ရေသူမ စဆုံး
ရေသူမ
     " ဗျို့ .....ကျောင်းဆရာ ....လာပါဦးဗျာ....."
၁၉၉၂ ၀န်းကျင်ဖြစ်သည်။ကျွန်ပ် မောင်ထွန်းဝေ
သည်မြန်မာနိုင်ငံ ၏အစွန်အဖျားဖြစ်သော ဗရဲဂေါ ခေါ် ကျွန်းကလေးတွင် မူလတန်း ကျောင်းဆရာအဖြစ်တာဝန်ကျဖူးလေသည်။ထိုနေရာသည် ချောင်ကျသောနေရာဖြစ်ပေရာလမ်းပန်းဆက်သွယ်
ရေးခက်ခဲလှပေသည်။
ကျွန်ပ်မှာလဲ ထိုကျွန်းကလေး ကို သံယောစဉ်တွယ်နေသည်ကတစ်ကြောင်း၊
ကျွန်းကလေးရှိသာရေး၊နာရေးကိစ္စများ၍ကျွန်ပ် မပါလျှင် မဖြစ်သည်ကတစ်ကြောင်း၊ထို့ကြောင့်ကျွန်ပ်မှာ ထိုကျွန်းကလေးပေါ်တွင်နေထိုင်ရသည်မှာ အခက်အခဲတော့မရှိလှ ။လိုအပ်သည့်ပစ္စည်းများ ကို စက်လှေ ဖြင့် မြို့ဘက်သို့တက်ဝယ်ရသည်။
စက်လှေ မှာ ကျွန်းသို့ပုံမှန် ခေါက်ကူး ခြင်းမရှိပေ။
အကယ် ၍ စက်လှေမရှိပါက လက်လှော်လှေဖြင့် အချိန်ကုန်လူပင်ပန်းစွာ မြို့ဘက် သို့ကူးရလေသည်။
ရွာ ရှိလူများမှာ တံငါ အလုပ်ဖြင့်သာ အသက်မွေးကြသည်။ထို့နောက် ငါးပိ၊ငါးခြောက်၊ငါးဆားနယ် များလုပ်က အ၀ယ်ဒိုင်များသို့ရောင်းချကြသည်။
ပြီးလျှင် လိုအပ်သည့်ပစ္စည်းများကိုဝယ်ခြမ်းရသည်။ ကျွန်းများသို့ဆိုက်ကပ်၍ ရောင်းချသော
လှေများလဲရှိသည်။
ကျွန်းမှာ အကျယ်ကြီးမဟုတ်ပေ။ အလယ်တန်းကျောင်းရှိသည်။ဆရာ၊ဆရာမအနည်းငယ်သာရှိသည်။
ကျောင်းသားသိပ်မရှိကြ။ထို့ဒေသရှိလူများသည်ပညာတတ်သည်ထက်ငါးဖမ်းကျွမ်းကျင်ခြင်းကို ပိုသဘောကျကြသဖြင့် ကျောင်းတက်ရန် လျှာလိပ်အောင် တရားဟောရလေသည်။
တစ်ခါက အိမ်တစ်အိမ်၍ ကလေးငယ်များသဖြင့်
ကျောင်းထားရန် ဆရာ၊ဆရာများစု၍ တရားသွားဟောကြသည်။
ဗမာစကားတတ်ကြ၍ ပြောရအဆင်ပြေသည်။
ကျွန်ပ်တို့ပြောဆိုသမျှကိုဂရုစိုက်နားထောင်သဖြင့်
ဒီနယ်မြေမှလူများသည် လေးစားသမှု၊ယဉ်ကျေးမှုတော့ရှိကြသည်။သို့သော်ထို့သူတို့မှာကျောင်းထားချင်စိတ်သိပ်မရှိလှ ငါးဖမ်းကျွမ်းကျင်ဖို့ကိုသာမိဘများကသင်ပေးလေ့ရှိသည်။
"ဗျို့.....ကျောင်းဆရာ....အတွေးလွန်နေတယ်ထင်တယ်....."
ဟုတ်ပေသည်။ထို့သူ၏နောက်ထပ်ခေါ်သံကြောင့်ကျွန်ပ်အတွေးလွန်ရေရာမှသတိပြန်လည်လာလေသည်။
ထိုသူမှာအခြားမဟုတ်ပေ။တစ်ကျွန်းလုံး၏အတော်ဆုံးရေမုဆိုး ဦးပေတ ပဲဖြစ်သည်။ထို့သူသည် စာမတတ်သော်ညားလည်းငါကြီး၊ငါးကောင်းဖမ်းရာ၍ကျွမ်းကျင်သဖြင့်ဝင်ငွေကောင်းသူဖြစ်လေသည်။
ထို့သူမှစကားအစချီလေတော့သည်။
"ကျုပ်ဟိုနေ့က လူတစ်ဦးနဲ့ဆက်သွယ်မိတယ်ဆရာထွန်းဝေ.....:"
"အဲ့လူက ဂမ္ဘီရ သတ္တ၀ါ တွေရဲ့ရုပ်ကြွင်းတွေ အလောင်းတွေဝယ်တဲ့သူဗျ....အရှင်ဆိုရင်ဈေး
ကောင်းကောင်းပေးဝယ်တယ်တဲ့ ....ထိုင်းဘက်ကိုသွင်းတယ်ပြောတယ်ဗျာ......"
"အဲ့လူက ရေသူမ အသေရရ၊အရှင်ရရယူမယ်တဲ့..."
"အလိုလေး.....ဦးပေတရေ ....ရေသူမကတကယ်ရှိရဲ့လားဗျာ....ကျွန်တော်ဖြင့် ပုံပြင်တွေလောက်ပဲဖတ်ဖူးပါတယ်......"
"ဆရာလေးကိုကျုပ်တစ်ခုမေးမယ်....." ရေသူမရှိတယ်ဆိုတာ..ယုံလား.........."
"အမှန်တိုင်းပြောရရင် ဦးပေတရေ ကျုပ်ကတော့ယုံတယ်ဗျာ ....ဒီသတ္တ၀ါတွေ က တကယ်ရှိနိုင်တယ်ဗျ......"
" ရှိနိုင်တယ် မဟုတ်ဘူး ဆရာလေး ရှိကိုရှိတယ်...."
"ကျုပ်တွေ့ဖူးတယ်ဗျာ......:"
"ကျွန်တော်အရမ်းအံ့သြသွားပြီဦးပေတ ....အဲ့ကိစ္စကိုပြောပြပါလားဗျာ........"
