သုတယုယ အပိုင်း ၎

သုတ……ယုယ ဝတ္ထု့တို အပိုင်း(၄)
@@@@@@@@@@@@@@@
"သမီးကြီး ပဲ မဟုတ်ဘူး ညည်းအဖေနဲ့အမေပါ
လာကြမှာ"
"ဟင် ဘာလာလုပ်ကြမှာလဲဘကြီး"
"မီးငယ်ကို မောင်မင်းဝသာန်က
လက်ထပ်ချင်တယ်ဆိုလို့
ဘသိန်နဲ့ မြခတ်ကို ဒီကို ခေါ်လိုက်ရတာ"
"အော် "
"မီးငယ် သမီးကြီးလာမှာ ဘာလို့ လန့်နေတာလဲ"
"ဟာ ဘကြီးကလည်း မလန့်ပါဘူး သုက
ကျောင်း မပိတ်ပဲ လိုက်လာမှာ ဆိုးလို့ပါ"
"အေး အဲ့ဒါတော့ ဟုတ်တယ် ထားပါလေ
ဘကြီးထမင်းဆာပြီ ထမင်းခူးထား
ခနနေထမင်းစားမယ်"
"ဟုတ်ကဲ့ ဘကြီး"
(……ယု နင်က မင်းသမီးပဲလေ…ငါက
ဧည့်သည် သရုပ်ဆောင် ငါသရုပ်ဆောင်ရမည့်
ဇာတ်ဝင်ခန်း ပြီးလို့ ငါနားရတာလို့ပဲ သဘောထား
ပါတယ်……
ငါ … ချစ်မိခဲ့တာကိုက ငါ့အပြစ်တွေပါ …)
"ဘကြီး နေကောင်းတယ်နော်…"
(သုတဟန်ဆောင်ထားသော် ယုယ အိမ်ထဲဝင်တာနဲ့
နုတ်ဆက် လာတာမို့ ဘကြီး အံသြနေရ၏
တကယ်တော့ သမီးကြီးသုတက ဘယ်အရပ်ကပဲ
လာလာ ဘကြီး ဆိုပြီး ပြေးဖတ်နေကြပါ အခု
သမီးကြီး ပြောနေတဲ့အသံက သမီးငယ် ယုယနဲ့
တူနေတယ် ရုပ်ချင်းခွဲမရအောင်တူပေမယ့်
အပြု့မှူအနေထိုင်ချင်းကိုတော့ ဘကြီးဖြစ်သူ
ဦးဘသောင်း ခွဲတက်၏ သို့ပေမယ့် ဇဝေဇဝါ
ဖြစ်နေရသည်)
"ဘကြီး ယု ရော "
(ဘကြီး ယုရော ဆိုတော့မှ သမီးကြီးဟု့
ဦးဘသောင်း ကောက်ချက်ချမိ၏)
"မီးငယ် ဈေးသွားတယ် "
"ဟော့ ကိုကြီးကသာ အရေးကြီးလို့
လိုက်လာပါဆိုလို့သာ လာခဲ့ရတာ
အိမ်မှာက အလုပ်သမားတွေနဲ့
စိတ်မချရဘူး ကိုကြီးရေ…"
(ဒေါ်မြခတ်က စကားကြွယ်လှ၏
အခုလည်း နောက်ပိုင်း စိတ်မချဟန်တူပါတယ်)
"သု ခရီးပန်းလာလို့ နားလိုက်ဦးမယ်နော်"
(ဒီလို ဆိုတော့လည်း သမီးကြီးလေသံနဲ့
တစ်ထည်ရာထဲပါလေ)
@@@@@@@@@@@@@@@@@@@@
"ယု ဒါနင့်အဝတ်စားတွေ ဒီနေ့ အိမ်ကို
ကိုမင်းဝသာန်လာလိမ့်မယ် ငါသုတအဖြစ်
