စကား‌ပြော‌သောအိမ်‌တိုင်‌ ၎

စကားပြောသော အိမ်တိုင်နှင့် ကျွန်တော်မိဆိုး အခန်း(၄)

အပိုင်း(၄)
----------

''ဟဲ့ ကောင်မ
ဒီလောက်အော်ခေါ်နေတာတောင်
မကြားဘူးလား နင့်နားကန်းနေသလားဟဲ့''

ဒေါ်အေး ရဲ့ဆံပင်ကိုဆွဲကာ ဘုရားစဉ်ရှေ့မှ
လှေကားရင်းဆီသို့ ဒရွတ်တိုက်ဆွဲခေါ်လာခဲ့သည်
''အမလေး
သေပါပြီတော့် အရပ်ကတို့ရေ
ကယ်ကြပါအုံး''
ဒေါ်အေးအော်ခေါ်သံကို ပတ်ဝန်းကျင်ကကြားရ
ဖန်များပြီးရိုးနေ၍ပဲလား တကယ်ပင်မကြား၍လား
မသိ မည်သူမျှ ရောက်မလာကြ
ဒေါ်အေးမှာ ဆံပင်မှ လူတကိုယ်လုံးအားတရွတ်
ိတိုက်ဆွဲခြင်းခံရသောကြောင့် ဦးခေါင်းတခုလုံးနာ
ကျင်နေပြီး မျက်ရည်များပင် ကျနေပေပြီ

