ဝက်သားမုန်ညှင်းချဉ်ပေါင်း
တချို့ တရုတ်ဆိုင်တွေမှာရောင်းတဲ့ လူကြိုက်များတဲ့ ဝက်သားမုန်ညှင်းချဉ်ပေါင်းပါ။ ဒီဟင်းမှာ အဓိက က ဟင်းချက်ဆန်ဝိုင်အနံ့ လေးသင်းသင်းလေးနဲ့ အတွင်းထဲမှာ မုန်ညှင်းချဉ် ချဉ်ချဉ်လေးနဲ့ အ၇မ်းကို စားကောင်းတဲ့ ဟင်းပါ။ ပါဝင်ပစ္စည်းပါဝင်တာနည်းပြီး လုပ်နည်းလဲ လွယ်ကူလို့ လုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ ၀က်သား သုံးထပ်သား - ၁ ပေါင် (သို့ ) ၂၅ ကျပ်သား
၂။ မုန်ညှင်းချဉ် (သို့ ) ရှမ်းချဉ် - ၁၀ သား (အချဉ်ကို အသုံးပြုလျှင် ပို အအီပြေပါတယ်။)
၃။ ကြက်သွန်ဖြူ - ၂ တက်
၎။ ဂျင်း - ၁ တက်
၅။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၆။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဟင်းချက်ဆန်ဝိုင်(cooking rice wine) - ထမင်းစားဇွန်း ၂ ဇွန်း
၈။ ကြာညို့ (ပဲငံပြာရည်အပစ်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၉။ ဆီ ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပါ။ ဂျင်းကို အချောင်းလေးတွေလှီးထားပါ။ (မထောင်းပါနဲ့ နှပ်တာမှာပဲထည့်ပြီး ပြီးလျှင်ပစ်မှာမို့ ပါ။)
၂။ သကြား၊ ပဲငံပြာရည်၊ ဟင်းချက်ဆိုင်ဝိုင်၊ကြာညို့ တို့ ကို ခွက်တခုထဲထည့်ရ်ျ သကြားများအ၇ည်ပျော်သည် အထိ သမအောင်လုပ်ပါ။
၃။ ၀က်သားအတုံးလိုက်ကို သန့် စင်အောင်ဆေးပါ။ ပြီးလျှင် သမအောင်လုပ်ထားသော အရည်ကို ၀က်သားထည့်ထားသော ဇလုံတခုထဲထည့်၊ ဂျင်း နှင့် ကြက်သွန်ဖြူကို ထည့်ရ်ျ အနည်းဆုံး ၁ နာရီခန့် နှပ်ထားပါ။
၎။ ဒယ်အိုး ကို အပူပေးပြီး ဆီထည့်ပါ။ဆီပူလာလျှင် နှပ်ထားသော ၀က်သားအတုံးလိုက်ကို ၀က်ခေါက်မျက်နှာပြင်ကို ဒယ်အိုးမှာ အပူပေးပါ။ (နှပ်ထားသော အရည်များကို မသွန်ပစ်ပါနဲ့ ။ဂျင်းနှင့် ကြက်သွန်ဖြူများကိုတော့ ဖယ်ပစ်လိုက်ပါ။)
၅။ ပြီးလျှင် ၀က်သားကို နောက်တဖက်လှန်ရ်ျ အိုးပူတိုက်ပါ။ ပြီးလျှင် မီးဖိုပေါ်မှချရ်ျ ရေခဲသေတ္တာအပေါ်ထပ်တွင် ၃၀ မိနစ်ခန့် ထည့်ပါ။ (ပါးပါးလေးတွေလှီးလို့ ကောင်းအောင်လို့ ပါ။ )
၆။ ၀က်သားကို ရေခဲသေတ္တာထဲမှ ထုတ်ရ်ျ ပါးပါးလေးတွေလှီးပါ။ ပြီးလျှင် ခုနက နှပ်ထားသော အရည်များဖြင့် ၁၅ မိနစ်ခန့် ပြန်နှပ်ပါ။
၇။ ပန်းကန်လုံး အကြီးတခုထဲကို ပါးပါးလှီးထားသော ၀က်သားများကို ဘေးပတ်ပတ်လည် ထည့်ပါ။ ၀က်ခေါက်ကို အောက်ဖက်ထားပြီးထည့်ပါ။ အလည်တွင် မုန်ညှင်းချဉ်များထည့်ပါ။ နောက်ဆုံး အပေါ်မှ လှီးထားသော ၀က်သားများဖြင့် ပိတ်ပါ။
၈။ ပြီးလျှင် ပန်းကန်ပြားတခုဖြင့် အုပ်ရ်ျ ပေါင်း အိုးတွင် ၁ နာရီခန့် ထည့်ပေါင်းပါ။ ၀က်သားနူးမနူးကြည့်ပြီးလိုချင်သော အနေအထားတွင် ပေါင်းအိုးပေါ်မှချပါ။
၉။ ပန်းကန်လုံး အပေါ်ကို ပန်းကန်ပြားအကြီးတခုမှောက်ချပါ။ ပြီးလျှင် အထက်အောက်လှန်လိုက်ပါ။ ပန်းကန်ပြားပေါ်တွင် ပုံထဲကလို မျိုးလေး ၀က်သားမုန်ညှင်းချဉ်ပေါင်းကို ၇ပါပြီ။ ထမင်းပူပူလေးနဲ့ ချဉ်ချဉ်ချိုချို ၀က်သားမုန်ညှင်းချဉ်ပေါင်းကို သုံးဆောင်နိုင်ပါပြီ။
Ei San Homemade
Post a Comment