ကယ်​တင်​ရှင်​ သခင်​မ​လေး အပိုင်း၎+၅+၆+၇+၈

''ကယ်တင်ရှင်တစ္ဆေမလေး''
~~~~~~~~~~~~~~
အပိုင်း(4)
အခိန်တွေတာကုန်လာခဲ့သည် အဖြေကိုစဉ်းစားမရ နာရီလက်တံရဲ့တစ်ချက်ချက်မြည်သံက သူတို့ရဲ့စိတ်ကို
ခြောက်လန့်နေသည် သည်တံခါးကိုပြုလုပ်ခဲ့သူက ကြယ်
တစ်ချိန်က ကြယ်ဆိုတာအပျော်အပါးမက်ပြီး အမဲလိုက်ထွက်
ရတာကိုနှစ်သက်သူဖြစ်သည် အမှောင်ထဲမှာကြောင့် အလင်း
ရောင်ကြည့်မရသော်လည်း နာရီကိုကြည့်ခြင်းအားဖြင့်နောက်
တစ်နေ့ကူးသွားပြီဆိုတာသိလိုက်သည်တံခါးကဘယ်လိုမှဖွင့်
မရပေ ကောင်းကင်လင်းကတော့စိတ်ချလက်ချအိပ်ပျော်နေ
သည် တစ်ညလုံးမအိမ်နိုင်တာကသူတို့နှစ်ယောက်

''မင်းဘယ်လိုထင်လဲ ကြယ်''

''ဘာကို''

''ငါတော့စိတ်ပူတယ် ငါတို့တာအထဲမရောက်ခဲ့ရင် လျှံစီးအတွက် အန္တာရာယ်ဖြစ်လာမှာကို ပြီးတော့ငါတို့ကိုလည်းသူလိုရာခိုင်းနိုင်တော့မယ် ဒီပစ္စည်းတွေကငါတို့ဘဝနဲ့လည်းဆက်စပ်နေတယ် ''

''ဟုတ်တယ် ဒါငါတို့ဘဝပဲ အတိတ်ကငါတို့သမိုင်းကိုခုပြန်
ပြင်ရေးသင့်ပြီ ဒီလျှို့ဝှက်ဝင်ပေါက်ရှိတာ တစ်ယောက်မှသိပုံ
မရှိဘူး မင့်အဖေလည်းမပြောတော့ ဒီလိုကိစ္စကိုလုပ်ဆောင်
နိုင်တာ နှစ်ယောက်ပဲရှိတယ် ''

''မင်းထင်တဲ့လူရှိလို့လား ဘယ်သူလို့ထင်လဲ ''

''လျှံစီးနဲ့ကြယ်တာရာ''

''ဒါဆိုမင်းနဲ့သူပေါ့ ဟုတ်လား''

''ငါတို့စစချင်းဝင်ခဲ့တဲ့နေရာကိုမှတ်မိလား''

''အင်း''

''ဒီအရာအားလုံးကိုဖန်တီးတဲ့လူက ကြယ်တာရာပဲ ဒါပေမဲ့
သူအကြောင်းနေနဲ့ပတ်သက်ပြီး ကြယ်တာရာကတစ်ယောက်
ယောက်ကိုပြောခဲ့မှာပဲ အဲ့လူက သူနဲ့ဝါသနာတူတဲ့ လျှံစီးပဲ
ခနက ကိုလင်းတံခါးကိုဖွင့်ခဲ့သလိုပဲ ငါတို့ကိုတစ်ယောက်
ယောက်ကူညီလိုက်တာ သူတို့သိတာလည်းအဲ့ထိပဲမို့နောက်
ဆုံးတံခါးကိုဝင်မရတာ ပြီးတော့ စည်းတွေတားထားတယ်
မင်းသေချာကြည့်လိုက် လှေကားရဲ့တစ်ဆစ်ချိုးထောင့်တိုင်း
မှာ အနီရောင်အမှတ်သားတွေရှိတယ် မှော်အတတ်လည်းပါ
တယ် ကြယ်တာရာမပါပဲ ဒီလှေကားကိုဘယ်သူမှမမြင်နိုင်ဘူး
သူခွင့်ပြုခဲ့တဲ့လူကလွဲလို့ပေါ့''

''မင်းဆိုလိုတာက ကြယ်တာရာနဲ့လျှံစီးပဲ သိတဲ့လျှိုဝှက်ချက်ပေါ့ ကြယ်တာရာက လျှံစီးကိုပြောခဲ့မယ်
လို့ဘာကြောင့်ထင်တာလဲ စည်းတားထားတာတွေ မှောအတတ်တွေဆိုတာကော မင်းဘယ်လိုသိနေတာလဲ''

''စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာ ဂမ္ဘီရကျမ်းတစ်အုပ်ထဲမှာ
ငါတို့မြန်မာလူမျိုးတွေကအစွဲလမ်းကြီးတယ် ရှေးတုန်းကဆို
အရမ်းအယူသည်းကြတယ် ကိုးကွယ်ရာတွေမတူခဲ့ဘူး
လွန်းခဲ့တဲ့နှစ်ပေါင်းများစွာတွေက အောက်လမ်းနည်းပညာကို
လိုက်စားကြတယ် ဒီဘက်နယ်တွေကပိုဆိုးတာပေါ့ ပြီးတော့
ခေါင်တယ်လို့ပြောရမယ် မင်းနေပြည်တော်ဘက်နဲ့မတူဘူး
အယူဝါဒအမျိုးမျိုးနဲ့နေကြတယ် တော်လှန်ပုန်ကန်မှုတွေလည်းအကြိမ်ကြိမ်ဖြစ်ခဲ့တယ် ငါဆို
လိုတာက ကြယ်တာရာက မှော်ပညာကိုလည်းအနည်းအကျ
ဉ်းတတ်တယ် သူဘယ်သူ့ဆီကသင်ခဲ့မယ်လို့ထင်လည်း''

''ဦးမိုးခပဲနေမှာပေါ့''

''မဟုတ်ဘူး စေတမန်ဆီက ''

''မဖြစ်နိုင်တာကွာ ခုမင်းပြောတာတွေက အတိတ်ကိုမှတ်မိနေ
သလိုပဲ''

''ငါ မမှတ်မိပါဘူး ဆက်စပ်တွေးမိတာကိုပြောတာ ဘာလို့လဲ
ဆိုတော့ စေတမန်နဲ့ကြယ်တာရာသူငယ်ချင်အရင်းဖြစ်ပေမဲ့
ဦးမိုးခက ကြယ်တာရာအမုန်းဆုံးလူလို့အန်ကယ်ပြောဘူး
တယ်လေ''

''အင်း မင်းက ဒီလိုနေရာကျတော်တယ် ဒါကြောင့်မို့လည်း
လျှံစီးမင်းကိုရွေးခဲ့တာနေမှာ''

''ခု ငါတို့မှာ လုပ်စရာတစ်ခုပဲရှိတော့တယ် အဲ့ဒါက လျှံစီးကို
တွေနိုင်ဖို့ သူပဲဒီတံခါးကိုဖွင့်ဖို့ကူညီနိုင်လိမ့်မယ်''

''ဟင် ဒါဆို ငါတို့ကဘယ်လိုလုပ်ရမှာလဲ''

''ခနက လှေကားစတက်တဲ့နေရာကိုပြန်သွားရမယ်''

''ဘာရယ် စတက်ခဲ့တဲ့နေရာ  ဒီရောက်အောင်တောင်မနည်း
တက်လာခဲ့ရတာကို''

''အဲ့ဆို မင်းတို့နေခဲ့ကွာ ငါပဲသွားမယ် မင်းလည်းနားလိုက်အုံး
ပေါ့''

''ဖြစ်ပါ့မလား မင်းတစ်ယောက်ထဲ''

''အင်း ငါသွားပြီ''
ကြယ်အောက်ကိုပြန်ဆင်းလာခဲ့သည် အဆင်းဆိုတော့
အတက်တုန်းကလောက်တော့ မပင်ပန်းပေ သူလှေကား
တွေကိုဖြေးဖြေးဆင်းရင် နံရံကအမှတ်သားတွေကိုခုမှသေချာ
ကြည့်မိသည် ဓါးရေးအကွက်တွေကိုသေချာရေးဆွဲထားတာ
ပင် သူတစ်ကွက်ချင်းစီကိုသေချာမှတ်ပြီး လှုပ်ရှားကြည့်လိုက်
သည် တစ်ကွက်ပြီးသွားတိုင်း ခန္ဓာကိုယ်ပေါ့ပါးသွားသလိုခံ
စားရသည် ခေါင်းနာကိုက်တာလည်းမရှိတော့ သူအရင်ဘဝ
က ကြယ်တာရာကိုတော်တော်လေးလေးစားသွားမိသည်
တကယ့်ကိုအမျှော်မြင်ရှိတဲ့လူတစ်ဦးဖြစ်သည်။နောက်ဆုံး
တကွက်ကိုကျင့်ပြီးတော့ လှေကားအဆုံးကိုရောက်လာသည်
ထူးဆန်းစွာပင် သူမြင်လိုက်ရသည်က အသက်60ကျော်
လင်မယားနှစ်ယောက် လာတုန်းက သူတို့သုံးယောက်ထဲပါ
ဒီလင်မယားဘယ်လိုရောက်လာပါလိမ့်

သူတို့လင်မယားနှစ်ယောက်မှာလည်း သားဖြစ်သူကသူတို့
နှစ်ဦးအားစိုက်ကြည့်နေသောကြောင့်

''ယောကျာ်း သားက ကျမတို့ကိုမြင်နေရတာလားမသိဘူး''

''မဖြစ်နိုင်တာကွာ ငါတို့ကဘဝခြားသွားပြီလေ''

လင်မယားနှစ်ယောက်တီးတိုးပြောမိကြသည် ကြယ်ကထို
လင်မယားအနီးသွားပြီ

''ဦးလေးနဲ့အန်တီက ဒီကိုဘယ်လိုရောက်နေတာလဲခည''

''ဘုရားရေ သားက ကျမတို့ကမြင်ရတယ်ထင်တယ်''

''အေးကွ''

လူကြီးဒီလောက်ထင်ရှားနေတာမမြင်ရပေနေပါ့မလား သူတို့
ကိုယ်သူတို့ကိုယ်ပျောက်နေတယ်များထင်ကြလားမသိဘူး

''ကျတော်မြင်ရပါ့တယ် ခည ဦးလေးတို့ကဘယ်သူတွေလည်
းမသိ''

''အဟီး ဟီး ဝမ်းသာလိုက်တာ သားလေးကအမေတို့ကိုတက
ယ်မြင်ရတာပေါ့နော်''

ရော ခက်ပြီ တကယ်မြင်ပါတယ်ဆိုမှ ဒီလင်မယားတော့မေး
တာမဖြေပဲ ငိုနေကြတယ်

''တစိတ် ကျတော်မေးတာလေး''

''အမေတို့က သေပြီးသားတွေပါ မကျွတ်သေးတဲ့ တစ္ဆေပါ''

''အမလေး''

သူလှေကားပေါ်ဖင်ထိုင်ရက်ကြသွားသည် ဒါဆိုသူ တစ္ဆေတွေမြင်နေတာပေါ့ တစ္ဆေသရဲမြင်ရင် ကံနိမ်းလို့ဆိုတော့ သူ့ကံနိမ်းနေတာများလား ဒါမှမဟုတ်
