သုတ…ယုယ ဝတ္ထု့တို (ဇါတ်သိမ်း)
&&&&&&&&&&&&&&&&&&&&&
"…ဒေါက် ဒေါက် ဒေါက် သု သမီးကြီးရေ…"
တံခါးဖွင့်ဦး နိုးနေရင် ထတော့လေ "
(ဒေါ်မြခတ် သုယ ကို အခန်းရှေ့ကနေ တံခါးကို
ခေါက်ကာခေါ်နေပါတယ်……)
"ဟုတ် မေမေ နိုးပါပြီ"
(ယုယနဲ့ သုတ က တစ်ယောက်တစ်ခန်းဆီ
အိပ့်ကြတာမို့ ဒေါ်မြခတ် သုတ ဆီ အရင်လာ၏)
"ဆရာမ ဖုန်းလာတယ် အရေးကြီးတဲ့ သင်တန်းရှိလို့
ဒီနေ့ပဲ ပြန်လာခိုင်းနေတယ် အဲ့ဒါ
ဒီနေ့ နယ်ပြန်ရမယ် ရေချိုး အဝတ်စားလဲ"
"ဟင့် ယုရော မေမေ"
"ယု တို့က လက်ထက်ပွဲနေ့ကျရင် ဝတ်ဖို့
အင်္ကျီ သွားကြည့်ကြတယ်"
"ဒါဆို နယ်ပြန်ဖို့ကိစ္စ ဘယ်လိုလုပ်မှာလဲ မေမေ"
"သု မေမေကိုဘာတွေပြောနေတာလဲ ထတော့
ဒီကောင်မလေး အိပ့်ချင်မူးတူးနဲ့ "
(ဒေါ်မြခတ်က သုတ ကို နားမလည်နိုင်စွာဖြင့်
ခေါင်းလေးပုတ်ကာ အခန်းပြင်သို့ ပြန်ထွက်သွား၏)
"…ဟူး…………သုတ ဆိုတဲ့ငါ ဘာလို့ အဖြည့်ခံဘဝနဲ့
အသက်ရှင်နေရတာလဲ …
ငါ ရဲ့ နှစ်လုံးသား ငါ့ဘဝရဲ့ အနာဂဏ် ဘာတစ်ခုမှ
ငါ မပိုင်ရပါလား……"
(တစ်ယောက်တည်းမှန်ရှေ့မှာ ထိုင်ပြီး
သပ်ပြင်းတွေ ချလိုက် စကားတွေပြောလိုက်နဲ့
မျက်ဝန်းက မျက်ရည်စတွေကတော့…ပါးပြင်ပေါ်မှာ)
"…မေမေ သုကို ဘယ်သူလိုက်ပို့မှာလဲ"
"ဖေဖေ လိုက်ပြန်ပို့လိမ့်မယ် လက်ထက်ပွဲက
နောက်နှစ်ရက်ပဲ လိုတော့တာဆိုတော့
မေမေတို့လည်း ကိစ္စတွေ ပြီးတာနဲ့
ချက်ချင်းပြန်လာမှာပါ အန်တီလေးကို
အဖော်ခေါ်အိပ့်နော် သမီး"
(ဒေါ်မြခတ်က အဝတ်စားတွေထည့်ရင်း…
သုအား အမှာတော် ပါးနေ၏)
"မေမေ ယု ကို ဒီစာလေးပေးပေးပါ"
"အော် သမီးရယ်…ဘာလဲ ယုလေး အိမ်ထောင်ကျမှာ
သမီးကသဘောမကျလို့လား
မောင်မင်းဝသာန်လေးက တည်ကြည်သူလေးပါ
ယုလေးကို အလိုလည်းလိုက်ပါတယ် "
"သဘောမကျလို့မဟုတ်ပါဘူး မေမေ
သု ယုနဲ့ ကိုမင်းကို သဘောတူကြည်ဖြူပါတယ်"
(သုက သဘောတူကြည်ဖြူပါတယ် ဆိုပြီး မျက်ဝန်းမှ
မျက်ရည်ဥများ ရစ်ဝဲလာတာမို့ဒေါ်မြခတ်မသိ့အောင်
အခြားတစ်ဖတ်သို့ မသိ့မသိသာ လှည့်ကာ
သုတ်လိုက်၏)
"ကဲပါ မေမေ သု လာတာနဲ့ ပေးပေးမယ် လာ
အောင်မှာ သမီး ဖေဖေ စောင့်နေရောပေါ့"
"ဟုတ်"!!!!
