ကယ်​တင်​ရှင်​သခင်​မ​လေး အပိုင်း ၁+၂+၃

''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~
''လျှံစီး ဒီနေ့က မင်းသေရမဲ့နေ့ပဲ ဟား ဟား''
ဦးမိုးခရဲ့ဓါးကွက်တွေကကြောက်စရာကောင်းလှပါသည်
သူမအတွက် တကယ်ပဲ ဒီနေ့ကသေရမဲ့နေ့လား ကိုယ့်ကိုယ်
ကိုယ်ကာကွယ်ရင်းနောက်ဆုံးတစ်ချက်ကို သူမမရှောင်နိုင်
တော့ပါ ဦးမိုးခ ဓါးက သူမနှလုံးအိမ်တည့်တည့်စိုက်ဝင်လေ
သည်
''ဟား ဟား ဆရာတော်ပြောတဲ့ တစ်မိုးအောက်တစ်ယောက်
လျှံစီးဆို ဟား ဟား ခုတော့ဘာတတ်နိုင်သေးလဲ မင်းရဲ့ကိုယ်ရံတော် သုံးယောက်မရှိရင် မင်းမစွမ်းဘူးဆိုတာ
ငါသိတာပေါ့ နောက်ဆုံးအနေနဲ့နားထောင်သွားလိုက် မိုးခဝတီစံအိမ်က ငါ့အတွက်ပဲ ဒီချိန်ဆို မင်းအဖေလည်း
သေလောက်ရောပေါ့''
လျှံ ကိုခွင့်လွတ်ပါ ဖေဖေ လျှံ ဖေဖေ့စကားနားမထောင်မိလို့
ခုလိုအဖြစ်ဆိုးနဲ့ကြုံခဲ့ရတာ ဒီအကြွေးတွေ လျှံပြန်ဆပ်ပါ့မယ်
ထို့နောက် လျှံ လောကကြီးနဲ့အဆက်သွယ်ပြတ်သွားတော့သည်
''ဆရာ သူ့ကိုဘယ်လိုလုပ်ရမလဲ''
''ဒီ မိုးမခပင်ခြေရင်းမှာပဲမြှုပ်ခဲ့ သူ့ကိုအစီရင်တွေနဲ့ထိန်းလို့မရ
ဘူး အချိန်ခနပဲ ထိန်းထားနိုင်မယ်''
''ဗျာ ဆရာ ဘာကိုပြောတာလဲ''
''သူ့လက်က နတ်ရုပ်ကိုတွေ့လား''
''ဟုတ်ကဲ့''
''အဲ့အရုပ်က အစွမ်းရှိတယ် အဲ့ကြောင့်လျှံစီးဆိုတာ လူလေးစား စရာဖြစ်နေတာပေါ့ သူသွေးကြွေးပြန်ဆပ်လိမ့်
မယ် သူမနိုးထခင် အရာအားလုံးပြီးမြောက်မှ အဆင်ပြေလိမ့်
မယ် ''
''ကျတော် သိပါပြီ''
အားလုံး သူမကို မိုးမခပင်ခြေရင်းမှာပဲမြှုပ်လိုက်ကြသည်
''ကဲ ပြန်ကြစို့''
''ဟုတ်ကဲ့''
အတုံ့အလှည့်တွေရှိတတ်တယ်ဆိုတာ ဦးမိုးခသိရင်
''ဟာ ဆရာ ဟိုမှာ ဆရာ သား''
ဦးမိုးမခကြည့်လိုက်တော့ ကိုယ့်ကိုယ်ကိုယ်ဓါးနဲ့ထိုးလိုက်တဲ့
သားရှိရာပြေးလာခဲ့မိသည်
''သား လက်ကိုလွတ်လိုက်လေ''
''သား ကိုခွင့်လွှတ်ပါဖေဖေ သားတို့က လေးယောက်ပေါင်းမှ
တစ်ယောက်ဖြစ်တာပါ သားသူငယ်ချင်းတွေမရှိဘဲနဲ့သား
အသက်မရှင်ခြင်ဘူး ဖေဖေတစ်ခုပဲသိထားပေးပါ သားတို့
ပြန်လာမယ် အဲ့ခါ ဖေဖေ့အကြွေးတွေကိုပြန်ဆပ်ပါ သား
ဖေဖေကိုနှုတ်ဆက်ပါတယ်''
တောက် သားဖြစ်သူကပါ ဒီကောင်မလေးဘက်က ငါကမင်း
အတွက်ဒီလိုလုပ်ပေးတာကို မင်းက လက်တုန့်ပြန်မယ်ပေါ့
ငါမင်းအဖေပါ ခပ်တုံးတုံးလူမဟုတ်ဘူး ဦးမိုးခက သေဆုံး
သူတွေအားလုံးကို ကြိမ်စာတိုက်ခဲ့သည် မကျွတ်မလွတ်ဘဝ
နဲ့သူ့ဘေးမှာအစေအပါးဖြင့်နေရန် စိတ်ရိုင်းတွေ ဝင်ပြီး ရက်စက်ကြမ်းကြုတ်စွာနေထိုင်ခဲ့သည် ဘယ်သူကမှ သူ့ကို
မတားနိုင်ခဲ့ သေသည်အချိန်ထိအစွဲတစ်ခုနဲ့သေသွားခဲ့သည်

''ဆရာတော်ဘုရား ဒီအိမ်ကြီးကိုဘယ်လိုလုပ်ရမလဲဘုရား''
''အင်း ဝဋ်ကျွေးတွေ တယ်ကြောက်စရာကောင်းတာကို
ဒီအိမ်ကိုပိတ်ထားလိုက်ပါ့ စိုင်းလုံပြန်လာတဲ့နေ့မှ ပြန်ဖွင့်ကြ
တာပေါ့ ဒကာမလေးလျှံစီးလည်း ကောင်းရာသုဂတိလားပါစေ
ကွယ်''
အကုန်လုံး မိုးခဝတီစံအိမ်ကြီးမှထွက်ခွာလာကြတော့သည်

ရန်ကိုရန်ခြင်းမတုံ့နင်းရဘူးဆိုပေမဲ့ ဘဝအဆက်က အကြွေး