သူကသေခဲ့ပြီလား အပေါ်ရောက်တုန်းကလည်း ဦးမိုးခတို့
ပြောနေတာကြားရတယ်ဆိုတော့ သေချာပါပြီ သူတို့သုံးယောက်ဘယ်သူ့လက်ချက်နဲ့သေသွားပြီလည်း
ဒါဆို ငါရန်ကုန်ပြန်မရတော့ဘူးလား အမေရယ်အမေ့သား
အမေ့စကားနားမထောင်လို့ ခုသေသွာ့းပီထင်တယ် ဘယ်သူ
သတ်မှန်းလည်းမသိဘူး ဘယ်မှာသေမှန်းလည်းမသိဘူး
ကားချောက်ထဲထိုးကျမလိုဖြစ်တုန်းကများလား ဟုတ်လောက်
တယ် လမ်းကျဉ်းလေးထဲမှာ ကားကချောက်ထဲထိုးမကျဘူး
ဆိုတာမဖြစ်နိုင်ဘူး သူတို့ကိုသူတို့သေမှန်းမသိတာပဲထင်တယ် မျက်ရည်တွေက
အလိုလိုကျလာမိသည် သူလည်းသေရမှာတော့ကြောက်တာ
ပေါ့ စူးစမ်းချင်အုံး

တစ်ယောက်ထဲလန့်သွားပြီး ဘာတွေကိုတွေးကြောက်ကာ
ငိုနေသည်မသိသောကြယ်ကြောင့်

''သားငယ်ဘာဖြစ်လို့ငိုနေတာလဲ အမေတို့ကိုမကြောက်ပ့နဲ့
သားငယ်ကိုဘာမှမလုပ်ပါဘူး''

''အဲ့  ဒါ  ကြောင့်မို့မဟုတ်ပါဘူးဗျာ ကျတော်သေသွားတာ
ဝမ်းနည်းလို့ပါ''

''သေသွားတာ ''
သူတို့လင်မယားနှစ်ယောက်ပြိုင်တူမေးမိကြသည်

''ဟုတ်တယ်လေ အဲ့ဒါကြောင့် ဦးလေးတို့ကိုမြင်ရတာပေါ့''

''ဟားး ဟားး ဟားး တို့သားငယ်က အရင်တုန်းကအတိုင်းပဲ
အမေကြီးရေ စွန့်စားခြင်တာလည်းသူ့ပြင်မရှိဘူး အသက်
သေမှာကြောက်တာလည်းသူ့ပြင်မရှိဘူး''

''ဟုတ်ပါ့''

ထိုလင်မယားပြောတာသူနားမလည်းပါ သားငယ်တဲ့ သူ့ကိုသိ
လို့လား

''သားငယ်ကမသေသေးပါဘူး ''

''ဗျာ ဒါဆို ကျတော်က ဦးတို့ကိုဘယ်လိုမြင်ရတာလဲ''

''ဒါတော့မသိဘူး အဖေတို့တောင် အံ့သြနေတာ''

''ဦးတို့က''

''အဖေနဲ့အမေက သားငယ်ရဲ့အရင်ဘဝက မိဘနှစ်ပါးပါ''

''ဗျာ''

''ဟုတ်တယ် သားငယ် အရင်ဘဝကသားငယ်ရဲ့မိဘပါ
သားငယ်တို့ ဒီကိုပြန်လာပြီဆိုတာ မိုးခတို့ပြောတာမထင်မှတ်
ပဲကြားလိုက်ရတာ အဲ့ဒါကြောင်း သားတို့ကိုအချိန်မှီကယ်နိုင်ခဲ့တာ''

''ဒါဆိုကားချောက်ထဲ ကျမသွားတာ ဖေတို့မေတို့ကြောင့်ပေါ့''
ကြယ်အဖေနဲ့အမေပဲခေါ်လိုက်သည် ဟုတ်ပါတယ်လေ
ဒါကလည်း အရင်ဘဝကသူအချစ်ဆုံးမိဘနှစ်ပါးပါပဲ

''သားငယ် အခုပြန်ဆင်းလာတာက''

''ကျတော် လျှံစီးနဲ့တွေ့ခြင်လို့ပါ''

''သခင်မလေးကို''

''ဟုတ်ကဲ့ နောက်ဆုံးတံခါးကို ကျတော်တို့မဖွင့်နိုင်ဘူးအဖေ
လျှံစီးပဲသားတို့ကိုကူညီနိုင်လိမ့်မယ်''

''သခင်မလေးကိုတွေ့လို့မရတော့ဘူး သားငယ်
ဒီနေ့က လကွယ်ည သခင်မလေးအပြင်မထွက်ဘူး
အပြင်ထွက်ရင်သူ့အင်အားတွေစုပ်ယူခံရလိမ့်မယ် သခင်မလေး က ဒီစာရွက်လေးတော့ပေးခိုင်းလိုက်တယ်
သားငယ်ကိုသေချာပေးပေးဖို့မှာလိုက်တာ အဖေတို့ကိုမမြင်
ရတော့ ဘယ်လိုပေးရမှန်းမသိလို့''

စာရွက်အလိပ်လေးကို သားငယ်ကိုလမ်းပေးလိုက်သည်
ကြယ်စာရွက်လေးကိုဖြန့်ကြည့်လိုက်တော့ မြေပုံကိုတွေ့ရ
သည် ထိုမြေပုံသည်အခြားမဟုတ် သူတို့စဝင်ခဲ့သည့်နေရာမှ
စ၍ လမ်းညွှန်ထားခြင်းဖြစ်သည် တစ်နေရာချင်းစီရဲ့ ဂါထာကိုပြောပြထားသည် ကြည့်လိုက်တော့လည်းဂါထာ
တိုင်းကအလွယ်လေးတွေချည်းပါပဲ မသိတဲ့လူအဖို့တော့
စဉ်းစားရခက်စေသည့် မေးခွန်းတွေပါ ကံကောင်းသည့်
အချက်က ကူညီမည့်လူအဆင်သင့်ရှိနေတာပင် နောက်ဆုံး
မေးခွန်းက နှစ်ခုရှိသည်
ပထမ တစ်ခုက သင့်ကိုအချစ်ဆုံးလူ
ဒုတိယတစ်ခုက ပထမဟာမှန်ကန်ပါက သင့်ရဲ့ အစွမ်းဖြင့်
ဖွင့်နိုင်ပါမည်တဲ့
၂၄နာရီအတွင်း တစ်ကြိမ်သာဖြေခွင့်ရှိသည်တဲ့ ကျတော့်လိုသာအခြားတစ်ယောက်ကသည်မေးခွန်းကိုဖတ်မိခဲ့ရင် အဲ့လူကကောဘယ်လိုဖြေခဲ့မှာလဲ လူတိုင်းဖြေကြမယ်
လို့ထင်တယ် မိဘလို့လေ ကျတော်အဲ့လိုဖြေဖို့စိတ်ကူးမိသည်
ဒါပေမဲ့ စိတ်ကူးတွေက လမ်းတစ်ဝက်မှာရပ်သွားသည်

''သားငယ်က ပဟေဋိအရမ်းဆန်တယ် လူတိုင်းလွယ်လွယ်ဖြေနိုင်မဲ့မေးခွန်းကို ဘယ်တော့မှမမေးဘူး''

''ဗျာ ကမ္ဘာပေါ်မှာ မိဘသည်သာသားသမီးကိုအချစ်ဆုံးမို့လား
မိဘမဟုတ်ဘူးဆိုရင်ဘယ်သူဖြစ်နိုင်လဲ''

''အမေတို့တော့ မသိဘူး သားငယ်တွေးတာမဖြစ်နိုင်ဘူးပဲ
ပြောချင်တာပါ ''

''လျှံစီးက ဘာလို့မပြောတာလဲ အဖြေကို''

''လူတိုင်းရဲ့အဖြေကမတူဘူး သားငယ် သားရဲ့အချစ်ဆုံး
လူကိုသားပဲသိလိမ့်မယ် သားရဲ့အစွမ်းဆိုတာကတော့
သားလက်က ကြယ်လေးပဲ''

''သားငယ်စဉ်းစားနိုင်မှာပါ သားငယ်ကိုဘယ်သူအချစ်ဆုံး
လဲဆိုတာ အပေါ်တက်တော့ အချိန်နောက်ကျနေမယ်''

''ဟုတ်''
သူအပေါ်ပြန်တက်လာခဲ့သည် လမ်းတစ်လျှောက်လည်းစဉ်း
စားခဲ့သည် ဒီလောကကြီးထဲမှာ သူ့ကိုအချစ်ဆုံးဆိုတာ
ဘယ်သူများဖြစ်နိုင်မလဲ ကျတော်သိတာတော့ကျတော့်မိဘ
ပဲရှိသည် စဉ်းစားရင်းအပေါ်ရောက်လာခဲ့သည်

''ကြယ် သိလာခဲ့လား''
သူကလက်ကစာရွက်ကိုသာပြလိုက်သည်

''ဟင် နောက်ဆုံးမေးခွန်းကအလွယ်လေးပဲ''

''မင်းလည်း မိဘလို့ထင်တယ်မို့လား''

''အေးလေ မဟုတ်ဘူးလား ငါတို့ကိုအချစ်ဆုံးက ငါတို့မိဘတွေပဲ''

''အဲ့ဒါဆို ဦးမိုးခက ကိုယ့်သားကိုယ်ဘာလို့ပြန်သတ်တာလဲ''

''ဘာ! မင်းဘာကိုဆိုလိုတာလဲ''

''အဖြေက မိဘနှစ်ပါးမဟုတ်လို့ဘဲ''

''အရင်ဆုံး နံရံရဲ့အလယ်တည့်တည့်မှာ ကြယ်ပုံစက်ဝိုင်း
ဆွဲရမယ် ပြီးရင်သူမေးလာမှာက ဒီနှစ်ခုပဲ ၂၄နာရီအတွင်း
တစ်ခါပဲဖြေရမယ် ငါတို့မှားဖြေတာနဲ့သွားပြီပဲ''

''မင့်ကို အချစ်ဆုံးကဘယ်သူထင်လဲ''

''ငါ့မေမေပဲထင်တာပေါ့ ''

''ဒါတော့ဟုတ်တယ်ကွ ငါ့ထက်စာရင် ကြယ်ကိုမေမေကပို
ချစ်တယ်''

''မင်းကကော ဘာလို့ ဒီလောက်ခက်တဲ့မေးခွန်းကိုတီထွင်ရတာလဲ လူတိုင်းရဲ့အဖြေက မိဘလို့ဖြေမှာပဲကို မဟုတ်ဘူးဆိုတော့''

''ငါမသိးးးးးး''
ထိုစဉ်ကြယ်ကတစ်ခုခုကိုစဉ်းစားမိသွားဟန်ဖြင့် စက်ဝိုင်းကို
အရင်စဆွဲတော့သည်ဆွဲပြီးသည်နဲ့ မေးခွန်းတစ်ခုထွက်လာ
သည်

''သင့်ကိုအချစ်ဆုံးလူက ဘယ်သူလိုထင်ပါသလဲ''
~~~~~~~~~~~~~~~~~~~~~~~~~
(ကျတော့် fanတွေကော မိဘသာမဟုတ်ခဲ့ဘူးဆိုဘယ်သူလို့
ထင်လဲ ချစ်သူရည်းစားလား)
''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~
အပိုင်း(5)
ကြယ်က စက်ဝိုင်းပုံကိုဆွဲလိုက်သည် ပြီးတော့မေးလာတဲ့မေး
ခွန်းအပေါ်