ပြန်နေမယ် ဒီနေ့ယုနဲ့ ကိုမင်းဝသာန်တို့ကို
လူကြီးချင်းပေးတွေ့ဖို့ရှိတယ်လို့ ဘကြီးပြောတယ်  "
"အင်း ဒါနဲ့ နင် မြန်မာဆန်ဆန်လေးနဲ့ဆိုတော့
အရမ်းလှတာပဲ သု"
"အပိုတွေ ယု ကပိုလှတယ်"
"ဟီး ဟီး  သုကလည်း ရုပ်ချင်းတူနေတာကို
အတူတူလှတယ်ဟာ "
ယုယတွင် စကားလုံးတိုင်း အသက်ပါပြီး
ယုယ ကတော့ စကားလုံးတွေ
အသက်မဲ့နေလေတော့သည်)
"ဟီးဟီး အင်း အတူတူလှတယ်"
"သု ယုက တစ်ပတ်လောက်ပဲ နေရမှာ
ကျောင်းပျတ်ရက် များမှာဆိုးလို့လေ
အခုတောင် အရမ်း လာချင်နေမိလို့ပါ"
"ဘာလို့ အရမ်းလာချင်နေတာလဲ ယု"
(ယုယဆီကနေ သုတအင်္ကျီတွေပြောင်းထည့်နေရင်း
မေးလိုက်တာမို့ ယုယ မျက်နှာလေး ပြုံးသွား၏)
"ကိုမင်းဝသာန်ကို တွေ့ချင်လို့"
"ဟင် ယု တကယ်ချစ်မိသွားပြီထင်တယ်
ကိုမင်း!¡ ကိုမင်းဝသာန်ကလည်း သု ကို
ယု ယု ယု နဲ့ ပါးစပ်ဖျားကကို မချဘူး
ယု ကို သူလည်း တကယ်ချစ်နေတာပါ"
"သု နဲ့ ယု ကိုမြင်ရင် ကိုမင်း သာန်ကြီး
အံ့သြမှာသေချာတယ် သု အဝတ်ဆင်တူ
ဝတ်ကြမယ်လေ"
"မဝတ်ချင်ပါဘူးငါ နင့်ဟန်ဆောင်နေရတာ
မောပြီ ငါ့နေရာလေး ငါပြန်နေလို့ရတုန်း
နေပါရစေ…ဦး"
("----တကယ်တော့ ငါလည်း နင့်လိုပဲ
နင့်နေရာလေးမှာပဲ တစ်သတ်လုံး ယုယ အဖြစ်နဲ့
ဒီဇာတ်ကားထဲက မင်းသမီး ဖြစ်ချင်ပါတယ် ယုရယ်
ဒါပေမယ့်လည်း------")
"သုနဲ့ယု တို့ ဆရာကြီး ခေါ်ခိုင်းလိုက်တယ်
မောက်မင်းဝသာန်တို့ ရောက်နေကြတယ်တဲ့"
(အိမ်အကူ ဒေါ်မြကို အခေါ်လွှတ်လိုက်တာမို
သုတအတွေးပျတ်သွား၏ ထို့နောက့် 
ယုယ နဲ့သုတ အဝတ်အစား ချိန်းလိုက်ကြ၏)
"ဟုတ်ကဲ့ ခနနေ ဆင်းလာခဲ့ပါမယ် ဒေါ်ကြီးမြ"
"မောင်မင်း ဝသာန် မိဘတွေရော ပါလာတယ်
ဘကြီး အိမ်အောက်မှာ စောင့်နေတယ် "
"ဟုတ်ကဲ့ ကြီးမြ "
"ယု နင်အမြန်အဝတ်အစားလဲလေ"
"အင်းပါ……"
@@@@@@@@@@@@@@@@@@@@
"ဟင် ယု ဘယ်လိုကြီး ဝတ်လာတာလဲ?"