"အင်း.....ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့(၂)နှစ်ကပေါ့ဗျာ"
"ဒီကျွန်းကနေ တောင်ဘက် စူးစူး ကိုလှော်သွားရင်
မြွေခေါင်း ကျွန်းဆိုတာရှိတယ်......
အဲ့ကျွန်းကို ဘယ်သူမှမသွားကြဘူးဆရာလေး.....
မြွေဆိုးအရမ်းပေါပြီး မီးဂျပ်လို့ခေါ်တဲ့ အရမ်းအဆိပ်ပြင်းတဲ့ဂျပ်မြွေကြီးတွေ က ကျောက်ဆောင်တွေ ကြားမှာ အသိုက်လုပ်ပြီးနေကြတယ်...
သူတို့ကအရမ်းအဆိပ်ပြင်းတယ်ဆရာလေး
ကိုက်မိလို့ကတော့ ခြေသလုံးကိုက်မိရင် ပေါင်ရင်းကနေခုတ်ဖြတ်ပစ်ရတယ်...
မဟုတ်လို့ကတော့ အဆိပ်ကပျံပြီး ချက်ချင်းကျောက်ကပ်ပျက်ပြီးသေတာပဲဗျို့....
ဆေးမရှိဘူးဆရာလေး
အဲ့တာကြောင့်အဲ့ကျွန်းကိုဘယ်သူမှမသွားဘူး.....
ဒါပေမဲ့ ကျုပ်တစ်ခါရောက်သွားတယ်။မုန်တိုင်းကြောင့်
ကျုပ်စက်လှေ ဆက်သွားလို့မရဘဲအဲ့ကျွန်းမှာကပ်ရတဲ့အချိန်ပေါ့။ွှကျုပ်က ဒူးဆစ်ထိရှည်တဲ့ တောစီးဖိနပ်ကိုကြိုးရစ်ထားတဲ့ဖိနပ်နဲ့ဆိုတော့ မြွေကိုက်မှာမပူရဘူးလေ။သွားကအသားကိုမစိုက်မိတော့ဘူး......ကျုပ်လဲ မုန်တိုင်းစဲရော ကျွန်းတစ်ပတ်ပတ်ကြည့်တယ်ဗျ။
အဲ့မှာ ကျောက်ဆောင်တွေ တွေ ကြားမှာကန်လေးလိုဖြစ်နေတဲ့နေရာလေး...ပင်လယ်ရေနဲ့ဆက်နေတယ်ဆိုပေမဲ့ အဲ့နေရာလေးက သီးခြားကန်လေးလို့်ုဖြစ်နေတာဗျ။အဲ့အချိန်မှာဗျား...
ဝုန်းကနဲဆို အသံကြီးထွက်လာပြီး တော်တော်ကြီးတဲ့ငါးကြီး တစ်ကောင်ကန်ထဲကနေရေပေါ်ပေါ်လာတယ်ဗျ။သေချာကြည့်တော့မှာ ငါးမဟုတ်ဘူးဗျို့ အောက်ပိုင်းကငါးအမြှီးကြီးနဲ့ အပေါ်ပိုင်းက လက်တွေပါတယ်ဗျ။ဆံပင်ကောက်ကောက်တွေလဲပါတယ်။
ရင်သားအစုံလဲပါတယ်။လက်ကတော့ လက်သည်းရှည်ကြီးတွေနဲ့ အကြေးတွေကပ်နေတယ်။
မျက်နှာက လူနဲမတူဘူးဗျ အစွယ်တွေ နဲ့ ရေယက်နှစ်ခုလဲ နားရွက်လိုမျိုးကပ်နေတယ်။မျက်လုံးကတော့ နီနီကြီး ။မျက်တောင်တွေ မျက်ခုံးတွေ မပါဘူး......."
"ကြောက်စရာကြီးပါဆရာလေးရာ..... ဆံပင်တွေ ရင်သားအစုံနဲ့ ကိုယ်လုံး ကိုကြည့်မှ မိန်းကလေးလို့သိတာ ကျောမှာလဲ ဆူးတောင်ပါတယ်။ ပြီးတော့ ကျောက်တုံးပေါ်ခနတက်နေပြီး ပြန်ငုပ်သွားတယ်။
ကျုပ်ကိုတွေ့ဟန်မတူဘူးဗျ။ကျုပ်လဲစက်လှေနဲ့ဗရဲဂေါကိုပြန်ခဲ့တယ်။အဲ့ကိစ္စကိုလဲမေ့ထားလိုက်တယ်။
ခုသူရောက်လာလို့ ပြန်စဉ်းစားနေတာပါဗျာ။
နှစ်တွေကြာပြီဆိုပေမဲ့ အဲ့နေရာကဘယ်သူမှမသွားတော့ ရှိနေသေးမယ်ထင်တယ်ဆရာလေး....."
ဦးပေတရဲ့စကားအဆုံးမှာတော့ကျွန်ပ်စဉ်းစားမိတယ် ဦးပေတကရွာရဲ့စံပြငါးမုဆိုးဗျ။လူကြီးလူကောင်း ဟာသပြောလိမ့်မယ်လို့မထင်ဘူး။
နောက်ပြီးကျွန်တော်ကိုယ်တိုင်ကလဲ ရေသူမ ရှိတယ်ဆိုတာ ယုံတဲ့သူ ဆိုတော့ အဲ့ကိစ္စကဖြစ်နိုင်ချေရှိတယ်လို့ကျွန်ပ်တစ်ထစ်ချယုံလိုက်တယ်။
ထို့နောက်ဦးပေတကပဲစကားဆက်တယ်။
" ဆရာလေး......... ကျွန်တော်ကိုဆရာလေးသိသမျှရေသူမအကြောင်းလေးမျှဝေပေးပါဗျာ........."
" ဟုတ်ကဲ့ ဦးပေတ ကျွန်တော်သိသမျှပြောပြမယ်..."
  ရေသူမလို့ပြောလိုက်တာနဲ့ငါးတစ်ပိုင်းနဲ့ ချောချောလှလှမိန်းကလေးကိုယ်ကတစ်ပိုင်းလို့အများစုကထင်ကြတယ်ဗျ။
တကယ်တော့အဲ့လောက်ကြီး ချောမောလှပတာမျိုးမဟုတ်ဘူးဗျ။
အမျိုးစားပေါင်းများစွာရှိတယ်။
လက်တင်နာမည်တွေ၊အင်္ဂလိပ်နာမည်၊စပိန်၊ပြင်သစ်၊နဲ့အခြားဘာသာစကားတွေ  အရနာမည်အမျိုးမျိုးရှိတယ်ဗျ။
ကျွန်တော်ရှင်းသွားအောင်မြန်မာလိုပဲပြောပြပေးမယ်။
သုံးမျိုးခွဲလို့ရတယ်။ရေသူ၊ရေသရဲနဲ့ပင်လယ်စုန်းဆိုပြီးအဓိကခွဲထားတယ်။အများစုကမှားတတ်ကြတယ်ဗျ။
ရေသူ
...................
