အပြုံးမြို့သားများရဲ့ ထာဝရပစ္စုပ္ပန်

အပြုံးမြို့သားများရဲ့ ထာဝရပစ္စုပ္ပန်
▬▬▬▬▬▬▬▬▬▬▬▬
၁။ အူဝဲလို့ မွေးကတည်းက
လူပဲလို့ တွေးဆစရာမလို
ခြေထောက်ကို ရုန်းကန်
အားမာန်ကို သွင်းထည့်
အရင်းမဲ့လူသား
အပူများနဲ့ ခရီးသွား စခဲ့ပေါ့ . . . ။

၂။ အချို့က . . .
ရွှေလင်ဗန်းနဲ့ အချင်းဆေး
နွေခင်တန်းနဲ့ အလျင်းဝေးကြတော့
သီချင်းတအေးအေးနဲ့လူဖြစ်
သတင်းတမွှေးမွှေးနဲ့ တမူသစ်ပြီး
လူခေတ်မှာ လူဖြစ်ကာ အကျိုးနပ်ကြလေရဲ့ . . . ။

၃။ အချို့ကျတော့ . . .
သန္ဓေတည်ကတည်းက ဒုက္ခကိုသယ်
ကိုးလလွယ်၍ ဆယ်လဖွား
ရာဇဘွားမဟုတ် . . . မရဏဖွားသရုပ်နဲ့
ရှုပ်လှတဲ့ အထုပ်ပွပွကြီးကိုထမ်း . . .
ရုပ်ဘ၀ဆိုတဲ့ ခရီးကြမ်းမှာ
ဒုက္ခကို အပိုထည့် မြည်းစမ်းရင်း
တစ်မီး တစ်ဝမ်းကို နည်းလမ်းအဖုံဖုံနဲ.
ခရီးကြမ်း အစုံကိုဖြတ်
ကန္တာရဆိုတဲ့ မီးတောကို ပတ်ခဲ့သပေါ့ . . . ။

၎။ ဒါပေါ့ကွယ် . . .
စမ်းချောင်းရေ ခရီးမှာ
ပန်းလောင်းလှေစီးပြီး
အလွမ်းဟောင်းတွေခြွေ
အနမ်းပေါင်း တဝေေ၀နဲ့
သိင်္ဂါရလေပြေညှင်း . . . တသင်းသင်းတိုက်လို့
အကြောင်းမလှသူများကတော့ . . .
ဆရာမြသန်းတင့်ရဲ့ စကားငှားရရင်
ဓါးတောင်ကိုကျော် . . . မီးပင်လယ်ကိုဖြတ်
အပူကဟပ် လူကကြပ်သနဲ့
ပါးစပ်ကများ . . . ၀မ်းကပွားပြီး
ခရီးသွားအများရူး
ဓားဦးနဲ့ အဆွခံ
ဘ၀ဒဏ် အမာရွတ်အထပ်ထပ်နဲ့
အလှသဏ္ဌာန်ဟာ ကဗျာလွတ်မကတတ်သလိုပေါ့ . . . ။

၅။ တို့အဖေ . . . တို့အမျိုး
တို့အဖိုး . . . တို့အဖွား
ကန်သင်းကြားမှာ ကွင်းလေကို အပျင်းပြေရှုကြရင်း
အောင်ဗလရဲ့ ပန်းသလားမေပျို သီချင်းကိုအော်ဆို
ငယ်ဖော်ရဲ့လက်ကို ဖွဖွဆွဲ
ဗုဒ္ဓ၀င်မြိုင်ညိုထဲကိုပတ်
ငါးရာ့.ငါးဆယ်နိပါတ်ကို
တရားအလှ စကားကွဲ.လို. အသိဟပ်ပြီး
ဇိနတ္တ ပကာသနီ ခရီးနဲ့
၇ှုမှတ်ကြဘာဝနာ ကဗျာ၇ှည်ညည်းပြီး.....
မဟာမြေကြီးပေါ်လျှောက်.....
အနှစ်ကိုးဆယ်ကျော်ခ၇ီးပေါက်ခဲသတဲ.....။

၆။ကင်းဝန်မင်းကြီး အဘိုးကောင်း ၇ဲ
နန်းအပြင်ဘက် ခြေတစ်လှမ်း
အင်္ဂလန် ခ၇ီးကြမ်းကို
အသွင်သဏ္ဍန် အခြေအနေ မြည်းစမ်းဘိုအလှမ်း
မြ၀တီမင်းကြီးဦးစ၇ဲ ယိုးဒယား(ထိုင်း)သံဆန်းနဲအထွက်
လှိုင်းလုံးတွေက ပွေ.ဖက်
မုန်တိုင်းတွေက နုတ်ဆက်
ပေါ်ပီ ပန်းကလေးတွေက ပြုံးလျှက်
အဲဒီလို.....အမုန်းမဖက်တဲခ၇ီး
အပြုံးသွက်သွက်စီးပြီး ခ၇ီးသွား
အဲဒါ...ဒိုမြန်မာ၇ဲ. ကမ္ဘာခ၇ီးသွားနှစ်အစ......။

