မပြီးဆုံးနိုင်သေးသော နှင်းဆီကလဲ့စား

မပြီးဆုံးနိုင်သေးသော နှင်းဆီကလဲ့စား{စ/ဆုံး}
----------------------------------------------------------
           ဆောင်းဦးရာသီအစ၏ သာယာလှသော ညနေခင်းလေးတစ်ခုတွင် "သစ္စာရိပ်ငြိမ်"ခြံကြီးရှေ့သို့ တိုယိုတာ ဘယ်လ်တာ ကားလေးတစ်စီး ထိုးရပ်လိုက်ပြီး ဟွန်းတီးလိုက်သည်,,
"တီ...တီ...တီ"
"ဟာ,,ဒီလူကွာ ဘယ်သွားအိပ်နေလဲမသိဘူး"
ဦးအောင်ချမ်းသာ မကျေမချမ်း ရေရွတ်လိုက်ရင်း ဟွန်းအဆက်မပြတ် တီးလိုက်မှ တောင်ဝှေးလေးကိုင်ကာ ထော့နဲ့ ထော့နဲ့ နှင့် အဘိုးအို တစ်ယောက် တံခါး လာဖွင့်ပေးလေသည် အဘိုးအိုမှာ  လွန်စွာအသက်ကြီးလှပြီ ဖြစ်သောကြောင့် ပါးရေနားရေများ တွန့်ကာ ခြေထောက်တစ်ဖက်လည်း မသန်တော့ပဲ တောင်ဝှေးအားပြုလျှောက်ရသဖြင့် မောပန်းနေဖွယ်ရှိသည်,,

          ဦးအောင်ချမ်းသာလဲ အိမ်ထဲထိ မောင်းဝင်လိုက်ပြီး ကားရပ်တော့ ဇနီးဖြစ်သူခင်ထားနွယ်က အရင်ဆင်းလာပြီး အဘိုးအိုအား မေးလိုက်သည်,,
"ရှင်က ဒီမှာ ဘာလဲ"
"ခြံစောင့်ပါသမီးရယ်"
အဘိုးအိုအဖြေအား ခင်ထားနွယ် အလိုမကျဟန်ဖြင့် မျက်နှာတစ်ချက် မဲ့ရွဲ့လိုက်ပြီး
"ဒီမှာ ကျွန်မကရှင့်သမီးမဟုတ်သလို ရှင့်လို အောက်တန်းစားလည်းမဟုတ်ဘူး သူဌေးဦးအောင်ချမ်းသာရဲ့ ဇနီးပဲ နောက်ကို အလုပ်ကို လေးလေးစားစားလုပ်ပါ ဒါပဲ"
"ကောင်းပါပြီကွယ်"
အဘိုးအိုဦးထင်ညိုလည်း ဘာမှပြန်မပြောရှာ စကားနည်းရန်စဲ သဘောဖြင့်သာ သည်းခံလိုက်ပါသည်,,
"ချစ်လေးရယ် ဒီလိုအတန်းစားတွေနဲ့ ဖက်ပြိုင်ပြောမနေပါနဲ့ ကိုယ်တို့ရဲ့ အိမ်သစ်လေးမှာ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူးနဲ့ပဲ မင်္ဂလာယူချင်တယ်,လာအထဲသွားစို့ချစ်လေး"

          အိမ်လေးမှာ ဆိတ်ငြိမ်ရပ်ကွက်အတွင်း နှစ်ထပ်တိုက်အဖြစ်သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားပြီး ခြံဝန်းမှာ အတန်အသင့်ကျယ်ဝန်းကာ နှင်းဆီပန်းများအား ရောင်စုံစိုက်ပျိုးထားလေသည်,,
ဦးအောင်ချမ်းသာမှာ နာမည်နဲ့လိုက်အောင် အသက်၅၀ခန့် လူချမ်းသာ ကျောက်ကုန်သည်တစ်ယောက်ဖြစ်ပြီး မိန်းမဆုံးပြီးစမုဆိုးဖိုတစ်ဦးလည်း ဖြစ်ပြန်သည် သို့သော်လည်း ရှုပ်ပွေ လော်လီသူတို့ညာဉ်အတိုင်း မကြာမီပင် မယားကြီးမဆုံးခင်ကတည်းက တိတ်ဆိတ်ပုန်းယူထားခဲ့သော သမီးအရွယ်ကလပ်မယ် ခင်ထားနွယ် အား လက်ထပ်ယူလိုက်လေသည်,,တစ်ဆက်တည်းပင် နေထိုင်လျှက်ရှိသောအိမ်အား ခင်ထားနွယ်အလိုကျရောင်းချပြီးယခုလက်ရှိ "သစ္စာရိပ်ငြိမ်"အိမ်ကြီးအား ဝယ်လိုက်ပြန်သည်,,

