အမှတ်စဉ်(၁၀) ရှင်နှောင်းညို


မ​မေ့ရက်​နိုင်​ပါဘူး.......
                               အမှတ်​စဉ်​ (၁၀ )      ရှင်​​နှောင်းညို

အဖြူ ​ရောင်​အုတ်​ဂူ​ရှေ့မှာလူတစ်​​ယောက်​ရပ်​​နေသည်​.......​လေတိုက်​တိုင်းရှပ်​​ပြေးသွားတဲသစ်​ရွက်​​ခြောက်​​တွေက တ​စ္ဆေတ​ကောင်​ရဲ့​လှောင်​ရယ်​သံများလား..!!!တိတ်​ဆိတ်​တဲ့င်္သချို င်း​မြေ​ပေါ်မှာအက်​ကွဲတုန်​ရီလှတဲ့အသံတစ်​သံထွက်​​ပေါ်လာသည်​......

"ကျ​နော်​.......ဖြူ့ ကိုသိပ်​ချစ်​တယ်​.....!!!
ဝေါခနဲ​လေတိုက်​သံနဲ့အတူမျက်​ရည်​စက်​တချို့ သစ်​ရွှက်​​ခြောက်​​တွေ​ပေါ်ကျ​ကြွေကုန်​တယ်​...!!အဖြူေ၇ာင်​​ကောင်​​လေးတစ်​​ယောက်​...လက်​ထဲမှာ​တော့အ၀ါ​ရောင်​နှင်းပန်း​တွေအပြည့်​ကိုင်​ထားသည်​....ပန်း​လေး​တွေလည်းဝမ်းနည်းသည့်​ထင်​.....မလတ်​ဆတ်​​တော့ညိုးနွမ်းကုန်​ပီ....ဒါမှမဟုတ်​ ​သေဆုံးသူမိန်းမလှ​လေးကိုဦးခိုက်​​နေခြင်းများလား.........!!!!

###
ပန်း​လေညှင်း.......သူမဒီ​နေ့​ကျောင်းတက်​ရမည်​.....တတိယနှစ်​ဥပ​ဒေပညာကိုဒီမှာသင်​ယူရမည်​....​ကျောင်း​ပြောင်းခါစမို့သိပ်​အ​နေမကျ.....လူ​ဒေကလဲဘာလို့မသိ သူမကိုပြူးကြည့်​​နေကြသည်​.....ဆံပင်​ခပ်​တိုတိုနဲ့မို့လို့လား
အလို​လို​နေရင်း​ထော်​​နေတတ်​တဲ့နှုတ်​ခမ်း​ကြောင့်​လား လမ်း​လျှောက်​ တိုင်းခလုတ်​အမြဲတိုက်​တတ်​တဲ့ရူး​ကြောင်​​ကြောင်​​ကောင်​မ​လေး​ကြောင့်​များလား​တော့မသိ.......ဒီလိုနဲ့ပဲသူမဒီ​ကျောင်းကြီးမှ​ပျော်​ခဲ့သည်​.....!!!

သီတင်းကျွတ်​​တော့မည်​...​ကျောင်း​တွေပိတ်​​တော့မည်​......သူမဒီ​နေ့စာနည်းနည်း​မေ့​နေသည်​...စဉ်းစားရင်း​ရေးရသည်​မို့​​နောက်​ကျသွားပြီ​ရော....
ဟော....မိုးကကျလာပီ...သူမအ​ပြေးက​လေး​လျှောက်​​နေမိသည်​...​ကျောင်း​ကော်​ရစ်​တာမှာဘယ်​သူမှမရှိ​တော့....မိုးကသည်း၂မည်းရွာမည့်​ပုံနဲခြိမ်း​နေသည်​....သူမ​ခြေကိုခပ်​သွက်​သွက်​လှမ်းလိုက်​သည်​......
ဝေါ ´´မိုးကရွာချလာပီ.....ဟာ....သွားပါပြီ...သူမမျက်​နှာ​လေးကခပ်​မဲ့မဲ့.....!!