ရ။ရှင်အရဟံ သာ
ပုဂံခရီးကို ကုန်းကြောင်းမလျှောက်ခဲ.ရင်
ဘုန်းလျှမ်းလျှမ်းတောက်တဲ အနော်၇ထာ
မြန်မာမှာ ဘယ်ပေါ်လာပါ.မလဲ သမီးရယ်ယ်.......
အဲဒါ....ပြည်တွင်းခ၇ီးသွား. ရဟန်းငယ်ရဲ.
ခြေတလှမ်းကုဋေတစ်သန်းတန်တဲ တန်ဖိုး
ဟောဟိုက.....ပုဂံတစ်၇ိုး
တူ၇ွင်းတောင် မြူခိုးနဲ.
၇ှိခိုးလို.မ၀ ဦးချလို.မကုန်
ပုဂံဘု၇ား အစုံစုံဟာ
ရှင်င်အရဟံရဲ့. ခ၇ီးသွားပုံရိပ်အကျိုးဆက်
ပြိုးလက်တဲ.အလင်းကို အမွှန်းတင်ရင်း
ဟောဒီဇမ္ဗူဒိတ် ကျွန်းတခွင်မှာ
ထွန်းလင်းတဲ.လ....တစ်သောင်းမက.........။

၈။တို.များဘ၀ ကတော......
ဆီဈေးလေးရာကျော်ကို အာခံနိုင်ဖို.
ထမီကလေကို မသာမယာပေါင်
ကဗျာကယာ ချဉ်ပေါင်နဲ.လဲ
သရုပ်မပျက်သော်လည်း ကသုတ်ကယက်ပါပဲလေ။
ကံဝေလှလို...ဆန်ဈေးမကျပေမယ်.
ပုဂံဆေးစောင်.ကျမဲံ ဇနီးသားအတွက်
မငြီးမတွားတဲအဖေ....စီးပွားေ၇းဆိုတဲ ဒီေ၇ကိုဆန်
သမီသားတွေရီ(ရယ်)စေဖိုကြံ၇တဲဘဝ
ဦီးကောင်း လို....ဘယ်ခရီးသွားနိုင်ပါ။

၉။အင်္ဂလန်ဝေးလို့
ရွှေတိဂုံတောင်....ရာကျော်အောင်ကုန်မှာစိုးလို.
ပြက္ခဒိန်ကိုရှိခိုးရတဲ့ဘဝ
စိတ်ဓါတိတော့မကျနဲ့ သမီး
သိန်း( ၅၀၀)ထီကြီး ပေါက်ရင်
ရွှေပေါက္ကံနယ်တစ်ရိုး
ဆင်စီးလုံးငှားပြီး "ဒိုး" ကြမယ်
ရှိခိုးကြကွယ်....မီးခွက်မှုတ်စို့........။


၁၀။ အင်း...."ကိုလံဘတ်" သာ ကဗျာစပ်နေပြီး
ကမ္ဘာမပတ်ခဲ့ပဲနေရင်
ကမ္ဘာကြီးလုံးတဲ့သီအိုရီ
အတော်များများရယ်(ရီ) ကြမှာသမီးရဲ့
ခုတော့....ခရီးသွားခြင်းရဲ့ကျေးဇူး
ကိုလံဘတ်ဦးတော့......
အိန္ဒိယကိုအသွား....ကမ္ဘာအနောက်များကိုအ၀င်
စိမ်းစိုသော ဂန္တ၀င်ကိုကွေ့
အမေရိကတိုက်တဲ့..ဟေ့။

၁၁။ အီတလီနိုင်ငံရဲ့ ဗင်းနစ်မြို့သား
"ဗာစကိုဒဂါးဒမား"သာ
အိမ်မှာထိုင်အရက်သောက်နေရင်
အိန္ဒိယနိုင်ငံဆိုတာ ကမ္ဘာ့ မြေပုံပေါ်ပျောက်နိုင်ရဲ့။
ခုတော့...ရွက်တိုင်ဖွင့်ခရီးထပ်
အာဖရိကတိုက်ကို ပတ်လိုက်တော့
အကွေ့တဖြတ်ရဲ့ အရှိန်အတိအကျ မှာ
အိန္ဒိယဆိုတာကိုတွေ့............
သမီးတို့မမေ့နဲ့ "နေရူး"
အဲဒါ..ဗာစကိုဒဂါးမာရဲ့ကျေးဇူး။