"ခင်ဗျားတို့သိတဲ့ရေသူမပေါ့ဗျာ။
သူကိုတော့ လူနဲ့အနီးစပ်ဆုံးတူတဲ့အမျိုးအစား၊အနည်းငယ်သာတူတဲ့အမျိုးအစား၊အသားစား၊အသီးအရွက်စား၊အန္တရာယ်ပြုတဲ့အမျိုးအစားနဲ့ လူတွေ မရှိတဲ့ နေရာမှာနေတဲ့အမျိုးအစား ဆိုပြီး အမျိုးမျိုးခွဲခြားလို့ရသေးတယ်။
လူတွေ နဲ့အနီးစပ်ဆုံးတူတဲ့အမျိုးအစားကတော့ လူပတ်ဝန်းကျင်အနီးမှာပဲနေပြီးရေညှိ၊ရေမှော်ပင်တွေ ကိုသာစားသုံးတတ်ကြတယ်။လူတွေ ကိုကြောက်ရွံကြတယ်။ဒါပေမဲ့သူတို့ကစပ်စုတတ်ကြတယ်။လူတွေ ကိုချောင်းကြည့်တတ်ကြတယ်လေ။
အထီးတွေ ကတော့ လူတွေ နဲ့ရှောင်နေလေ့ရှိတယ်။
လူသားတွေဘက် က အန္တရာယ် ပြုတာနဲ့ သူတို့ထွက်ပြေးသွားကြတယ်။နောက်အန္တရာယ်ပြုခံရတဲ့နေရာကိုမလာကြတော့ဘူးတဲ့။သူတို့ရဲ့ အမြှီးတွေ က ရောင်စုံပြီး လှပတယ်။
ကျောရိုးဆူးတောင်မရှိပဲ အကြေးခွံသေးသေးလေးတွေ ရောင်စုံပြီး လှပတယ်။
လက်ချောင်းတွေ ကလဲသွယ်ကြပြီး မိန်းမပျိုလေးနဲ့တူပါတယ်။ရင်သားအစုံနဲ့ အနီရောင် ၊ရွှေအိုရောင်နဲ့ အနက်ရောင်ဆံပင်တွေ ရှိပြီး ကောက်ကွေးနေကြတယ်။
မျက်နှာကလဲ လူနဲ့တူပြီး မျက်တောင်တွေ ရှိတယ်။
အစွယ်ရှိပေမဲ့ သေသပ်တဲ့အတွက်မသိသာပါဘူး။မျက်လုံးကလဲ အရောင်စုံပါတယ်။နားရွက်မပါပဲ
နားရွက်နေရာမှာ ရေယက်သေးသေးလေးနှစ်ခုရှိပြီး။ဆံပင်တွေ နဲ့ ဖုံးထားလေရှိတယ်။ခရုသင်း ခရာမှုတ်တတ်ပြီး လူရှိတဲ့ ကမ်းခြေ၊ကျွန်းတွေ အနီးမှာနေလေ့ရှိတယ်။ရေအောက်ဘာသာစကားကိုသာသုံးကြပါတယ်။
ရေနစ်နေတဲ့သူတွေ ဒုက္ခရောက်နေတဲ့သူတွေ ကိုကယ်ဆယ်ပေးလေ့ရှိတယ်။ကယ်ဆယ်ခံရသူအများစုကတော့ ဘယ်သူဘယ်ဝါကယ်တယ်ဆိုတာမသိလိုက်ကြပါဘူး
သူတို့ကလူနဲ့အနီးစပ်ဆုံးတူပြီး လှပကြပါတယ်။
သူတို့ကို ရေအောက်နိုင်ငံမှ အုပ်ချုပ်ပါတယ် ။ရေအောက်နိုင်ငံက ဘာမြူဒါ တြိဂံ အတွင်းတည်ရှိတယ်လို့ဆိုကြတယ်ဗျ။
ကျောက်သားဓားရှည်၊လှံတွေ ကိုင်ဆောင်တဲ့ ရေသူထီး စစ်သည်တွေရှိတယ်တဲ့......."
..........................
အနည်းငယ်သာတူတဲ့အမျိုးအစားတွေ ကအန္တရာယ်ရှိတယ်။သူတို့ကအသားစားတယ်။လူသား၊ငါး၊ရေသတ္တ၀ါ အသားတွေ ရှာပြီးစားသုံးတယ် လူတွေ ကိုအရင်အန္တရာယ်ပြုလေ့ရှိပြီး ကျောက်လက်နက်တွေ ကိုင်ဆောင်ထားကြတယ်ဗျ။ လူတွေ စီးတဲ့လှေတွေ ရွက်သင်္ဘောတွေ ကိုနစ်မြုပ်အောင်တိုက်ခိုက်ပြီး လူများကို သတ်ဖြတ်စားသုံးလေ့ရှိတယ်။
၁၆ ရာစုက ဗြီတိန် စစ်သင်္ဘောတစ်စီး လမ်းမှားပြီး ကျွန်းတစ်ခုကပ်လိုက်တယ်။ကျွန်းပေါ်မှာဘယ်သူမှမရှိပါဘူး ကျွန်းက ရိက္ခာ တွေယူပြီး ပြန်အထွက် ကျောက်ဆောင်ကြီး တွေနားလဲရောက်ရော ကျောက်ဆူးချွန်တွေ နဲ့ သင်္ဘောသားအချို့ပစ်ခတ်ခံပြီး ရေထဲကျကုန်ကြပါတယ်။နောက်အလောင်းတွေ ကို လူတစ်ပိုင်းငါးတစ်ပိုင်းတွေ က ဆွဲယူသွားကြောင်း
၁၆ ရာစု က မှတ်တမ်းတစ်ခုမှာတွေ့ရပါတယ်တဲ့။
သူတို့က ရေသူ အရိုင်းအစိုင်းတွေ ပါ အမြီးတွေ ကကြီးမားသန်မာပြီး အရောင်အဆင်းမွဲခြောက်ပါတယ် မလှပပါဘူး။
အကြေးခွံတွေ ကလဲ ကြမ်းတမ်းတယ် ။လက်သည်းတွေ ရှိပြီးလက်တံတွေက တုတ်ခိုင်သန်မာတယ်။အစွယ်ကလဲ အပြင်ကိုငေါထွက်နေပြီး မျက်ခုံး မျက်တောင်မရှိဘူးဗျ......