ပါရင်ဆပ်ရမှာပါပဲ မကောင်းတဲ့လူတစ်ယောက်ကို ကြာရှည်ဆိုးသွမ်းခွင့်ပေးထားရင် သွေးကိုသွေးနဲ့ပဲပြန်ဆပ်ရ
လိမ်မယ်
~~~~~~~~~~~~~~~~~~~~~~~~~~
နှစ်(၂ဝဝကြာပြီးနောက်)
''ကျောင်းတွေတောင်ပြီးပြီ ငါတို့ဘယ်သွားကြမလဲ စေတမန်''
''ဘယ်သွားရမလဲ ငါက ဖေဖေ့ကုမ္မဏီဝင်ရမှာ မအားဘူး''
''နင်ကလည်း ကျောင်းပီးတာကိုအလုပ်ချက်ခြင်းဝင်တော့
မှာလည်း ငါတို့ကလျှောက်လည်ဖို့စီစဉ်ထားတာ''
''အင်းပါ အဲ့ဒါဆို ငါဖေဖေ့ကိုပြောကြည့်မယ်''
''ဒီလိုမှပေါ့''
စေတမန်တို့က သူငယ်ချင်းလေးယောက် သုတ သက်ထား
ဖူးဖူး ပြီးတော့သူ ငယ်သူငယ်ချင်းတွေပါ စေတမန်က မိုးခဝတီစံအိမ်ရဲ့ တစ်ဦးတည်းသောသား ဥစ္စာပေါ ရုပ်ချော
မိန်းကလေးအရှုပ်အရှင်းကင်းသည် chemistryရဲ့
king ကျောင်းတက်တဲ့လေးနှစ်တာကာလ မိန်းကလေး
တစ်ယောက်မှမထားခဲ့ မိဘစကားနားထောင်သည့် သား
လိမ်မာလေး
''ရည်းစားလေး ဘာလေးများထားဖို့စိတ်ကူးမရှိဘူးလား''
''မင်းကလည်းရှုပ်ရှုပ်ယှက်ယှက် ဒီလိုလေးနေရတာ ဘယ်
လောက်လွတ်လပ်လဲ''
''အေးပေါ့ကွာ အချိန်တန်ရင်လည်း မင်းဘေးက မိန်းကလေး
ဝိုင်းနေတာဆိုတော့အေးဆေးပေါ့''
''အင်း''
ဖူးဖူး သူ့ကိုချစ်နေတာလည်းသူသိသားပဲ ဒါပေမဲ့ သူ့နှလုံးသားကချစ်မရ ဖေဖေပြောခဲ့တဲ့စကားကို သူမှတ်မိ
သေးသည် အချိန်တန်ရင် သားမှာလုပ်စရာရှိတယ်တဲ့ ဒါက
ဘိုးဘွားအဆက်ဆက်ကထားခဲ့တဲ့ကတိစကားတဲ့ အဲ့အချိန်ထိ သားရည်းစားမထားရဘူးတဲ့ ဘာလုပ်ရမှာလဲ
မေးတော့လဲဘာမှမပြော
''ဒုတ် အင့် အား''
သူအတွေးတွေနဲ့မတ်တပ်ရပ်ရင်း တစ်ဖက်လူကိုတိုက်မိ
သွားသည်
''ဆောရီးပါဗျာ ကျတော်အတွေးလွန်သွားလို့''
''ရပါတယ်''
''ကြယ် ဘာဖြစ်နေတာလဲ''
ထိုလူသူငယ်ချင်းကရောက်လာပြီး
''ဘာမှမဖြစ်ဘူး မတော်တဆ''
''အကျီင်္မှာလည်း ကော်ဖီတွေစွန်းကုန်ပြီ ''
''မတော်တဆပါဆို အလင်းရာ မင်းကလည်း ရတယ်
ကျတော်ဘာမှမဖြစ်ဘူး လာ ကိုလင်းသွားမယ်''
''ခန''
စေတမန် သူတို့ထွက်သွားမှ လမ်းခေါ်မိလိုက်သည် အစော
ဝင်တိုက်မိကတည်းက သူမင်သက်မိနေတာ
''ခင်များတို့နှစ်ယောက် ကြယ်တာရာနဲ့ ကောင်းကင်လင်းလား''
''ကျနော်တို့ကို သိလား''
စေတမန် ဘာမှမပြောနိုင်ပဲ ခုံပေါ်ပစ်ကျသွားသည် တကယ်ပဲ
လောကကြီးက အံ့သြဖို့ကောင်းလိုက်တာ အိမ်မှာချိတ်ထား
တဲ့ပုံက သူငယ်ချင်းလေးယောက် ဟိုးနှစ်ပေါင်းများစွာက
တစ်ယောက်ကမိန်းကလေး တစ်ယောက်ကသူ နောက်နှစ်
ယောက်က အမွှာညီကို ဖေဖေ့ကိုသူမေးတော့ မိန်းကလေးက
သူတို့သုံးယောက်ရဲ့ခေါင်းဆောင်တဲ့ ကျန်နှစ်ယောက်က
သားအချိန်တန်တွေ့လာလိမ့်မယ်တဲ့ သားတို့သုံးယောက်
ဆုံတဲ့အခါ မိန်းကလေးကိုသွားကယ်ရမယ်တဲ့ ဒါတွေတကယ်လား သူကလူဝင်စားလား
''ဟျောင့် စေတမန် ဘာဖြစ်တာလဲ စေတမန်''
''ဟင် ငါ ဘာမှမဖြစ်ပါဘူး အပန်းမကြီးဘူးဆို ဒီက သူငယ်ချင်းနှစ်ယောက်ကို ကျတော့်အိမ် ဖိတ်ချင်ပါတယ်''
ကြယ်ကော အလင်းကော အံ့သြသွားသည်
''ဘာအတွက်လဲ''
''ကျတော် ဒီမှာပြောရင် ကြယ်နဲ့အလင်း ယုံမှာမဟုတ်ဘူး
ကျတော့်မိဘတွေရှင်းပြပါလိမ့်မယ် ကျတော် ခင်များတို့နှစ်
ယောက်ကိုရှာနေခဲ့တာ ဆယ်နှစ်ကျော်သွားပြီ''
