ဝက်‌အူ‌ချေင်းပြုလုပ်‌နည်း

ဝက်အူချောင်း (သို့ ) ကြက်အူချောင်းလုပ်နည်း

အိစံ လုပ်တဲ့ ဝက်အူချောင်းလုပ်နည်းက ဆိတ်အူနဲ့ မလုပ်ပဲ ပလပ်စတစနဲ့ ပတ်တဲ့ နည်းပါ။ တကယ်လို့ ဆိတ်အူနဲ့ လုပ်ချင်လဲရပါတယ်။ ၀က်အူချောင်းကို နီနီလေးဖြစ်ချင်ရင်တော့ ယမ်းစိမ်းထည့်ရင်ထည့် မထည့်ရင်လဲ အနီရောင်ဆိုးဆေးထည့်ရင်တော့နီပါတယ်။ အိစံကတော့ ဘာမှမထည့်ထားလို့ သိပ်မနီပါဘူး။ အိမ်မှာပဲလွယ်ကူအောင်လုပ်လို့ ရတဲ့ နည်းကိုရွေးပြီး စမ်းကြည့်တာ အောင်မြင်သွားလို့ ရေးပေးလိုက်ပါတယ်။ ၀က်အူချောင်းကို ယမ်းစိမ်းတွေ လဲမပါပဲ သန့် သန့် ရှင်းရှင်းနဲ့ လုပ်စားရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ အဆီပါသောတောက်တောက်ဆင်းထားသော ၀က်သား (သို့ ) ကြက်သား - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၃။ သကြားအညို - ထမင်းစားဇွန်း ၂ ဇွန်း
၎။ ပဲငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၅။ အရက် (whisky) - ထမင်းစားဇွန်း ၁ ဇွန်း
၆။ တရုတ် မဆလာ (chinese five spices powder) - ထမင်းစားဇွန်း ၁ ဇွန်း (မရှိလျှင် ရှောက်ကော ပါကော ကို ထည့်ပါ။)
၇။ plastic wrap

ပြုလုပ်နည်း
၁။ အသားကို ဆား၊ သကြားအညို၊ ပဲငံပြာရည်၊ အရက်၊ တရုတ်မဆာလာတို့ ဖြင့် သမအောင်နယ်ပါ။
၂။ plastic wrap ကို ခင်းပြီး နယ်ထားသော အသား ထမင်းစားဇွန်း ၂ ဇွန်းစားကို plastic wrap ရဲ့ အစွန်းတဖက် ပေါ်တင်ပြီး အချောင်းရှည်ရှည်လေးဖြစ်အောင်လုပ်ပါ။ ပြီးလျှင် ကျစ်နေအောင် ပတ်ပြီး ပလပ်စတစ်နဲ့ လိပ်ပါ။ လိပ်ရာမှာ အသားကို လှိမ့်ပြီးမလိပ်ပဲ အသားဘေးက ပလပ်စတစ် အစကိုလိပ်ရင် ပိုပြီး ကျစ်ကျစ်လေးရပါတယ်။ လိပ်ပြီးသွားလျှင် အစွန်း ၂ ဖက်ကို တင်းနေအောင် ချီလိုက်ပါ။ (သေ၇ကွင်းနဲ့ ချီလဲရပါတယ်။)
၃။ ပလပ်စတစ် ပတ်ထားတဲ့ အသားချောင်းများကို ရေခဲသေတ္တာ အခဲခန်းထဲမှာ အနည်းဆုံး ၅ နာရီထည့်ရ်ျ ခဲပါ။ နောက်နေ့ မနက်မှ နေလှမ်းမည်ဆိုလျှင် ညမှာ ထည့်ခဲလဲရပါတယ်။
၎။ ခဲထားသော အသားချောင်းများကို ရေခဲသေတ္တာထဲမှထုတ်ပြီး ပလတ်စတစ် များကို ခွာပါ။ ပလပ်စတစ် ခွာရာမှာ အစွန်း ၂ ဖက်ကို ကပ်ကျေးနဲ့ ညှပ်ပြီး မှခွာပါ။
၅။ ပြီးလျှင် နေပူပူမှာ အနည်းဆုံး ၅ နာရီလောက်လှမ်းပါ။ နေလှမ်းဖို အခက်အခဲရှိသူများအတွက် မုန့် ဖုတ်စက်ထဲမှာ အပူချိန် ၂၀၀'F (90-95'C) တွင် ၅ နာရီ ထည့်ကင်ပါ။
၆။ အန္တရာယ်ကင်းကင်းနဲ့ ဝက်အူချောင်းကို ကြော်ရ်ျ သုံးဆောင်နိုင်ပါပြီ။
(ဆိတ်အူနဲ့ လုပ်မည်ဆိုလျှင် ကတော့ကို အသုံးပြုရ်ျ ဆိတ်အူထဲကိုထည့်ပြီး ချက်ချင်းနေလှမ်းလို့ ရပါတယ်။)
Ei san Homemade

Post a Comment