(သုတ မင်းဝသာန် မေးနေတာကို ကြားပါလျှက်နဲ့
သုတ အစစ်ပါ လို့တောင် ပြန်မဖြေနိုင်ခဲ့ပါ)
"အားလုံးပဲ မင်္ဂလာပါ"
(ယဉ်ကျေးပျူငှာစွာ နုတ်ဆက်စကားပြောလာသော်
ယုယ ကို မြင်မှပဲ မင်းဝသာန်
သက်ပြင်းချနိုင်တော့၏)
"သား ချစ်သူ ဆိုတာက ဘယ်သူလဲ
ရုပ်ချင်းက တူလှချည်လားကိုဘသောင်း"
(မင်းဝသာန်ရဲ့ ဖေဖေဦးတင့်လွင် အမေးကြောင့်
သုတ ယုယ တို့ရဲ့ မေမေဒေါ်မြခတ်က)
"ကျွန်မက အမွှာမွေးထားတာရှင့်
ဒါကတော့သမီးအကြီး သုတ
ဒါကတော့သမီးအငယ်ယုယ "
(ဒေါ်မြခတ်က သမီးနှစ်ယောက်စလုံးကို လက်ငြိုး
ညွှန်ပြကာ ပြောလိုက်တော့မှ မင်းဝသာန်နှင့်အတူ
မိဘများပါ နားလည်သွားကြတော့၏)
"သမီးငယ်လေးကလည်း မြန်မာဆန်ဆန်လေးနဲ့
ချစ်စရာကောင်းသလို သမီးကြီးကလည်း
ယောက်ျားလေလို ဝတ်စားထားပေမယ့်
ရိုးရိုးလေးနဲ့ တစ်မျိုးချစ်စရာကောင်းပါတယ်…"
(မင်းဝသာန်ရဲ့ မေမေဒေါ်သူဇာ ချီးမွန်းခမ်းဖွင့်နေလို့
ဦးဘသောင်အပါဝင် ဦးဘသိန်း±ဒေါ်မြခတ်တို့
သမီးနှစ်ယောက်အတွက်ကျေနပ်ကြီးကျေနပ်နေ၏)
"ဖြစ်နိုင်ရင် ကျွန်မတို့က သမီးကြီးကို အရင်
အိမ်ထောင်ချပေးချင်တာပါ ဒါပေမယ့် သမီးကြီးက
ကျောင်းတစ်ဖတ်နဲ့မို့ သမီးငယ်လေးနဲ့ ကြောင်းလှမ်း
တာကို လက်မခံချင်ပဲ လက်ခံခဲ့ရတာပါ"
"ဟုတ်ကဲ့ပါ ရှင် နားလည်ပါတယ် မမြခတ်"
"ကဲ စကားတွေကြီးပဲပြောနေကြတယ်
ထမင်းစားလိုက်ကြရအောင်လေ
အဆင့်သင့်ပဲလာကြပါ ကြွကြပါရှင်"
(ဒေါ်မြခတ်က ထမင်းစားခန်းသို့
ဦးဆောင်လျှောက်လာ၏)
"မေမေ သု ခြံထဲ ဆင်းမလို့ ထမင်းသိပ့်မစာသေးလို့"
"အင်း သွားလေ "
"----သု ရင်တွေ ကွဲရပါပြီ ကိုမင်းရယ်……
သု ကသုကိုယ်သု ဧည့်သည်သရုပ်ဆောင်မှန်း
သတိမေ့နေခဲ့တာပါ---သု ရင်ထဲမှာ
မီးတွေလို ပူလောင်နေရပေမယ့်……
ယု ပျော်ဖို့အတွက် သု နာကျင်နေပါစေ……
သု ကျေနပ်နေမှာပါ------"
"သု !"
(ယုယရဲ့ ခေါ်သံကြောင့် သုတ မျက်ဝန်းမှ
ရစ်ဝဲနေသော် မျက်ရည်စတို့အား အလျင်အမြန်
သုပ်လိုက်၏ သုတ ယုယခေါ်သံလာရာသို့
လှည့်ကြည့်မိလိုက်၏မင်းဝသာန်က ယုယ ပခုံးအား
ဖတ်ထား၍သုတဆီသို့ လှမ်းလာနေကြ၏)
"ယုနဲ့ ခွဲမရအောင်တူတဲ့ အမွှာညီမ
ရှိလိမ့်မယ်လို့ ကျွန်တော်တကယ်ထင်မထားဘူး"
(မင်းဝသာန်ရဲ့ စကားကြောင့် သုတ ပြုံးမိ၏)
"သု မေမေကပြောတယ် စေ့စပ်ပွဲမလုပ်တော့ဘူးတဲ့
လူကြီးချင်းကလည်းသဘောကျနေကြတယ်
သဘောလည်း တူပြီးသားဆိုတော့
ဒီအပတ်ထဲမှာပဲ လက်ထပ်ပွဲ တစ်ခါတည်းလုပ်မှာတဲ့"
"သြော် ဟုတ်လား ကောင်းပါတယ် ပျော်လား ယု "
"ပျော်တာပေါ့ သုရယ်……"
"ဒါနဲ့ သုတ ကရော ချစ်သူမရှာသေးဘူးလား"
(မင်းဝသာန်ရဲ့ အမေးကြောင့်သုတ
ပြောမပြတက်လောက်အောင် နာကျင်ရ၏)
"သုရင်ထဲမှာ အချစ်ဆိုတာ မရှိဘူး ကိုမင်းဝသာန်"
........
                             ဇာတ်သိမ်းပိုင်းသို့ အဆက်
စာပေချစ်သူခင်သူများအားလုံးကို
ခင်မင်လေးစားလျက်
           သဲသုတ(ခေတ္တထိုင်း)
(စာလုံးအမှားများ ဝေဖန်ပေးကြပါ)်

Post a Comment