''ဘယ်ဘဝဘယ်အခြေနေပဲရောက်ရောက် ကျတော့်ကိုအချစ်
ဆုံးက လျှံစီး''

''ကျွီးးးးးးကျွီး''

သူ့စကားဆုံးသည်နှင့် နှစ်ထမ်းကြာနေသောနံရံကြီးသည်တဖြေး
ဖြေးဘေးကိုရွေ့သွားသည် ပြီးတော့အထဲဝင်ကာ မိုးကြိုးဓါးကို
ယူပြီးထွက်လာခဲ့တော့ တံခါးကသူ့အလိုလိုပိတ်သွားတော့သည်
ဓါးကိုကြည့်ပြီးဟိုးအတိတ်ဆီသို့

''သမီးတော်ဘာအမှားလုပ်မိလဲသိလား''

''မချစ်သင့်တဲ့လူကိုမချစ်ရပါဘူး ခမည်းတော်''

''သိရဲ့နဲ့သတ်မှတ်ထားတဲ့စည်းကိုဘာလို့များ ကျော်ဖြတ်ခဲ့ရလဲ
ခု မင်္ဂလာကိစ္စအတွက်တစ်ဖက်ကစိတ်တိုနေပြီ မကြာခင်
စစ်ပွဲတွေဖြစ်လာတော့မယ်''

''နှလုံးသားက ဘယ်သူ့ကိုချစ်သင့်တယ်မသင့်ဘူးမှမဆုံးဖြတ်တ
တ်တာ ဖခမည်းတော်သိပါတယ် ဘယ်အန္တရာယ်ပဲလာလာ
ကျော်ဖြတ်ပါ့မယ်''

''ထင်သလောက်မလွယ်ဘူး ဂဏ္ဍကအရမ်းစိတ်ဆိုးနေပြီ
သူ့အင်အားကိုလည်းတစ်တိုင်းပြည်လုံးနာခံကြတယ် တစ်ဖက်နဲ့
တစ်ဖက်စစ်ပွဲတွေဖြစ်လာရင် ဘယ်သူ့ဘက်မှမကောင်းနိုင်ဘူး
အဲ့တော့ သမီးတော် ဝေသကတိုင်းပြည်ကနေထွက်သွားရမယ်''

''လျှံ အန္တရာယ်ကိုရှောင်မပြေးချင်ဘူး''

''သမီးစိတ်ဓာတ်ကို ခမည်းတော်သိပါတယ် မင်းသမီးတစ်ပါးအနေနဲ့စည်းဖောက်တာမျိုးလည်းမဖြစ်သင့်ဘူး
သမီးရဲ့ကြင်ရာတော်အတွက် ဂဏ္ဍနဲ့ပဲတိုင်းသူပြည်သားတွေက
ဖြစ်စေချင်တာ ဂဏ္ဍကဘယ်လောက်စိတ်ထားဖြူစင်ခဲ့လဲ''

ဟုတ်ပါသည် ဂဏ္ဍကသူမအတွက်စေလိုရာစေလိုချင်တာအကုန်
ဖြည့်စီးပေးခဲ့တဲ့မင်းသားတစ်ပါးပါ တစ်ဖက်နဲ့တစ်ဖက်သူမတို့
ငယ်ကတည်းကစေ့စပ်ပေးခဲ့တာပါ သူမအရာအားလုံးကို
လက်ခံခဲ့ပါတယ် ကြယ်တာရာဆိုတဲ့သူမချစ်သူသူမဘေးကို
မရောက်လာခင်ထိအားလုံးကပုံမှန်အတိုင်းလည်ပတ်နေခဲ့တာပါ
လျှံရဲ့ဘဝလက်တွဲဖော်အဖြစ် အဲ့အချိန်ကဂဏ္ဍတစ်ယောက်ပဲ
ရှိခဲ့ပါသည် သူမကြယ်ကိုမချစ်မိအောင်ကြိုးစားခဲ့ဖူးပါသည်
သူမပဲကြယ်ကိုစချစ်ခဲ့တာပါ ခုချိန်ထိကြယ်နှလုံးသားကိုအပိုင်
ရပြီဟုမသတ်မှတ်နိုင်သေး ကြယ်ကတိုင်းပြည်ကိုသစ္စာရှိသူ
ခမည်းတော်ရဲ့စကားတစ်ခွန်းနဲ့ကြယ်သူမကိုစွန့်လွှတ်သွားနိုင်
သည်

''သမီးတော်ဆုံးဖြတ်ပါ ဒီမှာပဲဆက်နေပြီးပြည်သူတွေသေတာ
လက်ခံမလား ဒါမှမဟုတ် ဒီကနေထွက်သွားပြီးကြယ်တာရာ
ကိုစွန့်လွှတ်မလား''

ဘယ်ဘက်ကမှသူမအတွက်ကောင်းကျိုးမရှိပါ ဘာဖြစ်လို့လဲဆို
တော့စစ်ပွဲကိုသာဖန်တီးခဲ့ရင် ဆုံးရှုံးရမှာအသက်ပေါင်းများစွာ
ဖြစ်နိုင်သည် မင်းသမီးတစ်ပါးအနေနဲ့စစ်ပွဲကိုမဖန်တီးသင့်ဘူး
ဆိုတာ သူမသိသည် တစ်ဖက်ကျတော့ စစ်ပွဲကိုတားနိုင်ပေမဲ့
သူမချစ်သောတိုင်းပြည်နဲ့သူမချစ်သူကိုစွန့်လွှတ်ရမည်

''ခမည်းတော်ဆန္ဒအတိုင်းတိုင်းပြည်ကထွက်သွားပါ့မယ်''

''ကောင်းပြီသမီးတော်''

''သမီးတော် ဘယ်အရပ်ဒေသကိုများသွားရပါ့မလဲ''

''သမီးတော်သွားရမှာ ရှုပ်ထွေးပွေလီတဲ့လူ့လောကကြီးကိုပဲ''

''ရှင် လူ့ပြည်လို့ပြောလိုက်တာလား ခမည်းတော်''

''မှန်ပါတယ် လူတို့ရပ်ထံကိုပါ ခမည်းတော်အပေါ်တစ်ချိန်က
ကျေးဇူးရှိခဲ့ဖူးတဲ့ လူတစ်ယောက်ကိုသွားကူညီရမှာပါ ခုသူ့မှာ
အခက်ခဲတွေရှိနေလို့သမီးတော်သွားကူညီရမှာပါ အဲ့အတွက်
သမီးတော်ရဲ့အစ်ကိုတော်နဲ့ကြယ်တို့ညီကိုပါပါလိမ့်မယ် သိုက်နန်းရဲ့စည်းကမ်းအရ သမီးတော်ချစ်သူထားခွင့်မရှိဘူး
အခြားလူတွေလိုလွယ်လွယ်သိုက်ကြိုးဖြတ်လို့မရဘူးသမီး
တော် သမီးတော်ကဒီဝေသကတိုင်းပြည်ရဲ့မင်းသမီးတစ်ပါး
ဖြစ်လို့ သိုက်ကြိုးလွယ်လွယ်ဖြတ်မရဘူး သမီးတော်သိုက်နန်း
ကလာတယ်ဆိုတာလည်း ဘယ်သူမှသိခွင့်မရှိဘူး စည်းကမ်း
ကိုလိုက်နာပါ သမီးတော် မင်းသမီးတစ်ပါးဖြစ်ပြီးစည်းခဏခဏ
ကျိုးနေရင်မကောင်းဘူး သမီးတော်စည်းထပ်ဖောက်မိတာနဲ့
သိုက်နန်းပြန်လာဖို့မလွယ်သလို လူ့ဘဝလည်းပြန်မရနိုင်တော့
ဘူး ကြားကာလ အသူရာဘဝမှာနေရလိမ့်မယ် နောက်လပြည့်
ကျသမီးတော်ဒီကထွက်ရလိမ့်မယ် ပြင်ဆင်ထားပါ''

''ဟုတ်ကဲ့''

''သမီးတော် သွားနိုင်ပြီ''

မင်းသမီးထွက်သွားတော့်မှ

''အစ်ကိုတော်ရယ် သမီးတော်ကိုဒီလောက်ထိရက်စက်မှဖြစ်မှာ
လား လူ့ပြည်လူ့လောကဆိုတာ အမှားတွေအများဆုံးလုပ်တဲ့
နေရာ သစ္စာတရားတည်မြဲဖို့ဆိုတာဟိုးအဝေးကြီးမှာ ဒါကို
သမီးတော်စိတ်ဓါတ်နဲ့ဖြစ်နိုင်ပါ့မလား''

''သမီးတော်ကို တို့ယုံကြည်ကြတာပေါ့ကွာ ''

''တိုင်းပြည်မှာ သမီးတော်ကဆည်းလည်းလေး သမီးတော်မရှိရင်
အရာအားလုံးတိတ်ဆိတ်သွားသလိုဖြစ်မှာပေါ့ သမီးတော်မရှိ
တာနဲ့စစ်ကိုတားနိုင်မယ်လို့ထင်လား''

''တားနိုင်မှာပါ ဘာလို့ဆို မင်းသားဂဏ္ဍလိုချင်တာတို့တိုင်းပြည်
မဟုတ်ဘူး သမီးတော်ကို တို့တိုင်းပြည်ကိုမြေလှန်ရှာရင်ရှာမယ်
ပြည်သူတွေကို ဒုက္ခမပေးနိုင်ဘူး သမီးတော်သာရှိနေရင်
သမီးတော်ကိုထုတ်မပေးတာနဲ့စိတ်ကြမ်းဝင်ခဲ့မယ်ဆိုစစ်ကဖြစ်
နိုင်တယ် ''

''အစ်ကိုတော်ထင်သလိုဖြစ်မလာရင်ကော သမီးတော်လည်းမရှိ
တော်တဲ့လက်ရုံးရည်ပြည့်စုံတဲ့လူတွေကိုလည်း သမီးတော်နဲ့
ထည့်ပေးလိုက်မယ်ဆို တကယ်လို့''

''တကယ်လို့ဆိုတာမဖြစ်စေရဘူး အရာအားလုံးသူ့အစီစဉ်နဲ့တူ
စီစဉ်ထားပါတယ် အပြစ်တွေအားလုံးကို ကြယ်တာရာကိုလွှဲချ
ရမယ်''

''ဘယ်လို''

''ဟုတ်တယ် သမီးတော်ပျောက်သွားတာကိုကိုယ်တို့မသိချင်ေ
ယာင်ဆောင်ရလိမ့်မယ် ပြီးတော့ကြယ်တာရာခိုးယူသွားတယ်
ဆိုပြီးလိမ်လည်ရမယ် သမီးတော်ပျောက်သွားတာနဲ့ကိုယ်တို့
ကအပူတပြင်းရှာရမယ် ဒါမှလူ့ပြည်လွှတ်တယ်ဆိုတာမရိပ်မိမှာ
ပြီးတော့ ကြယ်တာရာကိုသတ်ဖို့ပဲသူရှာနေလိမ့်မယ် ဒါပေမဲ့
ကြယ်တာရာဘယ်ရောက်နေတယ်ဆိုတာသူမသိတဲ့အတွက်
လွယ်လွယ်မရှာနိုင်ဘူး ''

''ဒါကြောင့် အစ်ကိုတော်က ကြယ်တာရာတို့ကို သမီးတော်နဲ့
ထည့်လိုက်တာလား ကြယ်အတွက်လည်းအန္တရာယ်ကင်းအောင်''

