ကယ်​တင်​ရှင်​ သခင်​မ​လေး အပိုင်း 9+10+11+12+13+14[ဇတ်​သိမ်း]

''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~
အပိုင်း(9)

''ဟိတ်''

''အမလေး''

အသံနဲ့တူ သူမ ကုတင်ပေါ်ကပြုတ်ကျသွားသည် သူမမြင်
လိုက်ရတာက ခေါင်းကိုဇောက်ထိုးချပြီး ဆံပင်ဖျားလျားကြီးနဲ့
ခေါ်သံနဲ့အတူ သွေးစက်တွေက သူမမျက်နှာပေါ်ကျလာသည်

''ဟား ဟား''

သဘောကျစွာရယ်နေသော သရဲမလေးကြောင့်

''အဲ့လောက် လန့်အောင်ခြောက်ရလား နန်းဆန်ရယ်
လိပ်ပြာတောင်ဘယ်လွှင်သွားလဲမသိဘူး''

''ဒါ ငါ့ရုပ်အမှန်လေ''

ဟုတ်ပါသည် ဒါနန်းဆန်ရဲ့ သူရုပ်အမှန် သူမအသတ်ခံခဲ့ရ
သည် သေပြီးသွားသည့်တိုင် သူမဘဝက ကျွတ်လွတ်ခွင့်မရှိ
သေး

''နင် ဘယ်လိုသေခဲ့လဲ နင်မမှတ်မိဘူးလား''

''ဟင်အင့် ငါမသိဘူး ငါသိတဲ့အချိန် ငါ့ဝိညာဉ်က နင့်ဆီရောက်
နေတာပဲ ကျန်တာငါမမှတ်မိဘူး''

နန်းဆန်က သူမရဲ့ တစ်ကိုယ်တော်တစ္ဆေမလေးပေါ့ အစနောက်
ကလည်းသန်သည် သူမက ဒီဘဝမှာပျော်နေသည် တစ်ခါတစ်ခါ

''ငါ နင့်အနားမှာပဲအမြဲနေပေးမယ် နင် ငါ့ကိုကြိုက်ရာခိုင်းပါ
ငါ့ကို နေစရာလေးပဲပေးနော်''

အစတုန်းက လျှံ အကြောက်လွန်ပြီး မောင်းထုတ်ဖူးသည် ခု
တော့လည်း တစ္ဆေသရဲဆိုတာကြောက်စရာမဟုတ်ဘဲ သနား
စရာတွေမှန်း လျှံ နားလည်လာသည်

''နင်မှတ်မိအောင်ကြိုးစားပါ အဲ့ဒါမှနင်လွတ်လပ်စွာ နေထိုင်ခွင့်
ရမှာ''

''ငါ!''

''ဒီဘဝမှာ ပျော်နေပြီလို့ မပြောနဲ့ နန်းဆန် သရဲတစ္ဆေကို
ဘယ်သူမှမနှစ်သက်ဘူး မသေခင်တာချစ်ကြတာ သေပြီဆို
တာနဲ့ အပုပ်ကောင်ဆိုပြီး လွယ်လွယ်စွန့်ပစ်ကျပြီးသား
နင့်ခန္ဓာက ကြွေပြီးပြီး ဒီလိုဖြစ်နေတာ ပျော်စရာမဟုတ်ဘူး
အဲ့ဒါ လောကငရဲပဲ''

''အင်းပါ ငါကြိုးစားပါ့မယ်''

''ဟုတ်တယ် နင်ကလည်းအတိတ်ကိုမေ့ထားတယ် ငါကလည်း
ငါ့လိုအပ်ချက်တိုင်းနင့်ကိုအသုံးချခဲ့တယ် ခုဆို ရှစ်နှစ်ရှိပြီ
နေရာမှန်ပြန်သွားသင့်ပြီ''

''ဟုတ်ပါတယ် ငါ့ဘဝမှန်ကိုပြန်ရောက်အောင် ငါကြိုးစားရမယ်''

''ဒါမှပေါ့''

လျှံ တိုးတိတ်စွာ အပြုံးတစ်ချက်ပြုံးလိုက်သည် လူမှန်နေရာမှန်
ပေါ့ ခုချိန်ထိသူမသာသိထားခဲ့တဲ့ ဦးလေးဖြစ်သူရဲ့ လျှို့ဝှက်
ချက်တွေ

''နင် ဘာတွေသိခဲ့လည်း ဒီခါ နင်သွားတာအရမ်းကြာတယ်''

''ငါ ရွာတစ်ရွာကို သွားခဲ့တာ လူသုံးယောက်သတ်ခဲ့မိတယ်
ငါ လေ ငါ တကယ်ဆို''

''နင့် အပြစ်မဟုတ်ပါဘူး ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့''

''ဟင်အင့် မဟုတ်ဘူး ငါ နင့်ဘေးနားရှိတဲ့အချိန်ပဲ ငါကလူ
ကောင်းတစ်ယောက်ဖြစ်နေတာ''

''နင့်စိတ်ကို နင်ထိန်းမကြည့်ဘူးလား''

''ဟင်အင့် မရဘူး ဦးမိုးခ ခေါ်တာနဲ့ ငါ့စိတ်တွေ တဖြေးဖြေးနဲ့
ထွေလာတယ် ပြီးရင် စိတ်ရိုင်တွေဝင်ပြီး ငါက မကောင်းဆိုးဝါး
ဖြစ်သွားရော''

''နင်ရှာပါ နင့်ခန္ဓာကို တစ်နေရာရာမှာတော့ရှိလိမ့်မယ့် အဲ့ဒါ နင်
ကော ငါ ကော မသိတဲ့နေရာပဲ''

''ဟင် !''

''ဟုတ်တယ် နင်မြင်ရတဲ့ တစ္ဆေတွေက ပြယုတ် သက်သက်ပဲ
အဲ့ရဲ့နောက်ကွယ်မှာ မကျွတ်သေးဘဲရှိနေတဲ့ နင့်လိုလူတွေ
အများကြီးရှိသေးတယ် ခုချိန်ထိရေမယ်ဆို နင်တစ်ယောက်ထဲ
သတ်ခဲ့တာပဲ လူအယောက်တစ်ရာနီးပါးရှိနေပြီ''

''ငါ ဟာ ငါ တကယ်ပဲ''

''မသိသင့်သေးဘူး ထင်လို့ ငါ ဘယ်သူ့မှ မပြောတာ အများအမြင်မှာ သူက သူတော်ကောင်းလေ ဘီလူးခေါင်းဆောင်
းထားမှန်း  ဘယ်သူမှမသိဘူး ဒါတွေ သိခဲ့တာ နင့်ကျေးဇူးတွေ
အများကြီးရှိခဲ့ပါတယ် နင့်တွက်အမှန်တရားကို နင်မရှာနိုင်မှ
တော့ ငါကိုယ်တိုင်ရှာရတော့မှာပေါ့''

''ကျေးဇူးပါ ဟာ ငါ့ကိုယ် ငါ မမှတ်မိတဲ့ ဘဝကို ငါ မခင်တွယ်
တော့ပါဘူး ''

''ကောင်းပြီ ဒီခါ ဦးလေးခေါ်တဲ့ချိန်နင်မသွားနဲ့''

''ငါ မသွားချင်ပါဘူး ဒါပေမဲ့ ''

''နင့်စိတ်ကို နင်မနိုင်ဘူး လို့ ပြောချင်တာလား အဲ့တွက်နင်မပူ
ပါနဲ့''

သူမ ခေါင်းအုံးအောက်က ကနုတ်ကိုဆွဲယူလိုက်သည်

''ဒါ ကြီး နဲ့ ငါ့ ကို''

လျှံ ဘာ လုပ်တော့မယ်ဆိုတာသိနေတဲ့နန်းဆန်က

''မလုပ် ပါ နဲ့ နော် ငါ ကြောက် ကြောက် တယ်''

''ခနတာ နာကျင်မှုကို နင်ကြောက်နေမယ်ဆို ဒီဘဝကနေ
နင်မလွတ်မြောက်နိုင်ဘူး''

''သေလောက်အောင် နာတာကို ငါ''

''နင့်ရှေ့က လူတွေတောင် လက်ခံခဲ့သေးတာ သူတို့နာပေမဲ့
သူ့တို့မှာရည်မှန်းချက်ရှိတယ် အဲ့ဒါ ဘာလဲ နင်သိပါတယ်
မကောင်းဆိုးဝါးဖြစ်ရှင်သန်နေရမှာထက် သူတို့ရဲ့လွတ်မြောက်
လမ်းကို သူတို့ရွေးသွားတာ''

''ငါ ငါလေ''

လျှံ ကနုတ်ကို မီးပူထဲထည့်လိုက်သည် နီရဲနေသော သံချွန်လေး
ကို အရည်တစ်ခုလောင်းလိုက်သည် ထိုအရည်က ပရိတ်ရေနဲ့
ပရဆေးကိုဖျော်ဆပ်ထားသော ဆေးရည်

''စပြီနော် နာရင်လည်း အောင့်ခံ''

သံချွန်လေးက နန်းဆံရဲ့ လက်ကောက်ဝတ်ကို စပြီး ဆူးဝင်
သည် သေလူမို့သွေးမထွက်ပေမဲ့

''အား နာတယ်''

သူ့တွက်ဘဝတွေနဲ့ ဆန့်ကျင်တဲ့အရာဖြစ်လို့ တစ်ခါစိုက်ဝင်တိုင်
း အသဲခိုက်အောင်နာသည် ဦးမိုးခသုံးတဲ့ဆေးက နူးညံ့သည်
စိတ်ရိုင်းတွေဝင်နေတာကြောင့် နာကျင်မှုဆိုတာလည်းမရှိ ခု

''ပြီးပြီ''

နန်းဆန် လက်ပေါ်က လျှံထိုးပေးတဲ့ အရုပ်လေးကိုကြည့်ပြီး

'' ဒါ က''

''ငါနဲ့တူတူပဲ ဒီကိစ္စမှာ ငါကိုယ်တိုင်ပါမှာမို့ နင်တစ်ခုခုဖြစ်တာနဲ့
ငါ ကြိုတင်တားနိုင်အောင်''

စကားပြောနေရင် နန်းဆန်အပေါ်ဆေးရွက်တစ်ခုအုံပေးလိုက်
သည် နာကျင်မှုက ချက်ခြင်းပျောက်သွားသည်

''ဒီအရွက်က ရှားတယ် ဟိုတစ်ခါတောထဲသွားတုန်းက ငါခူး
လာတာ သူ့ကိုမီးကင်ပြီး ဆေးရည်စိမ်ထားလိုက်ယုံနဲ့
အနာသက်သာတယ်''

ခနနေတော့ ပြန်ခွာလိုက်သည်

''ဟင်!''
လက်ပေါ်က ထိုးထားတဲ့ အရုပ်ကိုမတွေ့တော့

''ဒီအရုပ်က နန်းဆန်ကော အခြားဘယ်သူမှ မမြင်နိုင်တော့ဘူး
လျှံ ကလွဲရင်''