''စေတမန်က အစောထဲက ကျတော်တို့ကိုသိနေတာလား''
''ဟုတ်ပါတယ် အပြင်မှာမြင်ဘူးတာတော့ပထမဆုံးပါ''
''ကောင်းပြီလေ ခုတော့မအားသေးဘူးဗျ ကျတော်တို့သွားစရာရှိသေးတယ်''
''aww ရပါတယ် ဒါကျတော့်လိပ်စာကတ်ပါ''
စေတမန် လိပ်စာကတ်ကိုလှမ်းပေးလိုက်သည်
''ဟင် မိုးခဝတီဆိုပါလား ကိုလင်း''
''ဘာ ပြစမ်း''
အလင်း ယူကြည့်လိုက်သည် တကယ်ပဲ မိုးခဝတီစံအိမ်တဲ့
သူတို့ညီကိုမမွှေးခင်က မေမေ့ကိုအိမ်မက်ပေးခဲ့သည်တဲ့
အချိန်တန်အရွယ်ရောက်တဲ့အခါ မိုးခဝတီကို လွတ်ပေးဖို့
''ဒီပုံအတိုင်းဆို ကြယ်တို့ညီကိုလည်း တစ်ခုခုသိထားသလိုပဲ''
''ဆိုပါတော့ ကြယ် ဒီနေ့မင်းကိစ္စကိုဖျက်လိုက် ငါတို့မိုးခဝတီ
ပဲလိုက်သွားရအောင်''
''ကောင်းသားပဲ''
စေတမန်တို့ပြောတာကို ကျန်သူငယ်ချင်းတွေတော့နားမလည်ကြပါ ခုမှသိတဲ့လူတွေ
ကအရင်းနီးဆုံးလူတွေလိုဖြစ်နေတာ ဘာကြောင့်လဲ
သူတို့ကားလေးသည် မိုးခဝတီစံအိမ်သို့

''ဖေဖေ ဒီမှာ ဘယ်သူတွေပါလဲကြည့်ပါအုံး''
''ဟာ ကြယ်နဲ့အလင်းပဲ လာကြ သားတို့ အန်ကယ်က သား
တို့ညီကိုကိုစောင့်နေတာ''
''ဗျားးးးး''
''မေကြီးရေ ကလေးတွေအတွက်တစ်ခုခုလုပ်ခဲ့ကွာ''
''ဟုတ်ပါပြီ''
''သား သူငယ်ချင်းတွေလည်းပါလာတာကိုး''
''သူတို့လည်း လိုက်ချင်တယ်ဆိုလို့သားခေါ်လာတာ''
''အင်း ရပါ တယ်''
''ကဲ သားတို့အအေးသောက်ကြအုံး အစ်ကိုရယ် အဖိုးပြောသွားတုန်းက မယုံဘူး ခုမျက်စိရှေ့ရောက်မှသူတို့
လေးတွေလောကကြီးထဲတကယ်ရှိမှန်းသိတော့တယ်''
''သားတို့နှစ်ယောက်လက်မှာ ကြယ်ပုံလေးတွေပါတယ်မို့လား''
''အန်ကယ်က ဘယ်လိုသိ''
''အင်း သားတို့မှာ ဒါတွေပါတယ်ဆိုတော့ လူမှားစရာမရှိဘူးဘဲ''
ထိုစဉ် ဦးလေး ကံယူလာသည့် ဓါတ်ပုံကြီးပေါ်က ပိတ်စကို
ခွာချလိုက်သည်
''ဟားးးးး''
ဒီအိမ်ကြီးမှလူတွေကလွဲရင် ကျန်လူများအံ့သြကုန်ကြသည်
''ဒါက ဘယ်လို''
''သားတို့ အံ့သြသွားလား''
''ဟုတ်ကဲ့''
''ဒါက လွန်ခဲ့တဲ့ အနှစ်(200)လောက်ကပုံပဲ ဒီထဲကလူတွေ
ကသားတို့သုံးယောက်ပဲ ''
''မိန်းကလေးက ကော''
''သူက သားတို့သုံးယောက်ရဲ့ခေါင်းဆောင် တစ်ချိန်က
မိုးခဝတီစံအိမ်ရဲ့မင်းသမီးလေးပါ ခုသားတို့သူ့ကိုသွားကယ်
ရမယ်''
''သူက ဘယ်မှာလဲ တောင်ကြီးမှာပါ အဲ့မှာ မိုခဝတီစံအိမ်ရှိ
တယ် အဲ့ဒီအိမ်ကြီးကို ပိတ်ထားခဲ့တာ အန်ကယ့်အဖိုးလက်
ထပ်ကတည်းက ခြံစောင့်တွေတော့ နေ့ပိုင်းလာရှင်းပေးတယ်
အိမ်ကအရမ်းကြမ်းတယ် ဦးမိုးခရဲ့အစီရင်တွေကြောင့်
မကျွတ်သေးတဲ့ လူတွေလည်းအများကြီးရှိတယ် ညဆို
အိမ်ကြီးဘေးက ဘယ်သူမှဖြတ်မလျှောက်ရဲဘူး''
''အဲ့လူက ဘာသူလဲ''
''သား စေတမန်ရဲ့အရင်ဘဝက အဖေပဲ''
''ဗျာ သား ဖေဖေ မဖြစ်နိုင်တာ''
''သားကအရင်ဘဝကိုမမှတ်မိတော့ ဒါတွေဘယ်သိမလဲ
အကြောင်းရာအကုန်လုံးဖေဖေလည်းမသိဘူး သားတို့
လေးယောက်အစွမ်းနဲ့မှ ဦးမိုးခကိုယှဉ်နိုင်လိမ်မယ်''
''သူကသေပြီးသားလေ သားတို့ကိုအန္တရယ်ပြုနိုင်ပါမလား''
''နှစ်တွေတောင်ကြာခဲ့ပြီပဲ သားရယ် အစကတည်းက သူက
အစွဲလမ်းနဲ့သေခဲ့တာ ပြီးတော့ အောက်လမ်းပညာကို