"ဒီမှာ မိုး​တွေတအားသည်း​နေပြီဗျ .....ကျ​နော့ထီးယူသွားပါ​နော်​"...
စကား သံ​ကြောင့်​နှုတ်​ခမ်း​လေးမဲ့ပြီး​နောက်​လှည့်​ကြည့်​လိုက်​​တော့သူမပါးစပ်​​တွေအ​ဟောင်းသားဖြစ်​သွားသည်​.........ခပ်​ထူထူမျက်​ခုံး​တွေ​အောက်​မှာမျက်​၀န်း​တွေကလှပလွန်းသည်​.....မနာလိုစရာ​ကောင်း​လောက်​​အောင်​​ချော​မောလွန်းတဲ့​ကောင်​​လေးတ​ယောက်​......မျက်​၀န်းခြင်းဆုံမိလိုက်​​တော့ခပ်​ရဲရဲသူ့နှုတ်​ခမ်း​လေး​တွေဟသွားခဲ့သည်​......အို...!!! သူမဘာဖြစ်​သည်​မသိကတုန်​ကရင်​နှင့်​ရူးချင်​လာသည်​....
ဟို...!!! ရှင်​​ရော.....ဘာနဲ့ပြန်​မလဲ..??
ရပါတယ်​ ......ကျ​နော်​က​ယောကျာ်း​လေးပဲ.....!!ပြုံးပြပြီးထွက်​သွားတဲ့သူ့ကို​ငေး​နေမိသည်​....မိုး​ရေရွဲ​နေတဲ့သူ့bodyက​ယောကျားပီသလိုက်​တာ.......
အို...!!! သူ...သူ...သိ​​ပ်​ချောတာပဲ.......
အ​တွေးနဲ​ရေ၇ွတ်​လိုက်​​တော့ သူ့ရင်​ဘတ်​ထဲကနည်း၂​နွေးသွားသလိုပင်​ ...!!
#####

ဒီမှာ.....ရှင့်​ထီး......!!
သြော်​.....ရပါတယ်​ ဗျာ........."
ကျေးဇူးတင်​ပါတယ်​ ​နော်​......ရှင်​အတန်းပီးပြီမလား.......တခုခုသွားစားမယ်​​လေ!!
အားနာစရာကြီးဗျာ........​နေပါ​စေ.....!!

အာ......အားနာစရာမှမဟုတ်​တာ လာပါ....သွားမယ်​....!!သူတို့၂ဦး​ခြေလှမ်းများက​ကျောင်းကန်​တင်းဆီသို့ ...!!

ပန်း​လေညှင်းပါ.......!!!

ဟုတ်​......ပိုင်​ပြည့်​စုံပါဗျ......
ကျမတို့ခင်​သွားပြီပဲဖုန်းနံပါတ်​​ပြော​လေ......09..256...............!!
ဒီလိုနဲ့သူမ​နေ့ရက်​​တွေကပိုပီးစို​ပြေလာသည်​.....သူမရဲ့ည​တွေ....သူမရဲ့အိမ်​မက်​တိုင်းမှာ အဖြူ ​ရောင်​​ကောင်​​လေးကစိုးမိုးလွန်းလှသည်​....သူ့အပြုံး​တွေ...သူ့စကားသံ​တွေ​နေရာတိုင်းမှာ သူ့ပုံရိ​​ပ်​​တွေ....!!!!

ကျောင်းပိတ်​​တော့မယ်​​နော်​........အိမ်​မှာပဲ​နေမှလား......??
ဟုတ်​...ကျ​နော်​အင်း​လေးဖက်​သွားမှာ.....!!

"ကျွန်​မ.....ရှင်​ကိုသိပ်​ချစ်​တယ်​........နှလုံး​သွေး​တွေတစက်​စက်​ကျ ရမတတ်​မြတ်​နိုးချ စ်​ခဲ့ရတာပါရှင်​..."" ​ကောင်​​လေး​ရှေ့မှာ​တော့မဟုတ်​ပါ....သူမဒိုင်​ယာရီစာအုပ်​ထဲမှာ......ရှင်း၂​ပြောရရင်​ပြုံး​နေတဲ့သူ့ပို့စကဒ်​​လေး​ဘေးမှာပါ.....
သူမညတိုင်းဖုန်း​တွေဆက်​ခဲ့တယ်​...​နေမ​ကောင်းဘူးကြား​တော့သူမမ​နေတတ်​​လောက်​​အောင်​စိတ်​ပူခဲ့တယ်​...​ဆေး​သောက်​ဖို့မှာရတာကအကြိမ်​ကြိမ်​....!!