''ဘယ်လိုလုပ်လိုက်တာလဲ''

''ငါ ပြောပြီကော ဆေးက စွမ်းတယ်လို့ သူက တောထဲက
တောင်ဆောင်းတွေမှာပေါက်တယ်  အင်ခေါင်းရွက်လို့ခေါ်တယ်
တော်တော်များများမသိကြဘူး အရွက် နင်မြင်တဲ့အတိုင်းပဲ
အနားနှစ်ဖက်က ဆူးလေးပါပြီး အရွက်ဝိုင်းလေး အလယ်ကျ
နှစ်ထပ်ပုံလေးဖြစ်နေတာ ''

''အင်း ဟုတ်တယ်နော်''

''ငါ နားချင်ပြီ''

''အင်း ငါ ဒုက္ခလာပေးသလိုဖြစ်နေပြီ''

''ရပါတယ် ခုတော့ ငါလည်းပင်ပန်းလို့အိပ်ပြီ''

သူမက ပြောပြီးတာနဲ့ အပူပင်ကင်းစွာ အိပ်ပျော်သွားသည်
*
*
***
''အဖေ ဒါတွေမလုပ်ပါနဲ့ ''

''တော်စမ်း စေတမန် မင်းက ငါ့သား ငါ့ကိုဆရာမလုပ်နဲ့''

''အဖေ အဲ့လို တစ်ခါလုပ်တိုင်း သားဒဏ်ရာရတယ်အဖေ လူကို
မီးလောင်နေသလိုပဲ အဲ့ချိန်တိုင်း လျှံတို့နဲ့ဝေးရာမှာ ကျတော်
နေရတယ် သားကိုယ်သားမလုံဘူး အဖေ''

''ဘာကွ! သား မင်း ဘာပြောလိုက်တာလဲ ''

သူ့လက်ကို အဖေ့ရှေ့ထိုးပေးလိုက်သည် မီးလောင်ပုကြီးလို နီရဲ
ဖောင်းကြွနေတဲ့ လေးညို့ထားတဲ့မျှားတံ

''ဒါတွေက ဘယ်လို''

''အဖေ လူတစ်ခါသတ်တိုင်း သား တစ်ခါဒီလိုဖြစ်တယ်
ဆယ်ရက်တစ်ပတ်နေမှပျော်တယ်အဖေ အဲ့ဒီအချိန်ထိ ဒီဒဏ်
ရာက ပူလောင်နေတာပဲ အဖေ့အတွက် သားအပြစ်ပေးခံရတာ''

''ဘာ!''

''အဖေလည်းသိမှာပါ သားတို့လေးယောက်လုံး အမှတ်သားကိုယ်စီပါတာ အချင်းချင်းသစ္စာဖောက်မိတိုင်း
ဒီအမှတ်သားက အပြစ်ပေးတယ်''

ဦးမိုးခ ဒီလိုဆန်းကြယ်သောဖြစ်ရပ်တွေကို အံ့သြမိသည်
ဒီကလေးလေးယောက်လုံး ထူခြားမှန်း သူလက်ခံပါသည်
ဒါပေမဲ့ သူ့လိုအပ်ချက်တွက် သူ့ဆန္ဒအတွက် သူပေးစပ်ဖို့
အဆင်သင့်ရှိပြီးသား အဲ့ဒါက သားတစ်ယောက်ဖြစ်နေလျှင်
တောင်မှပေါ့

''မင်းကို ငါလူဖြစ်အောင်မွေးခဲ့ပြီးပြီပဲ ဒီအသေးဖွဲ့လောက်နဲ့
မင်းမသေသွားဘူး စေတမန် မင်းယောက်ျားမဟုတ်ဘူးလား''

ယောက်ျားမို့လို့ပေါ့လို့ပြောချင်သည် မင်းမှာကတိ လူမှာ သစ္စာ
တဲ့ ဘယ်မှာလဲ သစ္စာတရား ဒီအချိန်ထိ သူဖုန်းကွယ်ပေးခဲ့သည်
လူအသက်ပေါင်းများစွာသေဆုံးမှုအပေါ်အဖေဆိုတဲ့အသိနဲ့
အတ္တတွေကြီးခဲ့ဖူးသည် ဒါငါ့အဖေဆိုတဲ့အသိနဲ့ သူငယ်ချင်းတွေကိုလိမ်ညာခဲ့ရသည် ဆက်ပြီးလည်း သိသွားတဲ့
တစ်နေ့တော့ ငါ့ကိုခွင့်မလွတ်ကျပါနဲ့ကွာ

''မင်းက ငါ့သား ဒါတွေ မင့်အတွက်လုပ်နေတာ မင့်ရှေ့ရေး
အတွက်''

ကျတော့်အတွက်လို့ မပြောပါနဲ့အဖေရာ အဖေ့ရည်ရွယ်ချက်တွေအတွက်လို့ပဲပြောစမ်းပါ အမေ အမေ
ဆိုတာကိုလည်း အဖေ သားဘဝထဲကဆွဲထုတ်သွားပြီးပြီ
ထိုနေ့က အဖေလူမှန်းမသိအောင် အဆိပ်ရည်တွေသောက်လာ
ခဲ့သည် ထိုအရည်က မူးယစ်စေသောမုယောဆန်အရက်

''မသတ်ပါနဲ့ မသတ်ပါနဲ့''

တံခါးတစ်ဖက်ကနေပြီး သူမျက်ရည်သုတ်သုတ်ကျမိသည်

''မင်း သေရမယ် မင်းက ငါ့ကိုချစ်တာမဟုတ်ဘူး ခုချိန်ထိ
မင်းရင်ထဲမှာ မင်းခပဲရှိနေတာ မင်းကိုသတ်မယ် ဟား ဟား''

အမေ့ကိုဘာလုပ်လိုက်သည်မသိ သူကြည့်နေတုန်းအမေလဲကျ
သွားသည် အားလုံးကိုပြောလိုက်တာက အမေရောဂါနဲ့ဆုံးတာ
တဲ့ အမေကျန်းမာရေးမကောင်းပေမဲ့ ရောဂါနဲ့ဆုံးတာမဟုတ်မှန်း
သူသိနေခဲ့သည်

အဖေကတော့ စိတ်ဆိုးဆိုးနဲ့သူ့ရှေ့ကထွက်သွားပေပြီ
ငါ့ရဲ့အမှားတွေအတွက် ငါပြန်ပေးဆပ်ပါ့မယ် ခုတော့ ငါ့ကို
ဆက်မိုက်ခွင့်ပြုပါ

''ဘုန်း ဝုန်း''

''အား !''