&&&&&&&&&&&&&&&&&&&&&&&&&
" အချစ်စေညွှန်ရာထွန်သိနွားလိုငါ့လေ နေပေးမှာ"
…အချစ်ရဲ့ အကြောင်း…အချစ်တောင်း မှ
ရူးလောက်အောင် ဖြစ်ရမှန်း ငါသိခဲ့ပြီ…
…တကယ်တော့ ငါ မထင်ထားခဲ့မိတဲ့ အချစ်ဆိုတာ
…တစ်ခါတရံမှာ ခလုတ်ကလေးတိုက်မိရာကနေလည်း
အချစ်စစ်ကို တွေ့သွားတက်ကြတယ်…
မျက်စိတစ်မှိတ် လျှက်တစ်ပျက် အတွင်းမှာလည်း
ချစ်တက် သွားကြတယ်…ငါ့ပထမဦးဆုံး
ငါ့ ရင်ခုန်သံတွေ ရပ့်မတက် တစက်စက်နာကျင်
ပျက်သုန်းခံခဲ့ရတဲ့…… ငါအရမ်းမုန်းတဲ့ အချစ်…
ငါ…ကျေနပ်ပါတယ်…ငါ နင့်အတွက် ပေးဆပ်လို့
ရတာမှန်သမျှ ပေးဆပ်ဖို့အသင့်ပါ ….........။"
(ယုယ စာကို ဖတ်ပြီး စိတ်မကောင်းဖြစ်ရ၏
တကယ်တော့ ယုယ ကလည်း မင်းဝသာန်ကို
ပထမဦးဆုံး ချစ်ဖူးခြင်းနှင့် ချစ်ခဲ့ခြင်းမျိုးပါ)
"ယု တောင်းပန်ပါတယ်…သုရယ်…
ဒါနောက်ဆုံးပါ ဒါယု အတွက် သုဆီကနေ
နောက်ဆုံး ရလာဒ်တစ်ခုအဖြစ် နဲ့
ယု လိုချင်လို့ပါ သုအတွက် စိတ်မကောင်းပေမယ့်
ယု ကိုမင်းကို အရမ်းကို ချစ်ခဲ့မိလို့ပါ
ယု ကို ခွင့်ပါ သု ရယ်………"
(ယုယ လည်း စာကို ဖတ်ပြီးတာနဲ့ သုတအတွက်
စကားလုံး များ ခြွေနေလေ၏)
("…အချစ်က ဆန်းကျယ်လွန်းပါတယ်နော်
နောက်ဘဝများ ရှိခဲ့ရင်ပေါ့ သုတစ်ယောက်
ပေးသောအချစ်သည် ပြန်ရ၍ ရသော်အချစ်သည်
အချစ်စစ် ဖြစ်လာနိုင်ပါစေ…လေ…")
"ယု …!"
"ကိုမင်း …"
"သုတ နယ်ပြန်သွားတာလား "
"အင်း ဟုတ်တယ် "
"သုတ က ယု နဲ့ ရုပ်ချင်းတာတူတာ
ယု လို စိတ်လွှတ်လူလွှတ် မရှိဘူး
အားငယ်နေသလိုပဲနော်"
(မင်းဝသာန်က ပြောပြောဆိုဆိုနဲ့
ယုယ ပခုံးလေးကို ညင်သာစွာ ဖတ်လိုက်၏)
"ဘာလို့ ကိုမင်းက အဲ့လို ပြောနိုင်တာလဲ"
"ကိုမင်း သုမျက်လုံးတွေကိုအဓိပ္ပာယ်ဖော်တက်တယ်"
"တယ် ဟုတ်ပါလား ယု မျက်လုံးတွေကိုရော
မဖတ်တက်ဘူးလား…"
"မှန်းစမ်း ယုမျက်လုံးလေးတွေမှာ…အင်း……
အချစ်ရှိတယ်…ဟုတ်တယ်မဟုတ်လား…"
"မသိ့ဘူးလေ……" "တီတီ"
(ကားဟွင်း တီသံကြောင့် ယုယ အိမ်ရှေ့သို့
ထွက်လာခဲ့၏)
"ဟင် ဖေဖေသု ကို သွားလိုက်ပို့တာ မဟုတ်ဘူးလား"
"သွားလိုက်ပို့တာပဲ အဖေလည်းခေါင်းနည်းနည်း
မူးလာတာနဲ့ပဲ သု ကားဂိတ်ထိ့ပဲ လိုက်ပို့ပေးခဲ့တယ်"
"အော် ဒါဆို အဖေ ခန လေး