''အင်း တကယ်ဆို ကြယ်တာရာကော ဂဏ္ဍမင်းသားကော
သမီးတော်နဲ့လိုက်ဖက်တဲ့လူတွေကြီးပါပဲ ဒါပေမဲ့ထားခဲ့တဲ့
ကတိတွေကိုချိုးဖောက်လို့မလွယ်ဘူးလေ သမီးတော်အဆင်
ပြေဖို့ပဲ ကိုယ်တို့ဆုတောင်းကြတာပေါ့''

''လျှံ ဘာဖြစ်နေတာလဲနေမကောင်းဘူးလား မျက်နှာလည်း
မကောင်းဘူး ဦးရီးတော်ကဘာပြောလိုက်လို့လဲ''

''လျှံ ဒီတိုင်းပြည်ကထွက်သွားရတော့မယ် အစ်ကိုတော်''

''အင်း ထင်တော့ထင်ပါတယ် ''

''အစ်ကိုတော်သိပြီးသားလား''

''ဦးရီးတော် ပြောထားတာကြာပါပြီ''

''ကြယ်ကိုကောလား ဒါဆိုကြယ်သိပြီးပြီပေါ့ ကြယ်ဘာပြောလဲ''

''လျှံ ဆုံးဖြတ်ချက်တိုင်းနေမယ်လို့ပြောတယ်''

''လျှံကြောင့် အစ်ကိုတော်တို့စိတ်ညစ်နေမှာပဲနော်''

''အစ်ကိုစိတ်မညစ်ပါဘူး လျှံစိတ်ချမ်းသာရင်အစ်ကိုကျေနပ်
ပါတယ်''

''ဒေါ်လေးနေမကောင်းဘူးဆို''

''သက်သာနေပါပြီ ခုနောင်တော်လည်းပြန်ရောက်နေတာဆိုတော့ မယ်တော့်အခြေနေအတွက်မစိုးရိမ်ပါနဲ့''

''အင်း''
***
''ကြယ်''

''ပြောလေ''

''မင်း ဘာမှမခံစားရဘူးလား''

''ဘာကိုလဲ''

''ငါတို့သွားရမဲ့ခရီးတွက်''

''ခံစားနေလို့ကောပြီးမှာလား ငါကချစ်ခွင့်မရှိတဲ့လူသား''

''မဟုတ်သေးဘူးလေကွာ မင်းသမီးကမင်းကိုသိပ်ချစ်တာ
မင်းသူ့ကိုမချစ်ဘူးလား''

''ချစ်လို့ပဲ မင်းသမီးဆန္ဒအတိုင်းနေတာပေါ့ ဒါပေမဲ့ကွာ ငါဆိုတာ
သူ့ရှေ့ပေါ်မလာခဲ့ရင်သိပ်ကောင်းမှာပဲ''

''ဒီလိုတော့မပြောပါနဲ့ မင်းကသူ့အတွက်ကော ငါတို့အတွက်ကော
လိုအပ်သူပါ''

''မေမေ ဒီကိစ္စသိပြီးဘယ်လောက်ဝမ်းနည်းနေမလဲ ငါမိုက်တာ
ဒါပေမဲ့ ငါသူ့ကိုလည်းမစွန့်လွှတ်နိုင်ဘူး သူ့ဘေးမှာနေရရင်ပဲ
ငါကျေနပ်ပါတယ်''

''အရာအားလုံးက ကံတရားပဲပေါ့ကွာ''

****
''ကဲ သမီးတို့လေးယောက်လုံးအဆင်သင့်ဖြစ်ပြီလား ဒီနေ့က
သမီးတို့ထွက်ခွာရမဲ့နေပဲ''

''ဟုတ်ကဲ့''

''ဟုတ်ကဲ့''

သူတို့လေးယောက်ရဲ့အသံတွေကဝမ်းနည်းသံပါနေပါလိမ့်မယ်
ဒီတိုင်းပြည်ကြီးကိုစွန့်ခွာရတော့မှာကို သိုက်နန်းရဲ့သက်တမ်း
အရ ငါးနှစ်ဆိုတဲ့အချိန်ကသိပ်မကြာပေမဲ့ လူ့သက်တမ်းနဲ့တွက်
ရင်အချိန်တွေကအများကြီးပါ

''ဒါဆို သွားကြတော့ လေးယောက်စလုံးအဆင်ပြေပါစေ
သမီးတော်လေးကိုစောင့်ရှောက်ကြပါ လူ့ပြည်နဲ့ခမည်းတော်
တို့အဆက်သွယ်လုပ်မရတဲ့အတွက် အရာအားလုံးဂရုစိုက်ပါ
ဒီမှာအားလုံးအဆင်ပြေသွားတဲ့တစ်နေ့ သမီးတော်ကိုပြန်ခေါ်
ပါ့မယ်''

ခမည်းတော်ဖွင့်ပေးလိုက်တဲ့တံခါးပေါက်ကနေ လျှံတို့လေးယောက်ဝင်လိုက်ကြသည် ပြီးတော့ ဘုန်းတော်ကြီး
ကျောင်းတစ်ခုကိုရောက်သွားသည်

''ဆရာတော် ဘုရားထတော်မူပါအုံး ဆရာတော် ဘုရား''
ဆရာတော်ဘုရားကအိမ်စက်နေရမှနိုးလာပြီး

''ညကြီးအချိန်မတော် မင်းတို့ကဘယ်ကလဲ''

''တပည့်တော်တို့ တစ်ခြားတိုင်းပြည်ကနေလာတာပါဘုရား''

''ဟေ! ဘာကူညီလိုလို့လဲ''

''တပည့်တော်တို့ရဲ့ပစ္စည်းတွေအပ်ထားခြင်လို့ပါ''

ဆရာတော်ဘုရားရှေ့ပစ္စည်းတွေကိုချလိုက်သည် ဓါးနဲ့လေးတွေ
ပါ ထိုအရာကိုသာမန်လူထိတွေ့ကိုင်တွယ်လို့မရပါ ဒီပစ္စည်း
တွေမှာ သူ့အစွမ်းနဲ့သူရှိပါသည် ဒီပစ္စည်းအကြောင်းသိပါက
လိုသလိုသုံးနိုင်သည် ဒါကြောင့်ဆရာတော်ဘုရားဆီလာအပ်ခြင်း

''လက်နက်တွေပါလား''

''မှန်ပါတယ် ဆရာတော်ဘုရား''

''အိမ်း!လက်နက်ပစ္စည်းဆိုတာ ကျောင်းသင်္ခန်းနဲ့မအပ်စပ်ပေဘူး
ပြန်ယူသွားကြပါ''

''မဖြစ်လို့ပါ ဆရာတော်ဘုရား တစ်ခြားလူဆီမှာဆို ဒီအရာတွေ
ကစိတ်မချရလိုပါ ကျတော်မျိုးတို့ပြန်လာယူပါ့မယ်ဘုရား''

''မဖြစ်ပါဘူး ဒကာတို့ရယ်''

''တပည့်တော်တို့တောင်းဆိုပါတယ် တပည့်တော်တို့ မိုးမခမြိုင်
မှာပဲရှိပါလိမ်မယ်ဘုရား တပည့်တော်တို့အသက်(၇)နှစ်ထိပဲ
ထိန်းသိမ်းထားပေးပါဘုရား ခုတပည့်တော်တို့မှာအချိန်မရှိ
လို့ခွင့်ပြုပါအုံ''

ဆရာတော်ရဲ့နောက်ဆုံးမိန့်ခွန်းကိုနားမထောင်ပဲ သူတို့ထွက်လာ
ခဲ့ကြသည်
အင်း တယ်ခက်တဲ့ ဒကာလေးတွေပါလား
လပြည့်ညရဲ့သန်းခေါင်ယံအချိန်တွင်မိုးမခမြိုင်စံအိမ်ကြီးနဲ့
လူများယောက်ယက်ခတ်နေကြသည် သူတို့ရဲ့သခင်မမီးဖွားတော့မှာကို

''အီးဟီး အား အား''

''သခင်မ နည်းနည်းလောက်အားထည့်လိုက်နော်''

''အား နာတယ် အမေကယ်ပါ''

''သခင်မ မွေးတော့မယ်အားတင်းထားနော်''

အထဲကဆူညံသံတွေကြောင့် သူ့မှာနေမထိထိုင်မသာ

''ငါ ကိုယ်တိုင်မွေးရရင်မွေးပေးခြင်ပါတယ်ကွာ''

''သခင်လေးကလည်း ဒါကမိန်မတွေအလုပ်လေ''

''အေး အဲ့ဒါကြောင့်ပေါ့ အစ်ကိုတော်ရဲ့မိန်းမအခြေနေကော''

''သခင်လေး သခင်လေး''

အမောတကောပြေးလာတဲ့ အစ်ကိုတော်ရဲ့နောက်တော်ကြောင့်

''မွေးပြီ သခင်လေး ယောက်ျားလေးပါ''

''သခင်လေး''

''ဟော မောင်စံဘာဖြစ်တုံး''

''သခင်လေးရဲ့ သက်တော်စောင့်လေ''

''အေ သူဘာဖြစ်လို့တုန်း''

''သူ့မိန်းမက အမွှာသားလေးနှစ်ယောက်မွေးတယ် သခင်လေး''

သူများတွေ သားယောက်ျားလေးမွေးတဲ့အချိန်မှာ သူ့မှာတော့
ရင်မောရတုန်းပါလား သူကဘာလေးဖြစ်ဖြစ်ချစ်မည့်သူထိုစဉ်

''အူဝဲ အူဝဲ''

''သခင်မလေးမွေးပြီ ဟာနေအုံးလေ သခင်လေး သခင်လေး
ဝင်လို့မရဘူး''

မီးနေခန်းထဲဝင်မည်လုပ်နေတဲ့သူ့ကိုအားလုံးကဝိုင်းတားကြသည် ဒေါ်စာကကလေးလေးချည်ထွက်လာမှာ

''ဘာလေးလဲ ဒေါ်စာ''

''မိန်းကလေးပါ သခင်လေး''

''ကျုပ်မိန်းမအခြေနေကော''

''မောလို့နားနေပါတယ်''

''ပြစမ်းပါအုံး ကျုပ်သမီးလေးကို''

သမီးလေးကို ဒေါ်စာလက်ထဲကနေပြောင်းချီလိုက်သည် မွေးမွေး
ချင်းငိုသံတစ်ချက်ထွက်ပြီး ခုကျရီနေတဲ့သမီးလေးကိုကြည့်ပြီး
ပီတိဖြစ်နေရသည်

''ဖေကြီး သားသားတွက်ဘာလေးမွေးတာလဲ မေကြီးက''

ငါးနှစ်အရွယ် သားလေးကြောင့်

''မေကြီးက သားသားတွက် ညီမလေးမွေးပေးတာ သားကကွာ
ညကြီးကိုဘာလို့အပြင်ထွက်လာတာလဲ''

''မေကြီး အရမ်းအော်နေတော့ သားသားစိတ်ပူလို့''

''ဟား ဟား ငါ့သားကတော့ကွာ''

သားရဲ့အပြောကြောင့်အားလုံးက သဘောတကျဝိုင်းရယ်ကျ
သည် ကလေးပီပီစကားအရမ်းတတ်တဲ့ကလေး အားလုံးရဲ့
အချစ်တော်လေးပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~
စာဆက်တော်တော်ပြတ်သွားလို့နားလည်ပေးကြပါ


''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~~~
အပိုင်း(6)
မိုးခဝတီစံအိမ်ကြီးဟာ အခုဆိုပိုပြီးလှပလာသလိုပဲ စကားတတ်
တဲ့ ခုနှစ်နှစ်အရွယ်ကလေးလေးကြောင့် အားလုံးဟာပျော်ရွှင်နေ
ကြတယ်