မျက်လုံး ကနီရဲနေတာ။ နားရွက်ပုံစံရေယက်ကအကြီးကြီးတွေဗျ။
ဆံပင်တွေ ကလည်း ကြမ်းတမ်းပါတယ်။
သူတို့ကအသားပဲစားသုံးပြီး လူသားလှေ တွေကိုချောင်းမြောင်းတိုက်ခိုက်လေ့ရှိတယ်။
ဦးပေတ တွေ့တဲ့အမျိုးအစား အဲ့အမျိုးအစားဖြစ်မယ်ဗျ။
နောက်ပြီး သူတို့ကို ရေအောက်တိုင်းပြည်ကပဲအုပ်ချုပ်တယ်။
ရေအောက်ဘာသာစကားပဲသုံးကြပါတယ်....
သူတို့ကလူတွေမရှိတဲ့နေရာမှာပဲနေတာများတယ်။
အန္တရယ်ရှိတဲ့အတွက် မတွေ့အောင်ရှောင်တာကောင်းတယ်ဦးပေတ......"
..................
ရေသရဲ ဆိုတဲ့အမျိုးအစား
"အဲ့အမျိုးအစားကကြောက်ဖို့အရမ်းကောင်းတယ်။သူတို့ကရေသူအမျိုးအစားမဟုတ်ဘူးဗျ။
သူတို့က လူနဲ့လုံးဝကိုမတူတာ အမြီးတွေ ကဆူးတွေ နဲ့ ...အဲ့အဆူးတွေ က အဆိပ်တွေ ပြည့်နေတယ်။
သူတို့လက်ချောင်းတွေ က အရမ်းသန်မာတယ်။လက်သည်တွေ ချွန်မြနေပြီး အကြေးခွံကြမ်းကြီးတွေနဲ့ဗျ။
ဆံပင်မပါဘူး။မျက်နှာက မကောင်းဆိုးရွားလိုပဲ
ကြမ်းထော်ပြီး အစွယ်ငေါငေါတွေ သွေးစသွေးနတွေ နဲ့.....သူတို့ကအသားပဲစားတယ် ရေသူတွေ ကိုလဲဖမ်းဆီးပြီးစားသောက်တယ်ဗျ။လူတွေ ငါးမန်းတွေ ကိုပါဖမ်းစားတာ။အရမ်းအန္တရာယ်များတယ်။သူတို့်ကအမှောင်တွေ ထဲမှာနေတာများတယ်။လက်နက်ကိုင်ဆောင်တာမျိုးမရှိပေမဲ့ သူတို့ခန္ဓာကိုယ်မှာပေါက်နေတဲ့ဆူးတွေ ကအရမ်းအဆိပ်ပြင်းကြတယ်။တိုက်ခိုက်ပြီဆိုတာနဲ့ အဲ့ဆူးတွေ ကိုခါထုတ်ပစ်တာဗျ။ဆူးမှန်လို့မသေရင်တောင်သူ့ရဲ့လက်ချက်နဲ့သူ့အစာဖြစ်သွားရော။သူတို့မှာဘာသာစကားမရှိဘူးဗျ။
ရေအောက်တိုင်းပြည်ကလဲ သူတို့ကိုနှင်ထုတ်ထားတာ။
သူတို့ကတွေ့ရခဲတယ်။တွေ တဲ့သူတွေ ကသူတို့အစာဖြစ်သွားလို့ထင်တယ်နော် ဦးပေတ..."
"ကျောင်းဆရာရယ် ဆရာ ကအတော် စုံတယ်နော်.....ပင်လယ်စုန်းအကြောင်းပြောပြပါဦး......."
"ပင်လယ်စုန်းဆိုတာက ရေသူ တွေ ကနေဆင့်ကဲ့ဖြစ်လာတာဗျ။
ပင်လယ်စုန်းက အစကရေသူတွေ ဗျ...
ရေအောက်တိုင်းပြည်ကတားမြစ်ထားတဲ့ မှော်ကျမ်းတွေ ကျင့်စဉ်တွေ ကို အသုံးပြုမိလို့
သူတို့ဟာ ရေအောက်တိုင်းပြည်ကနှင်ထုတ်ခံရတယ်။
သူတို့က တစ်ယောက်ထဲ ရေအောက်လှိုဏ်ခေါင်းကြီးတွေ မှာ နေထိုင်ကြပြီး သူတို့ရဲ့မှော် ကျင့်စဉ်တွေ ကို ကျင့်ကြံကြတယ်ဗျ။
သူတို့ရဲ့ကျင့်စဉ်တွေ အောင်မြင်သွားရင် သူတို့လှိုဏ်ခေါင်းတွေထဲကထွက်လာကြတယ်။ပုံစံကလဲ ရေသူ နဲ့မတူတော့ဘူးဗျ၊တစ်ချို့က လူတစ်ပိုင်းငါးတစ်ပိုင်း၊တစ်ချို့က လူတစ်ပိုင်းမြွေတစ်ပိုင်း၊လူတစ်ပိုင်းဂဏန်းတစ်ပိုင်းနဲ့ လူတစ်ပိုင်းပုစွန်တစ်ပိုင်းတွေ လဲရှိကြတယ်ဗျ။လူတစ်ပိုင်း ရေဘ၀ဲတစ်ပိုင်းနဲ့ လူတစ်ပိုင်းကင်းမွန်တစ်ပိုင်းတွေ ကတော့ တွေ့ရတာများတယ်ဗျ။တစ်ခုထူးခြားတာက သူတိုရဲ့လူအပိုင်းကအရမ်းချောမောလှပတဲ့အသွင်ရှိတာပဲ။သူတို့်ရဲ့အစွမ်းနဲ့ ငါးတွေ ရေသတ္တ၀ါတွေ ကိုထိန်းချုပ် နိုင်တယ်။သူတို့်ရဲ့ ကိုယ်အရောင်အဆင်းကလဲ အရမ်းကိုလှပပြီးလင်းလက်နေတယ်ဗျ......
ရေအောက်တိုင်းပြည်လဲပြန်မသွားကြတော့ဘူး။
သူတို့သွားတာကတော့ လူတွေ နေတဲ့နေရာဆီ ကိုပဲ...ပြီးရင်တော့ သူတို့ရဲ့အစွမ်းနဲ့ လူတစ်ယောက်အသွင်ဖန်ဆင်းပြီး လူတွေ နဲ့ လက်ထပ်ပေါင်းသင်းပြီး လူအဖြစ်နေထိုင်ကြတယ်....
