သစ်‌ကုလားအုပ်‌‌တွေက အမြင့်‌၆မီတာ‌လောက်‌ရှိတယ်‌ နိုင်းနိုင်းစ‌နေ

သစ်ကုလားအုပ်တွေက အမြင့်၆မီတာလောက်ရှိတယ်။ သူတို့ရဲ့ခေါင်းက တိုက်၃ထပ်လောက်ကို လှမ်းမီတယ်။ တိရစ္ဆာန်လောကမှာ သူတို့ဟာ "အရပ်အမြင့်ဆုံးဆု" ပေးအပ်ခြင်းခံထားရတဲ့ သူတွေပေါ့။ ဒါပေမယ့် မြင့်တဲ့အရပ်ကြောင့် သူတို့မှာလည်း အဆင်မပြေမှုတွေရှိတယ်။
.
ရေသောက်တဲ့အချိန် ခေါင်းငုံ့သောက်လည်း ရေကို သူတို့မမီဘူး။ ဒါကြောင့် ခန္ဓာကိုယ်ကိုလဲချပြီး သောက်ရသလို ရှေ့ခြေထောက်ဖြဲကားပြီးလည်း သောက်ရတယ်။ အိပ်တဲ့အချိန်မှာ လဲပြီးမအိပ်ရဲဘူး၊ လဲအိပ်ရင် တကယ်လို့ ရန်သူရုတ်တရက်ရောက်လာရင် ချက်ချင်းမထနိုင်လို့ အိပ်ရင် ရပ်အိပ်ရတယ်။
.
ဂုဏ်ပကာသနက ပျော်ရွှင်မှုတွေကိုပဲ သယ်လာမှာမဟုတ်ပါဘူး။ တစ်ခါတလေမှာ ထုတ်ဖော်ပြောပြလို့မရနိုင်တဲ့ ဦးနှောက်ခြောက်စရာတွေလည်း အများကြီးပါလာတတ်တယ်။
.
#NineNineSaNay @ နိုင်းနိုင်းစနေ
.

Post a Comment