စကား‌ပြော‌သောအိမ်‌တိုင်‌ ၃

စကားပြောသော အိမ်တိုင်နှင့် ကျွန်တော်မိဆိုး အခန်း(၃)
အပိုင်း(၃)
--------

'သမီး နေကောင်းသွားပြီလား ''
''ဦးဝင်းပါလား
လာ ထိုင်လေ နေကောင်းပါတယ်
ဘာမှမဖြစ်ပါဘူး''
''သမီးကိုမေးစရာလေးရှိလို့
ညည်းဦးလေးမိန်းမကို အရေပါး $ ခေါင်းကျယ်လို့
စပြီးနာမည်ပေးတာက သမီးအဖေဆို''
''ဟားးဟားးဟားးဟားး
ဦးလေးက ခုမှသိတာလား''
''ကြံကြံဖန်ဖန်အေ ပေးမှပေးတတ်ပလေ''
''အဲ့ဒီမိန်းမက ပိန်လည်းပိန်သလို
အသားရေကလည်းပါးတယ်လေ ဒါပေမယ့်
အသံကတော့ တော်တော်ကျယ်တယ်
နောက်ပြီးထွက်သမျှ စကားကလည်း $ ထဲကမ
ထွက်တော့ အဖေက အဲ့နာမည်ပေးထားတာလေ''
''ဒီလိုကိုး
ညည်းအဖေက ဟာသဥာဏ်တော့ရွှင်သား''
''အာ့ကြောင့် သူမရှိပွဲမစည်တော့
အဖေလေဖြတ်ပြီး လဲနေတာတောင်ကုန်းပိုးပြီး
လာခေါ်ကြတယ်''
''ဖြစ်ရတယ် ဟားးဟားးဟားးးဟားးး''
''ဘာတွေပြောပြီးရီနေကြတာတုန်းဗျ''
''ဘိုကြီးပါလား
လာဟေ့ ထိုင်ကွာ ''
''မိဆိုး ညည်းငါ့ကိုပြောမယ်ဆို''
''ဘာကြီးတုန်းဟ''
''ညည်းပဲမနေ့ကပြောထားပြီးတော့''
''သြော် အာ့လားးး''
''ဘာလဲ ငါ့လည်းပြောကြပါအုံးဟ
နှစ်ယောက်သား မသင်္ကာစရာပဲ''
''အမလေး ဦးဝင်းရေ
သင်္ကာလိုက်ပါ နို့မို့ရင် ဘိုကြီးရည်းစားက
လာအော်နေပါ့မယ် ဗျ''
''ညည်း နိုင်ငံရေးမပါကြေး''
''ဒီလိုပါ ဦးဝင်းရ
ကျွန်တော် အိပ်ပျော်သွားခဲ့တဲ့ ငါးရက်လုံးလုံး
ဘာလုပ်နေလဲသိချင်လို့ မေးထားတာပါ''
''အေးဟ
ငါလည်း သိချင်တယ် ပြောပြပါလား''
''အင်းး
ကျွန်တော့်ကို ဘကြီးတစ်ယောက်လာခေါ်သွား
တာတော့ သိပြီးပြီမို့လား''
''အေးလေ''
''အဲ့ဒီ ဘကြီးက ပင်နီရင်ဖုံးခါးရှည်နဲ့
တောင်ရှည်ပုဆိုး အကွက်တုံးကြီးကိုဝတ်ထား
တယ် ဗျ''
''ရှေးလူကြီးလားမသိဘူးနော်''
''ဖြစ်နိုင်တယ်
သျှောင်တစောင်းထုံးထားပြီး အဝတ်နဲ့ခေါင်းပေါင်း
ထားသေးတယ် နောက်ပြီး နှုတ်ခမ်းမွှေးကြီးလည်း
ပါသေးတယ် လက်ထဲမှာလည်း တောင်ဝှေး
လို ရှည်ရှည် တုတ်ကြီးကိုင်ထားသေးတယ်''
''ဒါဆို
ဘာတွေ ညာတွေများလား''
''မရှင်း မရှင်းနဲ့ ငါခေါက်လိုက်ရ''
''အရေးထဲစကားများမနေနဲ့
ညည်းပြောပုံအရဆိုရင် အထက်ပုဂ္ဂိုလ်တဦးဦး
များလား အစောင့်ရှောက်လိုပေါ့''
''မထင်တတ်ပါဘူး ဦးဝင်းရယ် တခါမှမမြင်ဖူးတာ
တော့အမှန်ပဲ''
''တော်သေးတာပေါ့ ငါကညည်းကို
ယမမင်းကြီးကခေါ်သွားပြီး ငရဲမှာပစ်ချလိုက်ပြီ
မှတ်နေတာ''
''အကောင်စုတ် အဲ့ဒီကိုနင်သွားရမှာ
ယမမင်းကနင့်ကိုလာခေါ်မှာ''
စားပွဲပေါ်ရှိပစ္စည်းများနှင့်ကောက်ပေါက်ရာ
ဘိုကြီးမှာ မနည်းလွတ်အောင်ရှောင်ရင်း
''ငါက စတာပါဟ
ငါးရက်ကြာသည်အထိ နင်ဘာတွေလုပ်နေတာ
လဲ သိချင်သေးတယ် မနှင်နဲ့အုံး''
''ဟင်
အဲ့ဒါတော့ ငါမရှင်းတတ်ဖူး
အရမ်းအေးချမ်းနေတဲ့ စိတ်ခံစားမှုနောက်မှာ
ပါသွားခဲ့တာ ပူစီမက သောက်တော်ရေလဲရင်း
ငါ့မျက်နှာပေါ်ရေစက်ကျလာမှ အသိဝင်လာ
ခဲ့တာလေ''
''ပူစီမ မှားတာ သောက်တော်ရေကို
သေချာမလဲဘူး သူ့ကြောင့် အမေလည်းစိတ်ညစ်
ရတော့မယ် ရပ်ကွက်လူကြီးလည်း
ခေါင်းချောက်ရတော့မယ် ငါလည်း အခု အထိုး
မခံရအောင် ပြေးရတော့မယ်
ဒိုးပြီ မိဆိုးရေ''
ပြောရင်းပြေးရင်းနှင့်ပြောသွားသောဘိုကြီးစကား
ကြောင့် မိဆိုးမှာ အနီးရှိတုတ်ကိုဆွဲပြီး
ပြေးလိုက်ကာ ရိုက်လေတော့သည်