         သို့နှင့် တစ်ရက်တွင် ခြံရှေ့မှ နှင်းဆီပန်းများအား ခင်ထားနွယ်မှ မျက်စိရှုပ်သည့်အကြောင်းပြချက်ဖြင့် ခြံစောင့် ဦးထင်ညိုအားရှင်းခိုင်းလေရာ ဦးထင်ညိုလည်း ပြာပြာသလဲ ငြင်းလေသည်,,
"ဒီမယ် အဘိုးကြီး,ခိုင်းတဲ့အတိုင်း မလုပ်ဘူးလား ဒီအတွက် လုပ်အားခ ပေးမှာပါ အလကားမခိုင်းဘူး စိတ်ချ"
"မဟုတ်ပါဘူး ကလေးမရယ်,အဲဒီပန်းတွေက ဒီအိမ်ပိုင်ရှင် မမလေး ရှိစဉ်ကတည်းက အမြတ်တနိုး တန်ဖိုးထားခဲ့တာမို့ မလုပ်ရက်လို့ပါ"
"တောက်ခ်,,သေတဲ့သူကို လာပြီး ဂရုစိုက်ပြနေတယ်ပေါ့ ရတယ် ရှင်မလုပ်လည်း ပိုက်ဆံပေးရင် လုပ်မယ့်သူတွေ တစ်ပုံကြီးပဲ ရှိစေတော့"
ဦးထင်ညိုလည်း ဘာမှမပြောသာ လှည့်ထွက်ခဲ့ရင်းသာ ၎င်းတို့လင်မယားနှစ်ယောက်အတွက် ရတက်မအေးစွာ ဆုတောင်းပေးနေရှာမိသည်,,

          နောက်တစ်နေ့တွင်တော့ ခင်ထားနွယ်လည်း လူ၂ယောက်အား ငှားရမ်းကာ နှင်းဆီစိုက်ခင်းအားဖျက်ဆီးစွန့်ပစ်ခိုင်းလေရာ တစ်ဝက်လောက်အပြီးတွင်တော့ ၂ယောက်မှာ "သွေးတွေ သွေးတွေ"ဟု အထိတ်တလန့်အော်ဟစ်ကာ ထွက်ပြေးသွားကြသည် ကျန်အလုပ်သမားတစ်ယောက်ကတော့ ထွက်ပြေးသွားသော၂ယောက်အား နားမလည်သလိုကြည့်ကာ ဆက်လုပ်နေရင်း ခြေထောက်အား ပေါက်တူးချော်ခုတ်မိရာ ခြေမပြတ်ထွက်သွားပြီး ဆက်မလုပ်ရဲတော့သဖြင့် ကြောက်လန့်တစ်ကြား အော်ဟစ်ကာ ပြေးပြန်သည်,,ဤသို့ဖြင် နှင်းဆီခင်း ဖျက်ဆီးမှုမှာ မအောင်မြင်တော့ပေ,,

