ဟမ္ဘာဂါ ကောင်းကောင်းလေး လုပ်စားရအောင် (၈ခုစာ)
ဟမ်ဘာဂါ အသားက အကောင်းဆုံးကတော့ grillလုပ်တဲ့ အသားက အကောင်းဆုံးပါ။ အသားထဲက အ၇ည်လေးတွေနဲ့ အ၇မ်းကို စားကောင်းပါတယ်။ မကပ်တဲ့ ဒယ်အိုးပေါ်မှာပဲလုပ်လို့ ရတာမို့ အိမ်မှာပဲလုပ်စားလို့ ရပါတယ်။ အသားကြော်တဲ့ ဒီဇိုင်းကို ကြိုက်ရင်လဲ အခုလုပ်နည်းအတိုင်းကို grillမလုပ်ပဲ ကြော်လို့ ရပါတယ်။ ဘာဂါရဲ့ အသားကို လုပ်နည်းအမျိုးမျိုးနဲ့ လုပ်ကြပါတယ်။ အိစံအခုေ၇းပေးတဲ့ နည်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ စားလို့ ကောင်းတဲ့နည်းပါ။ တချို့ နည်းတွေကတော့ အသားအနံ့ အတွက် ဟင်းခတ်အမွှေးအကြိုက်တွေထည့်ကြပါတယ်။ ဟမ်ဘာဂါမှာ ချိစ်ကို အ၇ည်လေးနည်းနည်းပျော်နေမှ စားကောင်းပါတယ်။ ကျန်တာကတော့ mayonnaise နှင့် ketchup လေးထည့်လိုက်ရင် အ၇မ်းကောင်းပေါ့ရှင်။ mustard လေးကြိုက်လဲ ထည့်နိုင်ပါတယ်။ သူကအအီပြေပါတယ်။ လုပ်စားကြည့်၇အောင်နော်။
ပါဝင်သောပစ္စည်းများ (အသားပြားလုပ်ရန်အတွက်)
၁။ ကြိုက်နှစ်သက်ရာအသား - ၅၀ သား (သို့ ) ၂ ပေါင်
၂။ ကြက်ဥ - ၁ လုံး
၃။ ပေါင်မုန့် ခြောက် (မုန့် ကြွပ်ခြောက်) (bread crumbs) (သို့ ) တောက်တောက်ဆင်းထားသော ကြက်သွန်နီ - ထမင်းစားဇွန်း ၈ ဇွန်း (အိစံက ၂ မျိုးလုံးနည်းနဲ့ လုပ်စားဖြစ်ပါတယ်။ ကြက်သွန်နီ နဲ့ လုပ်လဲ ကောင်းသလို ကြက်သွန်နီမကြိုက်တဲ့သူတွေကတော့ ပေါင်မုန့် ခြောက်ကို သုံးပါ။)
၎။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
အသားပြားပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။
၂။ ပြီးလျှင် ဇလုံတခုထဲတွင် ပါဝင်သောပစ္စည်းအားလုံးကိုထည့်ပြီး သမအောင်နယ်ပါ။ အသားများကို အလုံး ၈ လုံးဖြစ်အောင်ကျစ်ကျစ်လေးလုပ်ထားပါ။ (အလုံးဖြစ်စ၇ာမလိုပါ နည်းနည်း ပြားနေ၇င်၇ပါတယ်။)
ဟမ်ဘာဂါအတွက်
ပါဝင်သောပစ္စည်းများ
၁။ ဟမ်ဘာဂါပေါင်မုန့် - ၈ လုံး
၂။ ဟမ္ဘာဂါ အသားလုုံး - ၈ လုုံး
၃။ mayonnaise
၄။ Ketchup
၅။ mustard (မထည့္လဲ၇)
၆။ ကြိုက်နှစ်သက်ရာ cheese အပြား - ၈ ပြား
၇။ ခရမ်းချဉ်သီး - ၂ လုံး (အ၀ိုင်းလိုက်ပါးပါးလှီးထားပါ။)
၈။ ကြက်သွန်နီ - ၂ လုံး (အ၀ိုင်းလိုက် ပါးပါးလှီးထားပါ။)
၉။ pickle (သို့ ) သခွားသီး - ၁လုံး (အ၀ိုင်းလိုက်ပါးပါးလှီးထားပါ။) (မထည့်လဲရ)
၁၀။ သန့် စင်ထားသော ဆလပ်ရွက် - ၈ ခု
၁၁။ ဆီ (သို့ ) ထောပတ်
ဟမ်ဘာဂါပြုလုပ်နည်း
၁။ မကပ်သောဒယ်အိုးကိုအပူပေးပြီး ဆီ(သို့ ) ထောပတ်ထည့်ပါ။ (ဟမ်ဘာဂါ ပူပူလေးစားမယ်ဆိုရင် စားခါနီးမှ အသားကိုလုပ်တာ အကောင်းဆုံးပါ။ )
၂။ ဆီ (သို့ ) ထောပတ်ပူလာလျှင် အသားလုံးကို အိုးပေါ်တင်ရ်ျ အပေါ်မှ ယောင်းမလို မျိုး အပြားဖြင့် ဖိနိုင်သမျှဖိချပါ။ အသားပြားသွားပြီး အတွင်းထဲက အသားများကျက်အောင်လို့ ပါ။ ၁ မိနစ် (သို့ ) ၂ မိနစ်လောက်ခနအုပ်ထားပါ။
၃။ အသားပြားတဖက်ကျက်လျှင် နောက်တဖက်ကို လှန်ပါ။ အသားပြားအပေါ်မှာ cheese ကိုတင်ပြီး ၁ မိနစ်ပြန်အုပ်ပါ။ (cheese အ၇ည်ပျော်အောင်လို့ ပါ။) ဟမ်ဘာဂါအတွက် အသားပြားရပါပြီ။
၎။ အသားပြားလုပ်နေတုံးမှာ ပေါင်မုန့် ကိုလဲ ဆီစွပ်ထားတဲ့မကပ်တဲ့အိုးထဲမှာ အတွင်းသားလေးတွေပူအောင်လို့ အတွင်းသားကို မှောက်ပြီး အပူ ခဏ ပေးပါ။
၅။ ဘာဂါအတွက် ပေါင်မုန့် ရပြီဆိုလျှင် ပေါင်မုန့် အတွင်းသားတဖက်ကို mayonnaise နဲ့ သုပ်၊ နောက်တဖက်အတွင်းသားကို ketcup (mustard) တို့ နဲ့ သုပ်ထားပါ။
၆။ ဟမ်ဘာဂါ အတွက် အောက်ဆုံးမှာ ပေါင်မုန့် ထား ၊ ဆလပ်ရွက် တင်၊ အသားနှင့် ချိစ်တင်၊ပြီးလျှင် ကြက်သွန်နီ ၂ ၀ိုင်းထည့်၊ ခရမ်းချဉ်သီး ၂ ၀ိုင်းထည့် ပြီး သုံးဆောင်နိုင်ပါပြီ။
Ei san Homemade
Post a Comment