အရင်ခေတ်တွေ ကအဲ့လို မှော်ပညာတွေ နဲ့ လူအသွင်ဖန်ဆင်းပြီး လူတွေ နဲ့ နေထိုင်သူတွေ ကိုဖမ်းဆီးပြီး သတ်ဖြတ်တဲ့ အဖွဲ့ရှိတယ်ဗျ။မြန်မာလိုဆို စုန်းမုဆိုးလို့ခေါ်တယ်.......
ဒါပေမဲ့ အဲ့အဖွဲ့အစည်းတွေ က အလယ်ခေတ် လောက်ထိပဲ ထွန်းကားပြီး နောက်ပိုင်းမှာအဖွဲ့ဝင်တွေ က သူတို့ရဲ့သားကောင်စုန်းမတွေ၊စုန်းထီးတွေ နဲ့ချစ်ကြိုက်ပြီး အဖွဲ့ကိုသစ္စာဖောက်သွားကြလို့အဖွဲ့က တိတ်တိတ်ဆိတ်ဆိတ် ပဲ ပျက်သွားတယ်။ထက်မြက်တဲ့ လူတွေ ကတော့ တိတ်ဆိတ်စွာပဲနေထိုင်ပြီး သူတို့ရဲ့ ပညာတွေ ကို လူငယ်တွေ ကိုလက်ဆင့်ကမ်းခဲ့ကြတယ်။
ယခုခေတ်မှာ အနည်းငယ်ကျန်သေးပေမဲ့ မရှိသလောက်ရှားပါးကုန်ကြပြီဗျ။
ပင်လယ်စုန်းတွေရဲ့ မှော်ကျင့်စဉ်တွေ က လူသားအဖြစ်ပြောင်းနိုင်တဲ့ ကျင့်စဉ်တွေ ပဲ.
.....ရေအောက်ကမ္ဘာကတားမြစ်ထားတယ်။
ရေသူတွေ နဲ့ လူသားတွေ လုံးဝ ပေါင်းစပ်ခွင့်မရှိဘူး။
ရေအောက်တိုင်းပြည်ကိုလဲ လူသားတွေ မတွေ့အောင် လာလို့မရအောင် မှော်ပညာတွေ နဲ့ကာကွယ်ထားတယ်ဗျ။
ကမ္ဘာဦးအစက လူသားတွေ၊ရေသူတွေနဲ့ အခြားမှော်ဆန်ဆန်မျိုးစိတ်တွေ  အတူယှဉ်တွဲနေထိုင်ကြတယ်။
ရှေးခေတ်နံရံဆေးရေးပန်းချီ တွေမှာ လူသားတွေ နဲ့ ရေသူတွေ အတူတူယှဉ်တွဲနေထိုင်တဲ့ အထောက်အထားတွေ ရှိတယ်။နောက်ပိုင်းမှာတော့.....
လူသားတွေ ရဲ့ လိုအင်ဆန္ဒတွေ ၊လောဘ တွေ ကြောင့်လူသားတွေ ကမ္ဘာကြီးကိုအပိုင်စီးလာကြတယ်။
ရေသူတွေ ကိုသတ်ဖြတ်ပြီး ရေပိုက်နက်တွေ သတ်မှတ်ကြတယ်။အခြားမှော်ဆန်ဆန် သတ္တ၀ါတွေ ကလည်းလူသားတွေရဲ့လက်ချက်နဲ့ သေဆုံးကုန်တယ်။ရေသူတွေ ဟာ လူသားတွေ ကိုမုန်းတီးပြီးလူသားတွေ မလာနိုင်တဲ့နေရာတွေ မှာနေထိုင်ကြတယ်။လူသားတွေ ကိုရှောင်နေတယ်။ရေသူကနေ လူသားအဖြစ်ပြောင်းနိုင်တဲ့ မှော်ကျမ်းတွေ ကိုဖျက်ဆီးခဲ့ကြတယ်ဗျ။
ဒါပေမဲ့ စူးစမ်းတဲ့ ရေသူတွေ ကြောင့်မှော်ပညာတွေ ပေါက်ကြားပြီး ပင်လယ်စုန်းတွေ ပေါ်လာတော့တယ်။သူတို့ကတော့ လူသားတွေ ကြားထဲမှာနေထိုင်ပြီး သူတို့ရဲ့ဘ၀ကိုလူသားအဖြစ်နဲ့ကုန်ဆုံးကြတာပေါ့..."
"ဆရာ​လေး အရမ်း​တော်​တယ်​ဗျာ....ဗဟုသုတလဲနှံ့ပါ့......အ​တော်​​လေ့လာပုံရတယ်​........"
" ဟုတ်​တယ်​ ဦး​ပေတ......ကျွန်​​တော်​က​ရေသူမ
အ​ကြောင်းစိတ်​၀င်​စားလို့်​လေ့လာထားတာပါဗျာ....."
"ကျွန်​တာ်ေ​တာ့ ​ရေသူမရှိတယ်​ဆိုတာ ယုံတယ်​ဗျာ ယုံတမ်းစကားလို့ ​တော့ မထင်ဘူး ဖြစ်​နိုင်​​ချေရှိတယ်​။
လောကကြီး မှာ ကျွန်​​တော်​တို့ မကြုံဖူး​ပေမဲ့ ရှိ​နေတာအများကြီးပဲ​လေ။မ​ကြုံဖူးလို့မယုံဘူး  ဆိုတာမျိုးက​တော့ မ​ကောင်းဘူးဗျို့......   "
"ဒါနဲ့.....ဦး​ပေတက ........."
"ကျွန်​တော်​​ရေသူမသွားဖမ်းမယ်​ဆရာ​လေး..."
"အလို​လေး........ဦး​ပေတနှစ်​​တွေ ကြာ​နေပြီ​လေဗျ....ရှိ​လောက်​ပါ့မလား........"
"ဒါက​တော့ ဆရာ​လေးရယ်​ ....ကံ​ပေါ့.........."
"ဖမ်းမိခဲ့လို့......​ဈေး​ကောင်းရမယ်​ဆိုရင်​ ......​ကောင်းတာ​ပေါ့ဗျာ........"
"ဦး​ပေတ သွားဖမ်းဖြစ်​ရင်​ ကျွန်​​တော့ပါ​ခေါ်ဗျာ.......
ဗဟုသုရတာ​ပေါ့ .....ရှိခဲ့ရင်​လဲ အမြတ်​ပဲ........
မရှိ​တော့ရင်​လဲ အခြား​လေ့လာစရာ​တွေ ​လေ့လာတာ​ပေါ့ဗျာ......."
"လိုက်​တာ​ကောင်းတယ်​ဆရာ​လေး.......ဗဟုသုတ​ပေါ့ဗျာ........ ဆရာ​လေး အ​တွေ့အ​ကြုံ​ကောင်း​ကောင်းရ​စေရမယ်​ ........"