          ထိုနေ့ည ဦးအောင်ချမ်းသာနှင့်အတူ ခင်ထားနွယ် အိပ်မပျော်တပျော်ရှိခိုက် အိပ်ခန်းတစ်ခုလုံး နှင်းဆီပန်းရနံ့ခပ်ပြင်းပြင်းရလိုက်ပြီး ၎င်းတို့အိပ်စက်ရာခုတင်နားတွင် တစ်ကိုယ်လုံးသွေးများ ပေကျံစွန်းထင်းနေသောမိန်းမတစ်ယောက်အား ညအိပ်မီးရောင်အောက် မြင်လိုက်ရသည်,ခင်ထားနွယ်လည်း ကြောင်ကြည့်နေတုန်း ထိုမိန်းမမှ ခုတင်ပေါ် ဝုန်းခနဲခုန်တက်ကာ ခင်ထားနွယ်လည်ပင်းအား ပြင်းပြင်းထန်ထန်ပင်ညှစ်လေသည်,ပါးစပ်မှလည်း အေးစက်စက် ပုံပျက်ပန်းပျက်သံကြီးဖြင့်
""ငါ့ပစ္စည်းတွေ ထိလို့ နင့်ကို သတ်မယ်,ဟီးဟီးဟီး,သတ်မယ်,နင့်သွေးတွေ အကုန်ဖောက်သောက်မယ်""
အား,,အကိုကြီး လုပ်ပါဦး,အောင်မလေး,သရဲမကြီး"
ခင်ထားနွယ်လည်း ရှိသမျခွန်အားစုစည်းကာ အသံကုန်ခြစ်အော်လိုက်ရာ ဦးအောင်ချမ်းသာလည်းနိုးသွားစဉ် ထိုမိန်းမလည်း မရှိတော့ပေ,,
"ဟင်,ချစ်လေး အိပ်မက် မက်နေတာလား,ထထ ရေသောက်လိုက်နော်"
ခင်ထားနွယ်သည် အခန်းထဲ ဟိုကြည့် သည်ကြည့်လုပ်နေရင်း အမောဖြေနေရာ တော်တော်နှင့် စကားမပြောနိုင်ပဲ တစ်ကိုယ်လုံး တုန်ယင်နေလေသည်,,
ခဏနေမှ ဦးအောင်ချမ်းသာ ကမ်းပေးသော ရေခွက်အား ယူသောက်လိုက်ပြီး အမောပြေသွားဟန်ဖြင့်
"မဟုတ်ဘူး,မဟုတ်ဘူးသရဲမကြီး လေ ကိုကြီး,သရဲမကြီး ကြောက်စရာကြီး"
"အင်း,ဘာဖြစ်လို့လဲ ချစ်လေး ကိုကြီးကို ပြောပြလေ"
"သူ့ပစ္စည်းကို ဖျက်ဆီးလို့တဲ့ဆိုပြီး ချစ်လည်ပင်း ကို တက်ညှစ်တာ ဆံပင်ကလည်းအရှည်ကြီးပဲ တစ်ကိုယ်လုံးလဲ သွေးတွေနဲ့ ပေလူးနေတာပဲ ချစ်ကြောက်လိုက်တာ"
"ဪ,အိပ်မက်ပဲ သွေးလေခြောက်ခြားလို့ မက်တာနေမှာပါ ချစ်စိတ်စွဲနေလို့လည်းဖြစ်မယ် အိပ်တော့ လာ ကိုကြီးဖက်ထားမယ်"
သို့ရာတွင် ခင်ထားနွယ်မှာတော့ ပြန်မအိပ်ရဲတော့ပဲ အိပ်မက်ဆန်ဆန် အိပ်မက်ဟု ပြောရန်လည်းခက်ခဲလှသော အဖြစ်အား ပြန်တွေးရင်း နာကျင်နေသော လည်တိုင်လည်း ပွတ်သပ်ကာ စုပ်သပ် ညည်းတွားလိုက်မိသည် ထိုနေ့မှစ နှင်းဆီခင်းလည်း မထိရဲတော့ပေ,,