''ဟာ ကိုကို့ ညီမလေးက ဖုန်တွေကြားထဲဆော့နေပါလား
တစ်ကိုယ်လုံးလဲပေပွလို့ လာ လာ မေမေရှာနေပြီ ညီမလေးကို''

''ကိုကိုကလည်း လျှံကစားနေတာလေ''

''မိန်းကလေးဆိုတာ တုတ်တွေနဲ့မဆော့ရဘူးလေ စာသင်ချိန်ကို
အပြင်ခိုးထွက်လာရလား''

''မသင်ခြင်ပါဘူး ဆရာကနေ့တိုင်းဒါပဲသင်နေတာ လျှံအလွတ်ရ
နေပြီ ဆော့မယ်နော်''

''မရဘူး ကြယ်တို့ညီကိုလည်းနောက်ကိုညီမလေးကစားချင်တ
ယ်ဆိုကူမကစားပေးနဲ့ကြားလား ပြန်တော့''

''ဟုတ်ကဲ့''

''အဟီး ကိုကို မတရားဘူး ကိုကို့ကိုမချစ်တော့ဘူး''

''မငိုရဘူးလေ ငိုတယ်ဆိုတာ စိတ်ပျော့တဲ့လူလုပ်တာ''

ဒီလိုပြောလိုက်တာနဲ့အငိုတိတ်သွားတတ်တဲ့ညီမလေး နာမည်
ပေးဖို့လုပ်တုန်းကလည်း အိမ်မက်တွေအခါခါကာပေးလို့ သူမ
နာမည်က လျှံစီး ဖြစ်ခဲ့ရသည် အဓိပ္ပါယ်က ထက်မြက်ခြင်း
ကျော်ဇောခြင်း

''လာပြန်ရအောင်နော် မေမေစောင့်နေပြီ''

စိုင်းညီမလေးကိုချော့ကာခေါ်လာခဲ့သည် ပြီးတော့ အထိန်းတော်
လက်အပ်ကာရေမိုးချိုးစေပြီးမှ ဂါဝန်လေးဆင်မယ်လုပ်တော့

''လျှံ ဒါကြီးမဝတ်ခြင်ဘူး''

''ဒီဝတ်စုံလေးကလှပါတယ် ညီမလေးရဲ့ ဝတ်လိုက်နော်
လိမ်မာတယ်''

''ဟင်အင့် မလိမ်မာချင်ဘူး လျှံဟိုနံရံက အကျီင်္ပဲဝတ်မယ်''

နံရံမှာချိတ်ထားတဲ့အဖြူရောင်ဝတ်စုံ ယောက်ျားလေးတွေ
လှုပ်ရှားရင်လွယ်ကူအောင်ဝတ်တဲ့ သိုင်းဝတ်စုံမျိုးပါ ဒါလည်း
သူဝတ်တာမြင်ပြီး ညီမလေးလိုချင်တယ်ဆိုလို့ ချုပ်ပေးထားခြင်း

''ဒါက ကောင်လေးတွေဝတ်တာညီမလေးရဲ့ ညီမလေးကဂါဝန်
နဲ့လှပါတယ် ဒီနေ့က ညီမလေးမွေးနေ့လေ ဒါလေးကဘယ်
လောက်ကြည့်ကောင်းလဲ ''

နန်းတွင်းဆန်တဲ့အဝတ်စားတွေ ခန္ဓာကိုယ်ပေါ်လေးမယ်ထင်တာ
ဆို ညီမဖြစ်သူက လှည့်တောင့်မကြည့် ညီမလေးတစ်ယောက်ရှိ
လို့ မိန်းကလေးဆန်ဆန်လဲမမြင်ရ

''ဟယ် သမီးဘာမှလဲမပြင်ရသေးပါလား အားလုံးကသမီးကိုစေ
ာင့်နေကြတာ လာမေမေအကျီင်္လဲပေးမယ်''

''လျှံ အဲဂါဝန်ကြီးမဝတ်ခြင်ဘူး ''

''ဒါ သမီးတွက် မေမေမှာထားတာလေ ဒါမဝတ်ရင်ဘာဝတ်မလဲ''

''ဟို ဝတ်စုံ''

သမီးလက်ညှိုးညွှန်ရာကြည့်ပြီး

''အဲ့ဒါ ဝတ်မလို့လား''

''ဟုတ်''

''ကောင်းပါပြီရှင် မေမေဝတ်ပေးမယ်''

အထိန်းတော်ကိုအကျီင်္ဖြုတ်ခိုင်းပြီး သမီးလေးကိုဝတ်ဆင်ပေး
လိုက်သည် ခါးစည်းကျိုးစည်းပေးပြီး ဝတ်စုံနဲ့လိုက်ဖက်စွာ
ဆံပင်တွေကိုအပေါ်စုစည်းပေးလိုက်သည် နဖူးမှာ အဖြူရောင်
ပုဝါစည်းပေးပြီး ဖိနပ်ကိုရူးလေးစည်းလိုက်သည် ခုလိုပုံစံကျ
သမီးလေးကိုယောက်ျားလေးတစ်ယောက်နဲ့ပင်တူနေတော့သည်

''ဟား ကိုကို့ညီမတော့ပြောမရဘဲ''

''သား ညီမဖြစ်ခြင်ရင်ဘယ်တုန်းကတားရလို့လဲ''

ဟုတ်ပါသည် ညီမလေးက လိုခြင်တာမရလျှင် ဆန္ဒအမျိုးမျိုး
ပြတတ်သည်

''သွားရအောင်မေမေ''
ညီမလေးနဲ့အတူအပြင်ထွက်ခဲ့တော့ သူမလေးကိုလူတွေက
အထူးအဆန်း

''ကိုစိုင်းမင်းခ သမီးကတော့ လူနဲ့နာမည်လိုက်ပါ့ဗျာ''

''ဟုတ်ပါ့ ဟုတ်ပါ့''

အားလုံးကသူမကိုကြည့်ပြီးထောက်ခံကြသည်

''သမီးလေးမွေးနေ့မှာပျော်ရွှင်ပါစေ''

အားလုံက ဝိုင်းဆုတောင်းပေးကြသည် လျှံအပျော်ကြီးပျော်နေ
မိသည် တစ်ယောက်ပြီးတစ်ယောက်မွေးနေ့လက်ဆောင်တွေ
လာပေးကြသည် ထိုစဉ်သူမလက်က အလင်းရောင်တောက်
လာပြီး လေပြင်းများတိုက်လာသည် လက်ကပူလွန်းလို့သူမ
အော်မိသည်

''အား ပူတယ် အား အား''

ပူလွန်းလို့သူမရေရွတ်နေတုန်းမှာပဲ သူမလက်ပေါ်ရေတစ်စက်
ကျသွားသည် အလင်းရောင်လည်းပျောက်သွားသည် လေပြင်း
တိုက်နေတာလည်း ချက်ခြင်းရပ်တန့်သွားတော့သည် ဆရာ
တော်ဘုရားက သူမလက်ပေါ် သင်္ခန်းကျိုးလေးချည်ပေးလိုက်
သည် ပြီးတော့

''ဒါက ဒကာမလေးရဲ့ပစ္စည်းပဲ ဘုန်းဘုန်းကတိအတိုင်းလာပေး
တာပါ ပြီးတော့ ဒါတွေက ဟိုဒကာလေးတွေဟာ''

ဆရာတော်ကပါလာတဲ့ပစ္စည်းတွေကို လေးယောက်လုံးလှမ်း
ပေးလိုက်သည် လျှံဓါးအိမ်ကိုဆွဲချွတ်လိုက်သည်

''ချွင်း ချွင်း''

ဓါးကိုကြည့်ပြီး လျှံသဘောကျနေတော့သည်

''ဘုန်းဘုန်း ဘုရား တပည့်တော်သမီးလေးကို ဘာကြောင့် ဒီဓါး
ပေးရတာလဲ ဘုရား''

''ဒကာမလေးပစ္စည်းတွေမို့ပါ ဘုန်းဘုန်းလည်း ဒါပဲသိတာမို့
ဒကာမလေးက ဒကာကြီးတို့မိသားစုကိုကာကွယ်သွားပါလိမ့်
မယ်''

''သမီးဓါးက လှတယ်နော် ဦးရီးကိုခနပေးပါလား''

''ရော့''

''အား ပူတယ် လေးလိုက်တယ်''

ဦးမိုးခ ချက်ချင်းလွတ်ချလိုက်သည် သူ့ပုံစံကိုကြည့်ပြီး
အားလုံးက အံ့သြသွားကြသည်

''ဘာဖြစ်တာလဲ အစ်ကို''

ညီဖြစ်သူရဲ့အမေးကို

''ဘာမှမဖြစ်ပါဘူး''

ဖြေသာဖြေလိုက်ရပေမဲ့ ခနအပူရှိန်ချိန်အသားတွေစားသွားတာ
သူပဲသိသည် ညီဖြစ်သူက ဓါးကိုကောက်ကိုင်လိုက်တာကြောင့်

''မကိုင်နဲ့''

သူတားတာကိုလက်မခံဘဲကောက်ကိုင်လိုက်တာကြောင့်

''အား ပူတယ်''

ဆိုပြီး ဓါးကလွတ်ကျသွားသည် ဦးစိုင်းမင်းခ တော်တော်အံ့သြ
သွားသည် သမီးလက်ထဲမှာတုန်းက ဒီဓါးဘာမှမဖြစ်ဘဲ သူတို့
ကျမှ ဘာလို့မီးလိုပူနေရတာလဲ သူတို့လွတ်ချထားတဲ့ဟာကို
သမီးကကောက်ကိုင်လိုက်၍ သူ့မျက်လုံးတွေ သမီးဖြစ်သူဆီ
ကမခွာနိုင် ခနက လေးတာကောပူတဲ့အရှိန်ကြောင့်ကောလွတ်ချ
လိုက်ပေမဲ့ သမီးကတော့ကိုင်ထားတာဘာမှမဖြစ်တဲ့အတိုင်း

''သမီး ''

သူသမီးဖြစ်သူဆီပြေးသွားလိုက်မိသည်

''သမီး ဘာမှမခံစားရဘူးလား ဓါးကမလေးဘူးလား''

''ဟင်အင့် မလေးပါဘူး''

ပြီးတော့ ဓါးကိုတစ်ချက်ဝှေ့ရမ်းလိုက်သေးသည် လေလေးတွေ
ကသူတို့ပါးကိုကြည်စယ်သွားကြသည်

''အစ်ကို ဘာဖြစ်လို့လဲ''

ဇနီးဖြစ်သူပြောတာကိုမဖြေသေးဘဲ

''ဘုန်းဘုန်း ဘုရား တပည့်တော်မေးချင်တာရှိလို့ အိမ်ထဲကိုကြွ
ပါ လာတဲ့ပရိတ်သတ်တွေကိုတော့ နောက်မှပဲပြန်ဧည့်ခံပါ့မယ်
ကျတော်တို့မိသားစုဆွေးနွေးစရာလေးရှိလို့ပါ''