''ဟဲ့ ဟဲ့ ငါ့လည်းရိုက်မိပါအုံးမယ်အေ''
''ဟာ ဒေါ်ကြီး
ဘယ်ကလှည့်လာတာလဲ အမေရှိတယ်
အမေရေ အမေ့သူငယ်ချင်းရောက်နေတယ်''

ဘိုကြီးအားတုတ်ဆွဲပြီးလိုက်ရိုက်နေစဉ်
အမေ့ရဲ့ငယ်သူငယ်ချင်း ဒေါ်အေး နှင့် ဝင်တိုက်
မိမလိုဖြစ်သွားသည်
ထိုအဒေါ်ကြီး၏ ယောကျာ်းမှာလည်း အရက်သမား
ဖြစ်သည် ကျွန်တော့်အဖေလို အရက်သောက်ပြီး
ရယ်စရာဟာသများပြောပြီး အေးအေးဆေးဆေး
နေသူမဟုတ် ထိုလူကြီးမှာ နည်းနည်းမူးသည်
နှင့်အိမ်ရှိလူကုန် ပတ်ဆဲကာရိုက်နှက်တတ်သူ
ဖြစ်သည်
ယ္ခုမူ အမည်မသိရောဂါလို့ပဲပြောရမလားမသိ
ကောက်ကာငင်ကာသေဆုံးသွားခဲ့သည်မှာမကြာသေး