         ဒီလိုနှင့် တစ်ရက်တွင်ဦးအောင်ချမ်းသည် ကျောက်ကိစ္စနှင့် ဖားကန့်ဘက် ညအိပ်ခရီးထွက်သွားခိုက် ခင်ထားနွယ်တစ်ယောက် ညဉ်ဆိုးများ ပြန်ပေါ်လေပြီ,ကလပ်တက် ပြီးအပြန် ယောက်ျားတစ်ယောက်အား အိမ်ခေါ်လာပြီး ပျော်ပါးလေသည်,ခြံစောင့်ကြီးဦးထင်ညိုပင်မသိလိုက်ပေ,ည ၂နာရီလောက်တွင်တော့ အိမ်ထဲမှ ရုန်းရင်းဆန်ခတ် နှင့် အော်ညည်းသံများ စကြားရလေတော့သည်,ဦးထင်ညိုလည်း အခြေအနေမကောင်း ဟု တွက်ကာ အိမ်ပေါ်တက်အကြည့်တွင်တော့ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းအား မြင်တွေ့လိုက်ရတော့သည်,,
ခင်ထားနွယ် နှင့် အဖော် ယောက်ျားမှာ ဓါး တစ်ယောက်တစ်ချောင်းစီကိုင်ကာ ရေချိုးခန်းဝတွင် တစ်ယောက်ရင်ဝ တစ်ယောက် ထိုးစိုက်လျှက် သွေးအိုင်ထဲတွင် လဲကျ သေဆုံးနေလေပြီ,,ထိုအခိုက် ခင်ထားနွယ် ခန္ဓာကိုယ်ထဲမှ တစ်ရွေ့ရွေ့ တိုးထွက်လာသော သွေးစွန်းနေသည့် အဖြူရောင် ဝတ်စုံနှင့် အရာမှာ တစ်စတစ်စ ပေါ်လွင်လာချိန်တွင် ဦးထင်ညိုလည်း နှုတ်မှ ရေရွတ်လိုက်မိသည်
"ဟင်,,သမီး မြနှင်းဆီ"
သေဆုံးပြီးသော ဖောက်ပြန်သူ အလောင်းနှစ်လောင်းအား ကြည့်ရင်း ဟက်ဟက်ပက်ပက် အသံနက်ကြီးနှင့် ကြောက်ခမန်းလိလိ ဆွဲဆွဲငင်ငင် ရယ်မောလိုက်သော မြနှင်းဆီ ဝိညာဉ်မှာ ရေချိုးခန်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြန်သည်,,

          ဦးထင်ညိုလည်း ရဲအားအကြောင်းကြားသည်,စစ်ချက်များအရ သေဆုံးသူနှစ်ဦးစလုံးမှာ မူးယစ်ဆေးများ သုံးစွဲထားတာ တွေ့ရှိရသည်,ဆေးလွန်ကဲကာ အသိစိတ်ချို့ယွင်းဖောက်ပြန်ပြီး တစ်ယောက်တစ်ပြန် သတ်လိုက်ကြခြင်း ဖြစ်ကြောင်း ဓါးရိုးက လက်ဗွေရာများနှင့် စပ်လျဉ်းဖော်ထုတ်ပြီး အမှုအား ပိတ်သိမ်းလိုက်ကြသည်,,၎င်းအဖြစ်အပျက်အား ဦးထင်ညိုမှတစ်ပါး မည်သူမျှ မသိရှိခဲ့ပေ ဦးထင်ညိုလည်း ဘယ်သူ့မှ ပြောမပြဖြစ်ခဲ့ပဲ နှုတ်ဆိတ်ပြီးသာ နေခဲ့လေသည်,,
ထိုအခြင်းအရာအား ဦးအောင်ချမ်းသာ ခရီးမှ ပြန်ရောက်တော့ သိရှိသွားသော်လည်း ထူးထူးခြားခြားပင် မည်သို့မျှ ခံစားရပုံမပေါ်ပဲ ခပ်အေးအေးသာ နေခဲ့သည်,ပိုပြီး အံ့သြဖွယ်ကောင်းသည်မှာ ၎င်းနှင့်အတူ နောက်မိန်းမ တစ်ယောက်ပါလာသေးသောကြောင့်ပင်တည်း,,