ပစ္စည်းပြိုကျသံတွေနဲ့အတူ မြေအောက်ခန်းထဲ အပြေးဆင်း
ခဲ့မိသည် မြင်ရတဲ့ မြင်ကွင်းက မယုံနိုင်အောင်ပါပဲ
*
*
****
~~~~~~~~~~~~~~~~~~~~~~~~~


''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~~~
အပိုင်း(10)

စေတမန် မြင်လိုက်ရသောမြင်ကွင်းကြောင့် အဖေဖြစ်သူဆီ
ပြေးလာမိသည်

''အော့ အော့ ဝေါ့''

သွေးမည်းတွေ မြင်မကောင်းအောင်အန်နေပြီး ရင်ဘတ်ကို
လက်နဲ့ဖိထားလေသည်

''အဖေ ရရဲ့လား''

''ဖယ်!''

အဖေ့ကို တွဲထူမဲ့သူ့လက်တွေကိုပုတ်ချပြစ်သည် နာကျင်မှုနဲ့
အတူဒေါသနဲ့နီမြန်းနေတဲ့ အဖေ့မျက်နှာက ကြောက်စရာ
ကောင်းနေသည်

''ကျတော်အဖေ့ကိုတွဲပေးမယ် ''

နောက်တစ်ခါတွဲတာကို ဝင်မတားတော့ အဖေကိုယ်တိုင်လည်း
မဟန်မှန်းသိနေသည်လားမသိ အဖေ့ကိုတွဲကာ အခန်းထဲပြန်
ခေါ်လာခဲ့သည် အိပ်ယာမှာလဲသိပ်ပြီးစောင်ခြုံပေးလိုက်သည်

''အော့ ဝေါ့''

သူထွက်မယ်လုပ်တော့ အန်ပြန်သည် ဒီတစ်ခါ အဆိပ်မိတာ
တော်တော်ပြင်းပုံပါပဲ သူအဖေသောက်နေကျဆေးကိုယူပြီး
တိုက်မယ်လုပ်တော့

''နေနေ ငါမရတော့ဘူး အိုက် ကိုခေါ်လာခဲ့''

''ဟုတ်ကဲ့''

အိုက် ဆိုတာ အဖေ့ရဲ့ လူယုံပါ အသက် သုံးဆယ်လောက်ရှိပြီး
သန်မာသောလူတစ်ယောက် ဦးလေး အိုက် ရှိရာ အိမ်လာခဲ့ပြီး

''ဦး အိုက်''

နွား တစ်ကောင်ကိုအမဲဖျက်နေသော ဦးအိုက်ကိုတွေ့ရသည်
သရဲတွေက အမဲကြိုက်တော့ အမဲဖျက်တာမြင်ရတာ သူ့တွက်
မဆန်း

''သခင်လေးပါလား လာ လာ ထိုင်အုံး''

''မထိုင်တော့ဘူးဗျ အဖေတော်တော်ဖြစ်နေလို့  ဦး အိုက်ကို
လာခေါ်တာ''

''ခနက ကျုပ်ပြန်ခဲ့တော့တောင် အကောင်းကြီးပါ''

''ဟုတ်တယ် ခု သွေးမည်းတွေ အရမ်းအန်နေတယ်''

''လာ လာ သွားမယ် ဒါဆို ဆရာ့ အခြေနေတော်တော်ဆိုးတယ်''

ဦးအိုက်နဲ့အတူ အိမ်ပြန်လာခဲ့ရပြန်သည် အိမ်ရောက်တော့
အဖေ့အခြေနေကမကောင်း

''ဆရာ ဆရာ သတိထားအုံးလေ ကျတော်ရောက်ပြီ''

''ဟင်! အိုက် မင်းဘာလုပ်လိုက်တာလဲ ဟိုတစ်ယောက်အလော
င်းကို''

''ဗျာ! ကျတော်သေချာထိန်းသိမ်းထားပါတယ် ဆရာ''

''ခု သူ့ကို ထိန်းမရဘူး အစောင့်တစ္ဆေလည်းမထိန်းနိုင်ဘူး
ငါ့ အင်အားတွေဆုံးရှုံးထားတယ်''

''ကျတော် ခုပဲ သွားပါ့မယ် ဆရာ''

ဦး အိုက်က အဖေ့ကိုပြောကာ ချက်ချင်းထသွားသည် အဖေက
လည်းသတိလစ်သွားပေပြီ အဖေသတိလစ်မှုနဲ့အတူ သူ့လက်ကအမှတ်သားလေးကလည်း ချက်ချင်းလင်းလာသည်



တစ်ဖက်မှာလည်း

''အား နာတယ် နာတယ် မခံနိုင်တော့ဘူး ဖျက် ဖျက်ပေး ပါ''

''………………''

''ငါ မရတော့ ဘူး လျှံ ငါ့ကို ဖျက်ပေးနော် အရမ်းပူတယ်''

လျှံ နန်းဆန် စကားကို ဆက်နားမထောင်တော့ပဲ လက်က
သတိပေးချက်နဲ့အတူလိုက်လာခဲ့သည် အချက်ပြရာအတိုင်း
လာခဲ့တော့ ဘိုးဘေးတွေမြှုပ်နှံရာ သချိင်္ုင်း သူမအပင်တစ်ခုကို
ကွယ်ရပ်လိုက်သည် သူမမြင်နေတာက အလောင်းတစ်ခုကို
အသဲအသန်တူးဖောက်နေသော ဦးအိုက်  ခနနေတော့ တူးနေတာကိုရပ်လိုက်ပြီး အလောင်းကိုဖောက်လိုက်သည်
ပြီးတော့ ဖွင့်လိုက်တာမြင်သည် သေချာတာ ဒါနန်းဆန်
အလောင်းပေါ့ ဒါကြောင့် အလွယ်တကူရှာမတွေ့နိုင်ခြင်း
လျှံ မျက်နှာကို ပုဝါစည်းလိုက်သည် ပြီးတော့ ရှေ့ထွက်လိုက်
သည်

''ဒီမှာ''

''မင်း ဘယ်သူလဲ ဒီနေရာက အမြန်ထွက်သွာစမ်း''

လျှံ ကိုအလွယ်တကုမမှတ်မိနိုင်ပါ ဘာလို့ဆို မိုးကြိုးဓါးပါမနေ
ခြင်းကြောင့်

''မထွက်ရရင်ရော''

''ဟာ ပြောမရတာ သေရော''

လှံရှည်ကို ဝေ့ယမ်းလိုက်တာကြောင့် လျှံ ရှောင်တိမ်းလိုက်သည်
ပြီးတော့ ဓါးနဲ့ ပြန်ပြီးထိန်းလိုက်သည် ဦး အိုက်က လှံကို
သုံးတဲ့နေရာမှာဆရာတစ်ဆူမို့ လျှံ ပိုပြီးသတိထားနေရသည်
ပြီးတော့ ဓါးက သူမဓါးလို ကိုင်ရတာပေါ့ပါးခြင်းမရှိ
ဓါးနဲ့လှံထိသံကြား

''ချွမ်း ''

လျှံ ဓါးတစ်ဝက်က ကြိုးသွားသည် သူမလည်း ဟန်ချက်ပျက်ပြီး
လဲသွားသည်

''သေပေတော့''

လျှံကိုထိုးစိုက်လိုက်တဲ့ လှံကို တတ်နိုင်သမျှ ခုခံလိုက်ပေမဲ့
သူမလောကကြီးနဲ့ အဆက်သွယ်ပြတ်သွားခဲ့သည် သူမနိုး
လာတော့ ထိုနေရာမှာပဲရှိနေခဲ့သည် ဦးအိုက်လည်း ထိုနေရာ
မှာပဲသေဆုံးနေခဲ့သည် နန်းဆန် ဟင်! နန်းဆန် အလောင်း
လည်းမရှိတော့ပါလား သူမ ထိုနေရာမှပြေးထွက်ခဲ့သည်
သူမရဲ့အိမ်တော်ကို သူမလုပ်ပေးခဲ့တာကြောင့် နန်းဆန်ကို
နောက်ထပ်ထိခိုက်လို့မရမှန်းသိသည် ပြဿနာက အလောင်း
ထပ်ပျောက်သွားရင် သူမမကာကွယ်ပေးနိုင်တော့

''နန်းဆန် နန်းဆန်''

သူမတစ်ခန်းလုံးနံ့အောင်ရှာပေမဲ့ နန်းဆန်ကိုမတွေ့

''မမလေး''

သူမခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့ နန်းဆန်ကို
တွေ့ရသည် ထူးခြားတာက သူမကတောက်ပစွာပြုံးနေသည်

''နန်းဆန် မမလေးကို နှုတ်ဆက်ပါတယ်''

''နှုတ်ဆက်တယ် ဟုတ်လား''

''ဟုတ်ကဲ့ ခု နန်းဆန်လွတ်မြောက်သွားပြီ မမလေးကိုကျေးဇူး
ပါနော်''

''ဘယ်လို''

''ငါ ကူညီလိုက်တာ''

သူမ တအံ့တသြဖြစ်နေချိန် နောက်ကဝင်လာသူကြောင့်

''စေတမန် နင်''

''ဟုတ်တယ် ငါပဲ ''

''နင် ဒီလိုလုပ်လို့မရဘူးလေ နင့်အဖေ''

''ငါ့အဖေအတွက်ပဲ ငါလုပ်တာ အဖေဘာပဲဖြစ်ဖြစ်အဖေက ငါ့အဖေပါ အဲ့တွက် ငါ့ကိုဖြေဆေးပေး ငါအဖေ့အသက်ကို
အချိန်မှီကယ်မှရမယ်''

''ငါ့မှာ ဘယ်လိုလုပ်ပြီး ရှိမှာလဲ''

''အဖေ့ဆီက ဒဏ်ရာကို ငါကြည့်ပြီးပြီ ငါ့အဖေကလည်း နင်းဦး
လေးပါ နင်စာနာစိတ်ရှိသင့်ပါတယ်''

လျှံ ဖြေဆေးထုတ်ပေးလိုက်သည်

''ငါ သွားမယ်''

သူမ စေတမန်ထွက်သွားရာကိုကြည့်ပြီး

''အစောတုန်းက အကိုလေးအရမ်းငိုနေခဲ့တာ''

''ဟင်!''

''မမလေးကို ကယ်ဖို့ ဟိုလူကြီးကို အကိုလေးသတ်လိုက်တာ''

ဟုတ်မှာပေါ့ သူမသတိရလာတော့ ဦးအိုက် သေနေပြီ ဦးအိုက်
က စေတမန်ကိုအရမ်းချစ်တာ လျှံ သိသည် စေတမန် ပါးစပ်က
လည်း ဦးအိုက်တော်ကြောင်း သူ့ကိုဘယ်လောက်ချစ်ကြောင်း
အမြဲကြွားတတ်သည်

''နန်းဆန် သွားရတော့မယ် မမလေး အရာအားလုံးအတွက်
ကျေးဇူးတင်ပါတယ်''

လျှံ ကြည့်နေတုန်း အဖြူရောင်အငွေ့တွေကြားမှာ နန်းဆန်
ပျောက်သွားသည်

*''နင်အဆင်ပြေလားလို့တော့ ငါမမေးတော့ပါဘူး''

''ရပါတယ် ဟာ ဦးအိုက် သူ့အမှားတွေအတွက်ပေးဆပ်ရတယ်
လို့ပဲ ငါတွေးပါတယ်''

''ဟိတ်!''

''ဘယ်ပျောက်နေတာလဲ''

''လန့်လည်းမလန့်ဘူး''
ပြောပြီး ကြယ်နဲ့ အလင်းက တစ်ဖက်တစ်ချက်ဝင်ထိုင်သည်

''အဖေ့ ညီအမှုသွားရှင်းနေရတာ နင်လည်း သိသားတဲ့ ငါ့ဦးလေး
က မမူးခင်အကောင်း မူးပြီဆို သောင်းကျန်းတော့တာ ခုလည်း
သူ့မိန်းမသူပြန်သတ်တာလေ''

''ရုံးတော်က ဘယ်လိုလုပ်လိုက်လဲ''

''အမှုက ကိုကြီးစိုင်းကိုင်တာ ထောင်ကျတာပါပဲဟာ''

''ကိုကိုကဘာမှမလုပ်ပေးဘူးလား''

''ကိုကြီးအကြောင်းလည်းသိသားနဲ့ ကိုကြီးကအမြဲမှန်မှန်ကန်
ကန်ပဲလုပ်တာကို ထိုက်တဲ့အပြစ်တော့ခံရမှာပေါ့ ကိုကြီးက
နင့်ကိုမေးနေတာ အရင်လိုမှ ဆိုးရဲ့လားတဲ့''

''ဘာ !''

''ငါလည်း ဆိုးတယ်လို့ပြောတာပေါ့ သူများတွေစိတ်ပူအောင်ခန
ခနလုပ်တတ်တာလို့''

''နင်တော့ သေတော့မယ်''

လျှံက သူ့ကို ထုရိုက်လေသည် နှစ်ယောက်သား ပြေးရင်း
လွှားနေတာကိုကြည့်ပြီး ကျန်နှစ်ယောက်စိတ်ထဲမှာလည်း
သူတို့ရင်ထဲက လမင်းလေးကို သာစေခြင်ကြပါသည်

''တော့်တော့နော် လျှံ ပြီးမှ ငါ့အဆိုးမဆိုနဲ့''

''အောင်မယ် နင်က ပြောရသည်ရှိသေး''

''မောတယ်ဟ မပြေးနဲ့တော့''

စေတမန်တို့နား ပြန်ထိုင်နေလိုက်သည်

''မင်းတို့ကလေ မတွေ့နဲ့တွေ့ရင် ကိုက်နေတာပဲ''

''ကိုလင်းနော် ညီက ဘာမှမလုပ်ဘူး သူကစိတ်ကြီးတာ''

''နင်ကကော သူများသာယာနာပျော်ဖွယ်ပျော်ဖူးလား ငါ့ဆိုအကောင်းမပြောဘူး''

''ကဲ တော်တော့ အတူတူနဲ့အနူနူကို ဟုတ်ဘူးလား စေတမန်''

''ဟုတ်တယ် ဟုတ်တယ်''

သူတို့နှစ်ယောက်က တည်ငြငိမ်သလောက် အသက်လည်းသိပ်
မကွာဘဲ လျှံနဲ့ကြယ်တို့က ပျော်ပျော်နေတတ်ကြသူတွေ
:
:
:
''ကျွီး ''

တံခါးပွင့်သံနဲ့အတူ အဆောင်အပြင်ဘက်ထွက်ဖို့ပြင်နေသည့်
လူတစ်ယောက် ခြေသံကိုဖော့နင်းကာ အောက်သို့ တဖြေး
ဖြေးဆင်းလာသည် လှေကားတစ်ဝှက်လောက်ကျနားလိုက်ပြီး
ရေဘူကို ဖွင့်သောက်လိုက်သည်

''ဘုန်း''

''ထွီး''

''တောက် တောက်''

အသံတွေစုံအောင်မြည်သွားသည် စိတ်တိုတိုနဲ့နောက်ကိုလှည့်
ကြည့်တော့ သူ့ကိုမျက်လုံးပြူးပြီးကြည့်နေသော…………