"ကျွန်​​တော်​တို့ပဲလားဗျ......."
ဟုတ်​တယ်​ဆရာ​လေး ကျွန်​​တော်​တို​နှစ်​​ယောက်​ပဲ ....ပစ္စည်း​တွေ ကအဆင့်​သင့်​ရှိပြီးသား.....
အသင့်​ယူပြီးသွားကြရုံပဲ.......ပြီး​တော့ ဘယ်​သူမှမသိ​အောင်​သွားကြမှာ....​​"
ကောင်းတယ်​ဦး​ပေတ.....ဒါနဲ့ဘယ်​​တော့သွားမှာလဲ"
"............မနက်​ဖြန်​..............."
............................................
"ဦး​ပေတ....​မြွေ​ခေါင်း ကျွန်း ​ရောက်​ခါနီးပြီလားဗျ....."
"​ရှေ့နဲနဲဆက်​​မောင်းရဦးမယ်​ဆရာ​လေး......"
ကျွန်​​တော်​တို့ ​သောကြာ​နေ့ညထဲကပြင်​ဆင်​ပြီး
စ​နေ​နေ့မနက်​​ရောက်​​တော့​စော​စောထွက်​လာခဲ့တယ်။ဘယ်​သူမှမ​ပြောပဲတိတ်​တိတ်​​လေးထွက်​လာတာ​...​မနက်​(၁၀)နာရီ​လောက်​​ရောက်​​ရော သိပ်​မ​ဝေး​တော့ဘူးတဲ့ဗျ။
".....ဆရာ​လေး ဟိုမှာ​တွေ့လားဗျ ......
အဲ့​နာ​မြွေ​ခေါင်းကျွန်းပဲ​ဗျာ......"ဦး​ပေတက ​​ကျွန်း​သေး​လေးတစ်​ခုကိုလက်​ညိုးထိုးပြီး​ပြော​​လေသည်​။
"​တွေ့တယ်​ ဦး​ပေတ ​​ကျောက်​​​ဆောင်​ကြီး​တွေ​ပေါသ​ဗျာ........"
"ဟုတ်​တယ်​ဆရာ​လေး ကုန်းပေါ်က​ကျောက်​​ဆောင်​​တွေ ကြားမှာ မီးဂျပ်​​တွေချည်းပဲ အန္တရာယ်အရမ်း​​​​များတယ်​​ဗျာ.....ကိုက်​မိရင်​ ​ဆေးမမှီဘူးဗျ....."
ထို့​နောက်​ကျွန်​​တော့်​ကို ဖိနပ်​တစ်​ရံထုတ်​​ပေးတယ်​။တောစီးဖိနပ်​ဗျ။ထူးခြားတာက ဖိနပ်​မှာ ကြိုး​တွေ ရစ်​ထားတာပဲ.....​တော်​​တော်​​တော့​လေးတယ်​​ဗျ။
" ဆရာ​လေး စီးရတာအဆင်​မ​ပြေဖြစ်​​ပေမဲ့ဒီလို​နေရာမျိုးအရမ်းဟန်​ကျတယ်​​ဗျာ.....
မြွေသွားက အသားထဲဝင်​ဖို့​နေ​နေသာသာ ပတ်​ထားတဲ့ကြိုး​တွေနဲ့ သွားကို ကုပ်​ထားသလိုဖြစ်​​နေတာဗျ......မစိုးရိမ်​ရဘူး​ပေါ့ဗျာ...."
ကမ်းသို့ကပ်​​သော်​ ကျွန်​ပ်​အား မှိန်းတစ်​​ချောင်းထုတ်​​ပေးသည်​။ဦး​ပေတက​​တော့ ပိုက်​များ ကြိုးများနှင့်​ဘာရီဘာရအိတ်​တစ်​လုံး၊ထို့​နောက်​တူမီး​သေနတ် တစ်​လက်​လွယ်​၍ ​ရှေ့မှသွား​လေသည်​။
ကျွန်​​တော်​တို့သွား​နေရင်း ဦး​ပေတက သူ့အစီအစဉ်​ကို ကျွန်​ပ်​အား ​ပြောပြ​လေသည်​။
" ပိုက်​ကိုသုံးပြီး အရှင်​ဖမ်းမယ်​ဆရာ​လေး.....အဆင်​မ​ပြေရင်​တော့ တူမီးနဲ့ပစ်​သတ်​လိုက်​မယ်​ .....
အ​သေလဲ ​ဈေးရမှာပါ........"
"ဦး​ပေတ ​......ရေသူမ က​ရော ရှိတာ​သေချာရဲ့လား ....."
ရှေ့နားက ​ရေကန်​နားမှာ​တွေ့တာဆရာ​လေး .....ခန​နေရင်​ တူတူသွားကြည့်​မယ်​.....မရှိရင်
ငါးလိပ်​​ကျောက်​ဖမ်းပြန်​မယ်​​လေ .....ကျွန်းပတ်​၀န်း
ကျင်​မှာ ငါးလိပ်​​ကျောက်​​တွေ ​ပေါတယ်​ ဆရာ​လေး.......​ရေသူမ မရ ငါးလိပ်​​ကျောက်​ဖမ်းပြန်​​ပေါ့
ဗျာ.....ဟားဟား......"
ကျွန်​​တော်​က​တော့ ​ရေသူမရှိပါ​စေပဲ ဆု​တောင်း​နေရတယ်​​.....​တွေ့ချင်​တာကိုး....
ထို့​နောက်​​နေ့ခင်းသုံးနာရီလဲ​ရောက်​​ရော ကျွန်​​တော်​တို့သွားကြည့်​ကြတယ်​...အ​ဝေးက​နေ​ပေါ့ဗျာ....
"အလို​လေး....."ရေသူမတကယ်​ရှိတယ်​ဗျာ......ကျွန်​​တော်​ အလွန်​အမင်းအံ့သြသွားသလို ကိုယ့်​မျက်​စိလဲ ကိုယ်​မယုံနိုင်​ဖြစ်​သွာတယ်​ဗျ.....
ဘာလို့လဲဆို ​ကျောက်​​ဆောင်​​ပေါ်မှာ တစ်​​စောင်းလှဲ​နေတဲ့ လူတစ်​ပိုင်းငါးတစ်​ပိုင်းကို​တွေ့လိုက်​ရတယ်​ဗျ.....ဆံပင်​အနီ​ရောင်​​တွေ နဲ့...
ဦး​ပေတ​ပြောတဲ့အတိုင်းကွက်​တိပါပဲဗျာ......