တစ်ဖက်ကမ်းခတ်ကျွမ်းတယ် သူ့အစီရင်တွေနဲ့ လျှံစီးကို
ထိန်ချုပ်ထားခဲ့တာ''
''ဒါဆို လျှံစီးက မကျွတ်သေးဘူးပေါ့ ''
''ဟုတ်တယ် သူ့တာဝန်တွေကြောင့်ကော ဦးမိုးခအစီရင်ကြောင့်ကော ဖြစ်စဉ်အကုန်တော့ဖေဖေလည်း
မသိဘူး သားတို့သုံးယောက်ပဲအကြောင်းစုံသိလိမ်မယ်''
''ခု သားတို့မမှတ်မိဘူးလေ''
''ဒါတွေက လျှံစီးနဲ့တွေ့ရင်အဆင်ပြေသွားပါလိမ်မယ် သားတို့ ခရီးသွားဖို့ပဲပြင်ဆင်ထားကြပါ''
''အန်ကယ် ကျတော်တို့လည်းလိုက်ချင်တယ်''
''ကောင်းပြီလေ သားတို့သူတို့ကိုဂရုစိုက်လိုက်ပါ''
''ဟုတ်ကဲ့''
စေတမန် အဖေက စကားပြောပြီးအပေါ်တက်သွားသည်
''ဒါဆို မင်းတို့သုံးယောက်လုံးလူဝင်စားပေါ့''
''အင်း''
''ငါဖြင့်ကိုယ်တိုင်ကြုံလို့သာယုံရတယ် သူများပြောတာဆို
လောင်ရယ်မိမလားဘဲ''
''အေး ငါရောပဲ''
စေတမန် သူငယ်ချင်းသုံးယောက်ကတစ်ယောက်တစ်မျိုး
ပြောနေကြတော့သည်
''ဘယ်တော့သွားကြမလဲ ကြယ်''
''မနက်ဖြန်သွားမယ် စေတမန် ငါသိချင်တာရှိသေးတယ်
စည်းဖောက်တယ်ဆိုတော့ ငါတို့သုံးယောက်ထဲ ဘယ်သူ
စည်းဖောက်ခဲ့တာလဲ ''
''ကိုလင်းနဲ့ငါ''
''ဘာ ကိုလင်းကော''
''ဟုတ်တယ် ငါတို့သုံးယောက်လုံး လျှံစီးကိုချစ်ခွင့်မရှိဘူး''
''ဘာဖြစ်လို့လဲ''
''သွေးကွဲမှာကြောင့်တဲ့ ''
''aww''
ကြယ် စိတ်ဝင်စားပါသည် ဒီအကြောင်းရာက သူတို့ဘဝတွေ
ပြောင်းလဲစေနိုင်သည်ပဲလေ
''တို့အားလုံးမနက်ဖြန်သွားမယ်''
''ကောင်းတယ် ''
အားလုံးသဘောတူညီလိုက်ကြသည် သူတို့မသိသေးတာက
မိုးခဝတီစံအိမ်ကြီးကို လွယ်လွယ်ကူကူရောက်ပါမလား
~~~~~~~~~~~~~~~~~~~~~~~~~
စိတ်ကူးနဲ့ရေးခြင်းဖြစ်ပါသည်။
''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~
အပိုင်း(2)
တောင်ကြီးမြို့တို့ ကားနှစ်စီးသည်ရှေ့ဆင့်နောက်ဆင့်ဝင့်
လာကြသည် ဆောင်းရှေ့အအေးဓါတ်ကြောင့် ဝတ်ရုံထူကြီး
များဝတ်ဆင်ထားရသည် ထိုကားလေးနှစ်စီးသည် စားသောက်ဆိုင်ရှေ့တွင်ရပ်လိုက်ပြီး
''တစ်ခုခုစားရအောင်ကွာ ''
စေတမန်ရဲ့အပြောကြောင့်အကုန်ဆိုင်ထဲဝင်လိုက်ကြသည်
ပြီးတော့ waiterလေးကို သောက်စရာနဲ့အစားသောက်အချို့မှာလိုက်ကြသည်
''အရမ်းအေးတယ်နော် စေတမန်''
''အင်း ဒီမြို့ရဲ့ဆောင်းက ဒီလိုပါပဲ ကြယ်တို့ကမရောက်ဖူးဘူးလား''
''ဆိုပါတော့ ဒီကိုလာဖို့က ကျတော့်ငယ်ထဲကအိမ်မက်တစ်ခုပဲ ဒါပေမဲ့တစ်ခါမှမရောက်
ဖြစ်ခဲ့ဘူး''
''aww ''
''ကြယ်တို့ ညီကိုနှစ်ယောက်လုံးချောတယ်နော်''
''ဗျာ''
''ဟုတ်တယ် ဖူး ကတကယ်ပြောတာ''
''ပြောပေးတာ ကျေးဇူးပါပဲဗျာ''
သူ့တို့ယောက်ျားလေးတွေက ဘီယာနဲ့အမြည်းပဲစားကြသည်
ဒါမှ အအေးဓါတ်ကိုခံနိုင်မှာလေ
''ဒီနှစ်ဆောင်းက ပိုအေးသလိုပဲနော်''
''အင်း''
ထိုစဉ် ကြယ်က ထိုင်ရာကနေထလိုက်ပြီး
''ဘာလုပ်မလို့လဲကြယ်''
ကိုလင်းအမေးကို
''ဒီက နယ်ခံတွေကိုမေးမလို့လေ မိုးခဝတီကိုဘယ်လိုသွားရ
မလဲလို့''
''အင်း ဟုတ်သားပဲ''
ကြယ်က ကောင်တာမှာရှိတဲ့လူဆီသွားလိုက်ပြီး
''ဒီက အစ်ကိုကိုအကူညီတောင်းချင်လို့ခည''
''aww ကျတော်ကူညီနိုင်တာဆိုကူညီပါ့မယ် ပြောပါ''