~~~~~~~~~~~~~~~~~~~~~~~~~~~
''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~~~~
အပိုင်း(11)

''နင် ဒီကို ဘယ်လိုလုပ်ပြီး''
သူမယုံနိုင်သောမျက်ဝန်းတွေနဲ့ကြည့်နေမိသည်
''နင့် အကြောင်း ငါ့အပြင်သိနိုင်အုံးမလား ငါသိတာ ကြာပါ့
ဒီအခန်းကိုနင် ဖွဲ့နေကတည်းက တော်တယ်နော် လှေကားတွေ
ကော နောက်ဆုံးထွက်ပေါက်ဆို ပိုအံ့သြဖို့ကောင်းတယ် ဂါထာ
လေးရွတ်ရုံနဲ့ အပေါ်တက်ဖို့လှေကားကျလာတယ် အဆင်းကျ
လည်းအဲ့လိုလေးပဲ''
''တော်တော်သိနေတယ်ပေါ့ ဟုတ်လား''
''အင်း နင်မာယာဂူကိုသွားမှာမို့လား နင်ကကြောက်စရာကောင်း
တယ်နော်''
''ဘာ!''
''နင် ဘာလို့ ဒီလိုညတိုင်း သွေးသောက်လဲ ''
''အဲ့ဒါ ငါ့ကိစ္စ နင် ဒီကနေလှည့်ပြန်လိုက် ''
''ငါ သိချင်တာတော့ မေးရမှာပဲ နင့်ကြောင့်လူတွေသေနေတယ်
နင် ဘာလို့ သတ်နေရတာလဲ နင်ကကော ဘာလို့သွေးစုပ်ရတာ
လဲ နင်တို့သုံးယောက်လုံးတစ်ယောက်တစ်မျိုးစီထူးခြားနေကြ
တယ် ဒါပေမဲ့ ငါလိုက်မမှီဘူး''
''နင်က ငါတို့ထဲမှာ အဖြူစင်ဆုံးလူပါ  နင်မသိချင်ပါနဲ့ ငါပြော
မှာမဟုတ်ဘူး ခုလည်း နင်ဆက်မလိုက်လာနဲ့''
''ဟင်အင့်မရဘူး ငါလိုက်မှာ''
''နင် သေရလိမ့်မယ် ငါနဲ့လိုက်ရင် ငါ့စိတ်တွေ ပုံမှန်မဟုတ်တဲ့
အခါ ငါ နင့်ကိုသတ်မိလိမ့်မယ်''
''နင် ငါ့ကိုသတ်မှာမဟုတ်ပါဘူး နင်က တစ္ဆေတွေကိုနှိမ်နင်းသူ
ပြီးတော့ ငါ့ကိုအလွယ်တကူမသတ်နိုင်သလို ငါလည်း လွယ်လွယ်သေမှာမဟုတ်ဘူး''
''ကိုယ့်ကိုယ့်ကိုဘာလို့ အဲ့လောက်ယုံကြည်နေလဲ''
''ငါ အယုံကြည်ရဆုံးက နင်မို့ပဲ ပြောပြပါ နင်ဘာလို့ သတ်ခဲ့
တာလဲ''
''ငါ မသတ်ချင်ပါဘူး ဒါပေမဲ့ ငါ့အင်အားပြည့်ဖို့တွက် သွေးလို
တယ် အစက တောရိုင်းတရိစ္ဆာန်တွေကိုပဲ သတ်တာ  ငါလူသတ်ခဲ့တာ တစ်နှစ်ပဲရှိသေးတယ် လပြည့်ညတိုင်း ငါသွေး
လိုတယ် ဘာကြောင့်လဲ နင်သိလား''
''ဟင်အင့် ''
''ငါ လူမဟုတ်တော့လို့ပဲ''
''ဘာ!''
အသံနဲ့အတူ သူမခြေလှမ်းတွေက နောက်ကိုဆုတ်သွားသည်
ကြယ်မျက်လုံးတွေကို စိုက်ကြည့်တော့ နီရဲနေသည် ဒီနေ့က
လပြည့်ည
''နင် သွားတော့ ငါ သွေးဆာတဲ့အချိန်ကျ နင့်ကိုသတ်မိမှာပဲ''
''ဟင်အင့် ငါမသွားဘူး''
''သွားတော့လို့ ငါပြောနေတာ တောင်းပန်တယ် သွားတော့
ငါ နင့်ကိုသတ်ပြီး နောင်တမရချင်ဘူး''
သူ့စကားအဆုံး ကြောက်လန့်သောမျက်ဝန်းတွေနဲ့ကြည့်ကာ
ထွက်သွားသော လျှံကြောင့် သူပိုရင်နာမိသည် သူသေသွားခဲ့
ပါပြီ လွန်ခဲ့သော ရှစ်နှစ်ကျော်ကာလက ထိုအချိန်က သူ လျှံကို
ရှာဖို့ တောထဲသွားရင် တောင်စောင်းကပြုတ်ကျခဲ့သည် ရင်ဘတ်ကိုအချွန်နဲ့ထိုးမိပြီး သူသတိရလာတဲ့အချိန်မှာ နန်း
တော်ကြီးတစ်ခုကိုရောက်နေခဲ့ပြီး သူ့အသက်ရှင်ဖို့ အမိန့်တစ်ခု
ရခဲ့သည်
''မင်းက အသက်ကြွေတာစောရှာတာကို ဒါပေမဲ့ မင့်တာဝန်
မပြီးသေးဘူး ကြယ်တာရာ လူ့လောကကိုမင်းပြန်သွားရမယ်
မင်းအသက်ရှင်ဖို့ ငါ့စွမ်းအင်တွေထုတ်ပေးခဲ့မယ် လျှံကို
သွားကယ်ပါ''
ထိုစကားတစ်ခွန်းနောက်မှာ သူ လျှံအနားဘယ်လိုရောက်သွား
ခဲ့တယ်ဆိုတာမသိခဲ့ သူ့လက်က ဓါးမြောင်လေးကိုလွှဲပစ်လိုက်
တော့ ကျားကြီးသေသွားခဲ့သည် လျှံအဖေရဲ့အစွမ်းတွေနဲ့အသ
က်ပြန်ရှင်ခဲ့ပေမဲ့ သူ့အင်အားတွေကိုလျှံအဖေကပြန်ယူသည်
ထိုအတွက် သူ့အင်အားတွေကိုပြန်ဖြည့်ရသည် သူမာယာဂူကို
ရောက်တော့ အဆင်သင့်ရှိနေတဲ့လူတစ်ယောက်ကိုသွေးစုပ်လို
က်သည်
''အား အား''
သွေးတွေကုန်ခမ်းသွားသည်နဲ့ ဖြူဖျော့ကာလဲကျသွားသည်
''မင်းတော်တယ် ကြယ်တာရာ ဟား ဟား''
အသံပေးလိုက်တဲ့လူကြောင့် သူကြည့်လိုက်သည်
''ဂဏ္ဍ မင်း ဘယ်လို ဒီကို''
''မင်း မှတ်ဥာဏ်တွေကိုတော့ ဘုရင်မင်းမြတ်က မချေဖျက်လိုက်
ဘူးကို ''
''လျှံ ကိုနှောက်ယှက်ရင် ငါ ဒီတိုင်းငြိမ်နေမှာမဟုတ်ဘူး ဂဏ္ဍ''
''ငါမနှောက်ယှက်ပါဘူး ငါ သူ့ကို သိပ်ချစ်တာ မင်းသိပါတယ်
ငါ့ဒေါသကြောင့် လျှံကြောက်သွားတာကိုနားလည်တယ် ခု လူ့
သက်တမ်းမကုန်သေးတော့ ပြန်ခေါ်မရဘူး အချိန်တန်ရင်တော့
ြ့ပန်လာရမှာပါ''
''မင်း !''
''ဟား ဟား မင်းတို့ ဘယ်ဘဝမှ ပေါင်းခွင့်မရှိဘူး ဘာလို့လဲသိ
လား လျှံက မင်းမျိုးနွယ်ဖြစ်နေလို့ပဲ ငါ့ဘက်က ခွင့်လွှတ်မှုမရ
သမျှ မင်းတို့ကရှင်လျက်နဲ့ကွာနေမှာပဲ''
သိုက်နန်းတွေရဲ့စည်းကမ်းက တင်းကြပ်သည် ထိုစည်းကမ်းက
မင်းမျိုးနွယ်အပေါ်မှာမူတည်ခဲ့သည် အထူးသဖြင့် သစ္စာကြီးမား
သွော ဝေသကတိုင်းပြည်ကြီးအတွက် သူကစည်းကမ်းကိုဖျက်မိ
ပြီးပြီ ဘာလို့ဆို သူတို့တိုင်းပြည်က အကျိုးမဲ့စွာလူသတ်ခွင့်မရှိ
ကိုယ်ကျိုးအတွက်သတ်ဖြတ်သူကို မိစ္ဆာဟုခေါ်သည် ခု သူက
''မင်း ဘဝ မင်း နားလည်မှာပေါ့''
သူ ခေါင်းကို ငုံ့နေမိသည် ငါတို့ ဘဝတွေက ဝေးရမှာပဲ အစ
ကတည်းက သူတို့မျိုးရိုးက သူဆက်မတွေးခြင်တော့ပါ ဖြစ်လာ
ခဲ့သမျှ ကိုယ့်ဆန္ဒတွေမပါခဲ့ပေမဲ့
''ဒီဘဝမှာ ရှိနေသ၍ ငါ မင်းတို့ကို ကူညီမှာပါ''
ပြောပြီး သူ့ရှေ့က ပျောက်သွားသည်
*
*
*
တစ်နေ့ထက်တစ်နေ့ စာအုပ်ဖတ်ဖို့ပဲ သူစိတ်ဝင်စားသည် ခုလည်း စာပေမှာထူးချွန်တဲ့သူက နေပြည်တော်မှာ တာဝန်ထမ်း
ဆောင်ဖို့ အရာရှိစာမေးပွဲသွားဖြေရတော့မည် အဝတ်စားတွေကို
ထုတ်ပိုးလိုက်ပြီး
''အမေတို့ကို သားကန်တော့ပါတယ်''
''အေးပါကွယ် လမ်းခရီး ဂရုစိုက်ပါ''
''ညီကော ဘာပြောစရာရှိလဲ''
''မပြောတော့ဘူး အလင်း မင်းက ကိုယ့်ကိုယ့်ဂရုစိုက်နိုင်တဲ့လူ
ပါ ကျန်းမာရေးတော့ဂရုစိုက်''
''အေးပါကွာ ဒီခါ ငါပြန်လာရင် တောပစ်ထွက်မယ်လို့ကတိပေး
တယ် အမေတို့ကိုဂရုစိုက်ကွာ''