         "မောင်ချမ်းသာ အဘ စကားနည်းနည်း ပြောချင်လို့ပါ"
သောက်လက်စ အရက်ခွက်အားချလိုက်ပြီး ဦးထင်ညိုအား မော့ကြည့်လိုက်သည်
"ကဲ အဘိုးကြီး,ဘာပြောချင်လဲ တည့်ပြော"
ဦးထင်ညိုသည် ဆေးပေါ့လိပ်တစ်လိပ်အားမီးညှိကာ ဖွာလိုက်ပြီး ဦးအောင်ချမ်းသာရှေ့ ဝင်ထိုင်လိုက်သည်,
"အိမ်း,အဘလည်း မင်းဇနီးအတွက် စိတ်မကောင်းပါဘူးကွာ"
"ကျုပ်ကတော့ ပျော်တယ်,မိန်းမ ဆိုတာ ကျုပ်ဘဝအတွက် မရှားဘူး,ဒါတွေ လာပြောနေမယ်ဆိုရင် ခင်ဗျား သွားတော့"
"မဟုတ်ဘူး ငါ့တူ,ဒီအိမ်က ရာဇဝင်ရှိခဲ့တယ် သစ္စာမဲ့သူတွေ ဖောက်ပြန်သူတွေဆို အသေဆိုးနဲ့ကို သေကြရတယ် ဒါကြောင့် ညယ်သူ့ကိုမှ မထိခိုက်စေချင်တဲ့ ဆန္ဒနဲ့ အဘ သတိပေးတာပါ"

         "ဆိုစမ်းဗျာ,အပျင်းပြေ နားထောင်ရတာပေါ့ ဘာရာဇဝင်တွေလဲ ပြောစမ်းပါဦး"
ဦးထင်ညိုသည် ဆေးလိပ်မီးခိုးများအား မှုတ်ထုတ်လိုက်ပြီး အတန်ကြာငေးပြီးနောက်
"ဒီအိမ်ကြီး စဆောက်လုပ်စဉ်ကတည်းက အဘက ခြံစောင့်လုပ်လာတာပါ,အိမ်ရှင်လင်မယား ထဲက မိန်းမဖြစ်သူ မြနှင်းဆီ ဆိုတာ ငယ်ငယ်ကတည်းက ထိန်းကျောင်းလာတာ အဘလက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့တယ်,သူ့ မိဘတွေက အဘရဲ့ ကျေးဇူးရှင်တွေဖြစ်တာကတစ်ကြောင်း ကလေးမလေးကို သံယောဇဉ်တွယ်နေတာက တစ်ကြောင်းကြောင့် လက်ထပ်တဲ့အခါ လက်ဖွဲ့ခဲ့တဲ့ ဟောဒီအိမ်မှာ ခြံစောင့်အဖြစ် လိုက်ပါ လုပ်ကိုင်စောင့်ရှောက်ပေးလာတာ အခုချိန်ဆို နှစ်ပေါင်း ၄၀ လောက်တောင် ရှိခဲ့ပါပြီ,ညားကာစမှာတော့ ယောက်ျားဖြစ်သူ လှမင်းမောင် က ရိုးရိုးသားသား နဲ့ လုပ်ကိုင်ကျွေးမွေးရှာပါတယ် အဲ အိမ်ထောင်သက်၆လလောက်မှာတော့ စပြီးဗွေဖောက်လာတယ်,နောက်ဆုံး အပေါစားမိန်းမတွေ အိမ်ခေါ်လာတဲ့အဆင့်ထိ ရောက်ကုန်တယ်,မြနှင်းဆီလေးကိုလည်းကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်လာလေတော့ ကြာတဲ့အခါ သည်းမခံနိုင်တဲ့အဆုံး ရေချိုးခန်းထဲမှာ ကိုယ့်ကိုယ်ကို သွေးပြန်ကြောဖြတ်ပြီး အဆုံးစီရင်သွားခဲ့တယ်, မသေခင်မှာ ရေချိုးခန်းနံရံထက် "သစ္စာမဲ့သူအားလုံး သေရမယ်"ဆိုပြီး သွေးနဲ့ စာရေးပြီး ကျိန်ဆိုခဲ့တယ်,အဲဒီနောက်မှာပဲ သိပ်မကြာပါဘူး လှမင်းမောင် နဲ့ နောက်မိန်းမလည်း ရေချိုးခန်းဝမှာပဲ သွေးအိုင်ထဲမှာ အသတ်ခံခဲ့ရတယ် ထူးခြားတာအလောင်းအနားတစ်ဝိုက်နှင်းဆီပန်းနံ့တွေ မွှေးကြိုင်နေတာပဲ,မြနှင်းဆီက နှင်းဆီပန်းအရမ်းကြိုက်တယ်လေ,ဒါကြောင့်ခြံရှေ့က နှင်းဆီ စိုက်ခင်းကို အဘကိုယ်တိုင် စိုက်ပျိုးပေးခဲ့တာပဲ,အဲဒီအချိန်ကတည်းက ဒီအိမ်ကြီးကို ချိတ်ပိတ်ထားခဲ့တာ အခု ငါ့တူတို့ က ဒုတိယမြောက် အိမ်ရှင်ပါပဲ"