အားလုံးသောလူတွေကိုနှုတ်ဆက်ပြီးသူတို့မိသားစုတွေပဲရှိတဲ့အချိန်မှ

''တပည့်တော်တို့ကိုအမှန်တိုင်းပြောပြပေးပါ ဘုရား ဒီကလေး
လေးယောက်လုံးမွေးကတည်းကထူးဆန်းကြပါတယ် အချိန်နည်းနည်းသာကွားပြီးမွေးကျတယ် မွေးလာတော့လည်း
နာမည်အမျိုးမျိုးပေးကြပေမဲ့ ကလေးတွေနာမည်ပေးပြီးကတည်
းကအပျင်းဖျာကြတယ် ဘယ်ဆေးမှကုလို့မမှီခဲ့ဘူး နောက်ပိုင်း
မေ့မျောသည်အထိပါပဲ တပည့်တော်တို့လည်းကြံရာမရခဲ့ဘူး
နောက်ပိုင်း အိမ်မက်တွေပေးပြီး ဒီနာမည်မဲ့မှ နေပြန်ကောင်း
လာကြပါတယ် သူတို့လေးရက်ဆော့ကစားစအရွယ်ထဲက အတူ
နေတာပဲများပါတယ် ခွဲလို့မရခဲ့ဘူး လေးယောက်လုံးရဲ့ဆန္ဒက
လည်းအမြဲတမ်းအတူတူကျပါတယ် ''

''အင်း ကံပေါ့ ဒကာကြီး သူတို့တွေက လူဝင်စားတွေပါ အရင်ဘ
ဝဘာဖြစ်ခဲ့လဲတော့မသိဘူး သူတို့မွေးမဲ့ညက ဘုန်းဘုန်းကို
ဒီပစ္စည်းတွေပေးသွားတာပဲ အသက်ခုနှစ်နှစ်ပြည့်တဲ့အချိန်
လာယူမယ်လို့ပြောသွားတယ် ဒကာမလေးလက်မှာစည်းပေး
လိုက်တဲ့ဟာက သင်္ခန်းကြိုးမဟုတ်ဘူး အနီရောင်နဖူးစည်း
စပဲ ဒါပေမဲ့ဒါက တစ်ခြားအရာတွေနဲ့မတူဘူး သွေးရယ်
ပိတ်ဖြူစရယ် ပြီးတော့အရှိန်ဝါပြင်းတဲ့အရာတွေပါဝင်နေတယ်
ဓါးအိမ်မှာစည်းထားခဲ့တာ ပြီးတော့ သူတို့လေးယောက်လာခဲ့
တုန်းက နန်းဝတ်နန်းစားနဲ့ပဲ ဘုရင့်သမီးတော်ပုံစံမျိုး ဒါပေမဲ့
ဒီဘက်တိုင်းပြည်မှာတစ်ခါမှမမြင်ဘူးတဲ့အဝတ်စားတွေပါ
ဘုန်းကြီးသိတာ ဒါပါပဲ''

''ဒါဆို ဒီကလေးတွေက''

''သာမန်မဟုတ်ဘူးဆိုတာတော့သေချာပါတယ် ဒီနေမှ ဓါးအိမ်မှာ
ချည်ခဲ့တဲ့ကြိုးကအရမ်းတင်းပြီးဓါးကလုပ်လာတယ် အဲ့ဒါ
ကြောင့်ပိုင်ရှင်ရှိရာလာခဲ့တာပါ ကဲ ဘုန်းကြီးကိုပြန်ခွင့်ပြု''

ဆရာတော်ဘုရားပြန်သွားမှမတွေးစနဲ့သူကျန်ခဲ့သည် သမီးလေး
ကသာမန်မဟုတ်မှန်းအစောထဲကရိပ်မိပါသည် တစ်ခုခုဆိုကြို
သိနေတတ်တာမျိုး တစ်ခါတုန်းက သူနေပြည်တော်ကိုခရီးသွား
ဖို့ရှိခဲ့သည် မသွားနဲ့လို့သမီးတားတော့

''သွားမှဖြစ်မယ်သမီးရဲ့''

''ဖေဖေမှာ အသက်အန္တရာယ်ရှိတယ် မသွားပါနဲ့''

''ဖေဖေအတွက်စိုးရိမ်တာကျေးဇူးပါ ကဲဖေဖေသွားပြီ''
သူသမီးစကားကိုနားမထောင်ပဲထွက်ခဲ့မိသည် လမ်းတစ်ဝက်ရောက်တော့ခြုံခိုတိုက်ခိုက်သူတွေနဲ့တွေ့ပြီးသူနဲ့
အတူပါလာတဲ့လူနှစ်ယောက်လည်းအသက်စတေးခဲ့ရသည်
သူ့အတွက်တော့ကပ်သီလေးလွတ်သွားခြင်း သူ့ဖက်ကလူတွေ
ရောက်လာခဲ့၍ နေပြည်တော်လည်းဆက်မသွားတော့ဘဲံ မြို့သို့
သာပြန်ခဲ့သည် အိမ်ရောက်လိုလူတွေလွတ်လိုက်တာကိုမေးတေ
ာ့ သမီးလေးကဖေဖေမှာ အသက်အန္တရယ်ရှိတယ်ပဲပြောနေလို့
လူလွတ်ပေးခဲ့တာတဲ့

*
*
*
''ကြယ် ငါတို့ဟိုဘက်ကတောထဲလျှောက်သွားရအောင်''

''ဟာ မသွားချင်ပါဘူး စာသင်ချိန်စာပဲ ဂရုစိုက်စမ်းပါ''

''မရဘူး နင်မလိုက်ငါပဲသွားမယ်''

''ဘာ!''

သူ့အသံကျယ်သွား၍ ဆရာကလှည့်ကြည့်လာသည် ပြီးတော့
ပြန်လှည့်သွားသည်

''တိုးတိုးပြောစမ်းပါ''

''နင်ကကော မိန်းကလေးဖြစ်ပြီး''

''ဘာဖြစ်လဲ ငါသိချင်တာတော့သိအောင်လုပ်မယ် ဟိုနှစ်ယောက်ကခေါ်မရမှန်းသိလို့မခေါ်တာ''

''ငါ့ကျ ခေါ်လို့ရမယ်ပေါ့ မလိုက်ဘူး နင်သွားရင် ငါနင့်အဖေတိုင်
ပြောမှာ''

''တိုင်ပေါ့ မကြောက်ပါဘူး''

စာသင်ချိန်ပြီးတော့ လစ်ကနဲနေအောင် လျှံပျောက်သွားခဲ့သည်
သူ မပါဘဲ လျှံသွားမယ်မထင်တာကြောင် အိမ်တော်မှာသာ
ပတ်ချာလှည့်အောင်ရှာနေမိသည် နေစောင်ချိန်ထိ လျှံပေါ်
မလာတာကြောင့် တောစပ်ဘက်ထွက်လာခဲ့သည်

လျှံသည် တောထဲလျှောက်သွားနေရင်း ဘယ်ဆီရောက်နေမိမှန်း
မသိ လာရာလမ်းအတိုင်းပြန်ခဲ့ပေမဲ့ နေဝင်သွားသည်အထိပြန်မ
ထွက်တတ်တော့ အစကကျေးငှက်လေးတွေအော်သံကြား
လိုက်နေရင် ကန်လေးတစ်ခုတွေ့တော့ ရေဆော့မိသေးသည်
ရေကကြည်လင်ပြီးအေးစက်နေသည် နောက်တော့ ယုန်တစ်
ကောင်နောက်လိုက်ရင်း ယုန်လည်းမမိ သူမလည်းပြန်မထွက်
တတ်တော့

''ခြောက် ချောက်''
သစ်ရွက်တွေကိုနင်းလာတဲ့အသံကျားလို့လှည့်ကြည့်တော့ ကျား
တစ်ကောင် သူမကိုကြည့်ကာမှန်ဖီနေသည်

''ဂီး ဂီး ဂီး''

မြေကြီးပေါ်ဖင်ထိုင်လျက်လဲကြသွားသည် ခုချိန်မှာသူမဆီမှာ
လက်နက်ဆိုလို့ ဓါးမြောင်လေးတစ်ချောင်းသာ ကျားကြီးကာ
မာန်ဖီကာ သူမကိုခုန်အုပ်လိုက်သည်

''ဂီး ဝုန်း''

လက်ကလေးနှစ်ဖက်ကိုမျက်နှာရှေ့ကာထားလိုက်သည်
~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့ကစပြီးတစ်ရက်ခြားတစ်ခါတင်ပေးပါ့မယ်
''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~
အပိုင်း(7)
သူမ လက်နှစ်ဖက်ကိုမျက်နှာရှေ့ကာထားပြီး အချိန်တော်ကြာ
မျက်စိမိတ်ထားလိုက်သည်

''လျှံ ဘာဖြစ်သွားသေးလဲ''

''ဟင် ကြယ်နင်ဘယ်လိုရောက်လာတာလဲ''

သူမနဲ့သုံးလမ်းအကွာမှာ ကျားကြီးက တရူးရူးဒေါသပြင်းကာ
ငြိမ်သက်သွားတော့သည် ပါးစပ်မှလည်းသွေးတွေဒလဟော
ကျနေတော့သည်

''ပြန်ရအောင် နင်ထနိုင်လား''

''အင်း''

''နင့်မိဘတွေနင့်ကိုစိတ်ပူနေကြပြီ ''

''နင်ကဘယ်လိုသိပြီးရောက်လာတာပဲ''

''နင်ပြောသွားတာလေ ဒီဘက်တောသွားမယ်လို့ ဘယ်ရောက်
နေမှန်းမသိတော့ရှာရတာကြာသွားတာ''

ကြယ်တာရာဆိုသောကောင်လေးသည် ခုနနစ်ဆိုပေမဲ့ ဓါးပစ်တဲ့
နေရာမှာတော့အတော်ကျွမ်းနေပေပြီ ခုလည်း ကျားကြီးရဲ့နှလုံး
အိမ်သို့ဓါးမြောင်လေးစိုက်ဝင်နေမှာသေချာပါတယ်
*
*
*
''မင်းကွာ ငါ့ဘက်ကဒီလောက်အဆင်သင့်ဖြစ်အောင်လုပ်ပေး
ထားရဲ့နဲ့အဲ့လောက်တောင်အသုံးမကျဘူးလား''

''ကျတော်''

ပြောစရာစကားတို့က အစရှာမရ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ
ပြောပြရင်ယုံနိုင်စရာတောင်မရှိ

''အဆင်သင့်လှုပ်ရှားနိုင်အောင် လိုအပ်တာတွေလည်းငါထည့်
ပေးခဲ့တယ်  ဒါတောင် ''

''ဝုန်း   ''ဆိုတဲ့အသံနဲ့အတူ သူ့ရှေ့ရှိစားပွဲဝိုင်းလေးကျိုးပဲ့သွား
ခဲ့သည် ခေါင်းကိုလည်းပိုပြီးငုံ့ထားမိသည် ဆရာ့အကြောင်း
သူအသိဆုံးမဟုတ်လား

''ဖြေရှင်း ချက်ဆိုတာ ငါမလိုခြင်ဘူး ငါကဒါဆိုရင် ဟိုဟာလုပ်ပြီ
း ပြန်မလာနဲ့ ခုဒီအစီစဉ်တွက်ငါဘယ်လောက်အချိန်ပေးခဲ့ရလဲ''

''ဆရာလည်း သိပါတယ် ဆရာရယ် အဲ့ဒီဓါးက''

''တော်တော့ မင့်ဆီကအကြောင်းပြချက်တွေလိုချင်တာမဟုတ်
ဘူး နောက်ခါတစ်လွဲလုပ်မလာနဲ့''

''ဟုတ်ကဲ့ပါ ဆရာ''