''ဟုတ်ကဲ့''
သူတားခဲ့မိပါလိမ့်မယ် ကံကြမ္မာကိုသာ ကြိုမြင်နိုင်ခဲ့ရင် အဝေး
ဆုံးရောက်အောင် ခွဲလွတ်လိုက်တဲ့ ရည်ရွယ်ချက်တွေကို
မြင်းနဲ့ထွက်သွားတဲ့ အစ်ကိုဖြစ်သူကျောပြင်ကိုကြည့်ပြီး
သူသက်ပြင်းချမိသည် မင်းကံကောင်းပါစေ အလင်း
''အလင်း အရွေးခံရမှာပါ''
သူ ပခုံးကိုပုတ်ကာပြောလိုက်တဲ့ စေတမန်ကြောင့်
''ငါလည်း အဲ့လိုပဲ ထင်ပါတယ် မင်းကကော ဒီလိုအခွင့်ရေး
ကောင်းမျိုးကို ဘာလို့လက်လွတ်ခဲ့လဲ''
''အဖေ နေမကောင်းဘူး ပြီးတော့ လျှံနဲ့ငါကိုနေရာချဖို့ စီစဉ်
နေတယ် သွားဖြစ်တော့မယ်မထင်ပါဘူးကွာ ပြီးတော့ ငါက
ဒီမြို့လေးရဲ့အဝေး ထွက်မသွားနိုင်ဘူးလေ''
''ငါကောပဲ အလင်းကရည်မှန်းချက်ကြီးတယ်ကွ သူဖြစ်ချင်ရာ
ဖြစ်အောင်လုပ်နိုင်တယ် ''
''ထပ်တူပါပဲ လာ မင်းကို ငါပြစရာရှိတယ်''
''အင်း''
စေတမန်ခေါ်ရာ သူလိုက်လာခဲ့သည် မြို့ပြင်က အိမ်လေးတစ်
အိမ်
''လာ အထဲဝင်''
အိမ်လေးထဲ ဝင်တော့ ကင်းမြင်တွေ အလိမ်းလိမ်းတက်နေသည်
''ငါ မရောက်ဖြစ်တာ ကြာပြီကွ မင်းကို ပထမဆုံးခေါ်လာတာပဲ
ငါ စိတ်ညစ်တဲ့အချိန်တုန်းကတော့ စိတ်ဖျော်ဖြေရာနေရာတစ်ခု
အဖြစ်သတ်မှတ်ခဲ့သေးတယ် နောက်တော့''
စေတမန် မျက်ဝန်းက နာကျင်မှုတွေကို သူမြင်နေခဲ့သည် မဟုတ်လား
''နောက်တော့ ဒီနေရာက ငါအမုန်းဆုံးနေရာတစ်ခုဖြစ်လာတယ်
လူသတ်လက်နက်တစ်ခုမှန်းငါသိလာတယ်''
''မင်း ဘာပြောချင်တာလဲ''
သူပြောနေတုန်း တံခါးတစ်ခုကိုတွန်းဖွင့်လိုက်သည်
''အဟွတ် အဟွတ်''
ဖုန်တွေကြောင့်ချောင်းပါဆိုးမိသည် ဘယ်ချိန်ကတည်းကပိတ်
လောင်ထားသည်လည်းမသိ ပြောရလျှင် နှစ်တွေကြာနေပြီ
''မင်း ကြည့်လိုက်''
သူ့ရှေ့က အခေါင်းတစ်ခုကိုညွှန်ပြသည် အလောင်းကိုကြည်တော့ နှစ်တွေတောင်ကြာလို့ အရိုးဆွေးနေပြီ
''သူနာမည်က ထီခမ်း အသက်အားဖြင့် ငါးနှစ် သူ့ကို ငါသတ်ခဲ့
တယ် အဲ့ချိန်တုန်းကတော့ ငါ ဒီကလေးကိုသတ်နိုင်ပြီဆိုပြီး
ငါ့ကိုယ့်ငါဂုဏ်ယူခဲ့တယ် နောက်ထပ်လည်း ငါထပ်သတ်ခဲ့
တယ် လူ ခုနစ်ယောက်နီးပါးသတ်ပြီးတဲ့နောက် ငါပေးဆပ်လိုက်
ရတာ ငါ့အမေ''
''ဟာကွာ မင်းဘာလို့ ဒီလိုလုပ်ခဲ့တာလဲ''
''ငယ်စိတ်နဲ့ ငါစူးစမ်းခြင်ခဲ့တယ် ငါပျော်ခဲ့တယ် ဂါထာလေး
တစ်ပုဒ်ရွတ်ရုံနဲ့ သူတို့တွေသေခဲ့ကြတယ် ငါတဖြေးဖြေးအစွမ်း
ရှိလာခဲ့တယ် အဲ့ပညာအပေါ်အာရုံစိုက်လွန်းလို့ တစ်ခြားလူတွေ
မိသားစုပြိုကွဲကုန်တာ ငါမမြင်နိုင်ခဲ့ဘူး မကောင်းတဲ့အရာတွေနဲ့
ဆက်မိုက်နေခဲ့တယ် ငါအသိဝင်ခဲ့တဲ့အချိန်မှာ ငါ့အမေကို
အဖေသတ်လို့သေခဲ့ပြီ''
''ဦးလေးမိုးခက ''
''ဟုတ်တယ် ငါ့အဖေသူတော်ကောင်းယောင်ဆောင်ကြီးကြောင့်
ငါအတတ်ကောင်းတွေတတ်ခဲ့တယ် နောက်ဆုံးတော့ အမေ့
ကိုပါစတေးလိုက်ရတဲ့အထိပဲ''
''ဖြစ်ရလေကွာ ဒါတွေ ငါတို့ ဘာမှမသိရပါလား''
''ငါ မပြောဖြစ်ခဲ့ဘူး ငါ လျှံကို ကြောက်လို့''
''ဟုတ်တယ် လျှံ မှာ ငါတို့ မသိသေးတဲ့အစွမ်းတွေရှိနေတယ်
ဒါကို သူကိုယ်တိုင်လည်း အသုံးမချတတ်ဘူး ''
''အင်း လျှံကဖြူစင်ပါတယ် သူ့ဘဝတစ်လျှောက်လုံး အသက်
တစ်ချောင်းကယ်လာတာ ငါငြင်းမှရမယ်''
''မင်း မင်းလည်းသိနေတာလား''
''အင်း အရင်ဘဝကလည်း ငါသူ့အစ်ကိုတော်ပဲလေ အဲ့ချိန်တွေ
ကတော့ ငါ့ဘဝကအသန့်စင်ဆုံးရှိခဲ့ပါတယ် မင်းကတော့''
''ငါက ပိုဆိုးပါတယ် ကိုယ့်အမှားကိုယ်သိနေလည်း ငါ့ကိုယ်ငါ
မပြုပြင်နိုင်ဘူး''
''ဟင်!''
''မင်း မသိသေးတဲ့အကြောင်းရာတစ်ချို့ ငါပြောပြမယ်''
သူ့ဘဝအကြောင်းတွေပြောပြမိသည်
''ငါက ရှင်လျက်နဲ့ သေပြီးသားလူပေါ့''
''မင့်အမှားလို့ ဘာလို့ထင်ရတာလဲ မင်းကမှ တကယ်ပေးဆပ်
နိုင်သူ အဲ့ဒါကြောင့်လည်း လျှံအသက်ရှင်ခဲ့ရတာပေါ့''
''မဟုတ်ဘူး ဘုရင်မင်းမြတ်ကယ်ခဲ့တာပါပဲ သူပေးတဲ့အသက်
သူအစွမ်းတွေကြောင့်လငါခုလိုရှင်သန်နေနိုင်တာ ငါတို့ရဲ့လူ့သ
က်တမ်းက သိပ်မကြာတော့ပါဘူး အချိန်တန်တော့လည်း
ဂဏ္ဍလက်ထဲထည့်ပေရမှာပဲ''
''မဟုတ်ဘူး လျှံ မင်းကိုသိပ်ချစ်တာ စွန့်လွှတ်ဖို့တွေမပါခဲ့ဘူး
မင်းကြောင့်ပဲ သူ ဒီလမ်းကိုရွေးခဲ့တယ်''
''ငါတော့ အချိန်နီးလာလေ ဝေးဝေးနေဖို့ဆုံးဖြတ်လေပဲ တစ်နေ့
ငါ့ စေတနာ သူနားလည်မှာပါ''
''မင်း သဘောပါ ငါမင်းကိုဒီခေါ်လာတာ ဒါတွေသင်ပေးမလို့''
''ဘာ!ဒီလိုအောက်တန်းကျတဲ့ ပညာရပ်မျိုး ငါမသင်ချင်ဘူး
မင်းကို ငါမထင်မိဘူး စေတမန် စာတွေ ဒီလောက်ဖတ်ပြီး''
''ငါ့ စကားကိုဆုံးအောင်နားထောင်ပါကွာ မင်းလူသတ်ဖို့လည်း
မလိုဘူး ဒီပညာနဲ့ပတ်သက်ပြီး မင်းသိထားရမှာတွေကြောင်ြ
ပြီးတော့ ငါမင်းအကူညီလိုတယ်''
''ငါက ဘာလုပ်ရမလဲ''
''အရင်ဆုံး ပစ္စည်းတွေရှင်းရအောင် ငါ့ကိုကူအုံး''
ပြောလည်းပြော အခေါင်းကိုမလိုက်သည်
''ဟိုနံရံကိုခေါက်လိုက် သုံးချက်လောက်''
''ဒေါက် ဒေါက် ဒေါက်''
''ဝေါ ဝေါ''
နံရံလေးကပွင့်သွားသည် ပြီးတော့ သူမထားတဲ့အလောင်းကို
ပွင့်သွားတဲ့အခန်းထဲမှာထားလိုက်သည် ပြီးတော့ သူ့ဘက်လည့်
ကာ
''ဒီနေ့ ဒီအလောင်းတွေကို သင်းကြိုရမယ်''
အလောင်းက အားလုံး ခုနစ်ခုအပြင်ပြန်ထွက်လာပြီး သစ်သားခုံ
လေးပေါ်ကပစ္စည်းတွေကိုရှင်းနေသည် ပြီးတော့ သူပါလာတဲ့
အိတ်ထဲက ပန်းနီလေးကို ထိုးစိုက်သည် ဖယောင်တိုင်အမွှေး
တိုင်ထွန်းသည် ဘာမုန့်တွေလဲမသိ သူ့အရှေ့က ရေဇလုံထဲ
ထည်လိုက်သည်
''မင်း ဘာတွေလုပ်နေတာလဲ''
''တစ္ဆေခေါ်မလို့''
''ဘာလုပ်ဖို့လဲ''
''သူတို့ကို ချွတ်ဖို့ပါ သူတို့ဝိညာဉ်က ခနကစွန့်ပစ်လိုက်တဲ့ပန်း
ခြေက်မှာကပ်နေတယ်''
''မင်း ဘယ်လိုသိလဲ''
''ငါ လုပ်ထားခဲ့တာပဲလေ ခုတော့ ဒီရှေ့ကခွက်ထဲမှာပေါ့''
