=====================
အားလုံးဆင်နွှဲ မီးထွန်းပွဲ
=====================
အမှတ်စဉ် ( ၁ )
ရေးသူ / နောင်နှင်း ခ
* အဿဝဏီ နက္ခတ်ညီယှဉ်
ရာသီ " တူ " လ ငါးမည် လှ " ကြာ "
ညီစွ ပွင့်ဖူး အသွင်ထူး၍ တင့်တော့သည် ။
* ဝါလ ကင်းလွတ် သီတင်းကျွတ်ပြီ
မချွတ်ဧကန် အဖန်ဖန် နွှဲ
" ဒီပံ " ထွန်း ကြို မီးမြင်းမိုရ် ပွဲ ကျင်းပသည် ။
* မဟာသက္ကရာဇ် ချင့်တွက် စစ်ကြည့် 
နှစ် " ၁၀၉ " ဘုန်းတန်ခိုးဖြာ
ဂုဏ်ကိုးပါး သခင် ဗုဒ္ဓရှင်သည်
နတ်လျှင် ပြည်ရွာ " ဝတိံသာ " ၌
မာတာ မိနတ်သား အမှူးထား၍
နတ်များ ဗြဟ္မာ အပေါင်းပါအား
နှုတ်လွှာဖွင့်ကာ " အဘိဓမ္မာ " တရားဟောခဲ့သည် ။
* " ဒေသနာ " ပွဲတော် လွန်မြောက် မျှော်ရှု
နတ် နော် ဗြဟ္မာ ဖန်ဆင်းလာသည့် 
သုံးဖြာ စောင်းတန်း ကြွချီ မြန်းသက်
ခြေလှမ်းဆက် ရည် " သင်္ကဿ နဂိုရ် " ရွှေပြည် ။
* ဗုဒ္ဓကြွချီ " . . . နဂိုရ် ပြည်" တော်
သိန်းချီ လူထု ဖူးမျော်ရှု စဉ်
တစုတစည်း " ဒီပံ " မီးထွန်း
လျှံညီး ထိန်ဝါ လင်းရောင် ဖြာဖြင့်
မြတ်စွာဘုရားအား ပူဇော်သည် ။
* ထို ပူဇော်မှု အကြောင်းပြု ၍
အကုသိုလ်ကင်း ရောင်ဝါလင်းထွန်း
ချင်းနင်း နှစ် ၂၀၀၀ ကျော်လေပြီ ။
* ရိုးရာ ဓလေ့  ရွှင်ပျော် မွေ့ ခဲ့
မမေ့ မပျောက် သည်ချိန်ရောက်လျှင်
တစ်ယောက်တစ်လက် ဝိုင်းဖွဲ့ လျက်ကူ
မြေခွက် လေးစီ ဆီဖြည့်  ဆီထည့် 
ပိတ် ချည်မျှင် စိုက် မီး ကူးလိုက် ဟေ့ 
လေတိုက်တော့ ယိမ်း မီးစွယ် " ယိမ်း " က
လှမှ လှပေါ့  မြိုင်လှသည် ။
* သူ . . .ငါ . . . စုံလင် အားလုံး ဆင်နွှဲ
မီးထွန်းပွဲ ချိန် တစ်အိမ် တစ်ယောက်
သည်ချိန်ရောက်လျှင် မီးတောက် ပွားကူး
ဆီမီး ထူး ကို မြို့ ဦးစေတီ
ရင်ပြင် ဆီလှမ်း မှန်းရည် ဗုဒ္ဓ
ဦးနှိမ်ချ၍ ပူဇော်မည် ။
* ပေါင်းစု တူယှဉ် အဖော်မင်ကာ
ဆီမီး မြိုင်မြိုင် လင်းတော့သည် . . . . . .
* တောင်းဆု ယူစဉ် ပျော်ရွှင်စွာ
ပီတိ ကြိုင် လှိုင် သင်းတော့သည် ။ ။
@ ဒီပံ = ဆီမီး
ဝတိံသာ = တာဝတိံသာ
မာတာ = မယ်တော်
နေင်နှင်းခ
15 .10 .2016
7 : 11 am .
တင်ဆက်သူ-မိုးညဖြူ
Post a Comment