၁၂။ ရှိသေးတယ်သမီး..........
ရွှေခြေထောက်များရဲ့ပိုင်ရှင်
ခြေလျှင်တို့ရဲ့ သခင်ပျို
သူ့နာမည်က"မာကိုပိုလို"တဲ့.......
မောင်ပေါက်ကျိုင်းရဲ့ထုံး........... နှလုံးမူပြီး
မေးပါများစကားရ......
သွားပါများခရီးရောက်
မအိပ်မနေအသက်ရည် လမ်းစဉ်နဲ့
တစ်လမ်းဝင်တစ်လမ်းထွက်
တစ်ကုန်းတက် တစ်တောင်ကျော်
တရုတ်ပြည်က "ပိုး"လမ်းမကြီးပေါ်ရောက်
အနောက်သားတွေထဲမှာ ဂုဏ်ယူစရာပါ့
ကမ္ဘာ့ခရီးသွား သူကြီးမင်းဗျ.............။

၁၃။ သမီးသား........ နားမညောင်းဘူးဆိုရင်
ခရီးသွားစကားကောင်းချင့်ပါ့ကလေးရယ်.........
ကမ္ဘာခရီးသွားနှစ်
တို့မြန်မာချစ်ခဲ့ပြီ...
ခုတော့လေ...
ပုဂံဟာ..ဒေါ်လာဖြစ်
ပုပ္ပါးဟာ...ဒေါ်လာဖြစ်
အင်းလေးဟာ..ဒေါ်လာဖြစ်
နန်းတွင်းဟာ....ဒေါ်လာဖြစ်
မြန်မာ့အလှနဲ့ ယဉ်ကျေးမှုဟာ
ဘ၀ဓနနဲ့ အသွင်အသွေးစုပြီး
ခင်လေးတို့ ယခုဂုဏ်တက်
အဲ့ ဒါ...မြန်မာခရီးသွားနှစ်ရဲ့ အသက်ပေါ့...။

၁၄။ ကမ္ဘာမှာ မြန်မာဟာ....
ခြေမှာစကား..လက်ဖျားကဗျာ
မျက်နှာဇာတ်လမ်း...အံ့မခန်းတဲ့လူမျိုး
ရိုးရာကို ပွေ့ပိုက် ဓလေ့ စရိုက်ကို၇ိုသေ
ကောင်းအကြံဥာဏ်တွေ ဖြိုးတဝေေ၀နဲ့ 
မောင်းသံတွေ တိုးအသေ၇နဲ
ပြောင်းဆန်ေ၇ သီးနှံတိုးဖို.
ဘောင်းလန်အောင် ဆည်ေ၇ကိုးပြီး
စိုက်ပျိုးလို. ရွှေဖြစ်
ရွှေခေတ်ကို ထူတဲ့လူမျိုး . . . ။

၁၅။ မင်းလှခံတပ်က အမြှောက်သံများ . . .
အင်္ဂလန် ခုထက်ထိ ဖျားသတဲ့
အင်းဝက ဓါးသွေးသံ
ကမ္ဘာ့နံရံများ ပဲ့တင်သံကျန်သတဲ့ . . . ။
စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲ
ကျည်မစဲ မောင်းဖြုတ်သံများ
ကမ္ဘာ့နားထဲမှာ အဆက်မပြတ် ကြားနေကြသတဲ့ . . . ။
မြန်မာဆိုတာ
ဝါးဆစ်ထစ်ကို သံမှိုတစ်ချောင်း
ကျောက်ကောင်းတစ်လုံး . . . အဆုံးမခံ
လက်တုန့်ပြန်တဲ့လူမျိုး
ဇာတိဂုဏ်ကို ချီးကျုး
သတ္တိထူးကို လေးစား
ဒီလိုနဲ့ ခရီးသွား နားမှာ
မြန်မာ့ အားဟာ အလွန်သန်
ပုဂံကို အရောက်လှမ်း
ဧရာဝတီမြစ်ရေကို ပွေ့ဖက်လို့ နမ်းကြသတဲ့ . . . ။
ကိုယ့်မြေကို ကိုယ်ချစ် ၊ ကိုယ့်ခေတ်ကို ကိုယ်ထူ
ဘယ်သူ့အကူမှ မစောင့်
ကိုယ့်ဖနောင့် ကိုယ်ယုံကြည် . . . အာဇာနည်တို့ရဲ့နိုင်ငံ
ရောက်ဖူးမှ လူဖြစ်မှန်မတဲ့ . . . ။
အင်းဝတိုက်ပွဲ . . . ။
ဓနုဖြူတိုက်ပွဲ . . . ။
မင်းလှတိုက်ပွဲ . . . ။
ရှင်မဖြူတိုက်ပွဲ . . . ။