''ဟင်!''
သူ ခွက်ကိုကြည့်တော့ ခွက်ထဲမှာ ပေါ်လာတဲ့ တစ္ဆေခုနစ်ကောင်
''သူတို့တွေကို ဘာလို့ရေထဲထည့်တာလဲ''
''အရင်က ငါသူတို့ကိုအသုံးချထားလို့ သူတို့ကိုယ်ကမသန့်စင်
တော့ဘူး ဒါက ဆရာတော်ဆီကယူလာတဲ့ ပရိတ်ရေ''
ပြောရင်း အိတ်ထဲက ပစ္စည်းတစ်ခုကိုထုတ်ပြန်သည်
''ဒါက သူတို့ကိုသတ်ခဲ့တဲ့အပင်းတွေ''
ဘူးထဲကနေထွက်ကျလာတဲ့လောက်တွေကို ခွက်ထဲထည့်လိုက်
သည် ရေထဲတလွန့်လွန့်နေပြီး ငြိမ်ကျပျောက်ကွယ်သွားသည်
ပြီးတော့ ကြိုးနီလေးကို အလောင်းကောင်တွေပေါ်ကဖယ်ပြီး
မီးရှို့လိုက်သည် နောက်ဆုံးနေနဲ့ အသားတုံးတွေ ပစ်ချပေးလို
က်သည်
''မင်း တို့လွတ်ရာကိုသွားပါ''
စေတမန်စကားဆုံးတာနဲ့ ခုနစ်ကောင်လုံးပျောက်ကွယ်သွားကြ
သည်
''အဲ့လောက်လွယ်လား''
''အင်း အဓိကက သူတို့ချုပ်နှောင်ခံရမှု စွဲလမ်းမှုကိုသိဖို့ပဲ
အရင်ကတည်းကသူ့တို့တွက် ငါကုသိုလ်တွေလုပ်ပေးတယ်
သာဓုမခေါ်နိုင်ဘူး ကုသိုလ်တော့ရတာပဲ ချုပ်နှောင်မှုက မလွတ်
ဘူး''
''သိနေရဲ့နဲ့ ဘာလို့လွှတ်မပေးခဲ့တာလဲ''
''ငါ့ အတ္တပေါ့ ငါအဖေ့ကိုတားဖို့ သူတို့ကို သုံးခဲ့တယ်''
''ဟာ မင်း''
''ဒါပေမဲ့ ငါမတားနိုင်ခဲ့ဘူး အဖေက ခုဆိုအရမ်းကြောက်စရာ
ကောင်းနေပြီ သူ့အစွမ်းတွေနဲ့လူတွေကိုကျိန်စာတိုက်တယ်
မင်းလိုပဲပေါ့ လူသွေးက နုပျိုပြေပြစ်စေတယ် အသက်ရှည်တယ်
အဲ့ဒါကြောင့် လူတွေကိုသတ်တယ်''
''မင်း ဒါတွေသိနေတာတောင်''
''ငါမလုပ်နိုင်ခဲ့ဘူး ဘာပဲဖြစ်ဖြစ်သူက ငါ့အဖေ''
''မင်းလို သားတစ်ယောက်ရှိတာ ဦးမိုးခ ကံကောင်းပါတယ်
ဒါပေမဲ့ သူ့ကံကောင်းမှုတွေဆက်လက်တည်တံ့နေပါ့မလား
တော့ ငါမသိဘူး''
''မင်း လုပ်ပါ မင်းနဲ့လျှံလုပ်နိုင်ပါတယ်''
အဖေကို သတ်ဖို့ထိုးကျွေးခဲ့တာ ကျတော်မမှားဘူးထင်ပေမဲ့
ကျတော်အရမ်းမှားခဲ့တယ် နောင်တစ်ချိန်မှာပြင်လို့မရတဲ့အမှား
မျိုး လုပ်မိခဲ့မယ်ဆို ကျတော်ချွန်တဲ့ဓါး တုံးအောင်ကိုယ်တိုင်
ပဲပြန်လုပ်မိမှာပါ
~~~~~~~~~~~~~~~~~~~~~~~~~~
''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~~~~
အပိုင်း(12)
''မင်း အားလုံးစီစဉ်ထားပါ ခွန်သိုက် ဒီကလေးမလေးကို ငါ
လွတ်ထားလို့မဖြစ်တော့ဘူး ငါ့ရဲ့အလိုအပ်ဆုံးလူနှစ်ယောက်
ကို ငါ ဆုံးရှုံးခဲ့ရပြီးပြီ''
''ဟုတ်ကဲ့ပါ ဆရာ ''
''ဒီညပဲ မင်း အားလုံးပြီးအောင်လုပ် လာမည့်လပြည့်ညက ငါ့
တွက်အချိန်ကောင်းပဲ ''
ဦးမိုးခ သိနေခဲ့သည် လေးယောက်လုံးရဲ့အားနည်းချက်တွေကို
ပေါ့ ကြယ်တာရာက ထိုနေ့မှာ သွေးဆာတတ်သူ သွေးမသောက်
ရပါ့က သူ့အင်အားတွေလျော့ပြီး လွယ်လွယ်နိုင်လိမ့်မည်
ကောင်းကင်လင်းက စာပေရူး ထိုအတွက် နေပြည်တွေက
ရာဝန်ကိုအကူညီတောင်းခဲ့သည် သားဖြစ်သူကို ဆေးခတ်ထား
၍ဆေးရှိန်နဲ့အိပ်နေပြီး နိုးမလာတာ သုံးရက်ပင်ရှိလေပြီ
လျှံစီးကိုတော့ ဘယ်လိုမှ လုပ်ကြံမရ၍ နောက်ဆုံးပစ်မှတ်အဖြစ်
ထားသည် မကြာခင် သူက ဒီမြို့ဝန်ဖြစ်လာတော့မည် အားလုံး
ကသူ့အစေခံတွေပေါ့ ဟား ဟား…………
''အိုးတွေကို ထောင့်တွေမှာသေချာထားပါ ဂါထာရွတ်ချိန် အလွယ်တကူထွက်နိုင်အောင် လေချည်ပေါက်ထား ပြီးရင်
ကြိုးအားလုံးသိမ်းခဲ့ပြီး မီးရှို့လိုက်''
''ဟုတ်ကဲ့ ဆရာ''
''သွားတော့''
မနက်ဖြန်ဆိုတာ နောက်နေ့မကူးခင် ဒီအရာတွေအားလုံး သူပိုင်
ဆိုင်ရလိမ့်မယ် ညီဖြစ်သူရဲ့ အမွေနှစ်တွေ စည်းစိမ်တွေ
အားလုံးကိုလည်း ကျွန်ပြုနိုင်လိမ့်မည်



အရာအားလုံးကို သိနေပေမဲ့အသိနောက်ကျသွားခဲ့သည် သူ့ကိုယ်က အားတွေကို စုတ်ယူခြင်းခံထားရသဖြင့် စေတမန်
သတိရနေပေမဲ့ မလှုပ်ရှားနိုင် ထိုစဉ်
''စေတမန် နင်ဘယ်လိုဖစ်ရတာလဲ ငါကြားကြားခြင်းလာခဲ့တာ''
အိပ်ယာပေါ်ပက်လက်အနေထားရှိနေတဲ့ သူက စကားတွေ
ပြောစရာရှိနေပေမဲ့
''သုံးဆောင်ပါအုံးရှင်''
အစေခံတစ်ယောက်က စားတော်ပွဲကိုချလာသည် ဗိုက်ဆာတာ
နဲ့ ငှက်ပျောသီးကိုယူစားလိုက်သည်
''မစားနဲ့''ဆိုသောအသံသည် လည်ချောင်းထဲမှာသာဖြစ်ပြီးအသံ
သည်ထွက်မလာခဲ့ လုပ်မရပြုမရနဲ့ ခုမှသူ့ဘဝက ဒုက္ခိတ
တစ်လုံးပြီးတစ်လုံးယူစားနေသော လျှံနဲ့ကြယ်ကြောင့် သူအားရှိ
သလောက်လှုပ်ရှားကြည့်လိုက်သည်
''ဒုတ် ဒုန်း ဒုန်း''
တိုးညင်းတဲ့ ခြေဆောင့်သံကြောင့် သူတို့တွေ သူ့ဘက်လှည့်
လာကြသည် သူ့မျက်ဝန်းတွေကို ခါယမ်းပြလိုက်သည်
''ဘာဖြစ်လို့လဲ စေတမန်''
''မ စား စားနဲ့''အသံသည် ပါးစပ်ဖျားနားတင်ထွက်သွားသည်
''ဘာပြောတာလဲ မကြားလိုက်ဘူး''
ကြယ်က သူ့ပါးစပ်နား နားကိုကပ်လိုက်သည်
''မ မ စား စားနဲ့ အ အ ပင်း တွေ''
''ဟင်!''
ကြယ် သူ့မှာပါသော စားစရာတွေအပေါ် ပရိတ်ရေ လောင်းချလိုက်သည် ပက်ကျွီတွေ ပိုးဟပ်တွေ ရွစိ ရွစိနဲ့ဖြစ်
နေတော့သည်
''အော့ အော့ ဝေါ့''
စားထားသမျှ အန်ထွက်ကုန်သည် ပြီးတော့ ခန္ဓာကိုယ် သွေး
လည်ပတ်မှုတည်ငြိမ်စေရန် အသက်ရှူသံကိုရပ်ပြီး ငါးမိနစ်
လောက်ငြိမ်သက်စွာထိုင်နေလိုက်သည် ထိုအခါမှ စားထားတဲ့
အရာတွေက ဗိုက်ထဲမှာ တစစ်စစ်နဲ့နေတော့သည် ခနကြာတော့ငြိမ်သွားသည်  ပြီးတော့ လျှံကိုကြည့်လိုက်သည်
''အဆင်ပြေရဲ့လား''
''အင်း ရသွားပြီ''
''အော့ ဝေါ့  ဝေါ့''
''ဟင်!ကြယ် နင် ဘာဖြစ်တာလဲ အဆင်မပြေဘူးလား''
''ရ ရ ပါ တယ်''
''ဒီနေ့ နင် မာယာ ဂူကိုထပ်သွားရမှာမို့လား''
''အင်း''
ပြောပြီး သူမတ်တပ်ထရပ်လိုက်သည်
''ဘုန်း''
ခြေထောက်တွေက မခိုင်ပဲ လဲကျသွားသည်
''နင် မရတော့ဘူး လာ ငါ့ကိုတွဲ''
အားမရှိလေ သွေးပိုဆာလေ ဖြစ်နေလားမသိ မျက်ဝန်းထဲမှာ
