မှို ကန်စွန်း ကောင်းကောင်းလေးကြော်စားရအောင်
မှိုကန်စွန်းကြော်နည်းမေးထားတဲ့ သူတွေအတွက်
မှိုကန်စွန်းကို ဆိုင်တွေကလို မျိုးကြော်ကြည့်၇အောင်နော်။ မှိုကန်စွန်းကောင်းဖို့ ဆိုရင် အ၇င်ဆုံးက အ၇ိုးသတ်သတ် အ၇ွက်သတ်သတ် သင်ထားရပါမယ်။ ပြီး၇င် ကြော်နေတုံးမှာ အဖုံးမအုပ်ရပါဘူး။ အဖုံးအုပ်လိုက်ရင် ကန်စွန်းရွက်တွေမည်းသွားပါလိမ့်မည်။ ခရုဆီကိုလဲ နောက်ဆုံး မီးဖိုပေါ်မှချခါနီးမှထည့်မှ ပို မွှေးပါတယ်။ ကြော်ကြည့်၇အောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကန်စွန်းရွက် - ၁ စည်း
၂။ ကြိုက်နှစ်သက်ရာမှို - ၁၀ သား
၃။ ငရုတ်သီးစိမ်း - ၅ တောင့်
၎။ ကြက်သွန်ဖြူ - ၃ မွှာ
၅။ ဆား - အနည်းငယ်
၆။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း (သို့ ) ၂ ဇွန်း
၇။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ကန်စွန်းရွက်ကို အ၇ိုးသတ်သတ် အ၇ွက်သတ်သတ် သင်ထားပြီး သန့် စင်ထားပါ။ မှိုကို သန့် စင်ပြီး ထူထူလေးလှီးထားပါ။ ကြက်သွန်ဖြူကို ဓါးပြား၇ိုက်ထားပါ။
၂။ ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူကို ဆီသတ်ထားပါ။
၃။ ကြက်သွန်ဖြူမွှေးလာလျှင် မှိုကို ထည့်ကြော်ပါ။ ခနကြော်ပြီးလျှင် ကန်စွန်းရိုးများကို ထည့်ပြီးေ၇အနည်းငယ်ထည့်ပြိးကြော်ပါ။
၎။ ကန်စွန်၇ိုးများထည့်ပြီး ၁ မိနစ်လောက်နေလျှင် အ၇ွက်များထည့်ပါ။ အ၇ွက်များနွမ်းခါနီးတွင် ဆားထည့်ပြီး သမအောင်မွှေပါ။ ငရုတ်သီးစိမ်းကိုပါထည့်ပါ။
၅။ အ၇ွက်များနွမ်းသွားလျှင် ဆားအပေါ့အငံကို မြည်းကြည့်ပြီး မီးဖိုပေါ်မှချခါနီးတွင် ခရုဆီကို ထည့်ရ်ျ မွှေပါ။ပြီးလျှင် မီးဖိုပေါ်မှချရ်ျသုံးဆောင်နိုင်ပါပြီ။
(ကန်စွန်းရွက်ကြော်လျှင် အဖုံးလုံးဝမဖုံးပါနဲ့ ။ မည်းသွားတတ်လို့ ပါ။)
Ei San Homemade
Post a Comment