''ကျတော်တို့ မိုးခဝတီစံအိမ်ကြီးကိုသွားချင်လို့ လမ်းပြပေးနိုင်
မလားလို့ပါ''
''ဘာ မိုးခဝတီ ဟုတ်လား မပြောနိုင်ဘူး ခင်များတို့ဘယ်သူ
တွေလဲ ''
''ကျတော်က လေ့လာချင်လို့ပါ ''
''ခင်များ လည့်ပြန်လိုက်တာကောင်းမယ်ထင်တယ် အဲ့အိမ်ရှေ့က ဘယ်သူမှဖြတ်မလျောက်ရဲဘူး ကျတော်ပြောပြနိုင်တာက မြို့အစွန်မှာရှိတယ်ဆိုတာပဲ''
''ကျေးဇူးပါ''
ကြယ် စေတမန်တို့ဆီပြန်လာခဲ့လိုက်သည်
''ဘာတဲ့လဲ ကြယ်''
''အန်ကယ်ပြောသလိုပဲ မြို့စွန်မှာရှိတာ တစ်ခုကလွဲရင်ဘာမှ
မသိဘူး ''
''အင်း ဒါဆိုလည်း ဒီတိုင်းပဲသွားရတော့မှာပေါ့ ကဲသွားကြစို့''
သူတို့အားလုံးကားပေါ် ကိုယ်စီတက်လိုက်ကြသည်
''ဟာ ဘယ်လိုဖြစ်တာလဲ''
''ဘာဖြစ်လို့လဲ စေတမန်''
''ကားက စက်နိုးလို့မရဘူး''
''ဟင် ဒါဆိုကြယ်တို့ကားကော''
ကြယ် ကားပေါ်တက်စက်နိုးပေမဲ့ ကားစက်သံပင်မထွက်
ဆီကုန်တာလားလို ဆီတိုင်ကိုကြည့်တော့လည်းဆီကအပြ
ည့် ခရီးသွားမှာကြောင့် ကားလည်းသေချာစစ်ခဲ့ပါတယ်
ဘာဖြစ်တာလဲ
''ငါ့ ကားလည်းနိုးမရဘူး''
''ဟား ဟား ဟား အလကားလူတွေ မသွားသင့်တဲ့နေရာ
သွားချင်ကြတယ် အသက်တစ်ချောင်းတော့ပေးဆပ်ဖို့လိုနေပြီ''
ဘေးနားကနေ ဟားတိုက်ကာပြောလိုက်သောလူ သုတကြောင့်
''ဟျောင့် သုတ သတိထားအုံးလေ''
''ဟင် ငါဘာဖြစ်လို့လဲ''
သုတက သတိပြန်ဝင်လာပြီး
''ခဏက နင်ဘာဖြစ်တာလဲ နင့်အသံကကြောက်စရာကြီး''
သက်ထားက ဝင်ပြောလိုက်သည်
''ကြယ် မင်းဘယ်လိုထင်လဲ''
''ဘာကိုလဲ ''
''ဒါ တစ်ခုခုလို့ထင်တယ် မိုးခဝတီနဲ့ပတ်သက်မလားဘဲ''
''အင်း ''
သူတို့ တစ်ခြားကားငှားကြည့်ကြပေမဲ့ ဘယ်သူကမှ သူတို့
ကိုမခေါ်ကြပါ
''ဒီတိုင်းဆို ဘယ်လိုလုပ်ကြမလဲ လမ်းလျောက်ရတာလဲ ညောင်းနေပြီ''
သူတို့ထဲ မိန်းကလေးတွေပါနေသည်က ပိုဆိုးသည်
''တည်းစရာ အရင်ရှာရအောင်ကွာ သွားမဲ့နေရာကလိုသေး
တယ်''
သူတို့ တွေတည်းစရာရှာပြီး ခရီးပန်းတာကြောင့်ကောအိပ်လို
က်ကြသည် အိမ်မက်ထဲတွင်တော့
''ကြယ် ကြယ် ကြယ် ထပါအုံး''
ဟင် ကြယ်ခေါ်သံကြောင်းနိုးလာသည်
''မင်း ဘယ်သူလဲ''
သူ့ရှေ့ရှိသော အဖြူရောင်ဝတ်စုံနဲ့ကောင်မလေး
''ငါပါ လျှံစီး နင်တို့ပြန်လာတဲ့အတွက်ငါအများကြီးကျေးဇူး
တင်ပါတယ်''
''ရပါတယ် စေတမန်အဖေပြောလို့လာခဲ့ပေမဲ့ ငါဘာမှမမှတ်မိ
ဘူး လျှံစီး''
''မိုးခဝတီကိုရောက်တဲ့အခါအလိုလိုမှတ်မိလာပါလိမ့်မယ်
နင့်လက်ပေါ်က ကြယ်လေးလည်း လင်းလာလိမ့်မယ် ပြီးတော့ မဆိုင်တဲ့လူတွေမခေါ်ခဲ့ပါနဲ့ သူတို့မှာ အသက်အန္တရာယ်ရှိတယ်''
''နင် ဘာကိုပြောတာလဲ လျှံစီး''
''နောက်ညက လကွယ်ညပဲ ဦးလေးသူတို့ကိုသတ်လိမ့်မယ်
သူတို့သုံးယောက်သွေးနဲ့ သူအစွမ်းပိုရှိလာလိမ့်မယ် ပြန်ခိုင်း
လိုက်ပါ လကွယ်ပြီးနောက် လပြည့်ကျရင် ငါလည်းလွတ်မြောက်ပြီး အဲ့ခါမှ နင်တို့ကိုကူညီနိုင်လိမ့်မယ်''
''ကောင်းပြီလေ''
''တစ်ခုတော့ရှိတယ် မနက်ဖြန်ညနေမတိုင်ခင် မိုးခဝတီကိုရောက်အောင်သွားပါ ပြီးရင်အဲ့မှာရှိတဲ့ မိုးကြိုးဓါးကိုတွေ့အောင်ရှာပါ အဲ့ဓါးကိုတွေ့တာနဲ့ နင်တို့