           ဦးထင်ညိုမောသွားဟန်ဖြင့်နားနေစဉ်  
"ဒါပဲမလား အဘိုးကြီး,ဘာကျန်သေးလဲ"
"အဖြစ်အပျက်ကတော့ ဒါပါပဲ,အခုထိ မြနှင်းဆီလေး ဝိညာဉ်က  သစ္စာမဲ့သူတို့အပေါ် သတ်ဖြတ်ချင်စိတ် ရှိနေတုန်းပဲ,ငါ့တူတို့ ရှောင်သင့်တာ ရှောင်စေချင်လို့ပါ"
"ပုံပြင်ကတော့ ကောင်းပါတယ်,ဒါပေမယ့် ကလေးပဲ သွားဖြဲခြောက်လို့ရမယ် အဘိုးကြီး,ဟားဟားဟား"
ပြောပြောဆိုဆို မထေ့မဲ့မြင်ဟန်ဖြင့် ထထွက်သွားသော အောင်ချမ်းသာအား ဦးထင်ညို စိတ်မသက်သာစွာကြည့်လိုက်ရင်း ခေါင်းကိုသာ တွင်တွင် ခါယမ်းနေမိသည်,,

         "မောင်ကလည်းကွာ နံစော်နေတာပဲ ရေလေးဘာလေး ချိုးပါရစေဦး"
အောင်ချမ်းသာသည် ချယ်ရီနိုင်အား ,အားမလိုအားမရ ကြည့်လိုက်ရင်း
"မြန်မြန်လုပ်နော် ချစ်လေး"
"အင်းပါရှင်ရယ်,ကဲကိုကဲတယ်,တကတည်း"
မျက်စောင်းလေးထိုးကာ ထွက်သွားသော ချယ်ရီနိုင်အား အောင်ချမ်းသာ ဖလိုင်းကစ် တစ်ချက် လှမ်းပေးလိုက်သည်, အောင်ချမ်းသာ စောင့်နေရင်း အချိန်က ကြာလာသည်,နာရီဝက်လောက်ထိ ချယ်ရီနိုင်က မပြီးသေးသောကြောင့် ရေချိုးခန်းရှေ့ လာကြည့်စဉ် အထဲမှ ရေကျသံ ကြားနေရသည်,တံခါး အသာဖွင့်ကြည့်လိုက်တော့ ဂျက်ထိုးမထားသောကြောင့် ပွင့်သွားစဉ် ရေချိုးနေသော ချယ်ရီနိုင်အား တွေ့လိုက်ရသည်,,
"မောင်,လာလေ အတူချိုးကြရအောင်"
အောင်ချမ်းသာလည်း အင်္ကျီချွတ်ကာ ဝင်သွားစဉ် နှင်းဆီပန်းရနံ့စူးစူး နှာခေါင်းဝယ် တစ်ချက်ရလိုက်သည်,,
ချယ်ရီနိုင်လည်း အပေါ်ရေပန်းအား ဖွင့်ချပြီး အောင်ချမ်းသာအား ခေါ်ကာ ဖက်ပြီး ချိုးနေစဉ် အေးမြသော ရေမှ တဖြည်းဖြည်း ပူလောင်လာကာ အငွေ့များပင် ထွက်လာချေပြီ,တစ်ဖြည်းဖြည်း မခံမရပ်နိုင်အောင်ပူလာသည်အထိ ချယ်ရီနိုင်မှာ အပြုံးမပျက်သေးပေ,,ကြာလာတော့ ရေမှာ ကျက်ကျက်ဆူအောင် ပူလာတော့ အောင်ချမ်းသာ အလန့်တစ်ကြားထွက်ပြေးမည်ပြုရာ လုံးဝရုန်းကန်မရတော့,
"အား,,ပူတယ် ချယ်ရီနိုင် ငါ့ကို လွှတ်,ခုလွှတ်,အား,ဝူး,,ဝါး"
