင် ရွာသားများ သွား၍ ကြည့် သောအခါ............
(ဒုတိယပိုင်း ဆက်ပါမည်)

ပန်ဒိုရာ


Post a Comment