သုံးယောက်ရဲ့ပစ္စည်းတွေအလိုလိုပေါ်လာပါလိမ့်မယ် အဲ့ဒီ
ပစ္စည်းတွေကို စောင့်ရှောက်ပါ ကြယ် ဒါက မိုးခဝတီစံအိမ်
ကြီးကို ကယ်တင်နိုင်မဲ့ထဲက အခွင့်ရေးတစ်ခုပဲ ငါသွားတော့
မယ် ငါပြောတာတွေမမေ့ပါနဲ့''
ပြောပြီးသူမက သူ့ရှေ့က ပျောက်သွားသည် ပြီးတော့သူလည်း အိမ်မက်ကလန့်နိုးလာသည် သူမက်ခဲ့တဲ့
အိမ်မက်အကြောင်းကို ကျန်တဲ့လူတွေပြောပြပြီး စေတမန်ရဲ့
သူငယ်ချင်းသုံးယောက်ကို ချန်ထားခဲ့ကာ မိုးခဝတီစံအိမ်ရှိရာ
ထွက်ခဲ့ကြတော့သည်

တျောက် လျှံစီး မင်းငါ့ထက်လက်ဦးသွားပြန်ပြီပေါ့ ဦးမိုးခ
သူ့အစီစဉ်ပျက်သွားတဲ့တွက်မကျေနပ်ဖြစ်နေသည် လကွယ်
ညတိုင်း လူသွေးသောက်တဲ့အတွက် သူ့စွမ်းအားတွေပိုကောင်း လာတာပင် ဒီလကွယ်ည သူစွမ်း
အားဖြည့်နိုင်မှ ဖြစ်မည် သူတို့လေးယောက်ပေါင်းမိသွားတာ
နဲ့ သူမတားနိုင်မှာကိုစိုးရိမ်နေရသည် တစ်ချိန်က ဆရာတော်
ပြောတာကို မထင်မှတ်ပဲကြားလိုက်လို့ပင်

ဒီကလေးလေးယောက်က သာမန်လူတွေနဲ့မတူဘူး သူတို့
လေးယောက်ပေါင်းမိနေသ၍ မကောင်းတဲ့အရာမှန်သမျှတား
စီးနိုင်တယ်

အစ်ကိုတော်ကိုပြောနေတာသူကြားလိုက်ရသည် တကယ်လည်း သူအာဏာရယူဖို့မစွမ်းနိုင်ခဲ့ပါ သူတစ်ခုခု
လုပ်မည်ကြံတိုင်း ထိုကလေးတွေကြောင်ပျက်စီးသွားခဲ့သည်
ဒါကြောင့် သူတို့လေးယောက်ကိုသွေးခွဲပြီးသတ်ပစ်ခဲ့တာ
လပြည့်ညကျ လျှံစီးလည်းလွတ်မြောက်တော့မည် သူထပ်ပြီး
တားစီး၍မရတော့

''ဟို ပစ္စည်းတွေမင်းသေချာသိမ်းထားရဲ့လား''
''ဟုတ်ကဲ့ ဆရာ''
မနက်ဖြန်တာ သူစွမ်းအားပြန်ဖြည့်နိုင်ရင် ထိုပစ္စည်းလေးခုကို
သူလိုရာသုံးနိုင်မှာ ဒါကြောင့် ဒီပစ္စည်းတွေကိုသူဂရုစိုက်နေခြင်း
''ခု သူတို့သုံးယောက် ဒီကိုလာနေပြီ မင်းသူတို့ကိုတားဆီး
ထားပါ မနက်ဖြန်ညထိသူတို့ကိုမရောက်လာစေနဲ့''
''ဟုတ်ကဲ့ ဆရာ''

ညကလည်းမှောင်လာပြီ ကားကလည်းခနခနရပ်နေ၍စိတ်ည
စ်နေရသည် အအေးဓါတ်ကြောင့်သုံးယောက်လုံးခိုက်ခိုက်တုံ
နေသည်
''ကြယ် ရှေ့မှာကား''
ရှေ့က ကားကြီးသည် သူတို့ဆီဦးတည်လာနေတာသည်
ကားကတစ်လမ်းသွားဖြစ်၍ဘေးနားမှာ ချောက်တွေတာရှိသည် ဒါက မိုးခဝတီစံအိမ်ကြီးကိုသွားတဲ့
လမ်းပင် ဘယ်သူမှသူတို့ဆီလာခွင့်မရှိအောင် လုပ်ထားခြင်း
ကားတစ်စီးသာသာလမ်းကလေး ထိုကားသည် သူတို့ကား
လေးကို ချောက်ထဲတိုက်ချပြီးပျောက်ကွယ်သွားတော့သည်
~~~~~~~~~~~~~~~~~~~~~~~~~~
''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~
အပိုင်း(3)
ကားလေးချောက်ထဲထိုးကြပြီဆိုတဲ့အသိကြောင့် သုံးယောက်သားဘာလုပ်ရမှန်းမသိ ဒါပေမဲ့ မထင်မှတ်တာတစ်ခုက ချောက်ထဲထိုးကျသွားခြင်းမဟုတ်ပါ
ကားဦးနည်းနည်းရွေ့ရုံပဲဖြစ်သွားတာပင် သူတို့မျက်စိရှေ့ကကားကြီးလည်းမရှိတော့ပါ သုံးယောက်သားမျက်လုံးတွေဖွင့်လိုက်တော့မြင်လိုက်ရတာကိုပင်မယုံနိုင် ကားပေါ်ကဆင်းပြီး အိမ်ကြီးဆီလာခဲ့ကြသည်
ရှေးတုန်းကအိမ်ကြီးဖြစ်တဲ့အတွက် အိမ်ကြီးကသေချာတည်
ဆောက်ထားပုံ ဘယ်ကနေဝင်ရမှန်းမသိပဲအခက်တွေ့နေသ
ည် အိမ်ကြီးထဲဝင်ဖို့ပတ်ရှာသော်လည်း အုတ်တံတိုင်းအဆုံး