ဒုတိယနှစ်​၀က်​​ကျောင်းပြန်​တက်​​တော့....သူအရင်​လိုမဟုတ်​​တော့သူမကိုအရမ်းခင်​လာသည်​...သူမချည်းဖုန်းမဆက်​ရ​တော့....သူ့ဖက်​ကလည်းဆက်​လာသည်​....​မေတ္တာ ဆိုတာ​ရောင်​ပြန်​ဟပ်​တတ်​တာတကယ်​ပဲလား....!!
ကချင်​ထမင်း​ကြော်​ကြိုက်​တတ်​တဲ့သူ့​ကြောင့်​ သူမထမင်း​ကြော်​ကြိုက်​တတ်​လာတယ်​.....စာသိပ်​ဖတ်​တဲသူ့အကျင့်​​ကြောင့်​ စာအုပ်​လက်​​ဆောင်​​ပေးတတ်​တာအကျင့်​ဖြစ်​လာတယ်​...ဆံပင်​တိုတိုမကြိုက်​တဲ့သူ့​ကြောင့်​သူမဆံပင်​​တွေတဖြည်းဖြည်းရှည်​လာခဲ့တယ်​.....ရှူးဖိနပ်​ကြပ်​ကြပ်​အစား ပုံ​တော်​ဖိနပ်​က​လေး​တွေသူမစီးတတ်​လာတယ်​...!!!သူမနဲ့သူ......​နေရာအနှံ့​လျောက်​လည်​ခဲ့တယ်​.....ပင်​ပန်းဒဏ်​မခံနိုင်​တဲ့သူ့ကိုသူမဂရုစိုက်​မှုကပိုလာခဲ့တယ်​....သူ့ဘက်​က​တော့ဘာမှထူးမလာခဲ့.....သာမာန်​သူငယ်​ချင်းသံ​​ယောဇဉ်​သာ....

ဒီ​နေ့ သူ​ကျောင်းမတက်​......သူမစိတ်​တို​နေမိသည်​..ဖုန်းဆက်​​တော့လည်းဆက်​သွယ်​မှုပြင်​ပတဲ့.....တ​နေကုန်​ဘယ်​သွား​နေသည်​မသိ ......ည​နေ​တော့သူ့အိမ်​ဖက်​သွားကြည့်​သည်​....မရှိဘူးတဲ့......ဒါနဲ့ထိုင်​​နေကျ မယ်​ဇယ်​တန်းဘက်​ထွက်​လာခဲ့သည်​....
သူ.......ငြိမ်​၂​လေးထိုင်​​နေသည်​...မျက်​၀န်း​တွေက​တော့​ငေး​မောစွာ.....!!
ဝေါခနဲ မိုးကကျလာသည်​.....
မိုးကျလာပြီပိုင်​....ပြန်​ရ​အောင်​....!!
ဟင့်​အင်း.....ငါမပြန်​ချင်​​သေးဘူး......"
ဟာ...​နေမ​ကောင်း​သေးပဲနဲ့​နောက်​ပီးတ​နေကုန်​ဘယ်​​တွေသွား​နေတာလဲ...ရှင်​ကိုစိတ်​ပူလို့ဒီမှာ​သေ​တော့မယ်​သိလား....!!

ကျ​နော့ကိုဂရုမစိုက်​ပါနဲ့......ကျ​နော့အတွက်​နဲ့ကိုယ့်​ကိုယ်​ကိုပင်​ပန်း​အောင်​မလုပ်​ပါနဲ့​လေညှင်း.......ကျ​နော့ကိုပစ်​ထား​ပေးပါ.....တ​ယောက်​တည်း​နေပါရ​စေ..!!
ဖြစ်​နိုင်​ရင်​ကျ​နော့်​ကိုမဆက်​ဆံပါနဲ​တောဗျာ....""