ပိုထူးဆန်းတာက သူမရဲ့ ရင်​သားအစုံမှ နို့ရည်​​သောက်​စို့​နေတဲ့ လူတစ်​ပိုင်း ငါးတစ်​ပိုင်း က​လေးငယ်​​လေးနှစ်​​ယောက်​ကို​တွေ့လိုက်​ရတယ်​။
"ဦး​ပေတ အဲ့​ရေသူမနဲ့ သူက​လေး နှစ်​​ကောင်​ကို ဘယ်​လိုဖမ်းမလဲဗျ......."
"ကျွန်​​တော့်​မှာပိုက်​​တွေ ပါတယ်​ ပိုက်​အုပ်​ဖမ်းမယ်ဗျာ​.....ဆရာ​လေးက ပိုက်​ကြိုးသာ ၀ိုင်းဆွဲ​ပေး....."
"ဟုတ်​ပြီ...ဦး​ပေတ...."
ပြော​ပြောဆိုဆိုပင်​ ဦး​ပေတက ပိုက်​ဆွဲကာ တူမီးလွယ်​လျှက်​​ရှေ့မှ သွား​လေသည်​....
ကျွန်​​တော်​လဲ မှိန်းကိုင်​၍လိုက်​ရ​တော့သည်​။
ရေကန်​နား​ရောက်​​သော်​......ဦး​ပေတက ကျွမ်းကျင်​​ရေမုဆိုးပီပီ ပိုက်​ကို လွားခနဲ့ပစ်​လိုက်​​လေသည်​။
"...၀ှစ်​....ဂူးဂရား....."ပိုက်​အုပ်​ချက်​က ကွက်​တိကျ​သောကြောင့်​ ​ရေသူမ​ရော သူ့က​လေးနှစ်​​ယောက်​ပါအုပ်​မိ၍ ​ရေထဲသို့ကျသွား​လေသည်​။ကျွန်​​တော်​​ရော ဦး​ပေတ​ရော ပိုက်​အားဆွဲတင်​ကြ​တော့သည်​။
ထိုစဉ်​မထင်​မှတ်​ထား​သော အခြင်းအရာတစ်​ခုဖြစ်​သွား​လေသည်​.....
".....ဒုတ်​.....အား......"
"ဦး​ပေတ....."ဦး​ပေတဗိုက်​သို့ ​ကျောက်​သားဆူးတစ်​ခုစိုက်​၀င်​သွား​လေသည်​.....ထို့​နောက်
ဝုန်း......ဆိုပြီး အသံထွက်​လာပြီး​ရေထဲမှ ​ရေသူတစ်​​ကောင်​ခုန်ထွက်​လာကာ ဦး​ပေတအား ဆွဲချရန်​ကြံစည်​​လေသည်​။ထို​ရေသူမှာ အထီးဖြစ်​ဟန်​တူသည်​.....မိထား​သော​ရေသူမထက်​ အ​ကောင်​ကြီး၍ ရင်​​သားများမရှိပါ ဆံပင်​မှာ အနက်​​ရောင်​ဖြစ်​ပြီး လက်​သည်းများဖြင့်​ကုတ်​ဆွဲ၍ဦး​ပေတအား​ရေထဲဆွဲချရန်​ကြံစည်​​လေသည်​။သို့​သော်​ အထမ​မြောက်​ ဦး​ပေတ၏ တူမီး ကျည်​ဆံက ထို့သူ၏ ​ခေါင်းအားထိမှန်​၍ရုပ်​ဆိုးဆိုးမျက်​နှာမှာ ပွင့်​ထွက်​သွား​လေသည်​။
ထို့​နောက်​ဦး​ပေတလဲ ဒဏ်​ရာအရှိန်​နှင့်​ ​ရေထဲသို့ထိုးကျသွား​လေသည်​။
ကျွန်​ပ်​မှာ ဦး​ပေတအား ကယ်​ဆယ်​ရမည်​​လော...ထို​ရေသူမ သားအမိများအားသတ်​ပစ်​ရမည်​​လော....
ဝေခွဲမရဖြစ်​​နေ​လေသည်​.....ဦး​ပေတမှာ အသက်​ရှင်​ရန်​မဖြစ်​နိုင်​​တော့ ​ကျောက်​ချွန်​၏ စိုက်​၀င်​မှု​ကြောင့်
အသက်​ရှင်​ရန်​လမ်းစမရှိ​တော့​ပေ။
ထို့​နောက်​ကျွန်​ပ်​ ဆုံးဖြတ်​လိုက်​​လေသည်​......ထို့​ရေသူများမှာ အန္တရာယ်​ ရှိသူများဖြစ်​​သည်​ ။ဦး​ပေတလဲ ဆုံးပြီ...အရှင်​ထား၍မရ သတ်​ပစ်​မည်​ဟုဆုံးဖြတ်​၍.....မှိန်းကို
တင်းတင်းဆုပ်​ကိုင်​ကာ ထို​ရေသူမ ထိုးရန်​ကြံစဉ်​လိုက်​သည်​။ရေသူမမှာလည်း သိသဖြင့်​ အပြင်း
အထန်​ ပိုက်​အတွင်းမှ ထွက်​ရန်​လူးလွန့်​လျက်​ရှိသည်​။
ထို့​နောက်​ တစ်​​ဖြေ​ဖြေးငြိမ်​သွားကာ ကျွန်​ပ်​ ကိုကြည့်​​နေ​လေသည်​။ဒေါသနကြီး ထိတ်​လန့်​ဖွယ်​ မျက်​နှာမှာ
အမူအယာ​ပြောင်း၍ ကျွန်မျက်​နှာငယ်​ဖြင့်​ကြည့်​​​နေ​လေသည်​။
ကျွန်​ပ်​၏​ဒေါသများလည်း​ပြေ​လျော့ကာ ထို့်​ရေသူမကိုပြန်​ကြည့်​မိ​လေသည်​။
ရေသူမှာ ဖမ်းစဉ်​ကကဲ့သို့်​ဒေါသတကြီး မဟုတ်​​တော့ သနားစဖွယ်​ အမူအယာဖြင့်​သူမအား မသတ်​ရန်​​တောင်းဆို​နေသ​ယောင်​ရှိသည်​။
ကျွန်​ပ်​စဉ်းစားမိ​လေသည်​။သေတဲ့သူလဲ​သေပြီဖြစ်​သည်​။ရေသူမ၌ က​လေးငယ်​များလဲရှိ​နေ​သည်​။
အကယ်​၍ကျွန်​ပ်​သတ်​ပစ်​လျှင်​ အပစ်​မဲ့​သော​ရေသူက​လေးငယ်​တို့ဒုက္ခ​ရောက်​ရ​ပေမည်​။