ရောက်အောင်ပတ်ဖို့မလွယ် ခြံဝင်းကအကျယ်ကြီးပင်
''ဘယ်လိုဝင်ကြမလဲ''
''ဝင်ပေါက်တော့ရှိမှာပါ ရှာကြည့်ရမှာပဲ''
''ငါတို့မှာ အချိန်သိပ်မရဘူးနော်''
''ဒီခြံရဲ့အနောက်ဖက် တောစပ်ကနေဝင်လို့ရမယ်ထင်တယ်''
''ဘာ ကြယ်မင်းဘာပြောလိုက်တာလဲ''
''ငါ့စိတ်ထဲ အဲ့လိုပဲထင်မိတယ်''
''ငါတို့အတွက်အရှုံးမရှိပါဘူး သွားကြည့်မယ်''
သုံးယောက်သား ခြံရဲ့အနောက်ဖက်ကိုလျှောက်လာခဲ့ကြသ
ည် နာရီဝက်လောက်ကြာတော့ ကြယ်ပြောတဲ့နေရာကိုရော
က်ပေမဲ့ ခြုံတွေထူထပ်နေတဲ့ တံတိုင်းအမြင့်ကြီးကိုပဲတွေ့ရ၍
''ကြယ် မင်းပြောတဲ့နေရာတော့ရောက်ပြီ ဘယ်ကနေဝင်ရမလဲ''
ကြယ်ကအနီးမှာရှိတဲ့ သစ်ကိုင်းရှည်ကြီးကိုကောက်ပြီး နွယ်
ပင်တွေကိုဖယ်ရှားလိုက်တော့လူတစ်ကိုယ်စာနွယ်ပင်တွေရှင်း
သွားသည် ပြီးမှ နံရံကိုအသာတွန်းလိုက်တော့ဝင်ပေါက်ကို
တွေ့ရသည် ဒီအပေါက်က တစ်ချိန်တုန်းကကြယ်သုံးခဲ့တဲ့
မလွယ်ပေါက်လေးပါ
''ကြယ် မင်းဘယ်လိုသိနေတာလဲ''
''ငါမသိဘူး ဒီတိုင်းပဲတွေးမိလို့ လာဝင်ကြရအောင်''

အထဲကိုလှမ်းဝင်တော့ စတွေ့လိုက်ရတာက အုတ်ဂူတွေ
ဂူပေါ်ကစာတွေကို ဖတ်ကြည့်လိုက်ကြသည် အိမ်ကြီးရဲ့အခြွေရံတွေရဲ့ ဂူတွေ ဒါဆိုစော်ဘွားကြီးဂူကကော
ဂူတွေတစ်ဂူပြီးတစ်ဂူကျော်လာခဲ့ပေမဲ့ မတွေ့ လေအေးအေး
ရဲ့နောက်မှာ အပုပ်နံကြီးကကပ်ပါလာသည် အချိန်တွေကြာ
လာပြီကို အနံ့တွေနံတယ်ဆိုတာဒီဂူတွေကဖြစ်နိုင်ပါ့မလား

''ကြယ် ဘာတွေစဉ်းစားနေတာလဲ ငါတို့ဒီကမြန်မြန်သွားရ
အောင် အနံ့ကအရမ်းဆိုးနေပြီ''
သူတို့ သုံးယောက်လုံးမကြောက်တတ်ပေမဲ့ အနံ့ဆိုးကြီးကြောင့် အိမ်ကြီးဆီပဲလှမ်းလာခဲ့ကြသည်
''အူးးးးးးအူးးးးးးအူးးး''
ညခွေးတွေရဲ့ ဆွဲဆွဲငင်အူသံတွေက ကျောထဲစိမ်ကနဲ
အိမ်ကြီးနဲ့နီးလာလေ ခွေးတွေကအူလေ ခွေးတစ္ဆေတွေပါ
''အူးးးးးးအူးးးးးးအူးးးးး''
''ဘာလို့ ဒီလောက်အူနေကြတာလဲ နားတောင်ပေါက်ထွက်တော့မယ်''
စေတမန်က သူယူလာတဲ့ အမဲတွေကိုပစ်ချကျွေးလိုက်တော့
အူသံတွေတိတ်သွားသည်
''မင်း ဒါတွေယူလာတယ်''
''ကြိုသိလို့ ဝယ်လာတာ နောက်ထပ်မအူခင် ဝင်ရအောင်''

တံခါးတွေက အချိန်တော်ကြာပြီဖြစ်၍ကတစ်ကြောင်း အသေပိတ်ထားသည်ကတစ်ကြောင်း ဖွင့်ဝင်ဖို့ခက်နေပြန်
သည် အိမ်ပတ်ပတ်လည်ကိုရှာကြည့်ပေမည့်မလွယ်ပေါက်
တစ်ခုတောင်မတွေ့ သုံးယောက်သားစဉ်းစား၍မရတော့
တကယ်ဆို ဒီကိစ္စတွေက သူတို့နဲ့ဆိုင်တယ်ဆိုပေမဲ့ အတိတ်
တုန်းကအရာတွေပဲဖြစ်သည် သူတို့ရဲ့စူးစမ်းခြင်စိတ်ကြောင့်
သာလက်ခံလိုက်ရတာပါ လူဝင်စားပါလို့ဘယ်လောက်ပဲပြော
ပြော ငယ်တုန်းက မှတ်မိခဲ့ပေမဲ့ အရွယ်ရောက်လာတော့မမှ
တ်မိတော့ပေ ဒါပေမဲ့ ဒီပြဿနာကိုဖြေရှင်းရမှာက သူတို့ဖြစ်
နေသည် သုံးယောက်သား ခြေပစ်လက်ပစ်ထိုင်လိုက်ကြ
သည်
''ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး''
''ကိုလင်း တစ်ခုခုသိရမယ်''
''ဘာလို့ ငါကသိရမှာလဲ ''
''ကိုလင်းက အရမ်းတော်တဲ့လူဆို''
''တော်တယ်ဆိုတာ အန်ကယ်ပြောတဲ့ အရင်ဘဝကလူ
ခုငါကသူမှမဟုတ်တာ''