အနီရောင်အရိပ်တွေနဲ့ ချိုမြသောအရသာကိုခံစားနေမိသည်
လျှံကို သူတွဲလိုက်သည်
''စေတမန် ငါတို့ သွားတော့မယ်''
ခေါင်းကိုသာညိမ့်ပြီး မျက်ရည်ကျမိသည် စိတ်ဓါတ်ကိုပြန်တင်း
ရင်း သူအားကုန်ထသည် အဖေမရှိသာသူသိသ


''ကယ်တင်ရှင် တစ္ဆေမလေး''
~~~~~~~~~~~~~~~~~
အပိုင်း(14)ဇာတ်သိမ်း
ဒီနေ့ ဒီနေ့ ဟာ ပိုပြီးကြောက်မက်ဖွယ်ကောင်းနေသလိုပါပဲ
မြို့စွန်မှာရှိတဲ့အိမ်ကြီးရဲ့ တဒုန်းဒုန်းနဲ့ အသံတွေက မြိုထဲထိ
ကျယ်ပြန့်နေသည် အားလုံးက ကြောက်လန့်နေကျသည်
''ဝူး ဝူး ဝုတ် ဝုတ်''
ခွေးဟောင်သံတွေနဲ့ အပြင်မှာတိုက်ခတ်နေတဲ့ လေတွေက
ပိုပြီးကြမ်းလာသလိုဆူညံလာကြသည်
''ဝူး ဝူး ဝုတ် ဝုတ်''
ခွေးတွေ အရမ်းဟောင်တာပဲ ဘာဖြစ်တာလဲ''
သုတပုံကအရမ်းလန့်နေတာကြောင့်
''ဒီနေ့က အဆုံးသတ်မဲ့နေ့ပဲ ဒီမှာရှိတဲ့ ဝိညာဉ်အားလုံးကို
ချေဖျက်ပစ်ရတော့မယ်''
အချိန်ကျလာပြီထင်ပါသည် သူ့လက်ကအမှတ်အသားလေးက
လည်း လင်းလက်လာသည် မှောင်နေတဲ့အခန်းထုတစ်ခုလုံးကို
ထိုးဖောက်ဝင်ရောက်လာသည်
''စေတမန် ဘာ ဖြစ်တာလဲ''
ရုတ်တရက်ကြီး စေတမန် လက်က လင်းလာတာကြောင့်
''ဒါက ငါတို့ရဲ့အမှတ်အသားပဲ''
''ဒေါ်လေးတို့ကို မြန်မြန်သုတ်သင်ပေးပါ မဟုတ်ရင် မကြာမီ
အဒေါ်တို့ နှစ်ယောက်မကောင်းဆိုးဝါးဖြစ်တော့မယ်''
ကြယ် မိဘတွေကဝင်ပြောလာတာကြောင့်
''ကြယ်နဲ့ အလင်းကိုစောင့်ပါအုံး အဒေါ်''
''မဖြစ်ဘူး စေတမန် သူတို့သားကိုခွင့်လွှတ်ကျမှာပါ''
မျက်ဝန်းတွေက တဖြေးဖြေးမဲမှောင်လာသည် အရင်က လျော့ရိလျော့ရဲအသားတွေက မာတောင်လာသည်
''စေတမန် လုပ်ပါ ငါကြောက်တယ် ဘာတွေဖြစ်နေပြီလဲ အပြင်က အသံတွေကလည်းပိုဆိုးနေတယ်''
အရမ်းကြောက်နေတဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး
''အဒေါ်တို့ကို အပြစ်ပြုမိပြီ''
မြှားတံနဲ့ နှလုံးအိမ်တဲ့တဲ့ကိုထိုးစိုက်လိုက်သည် အခိုးငွေ့ပမာ
ပျောက်ကွယ်သွားကျသည်
''ဖူး ငါ့ကို ခွင့်လွှတ်ပါ ဟာ''
ဖူး ဘက်လှည်ပြီး သူတောင်းပန်လိုက်သည် ဖူးက နားလည်
သည့်အပြုံးကိုပြုံးလိုက်တာကြောင့် ဖူးရဲ့နှလုံးအိမ်ကိုထိုး
စိုက်လိုက်သည်
''ဘာတွေဖြစ်နေပြီလဲ မင်းဘာလုပ်လိုက်တာလဲ''
''ဝိညာဉ်တွေရဲ့အသက်ကိုနုတ်လိုက်တာ သူတို့အားလုံးကို
မချေမုန်းနိုင်ရင် လူသားလောကကို ဝါးမြိုသွားတော့မှာ''
''အကုန်လိုက်သတ်မှာလား သူတို့က သတ်လို့ကောရလို့လား''
''သက်တမ်းရင့်တစ္ဆေကြီးတွေဖြစ်နေပြီ သူတို့မှာ အစွမ်းတွေ
အများကြီးရှိတယ် လာ ငါတို့အပြင်ထွက်မှဖြစ်တော့မယ် မင်းက
ဒီဓါးကို ယူထား''
''ဓါးကို ငါမှမကိုင်တတ်တာ''
''ငါ့ စိတ်အတိုင်း သူလှုပ်ရှားပါလိမ့်မယ် မင်းမစိုးရိမ်နဲ့ သက်ထား
က ဒီမှာပဲနေခဲ့''
''ဟင် ဟင်အင့် ငါမနေရဲဘူး''
''ဒီမှာ ဘယ်တစ္ဆေသရဲမှမရှိဘူး အပြင်ရောက်တာနဲ့ တစ္ဆေတွေ
အကုန် နင်မြင်ရတော့မယ် နင်ကအားနွဲ့တဲ့မိန်းကလေး ငါ ဖူး
ကိုဆုံးရှုံးပြီးပြီ''
''ငါ မ နေ ရဲ ဘူး''
သူ အိတ်ထဲက ဆေးဘူးတစ်ခုကိုထုတ်လိုက်သည်
''ဒါ အိပ်ဆေး  နင် သောက်လိုက် တကယ်လို့ ငါတို့နှစ်ယောက်
သေသွားတဲ့အခါ မနက်မိုးလင်းလို့ နင့်ဆီပြန်ရောက်မလာရင်
နင် ဒီကထွက်သွားတော့''
သူ စကားကိုအရှည်ကြီးမပြောဘဲ သုတလက်ကိုဆွဲကာ အပြင်
ထွက်ခဲ့တော့သည်
''ဟူး ဝေါ ဝေါ''
''ဖြောင်း ဖြောင်း''
ပြင်းထန်သော လေတိုက်သံနဲ့အတူ မိုးခဝတီဝစံအိမ်ထဲက
အပင်အချို့ပြိုလဲကုန်သည် လက်တစ်ဖက်ကိုကွေးကာထား
လိုက်သည်
''လေ အရမ်းတိုက် တာပဲ အေးလာပြီ''
''အေးတယ်ဆိုတာ ခနပါ မင်းမျက်စိရှေ့ကိုကြည့် ချွေးထွက်သွား
လိမ့်မယ်''
''ဟာ များ များ လှချည် လား''
အကောင်သေးတာတွေကို ကြီးတာတွေကို သူတို့ရှေ့တစ်လှမ်း
ချင်းလှမ်းလာနေကြသည်
ဆေးရည်ကိုမြားတံမှာစွတ်လိုက်သည်
''စပြီ''
''ဟမ် ဘာစတာလဲ ဓါးကြီးကလှုမ်နေတယ်''
သုတလက်ထဲက ဓါးက စေတမန်စိတ်လိုရာအတိုင်းလှုပ်ရှားနေ
သည်
''ကြောက်တဲ့စိတ်ကိုဘေးဖယ်ထား ဓါးမှာ အာရုံစိုက်လိုက်''
ခနနေတော့ ဓါးသွားရာလိုက်နိုင်လာသည်  တစ်ကောင်ပြီး
တစ်ကောင်ရှင်းထုတ်နေပေမဲ့ မျက်စိရှေ့က အရာတွေက ပိုများ
လာသလို
''ဝူး ဝူး ဟား ဟား''
''ယား ''
သူ့ရှေ့ရောက်လာတဲ့အကောင်ရဲ့နှလုံးကို မြားနဲ့ပစ်ထည့်လိုက်
သည် နောက်ထပ် နောက်ထပ်
''ယား ''
ဓါးရောင် တစ်ချက်လက်လာချင်းနဲ့အတူ နောက်မှာရှိတဲ့ တစ္ဆေ
အများအပြား ပျောက်ကွယ်ကုန်ကြသည် ရွှေရောင်အလင်းတွေ
က တစ္ဆေအုပ်ကြီးတစ်ခုလုံးကို လွှမ်းသွား၍
''ဝူး ဝူး အား အား''
တဖြေးဖြေးပျောက်ကွယ်နည်းပါးလားကြသည် ရှေ့ကို အာရုံစိုက်နေတဲ့ အကောင်တွေနောက်ပြန်လှည့်သွားကြသည်
သူတို့အနောက်မှာရပ်နေတာက ကြယ်နဲ့အလင်း
ဝင်လာတဲ့အကောင်မှန်သမျှကို အနီရောင်အမုန့်တွေပက်ဖြန်းပြီး
သူတို့တွေရဲ့နှလုံးသားကိုဖျက်စီးလိုက်သည် စေတမန်လည်း
သူ့ရှေ့က အကောင်မှန်သမျှကို လိုက်လဲချေမှုန်းတော့သည်
အပြင်းထန် တိုက်ခိုက်မှုတွေကြား အကောင်တွေက တဖြေးဖြေး
နောက်ဆုတ်သွားသည်
''မင်း ဘာမှမဖြစ်ဘူးနော် စေတမန်''
''အင်း မင်းတို့အလာမြန်ပေလို့ ''
''ဟုတ်တယ် ငါတို့  ထန္ဒီမွတ်ရွက်ရှာနေတာ ဆေးဖော်တာနဲ့
အရွက်ခြောက်အောင်လုပ်ရတာနဲ့ ပြီးတော့ သူ့သစ်ခေါက်ကို
ဆေးပြန်ဖော်နေတာ''
''မင်းတို့ တွေ့ခဲ့သေးတယ်နော် ''
''တစ်ပင်ပဲ ဒါပေမဲ့ နုပျိုတုန်းအပင်ဆိုတော့ အရွက်လည်းအများ
ကြီးရလိုက်တယ် ကံကောင်းတာပဲ''
''လာ စကားပြောမနေနဲ့ ဟိုကောင်တွေနောက် လိုက်ရအောင်''
နောက်ဆုတ်ပြီး သူ့တို့နေရာ ပြန်ဝင်သွားတဲ့ အကောင်တွေကို
လိုက်ရှာရတော့သည်