ဘာ...!!!ကိုပိုင်​ပြည့်​စုံ.......ရှင့်​ကိုဥ​ပေက္ခာပြုခိုင်း​နေတာလား.....ကျမကိုထွက်​သွား​စေချင်​​နေတာလား.....အမြဲဂရုစိုက်​တတ်​တဲ့ကျမနှလုံးသားကိုလစ်​လျူ ရှု​နေတာလား...ရှင်​သိပ်​အတ္တကြီးလွန်းတယ်​....ဘာကိုမှဂရုမစိုက်​ဘဲရှင့်​အတွက်​ဘာမဆိုလုပ်​​ပေးတဲ့​လေညှင်းကို​ပြောရက်​တယ်​.....ရှင်​ကမာနသိပ်​ကြီးတဲ့လူမျိုးပဲ...တဖက်​သတ်​​မျှော်​လင့်​​နေတဲ့မိန်းက​လေးတ​ယောက်​ရဲ့မာနကိုကျ​တောချိုးနှိမ်​ရက်​တယ်​....ရှင့်​သ​ဘောအတိုင်းထွက်​သွားမှာပါ...ဒါမဲ့စကားတခွန်း​တော့​ပြောပါရ​စေ........မိန်းက​လေးတန်​မဲ့တ​ကောက်​၂လိုက်​ခဲ့တာ​တွေ...ရှင့်​အ​ပေါ်လိုတာထက်​ဂရုစိုက်​တာ​တွေကရှင့်​ကိုသိပ်​ချစ်​မိခဲ့လို့ပါ.....!!
ရှင့်​ကိုအရမ်းချစ်​တယ်​ပိုင်​ပြည့်​စုံ....!! ကျမချစ်​တဲ့သူကိုချစ်​တယ်​​ပြောခွင့်​ရလို့အထင်​​သေးမယ်​ဆိုရင်​လဲသိပ်​ကိုတန်​ပါတယ်​.....##
သူဘာစကားမှထွက်​မလာ​သေးခင်​နှုတ်​ခမ်းတစ်​စုံကရှိန်းမြသွားခဲ့သည်​....ခပ်​​နွေး​နွေးအ​ငွေ့အသက်​ကအသက်​ရှူ ပင်​ခက်​လှသည်​...အပြင်​မှာမိုး​တွေကအရမ်းသည်း​နေသည်​......သို့​သော်​ သူ့ရင်​ထဲကနှလုံးသားကန်​​ရေပြင်​က​တော့ လှိုင်း​တောင်​မထခဲ့ပါ.....

ဒီလိုနဲ့လ​တွေ​တောင်​​ပြောင်းလို့၂နှစ်​​တောင်​ပြည့်​​တော့မယ်​​ရော......မိုးသည်းတဲ့ည​နေကတည်းကသူနဲ့သူမအဆက်​သွယ်​မရှိ​တော့...​ကျောင်းမှာဆုံတိုင်း​တော့သူအမြဲပြုံးပြတတ်​သည်​.....သို့​သော်​...ပြုံးရုံသာ...သူ့ကို​ခေါ်ချင်​​ပေမဲ့သူမရဲ့မာနက​ခေါ်ခွင့်​မပြုပါ.......သူနည်း၂ပိန်​လာသည်​...အစား​ရော​သေချာစားရဲ့လားမသိ....ဆံပင်​ကလည်းမညှပ်​ထား..ခပ်​​ချော​ချောသူ့မျက်​နှာ​​လေးက​သွေးဆုတ်​​နေသည်​.....ရဲ​နေတဲ့သူ့နှုတ်​ခမ်း​တွေ​ရော....ဖြူ ​ဖျော့​နေသည်​..သူ...သူ...ဘာဖြစ်​​နေတာလဲ......??