ပူလွန်းလှပေရာ အောင်ချမ်းသာ အသားများ ပြဲရဲ လန်ပြန် ထွက်ကုန်သည်,ထိုတော့မှ လွှတ်ပေးလိုက်ရာ အလန့်တစ်ကြားနှင့် ချယ်ရီနိုင်မျက်နှာ ကြည့်လိုက်စဉ်
မျက်နှာအရေပြားအား လှန်ချွတ်ပြလိုက်ရာ သွေးအလိန်းလိန်းနှင့် မိန်းမတစ်ယောက်မျက်နှာ ပေါ်လာလေသည်,,အောင်ချမ်းသာလည်း နှလုံးသွေးရပ်မတတ် ထိန့်လန့် ကြောက်ရွံ့သွားလေသည်,
"ဟင်,,မင်း,,မင်း ဘယ်သူလဲ"
"ငါ့နာမည်က မြ...နှင်း...ဆီ"
"ဟင်,,ဒါဆို ချယ်ရီနိုင်က,,ဘယ်,,ဘယ်မှာလဲ"
သူမ တစ်ချက်ပြုံးလိုက်ရင်း လက်သည်းရှည်များဖြင့် အောင်ချမ်းသာ မျက်လုံးတစ်ဖက်အား ဖောက်ထုတ်လိုက်သည်
"အား,,,,,ဝူး,,,,အသက်ကို ချမ်း,ချမ်းသာပေးပါ"
"ငြိမ်ငြိမ်နေစမ်း,နောက်တစ်ဖက် မကန်းချင် ငါပြောသလိုလုပ်စမ်း"
ပြောပြောဆိုဆို လက်ကိုင်ရေပန်းအား ဖွင့်လိုက်ပြီး အောင်ချမ်းသာအား ချိုးပေးလိုက်ရာ သွေးရည်များ ပန်းထွက်လာပြီး အပူလောင်ဒဏ်ရာများနှင့်တွေ့လေသော် ရှဲခနဲ မြည်ကာ အသားများ ပဲ့ကျကုန်တော့သည်,,
"မလုပ်ပါနဲ့,,အား,,,,ဝူးဝါး,,ဗြန်း,,,အားးးး"
နောက်ဆုံး ရေပန်းအား ရိုက်ဖွင့်လိုက်သောအခါ ပိုက်ဝမှ အသားစများ ဆံပင်အထွေးများ မျက်လုံးများပါ ထွက်ကျလာတော့သည်,,,
နောက်ဆုံးတွင်တော့ အောင်ချမ်းသာရင်ဘတ်အား လက်သည်းချွန်များဖြင့် အချက်ပေါင်းများစွာ ထိုးကာ နှလုံးအိမ်အား ဆွဲထုတ်လျှက် သတ်ပစ်လိုက်တော့သည်,,နောက်ဆုံးတွင်တော့ ချယ်ရီနိုင်၏ခန္ဓာကိုယ်အသားစများနှင့် အောင်ချမ်းသာ၏ ရုပ်ပျက်စင်းပျက် အလောင်းကြီးအား ကြည့်ပြီး သစ္စာမဲ့သော လူယုတ်များကို ကလဲ့စားချေလိုက်ရသောကြောင့် ကျေနပ်သွားသူကား "မြနှင်းဆီ"၏ ဝိညာဉ်ပင် ဖြစ်လေတော့သည်,,ဤအိမ်ကြီးတွင် သူမ ၏ ကလဲ့စား တာဝန်အား ဆက်လက်ထမ်းဆောင်
ရန် သူမ ရှိနေပါဦးမည်,,ဖောက်ပြန်တတ်သူများအတွက် သူမ မကျွတ်လွတ်မချင်း နှင်းဆီကလဲ့စားကို မြိန်ယှက်စွာ ဆင်နွှဲနေဦးမည် ဖြစ်ပါတော့သတည်း,,,
ပြီးပါပြီ
လေးစားလျှက်
#လင်းရောင်နီ(thet ka rizz)

Post a Comment