ယု သံပုရာရည်ဖျော်ပေးမယ် "
"ဖေဖေ ကျွန်တော် လိုက်ပို့ပေးမယ်…"
(မင်းဝသာန်ကတောင် ဦးဘသိန်းကို
ဖေဖေဟု့ တပ့်ခေါ်နေပါပြီ )
&&&&&&&&&&&&&&&&&&&&&&&&&&
(ဒီနေ့လေးဟာ မောင်းမင်းဝသာန်နှင့် မယုယ တို့ရဲ့
လက်ထပ်လက်မှတ်ထိုးသည့် နေ့လေးပင်ဖြစ်၏)
"သားနဲ့ သမီး လူကြီးတွေ
ရောက်နေကြပြီ ဆင်းခဲ့ကြတော့"
"မင်းဝသာန်နဲ့ ယုယ တို့လက်ထပ်စာချုပ်ပေါ်မှာ
လက်မှတ်ထိုးကြပါတော့မယ်……"
"ဝင်ခွင့်ပြု့ပါခင်ဗျာ"
"ဘာကိစ္စများလဲ ကွယ်"
(ဦးသသောင်းရဲ့ အမေးကြောင့် ထိုလူငယ်လေးက)
"စာလာပို့တာပါ မိန်းကလေးတစ်ယောက်ပေးခိုင်း
လိုက်တာပါ"
(ဒေါ်မြခတ်လည်း ထို့လူငယ်လေး ကမ်းပေးသော
စာအိပ့်ကို ဖွက့်ဖတ်မိ၏)
''''''""""""""""×××××××"""""""""""
……•ဖေဖေနဲ့မေမေ…•
သု ကို ခွင့်လွှတ်ပေးကြပါ သု ဘန်ကောက်သွားပြီ
ဖေဖေနဲ့မေမေ ကို သု ခွင့်မတောင်းခဲ့မိလို့
သု စာနဲ့ပဲ တောင်းပန်လိုက်ပါတယ် သု ကိုမိုး ရဲ့
အလုပ်မှာ ကူညီရင်း တစ်နေ့နေ့တော့
သု မြန်မာပြည်ကိုပြန်လာခဲ့ပါမယ်……
……သု လေယာဉ်နဲ့ ဒီနေ့ပဲ
ထွက်တော့မှာပါ သု ဖေဖေနဲ့မေမေကော
ဘကြီးသောင်းကိုပါ ကန်တော့ခဲ့ပါတယ်
သု နောက်ကို လိုက်မလာပါနဲ့ သု လေယာဉ်
ပေါ်ရောက်မှ ဒီစာကို ပို့ခိုင်းခဲ့တာပါ…
ညီမလေး ယုနဲ့ ကိုမင်းဝသာန်တို့လည်း
ရွှေလက်ခိုင်ခိုင်မြဲပါစေ………။
အားလုံးကို ချစ်တဲ့
သုတ
(ဒေါ်မြခတ်က စာကို ဘေးကလူတွေကြားအောင်
ကျယ်ကျယ်ဖတ်နေတာမို့ အားလုံးက သုတကို
နားမလည်နိုင်ကြပေ………)
အရာရာအားလုံးကို သိ့နေသူကတော့ ယုယ ပင်
ဖြစ်၏ သို့ပေမယ့်………
"နောက်ဘဝများ ရှိခဲ့ရင်ပေါ့ သုရယ်…......…။"
.....
.......
(ဒီဝတ္ထုလေးရဲ့ အဆုံသတ်မလှပ မသေသပ် ဘူးဆိုတာသိပါတယ်..
တစ်ခါတရံ .စွန့်လွှတ်အနစ်နာခံတက်သူတစ်ယောက်
ကတော့...နှလုံးသားတွေ..နဲ့ စတေးရင်း.
..ရင်ကွဲခံသွားရတဲ့အဖြစ်မျိုး တွေလည်း ကမ္ဘာပေါ်မှာ
ရှိနေတတ်ကြတာမဟုတ်လား.....)
နောက်ဘဝများရှိခဲ့ရင်...ပေါ့နော်
@@@@@@@@@@@@@
(ပြီးပါပြီ)
ကြိုးစားပါဦးမယ်
…စာပေချစ်သူခင်များအားလုံးကို
ခင်မင်လေးစားလျက် ပါ
သဲသုတ(ခေတ္တထိုင်း)
သုတယုယ ဇတ်သိမ်း
- on 7:02 PM
- No comments
Post a Comment