အသည်းကောင်းလို့ ပွဲတောင်းလာရင်
အဲမောင်းသာကိုင်ခဲ့
လှံကိုလှံချင်း . . . ဓါးချင်းစစ်ခင်း . . . ။
မြင်းချင်းယှဉ်တိုက် . . . ကျုးကျော်သူကို ဦးမခိုက်တဲ့လူမျိုး . . . ။
ပုထိုးဘဂ၀ါ တံခိုးလျှံပြီး
အမျိုးရတနာ အရိုးခံမို့
နိဗ္ဗာန်သစ်နိုင်ငံ
ဧည့်လျှံတာမဆန်း . . . ။

၁၆။ ချစ်သူကို လက်ဖြန့်ကမ်း
မုန်သူကို လက်ဆန့်တန်းလို့
ငုံမခံ ဇာတိမွေးတဲ့
တို့နိုင်ငံ မြန်မာပြည်သွေးကို
ခပ်ရေးရေး ကြည့်တာထက်
အနီးကပ်ဝင်ကြည့် . . . အဲဒီအသိနဲ့ မြန်မာပြည်ကိုလာ
ကမ္ဘာပြည် အဖြာဖြာက ခရီးသွား
ဒိုးပတ်သံကြားရုံနဲ့ ကြည်လင်သွားပြီး
ရုပ်သေးကြိုးဆွဲတဲ့အနားမှာ ငေးမော
စိန်ဆိုင်းအတီးမှာ မိန်းမောပြီး
သဘောကျ လက်ခုတ်တီး
တို့မြန်မာ ဧည့်ကြိုနည်းကလည်း
ကမ္ဘာကိုပတ်နေတဲ့ သီချင်းကြီးပေါ့ . . . ။

၁၇။ ကမ္ဘာမှာ မြန်မာဆိုတာ
ရာဇ၀င်ထဲက လူမျိုး . . .
ဒါပေမယ့် တိုးတတ်တဲ့အသိ
ယဉ်ကျေးမှုအပြည့်နဲ့ . . . ပြုံးနေသည့်လူမျိုး
သို့ကလို . . . ကမ္ဗည်းထိုးကြသမို့ . . . ။
ဂစ်တာကြိုးပေါ်က အက
မင်း . . . ငါတို့ ခ၀ါချသန့်စင်
ကိုယ်ပိုင်သံစဉ်နဲ့ တည်ဆောက်
ဗုဒ္ဓရဲ့ သိင်္ဂါရရသနဲ့ ကမ္ဘာကိုဖောက်ထွက်
မေတ္တာရှင်လက်များကို ဆုပ်ကိုင်
နိုင်ငံချင်း ချစ်ကြည် . . . ပြည်သစ်များကိုတည်ဆောက်
သရုပ်ပျက် ပုတ်အက်အက် အတွေးတွေဖျောက်ပြီး
ရှင်သန်ခြင်း အနုအလှနဲ့ လူ့ဘ၀ရေကြည်ကိုသောက်ကြ . . . ။

၁၈။ တို့နိုင်ငံရဲ့ အပြင်ဘက်
ငါတို့လည်း ခြေတစ်ဖက်ချဟေ့ . . . ။
ကင်းဝန်မင်းကြီးရဲ့ . . . ဘဝ
ရှင်အရဟံရဲ့ . . . အလှ
ဗာစကိုဒီဂါးမားရဲ့ . . . အပြ
မာကိုပိုလိုရဲ့ . . . အထ
ကိုလံဘတ်ရဲ့ . . . အစနဲ့ . . .
ခရီးသွားလုံးလကိုပြု
လူ.ဘ၀ကို တည်ဆောက်
ေ၇ွှတိဂုံ မရောက်ပေမင်.
ကျိုက်ခေါက်တော.ေ၇ာက်အောင်သွား
မြန်မာ.ခရီးသမားလည်း ကမာခရီးအကြားမှာ
ဓနစီးပွားဖြစ်ဘို.
တို.ခေတ်၇ဲ.ေ၇ွှတံခါး
တို.အားနဲ.တို.ဖွင်.
(ဟောဒီပစ္စုပ္ပန်မှာ.....)
ရွှေမြန်မာ ပန်းေ၇ာင်စုံ ပွင်.ကြစို.လကွဲ.....နော်......။

၂၀၀၇ ခုနှစ်.အောက်တိုဘာ၁၁ရက်..
သခင်ကြီး
Shwe Aeim Si


Post a Comment