အိမ်​ပြန်​​ရောက်​​တော့ဘာမှမလုပ်​ချင်​...ဒိုင်​ယာရီပဲထိုင်​ဖတ်​​နေမိသည်​...သူ့အ​ကြောင်း​တွေ...သူ့နှုတ်​ခမ်း​တွေ.....​ရေ​သောက်​တိုင်းသီးသွားတတ်​တဲ့သူ့အကျင့်​​လေး​တွေ....​ကောင်​​လေးရယ်​...ရှင်​နဲ့ပတ်​သတ်​ရင်​အားလုံးအသစ်​​တွေပါ....ရှင့်​အ​ကြောင်း​တွေကရိုးမသွားတဲ့.....နတ်​သမီးပုံပြင်​​တွေပါပဲ....တဖက်​သတ်​အချစ်​ဆိုတာ အရမ်းကိုနာကျင်​​စေတဲ့ဆူးတစ်​မျိုးပါ...ဒါ​ပေမဲ့ကြည်​နူးမှု ပျားရည်​​လေး​တွေခပ်​ပါးပါးသုတ်​ထားလို့ ​ကျေနပ်​စရာ​ကောင်းပါတယ်​​လေ...!!ရှင်​က...ခန့်​ညားထည်​၀ါတဲ့သစ်​ပင်​ကြီးဆိုရင်​......ကျမကထာဝရနားခိုမဲ့​လေ​ပြေ​လေညှင်း​လေးပါ......တကယ်​​တော့ အချစ်​ဆိုတာ​ပေးဆပ်​ခြင်းပဲဖြစ်​ဖြစ်​.....ရယူပိုင်​ဆိုင်​တာပဲဖြစ်​ဖြစ်​ တကယ်​ချစ်​တဲ့သူအတွက်​​တော့ချို မြိန်​တဲ့သစ်​သီးတလုံးပါ.....!!!

*##
ဒီ​နေ့သူ့ကိုသွား​စောင့်​​နေမိသည်​......ကိုကစ​ခေါ်ရမှာဆို​တော့နည်း၂ရှက်​သလိုလို.....
ကြာလိုက်​တာ.. ...သူ​ကျောင်းမလာဘူးလား.....​နေမ​ကောင်းလို့များလား...???
ဖြူလွှလွှလက်​​ချောင်း​တွေက.....ဖုန်းscreen​ပေါ်ကျလာသည်​.....မှတ်​ဥာဏ်​ထဲဘယ်​​တော့မှမ​မေ့တဲ့ဖုန်းနံပါတ်​ကအစီအရီ........
"ဟယ်​လို"
"​သြော်​...ဟုတ်​ကဲ့.. ကြီးကြီး..ကိုပိုင်​ပြည့်​စုံရှိပါသလားရှင်​"
"သား​လေးက....မနက်​၄နာရီကတည်းက....​သွေးကင်​ဆာနဲ့×××××ပြီ....""

ရှင်​....!!!!
...သူမမှင်​တက်​​နေမိသည်​......ရင်​တစ်​ခုလုံးလဲပြို သွားသလိုဟာတာတာဖြစ်​​နေသည်​.....မျက်​ရည်​ စက်​​တွေတလိမ့်​လိမ့်​ကျ​နေတဲ့သူမကို​ကျောင်းသားတချို့ ကနားမလည်​စွာကြည့်​သွားကြသည်​...​ကျောင်းသူတချို့ က​တော့တီးတိုးတီးတိုးနှင့်​.သူမဘာမှမကြား​တော့ပါ......စိတ်​နှင့်​ခန္ဓာကတစုံတရာဆီဦးတည်​ထွက်​ခွာလာမိသည်​.......

အဖြူ​ရောင်​ အုတ်​ဂူ​ရှေ့မှာလူတ​ယောက်​ရပ်​​နေသည်​.....!!​လေတိုက်​တိုင်းရှပ်​​ပြေးသွားတတ်​တဲ့သစ်​ရွက်​​ခြောက်​​တွေက တ​စ္ဆေ တ​ကောင်​ရဲ့​လှောင်​ရယ်​သံများလား....??ဒီတစ်​ကြိမ်​​ကောင်​​လေးမဟုတ်​​တော့ပါ....ခါးအထိဆံနွယ်​ရှည်​​တွေ​ဝေ့၀ဲ​နေတဲ့အဖြူ​ရောင်​​ကောင်​မ​လေးတ​ယောက်​.....လက်​ထဲမှာ​တော့ခူးလာကာစနှင်းပန်းဝါ​တွေတ​ပွေတပိုက်​ကြီးနှင့်​......
ဖြူ ​လေးငယ်​""
အသက်​၂၁.....

ပိုင်​ပြည့်​စုံ."
အသက်​၂၂ နှစ်​....

အုတ်​ဂူ​လေးနှစ်​လုံးယှဉ်​လျက်သား​လေး....အထဲမှာ​တော့ချစ်​သူနှစ်​ဦးငြိမ်းချမ်းစွာအိပ်​စက်​​နေကြမှာပေါ့........