''ကျ လွတ် ကျွတ်''
''ကျလိ ကျလိ''
မိုးမခပင်ကြီးလှုပ်ရှားလာခြင်းကြောင် အိပ်ပျော်နေတဲ့ ငှက်က
လေးတွေနိုးလာသည် အပင်ကြီးကနေပြီး အပင်မြစ်အောက်မှ
အဖြူရောင်အလင်းတန်းတစ်ခုထွက်လာသည် ငှက်ကလေးတွေ
က သူတို့အောက်က အဖြူရောင်ကြီးကိုကြည့်ပြီးတစ်ကောင်နဲ့
တစ်ကောင် ဘာလဲဟပေါ့
ဆံပင်တွေက ဖြူစွတ်နေပြီး အရွယ်နုပျိုနေသော လူမဟုတ်သေ
ာ တစ္ဆေမလေးက သူလိုရာအရပ်တို့တဖြေးဖြေးထွက်ခွားသွား
လေတော့သည် သူမလိုရာအရပ်ရောက်တော့ ဓါးကိုထုတ်လိုက်
ပြီး ဒေါသတွေထက်နေတဲ့ လူတစ်ယောက်စီ
''ဟင် မင်းက''
ဦးမိုးခ သူ့မျက်စိရှေ့က လျှံစီးကိုကြည့်ရင်း သူ့လက်ထဲက လူရဲ့
လည်ကုတ်ကို ဖောက်သောက်လိုက်သည်
''အား အား''
လျှံရဲ့ ဓါးကိုလက်တစ်ဖက်နဲ့တားထားပြီး သွေးစုတ်လိုက်တော့
သည် ပြီးတော့ ပစ်ချလိုက်သည်
''ဟား ဟား မင်း ငါ့ကို မတားနိုင်သေးဘူး''
''ဟုတ်လား သေချာမှပြော''
သူမက ဓါးကိုထပ်ဝေ့ရမ်းလိုက်သည် ပြီးတော့ ကျန်လက်က
ဦးမိုးခ နှလုံးဆီ
''ဗြည်း ဂျစ် ဂျစ်''
''ဘုန်း''
လျှံရဲ့ လက်သည်းချွန်တွေက ဦးမိုးခ ရင်ဘတ်ကိုခြစ်မိသွားပြီ
ဦးမိုးခရဲ့ လက်ဝါးရိုက်ချက်ကြောင့် လျှံရဲ့အတွင်းတစ်ခုလုံး
လှိုက်စားသွားသည်
ခြစ်မိတဲ့နေရာက အကောင်တွေထွက်လာပြီ ကိုက်စားကုန်
သည် အသားတွေက ယိုယိယို့ရဲကွာကျလာသည် ထိုနေရာကို
အမဲဆေးရည်တွေဖြန်းတော့ အကောင်တွေပြုတ်ကျသေပြီး
အသားကမူလအတိုင်းပြန်ဖြစ်သွားသည်
''ဟား ဟား''
ဦးမိုးခ ရယ်သံက အခန်းတစ်ခုလုံးလွမ်းသွားသည်
''မင်းငယ်ပါတယ် လျှံစီး  မင်းက ငါနဲ့တိုက်ခိုက်ဖို့မတန်သေးဘူး
သူနဲ့တိုက်ကြည့်''
ဘူးလေးထဲက အနက်ရောင်တစ္ဆေတစ်ကောင်ထွက်လာသည်
မျက်ဝန်းတွေက စူးရှနေပြီး လျှံကိုသတ်ဖို့မဲနေသည် ထိုသူက
''မင်းတို့ သားအဖနှစ်ယောက်ရဲ့တိုက်ပွဲကို ငါကြည့်နေမယ်''
အဖေ ဟုတ်သည် သူမ အဖေ ဒါပေမဲ့ အဖေ့စိတ်ထဲမှာ သမီးဆို
တဲ့အသိမရှိတော့ဘဲ ဦးမိုးခစကားအတိုင်း ရန်သူတစ်ယောက်
လိုကြည့်နေသည်
''ဝူး ဝူး ဝါး ဝါး''
အသံတွေပေးပြီး လျှံရှေ့တိုးလာသည် သူမဘာလုပ်ရမှလဲ
''ရွှီး ဒုတ်''
အံ့သြစွာကြည်နေရင်းမှာပင် အဖေ့နှလုံးအိမ်ကိုမြားစိုက်ပြီး ပျောက်ကွယ်သွားတော့သည်
ဦးမိုးခလည်းထိုအဖြစ်ကိုကြည့်ပြီး
''နင့် အဖေကို သတ်မိတဲ့တွက်စိတ်မကောင်းပါဘူး သူမှာ အသိ
မရှိတော့လို့ပါ''
''ရပါတယ် စေတမန် ငါကိုယ်တိုင်လည်း အဖေ့ကိုမှ မသတ်နိုင်
တာ ကျေးဇူးပါပဲ''
ဦးမိုးခ မျက်စိရှေ့က လေးယောက်ကို မယုံနိုင်သလိုကြည့်နေမိ
သည် သူ့တစ္ဆေတွေ ဘာဖြစ်ကုန်ပြီလဲ လက်နက်တွေက သူတို့
လက်ထဲဘယ်လိုရောက်ကုန်တာလဲ ပြီးခဲ့တဲ့ရက်တုန်းက အဖြစ်
ကိုပြန်စဉ်းစားမိသည် ထိုစဉ်ထဲက သားမှာ သူ့လက်နက်ပါနေခဲ့
တာပဲ ဒါကို ခုမှ သူ
''ခင်များရဲ့အပြစ်တွေကိုဆပ်ဖို့အချိန်တန်ပြီ''
''မဟုတ်ဘူး စေတမန် မင်းက ငါ့သား ငါ့ကိုရှင်းပစ်မယ်ပေါ့''
''အဖေဆိုတဲ့အသိ ကျတော့မှာမရှိတော့ဘူး ခုဘဝမှာ ခင်များက
ကျတော့်အဖေလည်းမဟုတ်ဘူး ခင်များလိုမကောင်းဆိုးဝါးကို
ရှင်ပစ်ဖို့ပဲ ကျတော်ရောက်လာတာ''
စေတမန် စကားဆုံးတာနဲ့မြားကိုပြစ်လွတ်သည် ဦးမိုးခက လက်နဲ့ကာတားထားလိုက် ပြီးတော့ မြားရဲ့ဦးတည်ရာကိုပြန်
ပြောင်းလိုက်တော့ မြားနှစ်စင်းက စေတမန်ဆီ
စေတမန် အလွယ်တကူပဲတားနိုင်ခဲ့သည် မြားတွေကသူ့မြားတွေ
ကို မြားနဲ့လေးကို ပခုံးထက်ပြန်လွယ်လိုက်ပြီး
သူတို့ လေးယောက်ရဲ့ဓါးက ဦးမိုးခဆီ ဦးတည်လိုက်သည်
''ယား ''
''ဝွီး ဝစ်''
အပြန်လှန်တိုက်ခိုက်သံတွေကြားမှာ ဒဏ်ရာရကြ သူတို့လေး
ယောက်
''အား ဝေါ့''
''ကြယ် ရလား''
ကြယ်က အထိခိုက်များဆုံးမို့
''ငါ ဘာမှမဖြစ်ပါဘူး အရင်ဘဝကတောင် သူ့ကိုရှင်းပစ်နိုင်
သေးတာပဲ''
တိုက်ကွက်ကိုပြောင်းပြီး မိုးကြိုးကွက်ဆင်သည် ဓါးသွား
တစ်လျှောက် လင်းလက်သွားပြီး လေးယောက်လုံးနေရာဖြန့်လို
က်သည် အဘက်ဘက်ကပြန်လှည်ခုခံနေရတဲ့အတွက် ဦးမိုးခ
လည်းမသက်သာသလို လျှံတို့လည်း အနည်းနဲ့အများထိခိုက်
သည်
စေတမန်က ဦးမိုးခ ရဲ့ လက်ဝါးရိုက်ချက်ကိုမရှောင်ဘဲ ဖမ်းဆုပ်
ထားသည်
''ဘုန်း''
ပါးစပ်မှသွေးတွေ ယိုစီးလာသော်လည်း လက်ကိုမြဲမြန်စွာချုပ်ကိုင်ထားလိုက်သည် အလင်းက နောက်ထပ် အလင်းက ဦးမိုးခရုန်းနေတဲ့ခြေကိုဖြတ်ထိုးလိုက်
သည် လဲသွားတဲ့အရှိန်နဲ့အတူ ကြယ်က ကျန်လက်တစ်ဖက်ကို
ဆွဲပြီးလဲချလိုက်သည် လျှံက သူမဓါးနဲ့နှလုံးအိမ်ကိုထိုးစိုက်ချ
လိုက်သည်
အခိုးငွေ့ပမာပျောက်ကွယ်သွားသည် လျှံကိုယ်မှ အလင်းရောင်
တွေဖြာ ကျလာသည်
''ငါ့ တွက် လာခဲ့ကြတာ အားကျေးဇူးပါ နောင်ဘဝမှပြန်ဆုံမယ်''
''လျှံ ငါတို့နင့်ဆီပြန်လာခဲ့မှာပါ''
''ကျေးဇူးပါ''
လျှံစီးသည် သူတို့မျက်စိရှေ့မှပျောက်ကွယ်သွားတော့သည်
သူတို့လည်းမိုးမလင်းခင်ထိုနေရာမှ ထွက်ခဲ့သည် သက်ထားကို
ခေါ်ခဲ့လိုက်သည်
''ဘာ ဖြစ်သွားပြီလဲ ဟင် နင်တို့ ဘာမှမဖြစ်ဘူးနော်''
''ငါတို့ဘာမှမဖြစ်ပါဘူး အားလုံးပြီးသွားပြီ''
''ပြန်ကြစို့ ဒီနေရာမှာ ငါတော့မနေချင်တော့ဘူး အသည်းအေး
တယ်''
''ဟား ဟား''
သုတ စကားကြောင့်အားလုံးကပျော်ရွှင်စွာရယ်လိုက်ကြသည်
''မင်း အဖေက အဖေမပီသဘူးလို့ မင်းထင်သေးလား''
ကြယ် စေတမန်ကိုလှည့်မေးလိုက်သည်
''အဖေ ငါ့ကိုသိပ်ချစ်တာ အစောထဲက သိပါတယ်ကွာ''
ဦးမိုးခ ပြန်လှည်မခုခံခဲ့တဲ့ သားဆိုတဲ့အသိကြောင့်ဆိုတာ သူ
တို့သိခဲ့သည် တကယ်ဆိုစေတမန်ကိုအလွယ်တကူ သတ်ပစ်
လို့ရနေပါပြီ စေတမန်ဒဏ်ရာရကြောင့် ဦးမိုးခတွေဝေခဲ့ခြင်း
ကြောင့် ထိုအခြေနေကိုအခွင့်ကောင်းယူကာ အနိုင်ရခဲ့ခြင်း
ခုတော့ သူတို့ကားလေးသည် တောင်ကြီးမြို့နဲ့ဝေးရာ
''ဟေး ပျော်တယ်ကွ  အမေ့ဆီပြန်လာပြီဗျို့''
တာဝန်တွေကျေပွန်သည်ရဲ့နောက် သူတို့သုံးယောက်ကတော့
အိမ်အပြန် နှုတ်ဆက်လမ်းခွဲပေါ့………………………
~~~~~~~~~~~~~~~~~~~~~~~~~~
ပြီးပါပြီ ဗျ####


Post a Comment