အမှန်​စင်​စင်​အပြစ်​ရှိသူမှာ ကျွန်​ပ်​တို့ သာဖြစ်​​လေသည်​။သူများအသိုက်​အမြုံ သို့လာ၍ ကျွန်​ပ်​တို့၏ကိုယ်​ကျိုးစီးပွားအတွက်​သူများမိသားစုအားခွဲရန်​ကြံစည်​ခြင်းဖြစ်​​လေသည်​။
မည်​သို့ပင်​ဆို​စေကာမူ ကျွန်​ပ်​တို့လူသားများသည်​ သမိုင်းတစ်​​လျောက်​လုံး ၌ အခြားသတ္တ၀ါများအားဒုက္ခ​ပေးခဲ့ကြ​လေသည်​။
ကျွန်​ပ်​တို့၏​လောဘ၊လိုအင်​ရမက်​များ​ကြောင့်​  အချို့​သောသတ္တ၀ါတို့မှာ မျိုးသုန်း​ပျောက်​ကွယ်​ကုန်​သည်​။
ထို့​နောက်​ထို​​​ရေသူမ​နှင့်​က​လေးငယ်​များအားလွှတ်​​ပေးရန်​ဆုံးဖြတ်​လိုက်​သည်​။
ကျွန်​ပ်​ ပိုက်​ကို ဖြဲထုတ်​လိုက်​သည်​။
ရေသူမမှာလဲ ကျွန်​ပ်​အား ရန်​မူခြင်းမပြု​ပေ။
ထို့ေ​နာက်​ သူမ၏က​လေးငယ်​နှစ်​ဦးပါ ​ရေထဲသိုချ​ပေးလိုက်​သည်​။ ကျွန်​​တော်​အားသူစိုက်​ကြည့်​​နေ​လေသည်​​။ရန်​မူမည့်​အရိပ်​အ​ယောင်မရှိပါ။
ကျေးဇူးတင်​သည့်​ မျက်​လုံးမျိုးများသာဖြစ်​​လေသည်​။
ကျွန်​ပ်​လဲ ကြည့်​​နေရင်​ .........
"၀ုန်း......​ဖြောင်း......"
လောကကြီးတစ်​ခုလုံးအ​မှောင်​ကျကာ
ကမ္ဘာကြီးနဲ့ကျွန်​​တော်​ ခဏအဆက်​အသွယ်​ပြတ်​သွား​လေသည်​။
................................
"ဆရာ​လေး.....ဆရာ​လေး........"
ခေါ်သံ​ကြောင့်​ကျွန်​ပ်​လန့်​နိုးလာ​လေသည်​။
ရေသူမ​၏အမှီးရိုက်​ချက်​​ကြောင့်​ကျွန်​ပ်​​မေ့​​မြော​နေသွားခြင်းဖြစ်​​သည်​......
"ဆရာ​လေး သတိရလာပြီလား........"
ဆရာ​လေး ကမ်းစပ်​မှာ​မေ့လဲ​နေတာ.....ခရု​ကောက်​တဲ့က​လေး​တွေ ​လာ​ပြောလို့ ကျွန်​မ တို့်သိတာ...."
"ဦး​ပေတ​ရော.....ဦး​ပေတ....."
"သူက မ​နေ့ ထဲကမရှိတာ ပင်​လယ်​ထဲသွားတယ်​ထင်​တယ်​။ဆရာ​လေးက မ​နေ့​ကကမ်း​ခြေမှာ ​မေ့လဲ​နေတာ ည​နေ၅ နာရီ​လောက်​မှာ ​တွေ့လို့ ....
ဆရာ​လေးရယ်​ မ​သေ​ကောင်းမ​​ပျောက်​​ကောင်း ကမ်း​ခြေမှာ မူး​လဲ​နေရတယ်​လို့ ...."
ကျွန်​ပ်​ဘာမှ ​ပြောချင်​စိတ်​မရှိ​တော့ပါ......ကျွန်​ပ်ကြုံ​ခဲ့တဲ့​ရေသူမအ​ကြောင်းမည်​သူမှ မ​ပြောပြ​တော့ပါ။
ဒိုင်​ယာရီ ထဲမှာ​တော့​ရေးမှတ်​ထားမိတယ်​။
ရေသူမက အမှီးနဲ့ရိုက်​ပြီး ​မေ့​နေတဲ့အချိန်​ ကမ်း​ခြေပို့ထားတာဖြစ်​မယ်​ဗျ။
ပြီးခဲ့တာ​တွေ လဲ ပြီးခဲ့ပါပြီ​လေ.....
ဦး​ပေတအ​ကြောင်းက​တော့ ကျွန်​​တော်
ကလွဲဘယ်​သူမှမသိ​ဘူး​လေ တစ်​ကျွန်းလုံးက ပင်​လယ်​ထဲငါဖမ်း
ထွက်​ရင်​ ​ပျောက်​သွားတယ်​လို့ပဲသိထားကြတယ်​။
တစ်​ကိုယ်​​ရေတစ်​ကာယသမားမို့ မိသားစုမရှိ​တော့ ဘယ်​သူမှလဲ အ​ရေးတယူမပြုကြဘူး​လေ။
ကျွန်​ပ်​ကြုံခဲ့တဲ့​ရေသူမကလဲ ဒိုင်​ယာရီ စာအုပ်​ရဲ့​နောက်​ဆုံးစာ​ကြောင်းမှာပဲပြီးသွားပြီဗျ။
တစ်​ခါတစ်​တ​လေ​တော့ သတိရပါတယ်​ဗျာ......
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
                     Henery Cool Flame
ပြိတ်​သတ်​တို့​ရေ မ​ရေးတာကြာ​တော့ လက်​ပျက်​သွားတယ်​။အလုပ်​မအားဘူးဗျ.....
၁ ရက်​နေ့ထဲက​ရေးထားတာ ခုမှ ပြီးတယ်​။
အ​ဟောင်း​လေး​တွေ လဲ ပြန်​ပြင်​ဆင်​ပြီးတင်​​ပေးမယ်​။မန့်​​တွေ ထဲက အချက်​အလက်​​တွေပါစု​ပေါင်းပြီး....
အပ်​​ပေးပြပါဦး​နော်​ gp ထဲကလူအားလုံးနဲ့ fri ဖြစ်​ချင်​တာဗျ.....​နောက်​ထွက်​မှာ​လေး​တွေ wall မှာ ​ကြေညာ​ပေးထားမယ်​။ခုစာမူ​လေးကိုဖတ်​ပြီးရင်​ မန့်​​ပေးကြပါ​နော်​.......သမန်းကျားအ​ကြောင်း​​လေးစဉ်းစားထားတယ်​။
Post a Comment