ဖြူ ​လေးငယ်​.......ရှင်​ဟာကံအ​ကောင်းဆုံးအမျိုးသမီးပါ ဘယ်​အ​ခြေအ​နေ​ရောက်​​ရောက်​ဘယ်​​တော့မှသစ္စာမ​ဖောက်​တဲ့လူတ​ယောက်​ရဲ့နှလုံးသားကို ရှင်​အပိုင်​ရခဲ့တယ်​.....ဖြစ်​​လေရာဘ၀မှာ...လက်​တွဲနိုင်​ပါ​စေရှင်​....သူ့ကိုယ်​စားရှင်​ကြိုက်​တဲ့နှင်းပန်းဝါ​တွေကျွန်​မအမြဲပို့​ပေးပါရ​စေ....!!

ကိုပိုင်​ပြည့်​စုံ......ရှင်​ကသိပ်​​တော်​တဲ့လူတ​ယောက်​ပါ....စကား​တွေအများကြီး​ပြောချင်​​ပေမဲ့.....ကျမကို​ပြောခွင့်​မပြုပါနဲ့.....ဘာပဲဖြစ်​ခဲ့ဖြစ်​ခဲ့ဘယ်လိုအ​ခြေမျိုးပဲ​ရောက်​​ရောက်​ကျမ​ကျေနပ်​ပါတယ်​....ဘာလို့လဲသိလား....!!ကျွန်​မချစ်​တဲ့ရှင့်​ကိုချစ်တယ်​လို့​ပြောခွင့်​ရခဲ့တယ်​.......
ကျွန်​မမြတ်​နိုးတဲ့ရှင့်​နှုတ်​ခမ်း​တွေ......နမ်းခဲ့ဖူးတယ်​....
ရှင်​ထားခဲ့တဲ့ ဒိုင်​ယာရီထဲကစာ​လေးတစ်​​ကြောင်း....
"ဖြူ ​လေးငယ်​ကိုသာမချစ်​ခဲ့မိရင်​.......ပန်း​လေညှင်းကကျွန်​​တော်​အချစ်​ရဆုံး​သောမိန်းက​လေးပါ...."ဆိုတဲ့
စာ​လေးနဲ့တင်​​ကျေနပ်​တယ်​........
ကျမကိုဂရုမစိုက်​ဘူးထင်​ခဲ့မိပီး.......ရှင့်​ဒိုင်​ယာရီစာအုပ်​​လေးဖတ်​လိုက်​ရမှ
အ​သေးစိတ်​​ရေးထားတဲ့...ကျွန်​မအ​ကြောင်း​တွေ.......အူ​ကြောင်​ကြား မ​လေးလို့အမြဲ​ပြောခဲ့တာ​တွေကို.....ကျွန်​မမ​မေ့နိုင်​ပါဘူး.......မ​မေ့ရက်​နိုင်​ပါဘူးရှင်​.......ဦး​နှောက်​က​သေဆုံးသွား​တောင်​နှလုံးသားက​တော့ထာဝရသတိရ​နေမှာပါ.......ဘယ်​​နေရာကိုပဲ ​ရောက်​​ရောက်​...အသက်​​တွေဘယ်​​လောက်​ကြီးကြီး.......နှင်းပန်းဝါ​တွေပွင့်​တဲ့ သီတင်းကျွတ်​​ရောက်​ရင်​အမြဲလာ​တွေ့ပါ့မယ်​.......

ကျွန်​မအရမ်းချစ်​တယ်​​မောင်​.........ရင်​ထဲက​နေနှလုံး​သွေး​တွေတစက်​စက်​ကျမတတ်​မြတ်​နိုးချစ်​ခဲ့ရတာပါရှင်​........!!!
အချစ်​ဆိုတာ......ပိုင်​ဆိုင်​ဖို့​ပေးဆပ်​ဖို့မလိုပါဘူး.......နှလုံးအိမ်​ထဲမှာထာဝရတည်​မြဲဖို့ပဲလိုတာပါ.............တကယ်​ချစ်​မိရင်​​ပေါ့....​လေ!!သချို င်္င်း​မြေကပကတိတိတ်​ဆိတ်ငြိမ်​သက်​လို့**
သစ်​ရွက်​​လေးတရွက်​က​တော့​လေနင်ရာသို့ တရွေ့​ရွေ့.....

ရှင်​​နှောင်းညို....
ADMINရာဟုသား

Post a Comment