ဖြေရှင်းချက်တွေပေးတာမကြိုက်တဲ့ ဆရာကိုမဖြေရှင်းတော့ပါ
ဘူး ဒီအစီစဉ်ကြား သူ့တပည့်တစ်ယောက်ဆုံးရှုံးခဲ့တာကိုလည်း
မပြောဖြစ် လျှံစီးအိမ်တော်ဆောင်ထဲဝင်ကတည်းက ပူပြင်းတဲ့
အငွေ့သက်တွေကြောင့်ချွေးဒီးဒီးကျခဲ့ရသည့်အဖြစ် ဓါးကို
ဆေးရည်ဖြန်းတော့ ဝုတ်ကနဲမီးတစ်ချက်ထတောက်ပြီး ဓါးက
လှုပ်ရမ်းလာသည် တဖြေးဖြေးကြမ်းလာတော့သူတို့ထွက်ဖို့ပြင်
ကြသည် ဒါကိုသူ့တပည့်တစ်ယောက်က ဓါးကိုဆုပ်ကိုင်ပြီး
ယူလိုက်သည် ဘယ်သူမှတားချိန်မရ ဓါးကိုကိုင်ရင်း တဆတ်ဆတ်တုန်ပြီးငြိမ်သက်သွားသည် အသံရှူသံစမ်းတော့
သွားပြီဆိုတဲ့အသိက ခေါင်းထဲမှာမိုက်ကနဲ ဒဏ်ရာပြစရာမရှိ
ထူးဆန်းတဲ့ဓါးကိုဆက်မယူဘဲ ကိုယ်လူကိုယ်ခေါ်ကာထွက်ခဲ့
ရသည့်အဖြစ် ဒါတွေကိုဆရာ့ကိုပြောပြရင် သူတို့အသုံးမကျဘူး
ဆိုတဲ့ ခေါင်းစဉ်အောက်ပဲပြန်ရောက်မည်

''မင်းသွားတော့''

''ဟုတ်ကဲ့ ဆရာ''

မွေးနေ့ပွဲမှာကတည်းက ဒီဓါးကိုသူစိတ်ဝင်စားခဲ့သည် လက်ကဒဏ်ရာပြန်ကြည့်တော့ ရင်ထဲစစ်ကနဲ  တျောက်ဆိုတာ
တစ်ချက်ထွက်လာပြီးအတွေးတွေကထိုဓါးဆီ

''ဖေဖေ ဖေဖေ''

''ဟေ''

''သားခေါ်နေတာကို ဘာတွေတွေးနေတာလဲ''

''ဘာမှမဟုတ်ပါဘူးကွာ ငါ့သားတောင်ပြန်လာပြီကို လူလည်း
ဖုန်တွေချည်းပဲကွာ ဘာလို့ဆော့လာရတာလဲ''

''လျှံတို့ကအတင်းခေါ်လိုပါ''

''ဒီနေ့ အတန်းလည်းမတက်ဘူးဆို''

''ဟုတ်ကဲ့''

''သူတို့နဲ့မပတ်သက်ပါနဲ့ဆိုမှ သားကစာကြိုးစားရမယ်လေ''

''သား စာရပါတယ် ဖေဖေ ဟိုလေ''

''ပြောပါအုံး''

''သား အောက်လမ်းပညာဆိုတာသင်ချင်လို့''

''ဟား ဟား ဖေကြီးသားကတော့ ''

''ဖေဖေကလည်း မရယ်နဲ့လေ သားတကယ်တတ်ချင်တာ''

''ဟုတ်ပါပြီ ခုသားအသက်ကငယ်သေးတယ် သားသိချင်တယ်
ဆိုရင်တော့ ဖေကြီးရှင်းပြမယ် လာ သား''

''ဟုတ်''

မြေအောက်ခန်းတံခါးကို ဘာတွေရွတ်ပြီးဖွင်လိုက်သည်မသိ
တံခါးက ကျွီကနဲ တံခါးပွင့်သွားတာနဲ့ အပုပ်နံ့ကလှိုင်တက်
လာသည် ဖေဖေက နှာခေါင်းစည်းလှမ်းပေးတာကြောင့် ယူလိုက်ပြီ

''မနေ့ကမှ ယူခဲ့တဲ့အလောင်းကဘာမှမလုပ်ရသေးလို့ အနံ့က
ဆိုးနေတာ''

အောက်ရောက်သည်နဲ့အခေါင်းထဲက ပုပ်ပွနေသောအလောင်း
က အသားတွေပျော့စိစိနဲ့လောက်တွေတောင်ထနေပြီ
ဘာဆေးတွေလောင်းလိုက်သည်မသိအနံ့ကနည်းနည်းသက်
သာသွားသည်

''ငါ့သား မကြောက်ဘူးလား''

''လူဆိုတာသေမျိုးပဲတဲ့ ဆရာကပြောဖူးတယ် ပြီးတော့ သား
မကြောက်ပါဘူး''

''ဟား ဟား ငါ့သားကတော့ စာဂျပိုးလို့မပြောရဘူး တတ်ပကွာ
ဟိုမှာကြည့် ငါ့သား''

ဖေဖေပြရာကြည့်တော့ ဦးခေါင်းခွံသုံးလုံး နှာခေါင်းပေါက်ထဲ
မျှော့တွေလို ရှဥ့်တွေလိုအတိုးအရှိုဝင်နေကြသည် ဘေးပတ်လည်ကိုကြည့်တော့ အခေါင်းတိုင်းမှာအဲ့လို

''ဖေကြီးတို့ အလုပ်က ဒါတွေနဲ့အဓိကပတ်သက်တယ် ဒါတွေ
ကြောက်နေရင်တော့ ဒီအလုပ်မလုပ်စားရုံပေါ့''

''ဟုတ်ကဲ့''

''ပန်းအိုးလေးပေါ်ကပန်းကိုတွေလား''

''ဟုတ်ကဲ့''

''အဲ့ဒါကိုခေါင်ရမ်းပန်း တစ္ဆေခေါ်ပန်းလို့ခေါ်တယ် တစ္ဆေသရဲ
အများစုက အဲ့လိုအပင်မှာနေကြတယ်''

''ဟုတ်''

''အဲ့ထဲမှာ ဝိညာဉ်တော်တော်များများထိန်းထားတယ် သူတို့အစာ
ကမျှော့တွေပဲ အရမ်းနှစ်ထမ်းရှည်တဲ့သရဲတွေကြတော့အလုပ်
တစ်ခုပြီးတိုင်းသက်ရှိသတ္တဝါတစ်ကောင်ချကြွေရတယ်''

''ဖေဖေ ဟိုအကောင်က သားကိုစိုက်ကြည့်နေတယ် မျက်လုံး
ကြီးကနီရဲပြီး ကျွတ်ကျတော့မလားမသိဘူး''

သား လက်ညိုးညွှန်ရာကြည့်တော့ တစ္ဆေတွေရဲ့ခေါင်းဆောင်
တစ္ဆေကြီးလို့ပဲအလွယ်ခေါ်သည် သား ကိုလည်းအံ့သြစွာပြန်
ကြည့်မိသည် သားကတစ္ဆေတွေကိုမြင်နေရတာလား

''သား ဖေကြီးကိုပြောစမ်း သား သရဲတွေကိုမြင်ရတာလား''

''ဟုတ် ဒီမှာရှိတဲ့ အကောင်တွေအားလုံးသားမြင်ရတယ်''

''ဘယ်ချိန်ထဲက မြင်နေရတာလဲ''

''မကြာသေးဘူး ဖေဖေ လျှံမွေးနေ့ပြီးတော့''

''သူတို့ သူတို့ကောမြင်ရလား''

စကားတွေတောသ်ထစ်ချင်နေသည် ဒီကလေးတွေဘာတွေလဲ

''ဟုတ်ကဲ့''

''ဘာ!''
သူ့အော်သံသည်အရမ်းကျယ်သွားသောကြောင့် အခန်းထဲက
သရဲတွေနားပိတ်ကုန်သည်

''ပြန်ပြောစမ်း လျှံစီးတို့လည်းမြင်ရတယ်ပေါ့''

''ဟုတ်ကဲ့''
သူစိတ်ဆိုးစွာပြောလည်း သား ဖြစ်သူက မျက်နှာမပျက် ဒီသား
က အဖေဆူပြီဆိုလည်း ကြောက်ရွံ့ပြီးခေါင်းငုံ့သွားသည်မရှိ
သူပြောချင်ရာပြောပြီး တစ်ခါတစ်ခါထွက်သွားတတ်သေးတာ
ဆူနေသည့်လူက ငပေါကြီးလိုကျန်ခဲ့သည့်အဖြစ် ဒေါသကို
လျော့လိုက်ပြီး

''ဖေကြီးတို့ ဒီကထွက်ရအောင်း သား ဒီကိစ္စတွေကို သား
သူငယ်ချင်းတွေမသိပါစေနဲ့''

''ဟုတ်ကဲ့''
**
**
**
တစ်ဖက်က လျှံစီး မိဘတွေမှာလည်း စိတ်ပူစွာဖြင့် ဆရာတော်
ကြီးဆီရောက်နေကြသည်

''ဘုန်းဘုန်း ဘုရား ခုဆို သမီးက ပိုပိုဆိုးလာပြီ ဘုရား''

''ဟေ ဘာဖြစ်ပြန်လို့တုန်း''

''ခုနောက်ပိုင်း ဓါးနဲ့အတူသမီးပျောက်ပျောက်သွားတယ် ဘုရာ့
ဘယ်သွားမှန်းလည်းမသိရဘူး တစ်ခါတစ်လေ သုံးလေးရက်
လောက်ထိပျောက်သွားတယ် မေးလိုက်ရင်လည်းမဖြေဘူး
ညကျလည်းအခန်းထဲတစ်ယောက်ထဲစကားတွေပြောပြီးရယ်နေ
တတ်တယ်''

''အဲ့လောက်လည်း မစိုးရိမ်ပါနဲ့ ဒကာကြီး ဒကာမလေးတို့မှာ
တစ်ယောက်တစ်မျိုးစီအစွမ်းထက်ကြပါတယ် ဖြစ်နိုင်ရင်တော့
အထက်ပုဂ္ဂုလ်တွေဆီ ဘယ်ကလာတယ်ဆိုတာ လှမ်းမေး
ကြည့်ပါလား ဒါမှ ထိန်းချုပ်နိုင်မှာ''

''တင်ပါ့ ဘုရာ့ တပည့်တော်ကြိုးစားကြည့်ပါအုံးမယ်''

''ကောင်းပြီ ဒကာကြီး''

ဆရာတောမိန့်ကြားချက်အတိုင်း သူတို့လည်းရှာဖွေကြသည်
နိမိတ်ဖတ်တော်ပါသည်ဆိုတဲ့ ဆရာတွေကိုငှားသည်ဆရာ
တိုင်း ဘယ်သူမှမသိကြ နောက်ဆုံးအနာဂတ်ဟောနိုင်ပြီး
သီလသမာဓိနဲ့ပြည့်စုံတဲ့ သူတော်စင်တစ်ယောက်ကိုရှာဖွေ
တွေ့ရှိခဲ့သည်

''ဆရာ ဒါ သမီးလေးရဲ့ဇာတာ''

''ဇာတာနဲ့မွေးဖွားချိန်အရ ကလေးမလေးဟာ ဥာဏ်ပညာအစွမ်း
သတ္တိနဲ့ပြည့်စုံပါတယ် အန္တရာယ်အားလုံးကိုကျော်လွှားနိုင်ပါလိမ့်
မယ် မောင်ရင်တို့မိသားစုကိုကာကွယ်ဖို့သူရောက်လာတာပါ''

''ဗျာ''

''သူရှိနေသ၍ မောင်ရင့်အန္တရာယ်တွေကိုဖြေရှင်းနိုင်မှာပါ တစ်ခုပဲ
ကလေးမလေးကငယ်ငယ်ရွယ်ရွယ်နဲ့သေရလိမ့်မယ်''