''မဟုတ်ပေမဲ့ သူပဲလေ''
''မသိဘူးကွာ စေတမန်ကိုမေးကြည့် သူကအတွေးခေါ်ပညာ
ရှင်ဆို ပြီးတော့ သူက ဦးမိုးခသားဖြစ်ခဲ့ဘူးတာပဲ''
ကြယ် အကြည့်ကစေတမန်ဆီရောက်သွားသည်
''ဘာလို့ အဲ့လိုကြည့်နေရတာလဲ ငါဘာမှမမှတ်မိဘူး''
''တစ်ခုခု စဉ်းစားကြည့်ပါအုံး''
''ဘယ်လိုဖြစ်နိုင်မှာလဲ ကြယ်ရာ သေချာတာတစ်ခုက ငါတို့
နှစ်ယောက်ထက်မင်းကပိုတော်တယ်''
''ဘာရယ် ငါ့ဘက်ဘာလို့လှည့်လာတာလဲ''
''ခနကတောင် မင်းဝင်ပေါက်မှတ်မိနေသေးတာပဲ ခုလဲဝင်ရမဲ့''
''တော်တော် ခနကမှတ်မိတာ ကံတရားပဲ''
''မင်းသိမှာပါ သုံးယောက်ထဲမှာ မင်းကအပြင်ခိုးထွက်တာ
အများဆုံးတဲ့ အဲ့တော့ဝင်ရမဲ့အပေါက်လည်းမင်းသိနိုင်တယ်
စဉ်းစားကြည့်ပါ''
''ငါမသိဘူး ''

ဆုံနိုင်ခြင်းမဆုံနိုင်ခြင်း ဝေးကွာခြင်းနီးစပ်ခြင်းထက် တစ်ဦးနဲ့
တစ်ဦးမေတ္တာမပျက် သစ္စာရှိခြင်းသာတည်မြဲပါစေ

''ကျွီးးးးးးးကျွီး''
'' အားးးးးးးးးး''
''ဟင် ငါတို့ဘယ်ရောက်နေတာလဲ ကိုလင်းခနကဘာတွေရွတ်လိုက်တာလဲ''
''အလာတုန်းကဝင်ခဲ့တဲ့ အပေါက်မှာတွေ့ခဲ့တဲ့စာ ထူးဆန်းလို့
ရွတ်ကြည့်တာ ကြယ်ကအမျော်မြင်ရှိတဲ့လူပဲ''
''ဘာကိုလဲ သူအိမ်ကြီးထဲဝင်လို့ရမဲ့အပေါက်ကို သူရေးထားခဲ့
လိုလေ ဒီကနေဆက်သွားရင် အိမ်ကြီးရဲ့တစ်နေရာရာတော့ရောက်မှာ''
ဓါတ်မီးကိုထွန်း၍ရှေ့ဆက်လာခဲ့ကြသည် သူတို့လျှောက်နေတာကြာပေမဲ့ဘာမှလည်းမတွေ့
''ငါတို့ လည်နေပြီ''
''ဘာ!    ''
''ဟုတ်တယ် ဒီနားရောက်တာနှစ်ခါရှိပြီ''
သေချာ ဓါတ်မီးနဲ့ထိုးကြည့်တော့ ဟုတ်သည် ခနကပြုတ်ကျ
ခဲ့သည့်နေရာ
''လာပြန်ပြီလားဟ ဘယ်တော့ အိမ်ကြီးထဲရောက်မှာလဲ
ဟိုပစ္စည်းတွေကိုလည်းရှာရအုံးမယ် ဒီလိုသာ တွေ့နေရရင်
အိမ်ကြီးထဲရောက်ဖို့အချိန်မှီမှာမဟုတ်ဘူး ငါတို့အသက်တွေ
လည်း ဇီဝိန်ချုပ်သွားလိမ့်မယ်''
''ကိုလင်းကလည်းအမေးရှိရင်အဖြေရှိတယ်တဲ့ ပုစ္ဆာတိုင်းအဖြေရှိပါတယ် ကျတော့်အထင် ဒီနေရာမှာပဲရှာရလိမ့်မယ်''
''ဒီနေရာမှာ ဘာရှိမှာလဲ ခနကလိုကံကောင်းပြီးဘာတွေ့လာအုံးမှာလဲ ငါတော့ပြန်ပြေး
ချင်နေပြီ ဒီမှာတော့ငါမသေချင်ဘူး''
''ဘဝတွေမတူတော့လည်း အတွေးခေါ်ကမတူပါလား''
''ဘာကိုပြောချင်တာလဲ စေတမန်''
''အော် ဖေဖေပြောတာသတိရသွားလို့ပါ ဖေဖေပြောတုန်းက
ကောင်းကင်လင်းဆိုတာရဲရင့်ပြတ်သားတဲ့လူတစ်ယောက်တဲ့
အရမ်းတည်ကြည်ဖြောင့်မတ်တယ်တဲ့''
''ပြောပြီးပြီပဲ အဲ့ဒါအတိတ်တုန်းက ဖြစ်နိုင်ပေမဲ့ ခုကအခြေနေမတူဘူးလေ''

ဟုတ်ပါသည်သူတို့သုံးယောက်လုံးတစ်ချိန်က အများလေးစားအားကျသည့်လူဖြစ်ချင်ဖြစ်ခဲ့မယ် အစွမ်းတွေ
လည်းရှိရင်ရှိခဲ့မယ် ခုချိန်မှာ မိုးကြိုးဓါးကိုမတွေ့မချင်းသူတို့
သုံးယောက်လုံးသာမန်လူတွေပါပဲ

''အမေကြီးကလေးတွေကိုမကူညီနိုင်ဘူးလား''
''သူတို့ကိုယ်ထဲမှဝင်မရတာ ဘယ်လိုလုပ်ရမလဲ''
''ကိုယ်တို့သားတွေတောင် အရွယ်ရောက်လာပြီပဲ''
သားနှစ်ယောက်ကို ကြည့်ပီး ပီတိဖြစ်မိသည် အဖေအမေကို
အရမ်းချစ်တဲ့ကလေးတွေ
''သားငယ်လေးကအရင်လိုပဲနော် မပြောင်းလဲဘူး''
''အင်း ဟုတ်ပါ့ ကြံ


Post a Comment