ကုန်းဘောင်ကြီးကြော်
ကုန်းဘောင်ကြီးကြော်မေးထားတဲ့သူတွေအတွက်
ကုန်းဘောင်ကြီးကြော်က တရုတ်အစားအစာတွေထဲမှာတော့ နာမည်ကြီးတဲ့ ဟင်းတပွဲပါ။ ဒီနိုင်ငံရဲ့ တ၇ုတ်ဆိုင်က ကုန်းဘောင်ကြီးကြော်တွေက မြန်မာပြည်က နဲ့ သိပ်မတူပါဘူး။ ဒီနိုင်ငံရဲ့ ကုန်းဘောင်ကြီးကြော်က မြေပဲတွေပါတယ်။ အခုအိစံချက်နည်းက မြန်မာပြည်က ကုန်းဘောင်ကြီးကြော်ချက်နည်းပါ။ လွယ်လွယ်ကူကူ လေးမို့ ချက်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ (၂ ပွဲစာအတွက်)
၁။ ကြက်သား (သို့ ) ၀က်သား - ၂၅ကျပ်သား
၂။ ကြက်သွန်နီ - ၂ လုံး
၃။ ခရမ်းချဉ်သီး - ၁ ခြမ်း ( အလှအတွက်ထည့်တာပါ။ မထည့်လဲရပါတယ်။)
၎။ ကြက်သွန်ဖြူ - ၂ မွှာ
၅။ ဂျင်း - လက်တဆစ်
၆။ ငရုတ်သီးခြောက် - ၅ ခု
၇။ ပန်းမုန်လာ - အနည်းငယ်
၈။ မုန်လာဥနီ - ၁ ဥ
၉။ ပဲငံပြာရည် - ထမင်းစားဇွန်း ၃ ဇွန်း
၁၀။ ကြာညို့ (ပဲငံပြာရည်အပစ်) - လက်ဖက်ရည်ဇွန်း တ ၀က်
၁၁။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၂။ ဆီ -ထမင်းစားဇွန်း ၆ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ အသားကို အတုံးသေးသေးလေးတွေတုံးပြီး ပဲငံပြာရည်၊ ကြာညို့ (ပဲငံပြာရည်အပစ်)၊ သကြား တို့ ဖြင့်နယ်ထားပါ။
၂။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။ ဂျင်းကို အချောင်းလေးတွေဖြစ်အောင်လှီးထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပန်းမုန်လာ၊ မုန်လာဥနီ တို့ ကို အတုံးအသေးလေးတွေတုံးပြီး သပ်သပ်စီထားပါ။
၃။ ကြော်မည့် ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာလျှင် ငရုတ်သီးခြောက်များကို ထည့်ကြော်ပါ။ ငရုတ်သီးခြောက်များမွှေးပြီး ညိုလာလျှင် ပန်းကန်တခုထဲသို့ ဆယ်ထည့်ထားပါ။
၎။ ငရုတ်သီးကြော်ထားသော ဆီထဲကို ဂျင်းနှင့်ကြက်သွန်ဖြူထည့်ရ်ျဆီသတ်ပါ။ အနံ့ မွှေးလာလျှင် အသားကို ထည့်ကြော်ပါ။
၅။ အသားမှ အ၇ည်များစထွက်လာလျှင်ပန်းမုန်လာနှင့် မုန်လာဥနီကိုထည့်ကြော်ပါ။
၆။ အရည်များ အကုန်ခမ်းပြီး ဆီထွက်လာလျှင် ကြက်သွန်နီကိုထည့်ရ်ျ ၁ မိနစ်ခန့် ကြော်ပါ။
၇။ ပြီးလျှင် ခ၇မ်းချဉ်သီးကိုထည့်ပြီးမွှေရ်ျ မီးဖိုပေါ်မှချပါ။
၈။ အနံ့ မွှေးပြီး အလွန်စားကောင်းသော ကုန်းဘောင်ကြီးကြော်ကို သုံးဆောင်နိုင်ပါပြီ။
Ei San Homemade
Post a Comment