''ဗျာ''

''ဒီထက်ပိုပြီး ဆရာလည်းမသိနိုင်ဘူး ကလေးမလေးမှာမမြင်နိုင်
တဲ့အစွမ်းတွေအများကြီး မောင်ရင်တို့ကိုသူအသက်ရှင်နေသ၍
ကာကွယ်သွားမှာပါ''

''ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ ဒါကဆရာ့အတွက်''
ဒဂါင်္းပြားထုပ်ကိုလမ်းပေးလိုက်သည်

''မလိုပါဘူးကွယ် ဒီလို အစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ သူရဲကောင်း
လေးယောက်ကိုတွေ့ရတာပဲ ကံကောင်းလှပါပြီ ''

ဆိုပြီးထွက်သွားလေသည်


''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~~~
အပိုင်း(8)

အချိန်တွေတိုက်စားလာတာနဲ့အမျှ ပြောင်းလဲမှုတွေက မကုန်မခမ်းနိုင် အမျိုးမျိုးတွေအကြောင်းတွေနဲ့ လူတွေကို
ဟင်ကနဲ ဟာ ကနဲဖြစ်အောင်လုပ်နိုင်သည် ဓါးပညာမှာတူမတူ
အောင်တော်တဲ့ လူငယ်လေးတစ်ယောက်

''ကိုယ်တော့ သမီးကိုကြည့်ပြီး အန္တရာယ်ပဲမြင်နေတယ်''

''ဘာလို့လဲ ကိုစိုင်း သမီးလေးက သူ့ကိုယ်သူကာကွယ်နိုင်ပါ
တယ်''

''လောကမှာ အတောဆုံးလူဆိုတာမရှိဘူး ကိုယ့်ထက်တော်တဲ့
လူတွေကြီးပဲ  ''

''ကိုစိုင်း ပြောချင်တာက''

''မင်းလည်း မှတ်မိမှာပါ သမီးတော်ရဲ့ဇာတာအရ''

''အို!ရှင်ကလည်း ပူစရာမရှိ ခု သမီးလေး အသက် 15နှစ်ထိ
ဘာမှဖြစ်မလာသေးတာ''

''ဟုတ်ပါတယ် ကိုယ်က ခုချိန်မှာ သားကလည်း ဘေးမှာမရှိ
တော့ သမီးလေးကိုမဆုံးရှုံးချင်လို့ပါ''

''သိပါတယ် ကိုစိုင်းရယ် ကျမလည်းဝမ်းနဲ့လွယ်မေးခဲ့ရတာပါ
စေတမန်နဲ့ကိစ္စကော ဘယ်လိုလုပ်မှာလဲ''

''ကိုယ်တော့ စေ့စပ်ပေးထားခြင်တယ် မောင်နှမနှစ်ယောက်က
လည်း ချစ်ကြတာပဲ ''

''သမီးလေးကို ပြောပြီး တိုင်ပင်ကြတာပေါ့''

*
*
**
တစ်နေ့တစ်နေ့ စာအုပ်တွေကြားမှာပဲ အချိန်ကုန်တတ်တဲ့
ကောင်းကင်လင်းကိုကြည့်မရတော့ သူကလွတ်လပ်ပေါ့ပါးစွာ
နေသလောက် အစ်ကိုဖြစ်သူကျ အရာရှိဖြစ်ချင်လို့ စာတွေနဲ့
ပဲအချိန်ကုန်နေသည် စေတမန်ကောအတူတူပါပဲ နှစ်ယောက်
ပေါင်းမိတာနဲ့ဘယ်စာကဘယ်လိုဆိုတာ ခုလည်း

''အလင်း မင်းဘယ်လိုထင်လည်း အရှေ့ကသူရဲကောင်းတွေက
အားကျစရာကြီးနော်''

''အေးကွ အဲ့ဒါကြောင့်လည်း ငါ့တိုင်းပြည်အပေါ် ငါအကျိုးပြုချင်တာ လူသေသော်လည်း နာမည်မသေတာမျိုး''

''ငါကောပဲ ဒီခါ စာမေးပွဲတွေပြီးရင် ငါတော့နေပြည်တော်သွား
တော့မှာ ဟိုမှာလည်း ကိုကြီးစိုင်းလုံရှိတယ်''

''ကိုကြီးကတော်တယ်နော် ငါတော့အားကျတယ်''

''ဟုတ်တယ် ဖေကြီးတောင်ပြောနေတာ မင်းကိုကြီးစိုင်းလို
ဖြစ်အောင်လုပ်တဲ့''

တူညီသောအကြောင်းရာတွေ သူတို့စကားပြောချိန်ဆို

''နင်နဲ့ငါ တစ်ခါလောက်လေ့ကျင့်ကြည့်မလား ဒီကောင်တွေက
ဒီအကြောင်းရောက်သွားရင် အမျှင်မပြတ်တတ်တော့ဘူး''

''ကောင်းသားပဲ လာပြီနော်''

ဓါးနှစ်လက်တိုက်ခတ်သံတွေ က ကြောက်ခမန်းလိလိ အကွက်
ရေတွေများလာသော်လည်း

''ချွမ်း ချွမ်း ယား''

မာန်အပြည်နဲ့တိုက်ခိုက်နေကြတဲ့လူနှစ်ဦးမှာ ဒေါသထွက်လာ
ကြလားမသိ ပိုပြီးမြန်ဆန်စွာတိုက်ခိုက်နေကြသည် လေပြင်း
တွေတိုက်ပြီး ဓါးနှစ်လက်ကြားမှာ သစ်ရွက်တွေအပိုင်းပိုင်းနဲ့
မြေပြင်ပေါ်ကြသည်

စာအကြောင်းဆွေးနွေးနေတုန်း

''ဒီနှစ်ယောက်တော့ ဖြစ်ကြပြန်ပြီ''

''လာ လာမြန်မြန်ဖြေရအောင် ''

အနိုင်ရှုံးမပေါ်မခြင်း အငြိုးကြီးစွာ တိုက်ခိုက်မည့် ဓါးနှစ်လက်
အကြောင်းသိ၍ အလယ်ကနေ ဓါးကိုဖြိုဖျက်လိုက်သည်
ဘေးနှစ်ဖက် အရှိန်နဲ့နှစ်ယောက်လုံးလဲကျသွားသည်

''အား ကျွတ် ကျွတ်''

''နာလိုက်တာ''

''အလင်း မင်းဘယ်လိုလုပ်လိုက်တာလဲ''

''ငါမှ ဒီလိုမလုပ်ရင် ဓါးကွက်တွေက ပိုရက်စက်လာတော့မှာ''

''နေရာ တကာ ဆရာကြီးအရမ်းလုပ်တာပဲ ဒီမှာနိုင်တော့မှာပါ
ဆိုမှ'''

''ဟား ဟား''

''ဘာ ရယ်တာလဲ''

''ဘယ်တုန်းက အနိုင်ရှုံးပေါ်ဘူးလို့လဲ တစ်ဖက်က ဝင်မတားရင် နှစ်ယောက်လုံး ဒဏ်ရာရတတ်ကြတာကို''

ဟုတ်သည် ဓါးကို စကိုင်စအရွယ်တုန်းက သူကောလျှံကော
ဆော့ရင်း ဓါးချက်တွေမြန်လာသည် လေပြင်တွေတိုက်ပြီး
အနီးရှိ သစ်ပင်ကို ခုတ်မိ၍ ပူပြင်းလွန်းတဲ့ ဓါးအရှိန်ကြောင့်
မီးထစွဲသည် လူတွေလည်းအရမ်းလန့်ပြီးပြေးကုန်ကြသည်
အလင်းနဲ့စေတမန်ဝင်တားမှ တိုက်ခိုက်နေရာမှ ရပ်သွားခြင်း

''မင်းတို့နှစ်ယောက်က ဓါးကိုင်ရင်စိတ်ကိုမထိန်းဘဲ လွတ်ပေး
တတ်ကြတာကို ဓါးအပေါ်မှာ အာရုံစုစည်းမထားဘဲ စိတ်က
နိုင်ခြင်စိတ်ဘဲဖြစ်နေတော့ ဓါးနဲ့လူနဲ့ မထိမိဘူး''

''ဟုတ်တယ် ခုချိန်ထိ မင်းတို့လုပ်နေတာတွေမမှန်သေးဘူး
လာ ကြယ် ငါနဲ့တစ်ကွက်လောက် စမ်းကြည့်''

စေတမန် စကားကြောင့် သူတိုက်ခိုက်ဖို့ အသင့်ပြင်လိုက်သည်

''မင်း ဘက်ကအရင်လာခဲ့''

''ယား !ချွမ်း ချွမ်း''

သူက တရပ်စပ်တိုက်ပေမဲ့ စေတမန်က သူ့အကွက်တွေကို
အေးအေးဆေးဆေးခြေဖျက်သွားသည် နောက်တစ်ကွက်မှာ
ဓါးက သူ့လည်ပင်းမှာ

''ဒီတိုင်းဆို မင်းသေသွားနိုင်တယ် ဓါးဆိုတာ လူမရွေးဘူး
ရန်သူက မင့်လည်ပင့်ကို တိကနဲပဲ''

စေတမန်အပြောကြောင့် သူခေါင်းငုံ့နေမိသည်

''စိတ်ဓါတ်မကျပါနဲ့ မင့်စိတ်ကိုထိန်းပြီးတိုက် ဓါးသွားချင်တဲ့
နေရာကို လက်ကောက်ဝတ်အသာလေးလှည့်ပေးလိုက်
စိတ်ကိုလျော့ထားပြီး တိုက်ခိုက်ကြည့် လာပြန်စမယ်''

စေတမန်ပြောသလို ဓါးပေါ်ပဲ အာရုံစိုက်ထားသည် ဓါးသွားတဲ့
ဘက် လက်ကိုလှည့်ပေးသည်

''ဗြည်း ဗြည်း''

ဟင်! သူ စေတမန်ကိုနိုင်သွားတာလား ခါးပန်းစည်းပြုတ်သွား
ပြီး အောက်ပိုင်းက ဓါးရာကြောင့် တစ်ဝက်လောက်ထိပြဲသွား
သည် တစ်ခါမှ မနိုင်ဘူး၍ သူပြုံးမိသည်

''ဟား ဟား မင်းတော်တယ် ဒီခါ မင့်ငါ့ကိုထိသွားပြီ''

''ကြယ် နင် စေတန်ကို တကယ်နိုင်သွားတာပေါ့''

''ကြယ် ကတော်တယ် လျှံရဲ့ သူ အာရုံမစိုက်လို့ ဒီလိုဖြစ်နေတာ''

''ပြန်ကြရအောင် တော်နေ လျှံအဖေ စိတ်ပူနေမယ်''

''အင်း သွားမယ်''

လေ့ကျင့်ကွင်းကနေ သူမတို့ပြန်ခဲ့ကြသည် အဆောင်တော်
ရောက်တော့ ရေချိုးလိုက်သည် လူကလန်းဆန်းပေါ့ပါး
သွားသည် လျှံ သူမရဲ့ဓါးကိုပါ သန့်စင်လိုက်သည်

''ဟိတ်!''

''အမလေး !''

အသံနဲ့အတူ သူမအိပ်ယာပေါ်က ပြုတ်ကျသွားသည် သူမ
အပေါ်မော့ကြည့်လိုက်တော့………………
~~~~~~~~~~~~~~~~~~~~~~~~~~~


Post a Comment