''မိဆိုးလေး လာပါအုံးအေ့
ငါညည်းအကြောင်းကြားပြီးပါပြီ''
''ဘာဖြစ်လို့လဲ''
''ငါ့အထင်တော့ ညည်းကိုဆိုင်ရာပုဂ္ဂိုလ်တွေက
လမ်းမှားမရောက်အောင်စောင့်ရှောက်ပေး
နေပုံပဲ''
''သိဘူးလေ''
''မြိုင်ကြီးရေ ညည်းသမီးက
မြေခံကောင်းတယ် ဘေးကထိန်းပေးရုံပဲ''
''သိပါဘူးအေ သူ့ပဲ အိမ်မက်မက်ရတာနဲ့
တစ္ဆေ သရဲ မြင်တာနဲ့ ရှုပ်နေတာပဲ''
''အမေက သမီးကိုရူးတယ်ထင်နေတာပေါ့လေ''
''နည်းနည်း ပါးပါးလေးပဲရူးတာပါအေ''
''အမေနော်''
''ဟားးးးးးဟားးးးဟားးးဟားး
''မိဆိုး အဒေါ်ကြီးပြောပြမယ်
သေချာနားထောင် ''
''ဟုတ်''
''အဒေါ့်ရဲ့အမျိုးသား ဘာလို့သေသွားတာလဲ
သိလား''
''ဟင့်အင်း သိဘူးလေ''
--------------
ဒေါ်အေးမှာ
နာမည်နဲ့လိုက်အောင်အနေအထိုက်အေးဆေးသူ
တစ်ယောက်ဖြစ်သည် လင်ဆိုးမယားတဖားဖား
ဟုဆိုသော်လည်း ဘုရား တရားကိုမူမမေ့လျော့
နေ့စဉ်
ဘုရားဆွမ်းတော် ပန်းတော် မပြတ်မညှိုးစေရ
ငါးပါးသီလ ဆောက်တည်ပြီးလျှင် မေတ္တသုတ်
(၉) ကြိမ်အမြဲတမ်း ရွတ်ဆိုပူဇော်လေ့ရှိသည်
ယနေ့လည်း
ဘုရားရှိခိုး သီလဆောက်တည်ပြီး မေတ္တသုတ်ရွတ်
ဆိုပူဇော်နေစဉ်
''ဟေ့ ကောင်မ မိအေး
ဘယ်သွားသေနေလဲ ငါ့ကိုထမင်းခူးပေးစမ်း''

မနက်စောစောစီးစီး အရက်သွားသောက်ပြီးပြန်
လာသော ဦးချစ်စု မှာထမင်းခူးခိုင်းရန်အတွက်
ဇနီးသည်ကို ဆဲဆိုကာ အော်ခေါ်နေသည်
ဒေါ်အေးမှာမူ
ဘုရားကိုအာရုံပြု တရားကိုစိတ်ညွှတ်၍ ရွတ်ဆို
ပူဇော်နေသောကြောင့်
အယုတ္တ အနတ္တ အော်နေသောအသံများကိုမကြား
အောက်ထပ်က အမူးသမားရဲ့ဒေါသက
ဇာတ်ရှိန်မြင့်နေပြီ
''ဟေ့ ကောင်မ အသံမပေးဘာမပေးနဲ့
$ ခေါင်းထဲအောင်းနေတယ်ပေါ့လေ ငါ့အကြောင်း
ကောင်းကောင်းသိစေရမယ်
ဒုန်းးးးးခလွမ်းးးးးခွမ်းးးးးးးး''
''အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု
ဒူ-----ဝေ---ဝေ-----ဝေ----''
''သြော်
ကောင်မက အိမ်ပေါ်မှာကိုး နင်မဆင်းလာရင်
ငါဆွဲချရမှာပေါ့ ဟင်းးဟင်းး''
ဒေါသတကြီးနှင့်
ှီုဦးချစ်စု မှာ ပုဆိုးကွင်းသိုင်း၍ ဒေါ်အေးရှိရာ
အိမ်အပေါ်ထပ်သို့တက်သွားခဲ့သည်
လှေကားထိပ်သို့ရောက်သော် ဘုရားစဉ်ရှေ့တွင်
ကြေးစည်ထု အမျှဝေနေသော ဒေါ်အေးကို
တွေ့ရသောအခါ---------
--------------
----------
ဆက်ရန်
--------

Credit - ရာရာ
Credit - တမလွန်ဘဝဖြစ်ရပ်မှန်နှင့် သရဲအကြောင်းပြောသူများ Group

Post a Comment