''ယဿ နုဘာဝတော ယက္ခာ နေဝဒဿန္နိဘီသနံ
ယဥှိစေဝါနုရုန္ဇန္နော ရတိံဒိဝ မ တန္တိန္တော-----''
အစချီကာ
မေတ္တသုတ်ကို အသံထွက်ရွတ်ဆိုလိုက်သည်
ဒေါ်အေး ဆံပင်ကိုဆွဲကာ လှေကားရင်းသို့ဒရွတ်
တိုက်ခေါ်နေသော ဦးချစ်စု၏ လက်များမှာ
ပူလောင်လာပြီး ဆံပင်များကိုလွှတ်လိုက်သည်
တစုံတယောက်က ၎င်းအားရန်မူနေသလိုပင်
''မလာနဲ့ မလာနဲ့ သွားးးး သွားးးးး ''
ဟု
အော်ကာ နောက်ဆုတ် နောက်ဆုတ်နှင့် လှေကား
ရင်းသို့ ရောက်လာပြီး ဦးခေါင်းဖြင့် လှေကား
တစ်ထစ်ချင်းစီ ကိုနင်းကာ အောက်ထပ်သို့ရောက်
သွားခဲ့သည်
ဒေါ်အေးမှာ ဖရိုဖရဲဖြစ်နေသော ဆံပင်ကို ပြန်ပြီး
မသိမ်းအား အောက်ထပ်သို့ပြေးဆင်းကာ
ယောကျာ်းဖြစ်သူအား ထူမပေးပြီး ပတ်ဝန်းကျင်အား
အကူညီတောင်းလေတော့သည်
ဦးချစ်စုမှာ ထိုနေ့မှစ၍ စကားမေးမရ ပါးစပ်ဟလိုက်
သည်နှင့် သွားရည်တမြားမြားကျကာ အသံဟူ၍
ထွက်မလာ အစာကျွေးပြန်လည်း ပြန်ထွက်ကျနေ
တော့ အစာမဝင် အိပ်ယာထဲပက်လက်မဟုတ်ပေ
မယ့် အစာမဝင် ရေမဝင် စကားမပြောနိုင်
တချက် တချက် ဝမ်းခေါင်းသံကြီးနှင့် ညှစ်ပြီး
အော်ဟစ်ကာ အနီးရှိပစ္စည်းများဖြင့်
မဲမဲမြင်ရာ လှမ်းပစ်သောကြောင့်လည်း မည်သူ
မျှ အနားမကပ်ရဲ ထိုသို့ဦးချစ်စုမှာ အခန်းငယ်
တခုထဲ ထည့်ထားခြင်းခံရပြီး အစာရေစာမဝင်ပဲ
(၉) ရက်ခန့် ဝဋ်ကြီးစွာခံရပြီး သေဆုံးသွားလေ
သည်
-----------
''ဘုရား ရိုက်တာလေ သမီးရဲ့
မဟုတ်တာလုပ်တော့ မဟပ်တာဖြစ်တာပေါ့အေ
ညည်းလည်း မေတ္တသုတ် နေ့စဉ်ရွတ်ကြည့်ပါ
လား အခုလိုရန်တုံ့ပြန်စရာမလိုပဲ
သူ့အရှိန်နဲ့သူ လဲပါလိမ့်မယ်''
''ဟုတ်
မေတ္တသုတ်က တော့ရွတ်မှာပါ
ဒါပေမယ့် ဒေါ်ကြီးပြောတဲ့ဘုရားရိုက်တာဆို
တာကိုတော့ လက်မခံနိုင်ဘူး''
''အလိုအေ မြိုင်ကြီး ညည်းသမီးကိုမပြောတော့
ဘူးလား''
''ဓမ္မာစရိယ လက်လန် နွားရှေ့ထွန်ကျူး
ငါတော့မနိုင်ဘူးဟေ့ ကိုယ့်ဘာသာရှင်း''
''အဒေါ်ကဗုဒ္ဓဘာသာ ပီပီ
ဘုရားတလို့ ဘုရား မ တယ်လို့ယူဆတာမမှား
ပါဘူး ကျွန်တော်လည်း အရင်က အဲ့လိုထင်ခဲ့တာ
ဒါပေမယ့် ဗုဒ္ဓရဲ့ အနှစ်သာရကိုလေ့လာမိတော့
မိမိကိုယ်သာ အားထားရာဆိုတဲ့ လမ်းညွှန်ကို
သွားတွေ့တယ်လေ
အခု အဒေါ်ဖြစ်ခဲ့တာက မှန်ပါတယ်
တစုံတခုက လာပြီးဆုံးမသွားတာပါ အဲ့ဒါက
ဘုရား ရိုက်တာတော့မဟုတ်ဖူး''
''အမလေး စာတတ်မကြီးရဲ့ ဆိုပါအုံး''
ဒေါ်ကြီးရဲ့အငေါ်တူးစကားကို မိဆိုးကဂရုမစိုက်ပဲ
ဆက်ပြောတယ်
''သမ္မာဒေဝ နတ်တပါးပါးက လာပြီးကိုယ်ထင်ပြ
တယ်လို့ပဲ ထင်တယ်
တကယ်လို့သာ ဘုရားက အားလုံးကိုနိုင်တယ်
ပိုင်တယ်ဆိုရင် အာဋာနန္တိယ သုတ်ဆိုတာ
ပေါ်လာစရာအကြောင်းမရှိဘူး
သာသနာကိုစောင့်ရှောက်တဲ့လောကပါလနတ်
မင်းကြီးလေးပါးရဲ့ လျှောက်တင်ချက်အရ
သာသနာကိုမကြည်ညိုတဲ့ နတ်တွေရှိတဲ့အတွက်
သူတို့ကလည်း အဲ့ဒီ အဖျက်နတ်တွေကို
မနိုင်နင်းတဲ့အတွက် အဲ့ဒီသုတ္တန်ကြီးကို သာသနာ
ပြုပုဂ္ဂိုလ်တွေအာဂုံဆောင်စေခြင်းငှာ ဟောကြား
တော်မူပါ ဆိုပြီးလျှောက်တင်ကြတာလေ
ဘုရားရှင်က ပရိနိဗ္ဗာန်ပြုသွားပြီ ဘယ်သူပဲ တတ
ဘယ်သူပဲခေါ်ခေါ် မလာဘူး
ကိုယ့်အားကိုယ်ကိုးနေရစ်ပါ ငါးပါးသီလကို
အဓိသီလအဖြစ်စောင့်ထိန်းပါ မမေ့မလျော့ကြ
စေနဲ့ ဆိုတဲ့စကားတွေအထပ်ထပ်မှာကြားခဲ့တာ
အလကားမဟုတ်ဖူး''
''အမလေး မြိုင်ကြီးရယ်
ညည်းသမီးကို ဓမ္မရိပ်သာပို့ပြီး စာဝါသာချခိုင်း
လိုက်ပါတော့အေ တကတည်း
ပြောမပြောချင်ဘူး''
''အဲ့လိုတော့ ဘယ်ဖြစ်မလဲ ကျွန်တော်က
သရဲရှာပြီး သရဲစာတွေရေးအုံးမှာဗျ
''ကြွ ကြွ တကယ်လက်လန်တယ် ညည်းသမီး
ကတော့ ဒါနဲ့မြိုင်ကြီး
ညည်းသမီးကိုဘယ်လိုထိန်းမလဲ''
''သူက အားလုံးထက်ပိုသိနေတော့ ဘယ်လို
ထိန်းရမှန်းကိုမသိပါဘူးအေ''
''အတတ်လွန်နေတယ်
သြော် ဒါနဲ့ ညည်းတို့အိမ်မှာငှားနေခဲ့တဲ့အမျိုးသမီး
ရဲ့ ကလေးလေ ''
''ဘယ်သူလဲ''
''နာမည်မေ့နေလို့ပါအေ ညည်းသမီးအငယ်ဆုံး
စနေသမီးရဲ့နာမည်ကိုတောင် ချနင်းသွားသေး
တယ်လေဟယ်''
''သြော် သိပြီ အဲ့ဒါဘာဖြစ်လဲ''
''အခု အဲ့ဒီကလေးမလေး သွေးကင်ဆာနဲ့သေပြီ
တဲ့ ''
''သူများမကောင်းကြံ သူပဲခံရတာပဲပေါ့
ဘာတတ်နိုင်မလဲ''
''ဒါတော့ ဒါပေါ့အေ ငါကြားမိတာတခုရှိတယ်
ဟိုစာချမ ဒေါသမိုးထိမ ကိုသွားမပြောနဲ့နော်
ပြဿနာတွေရှုပ်ကုန်မယ်''
''ဘာတုန်းအေ့''
''သူတို့ ဒီအိမ်ကပြောင်းခါနီးတော့
ညည်းတို့အိမ်ကို သရဲတိုက်ခဲ့တယ်ဆိုလား
သချို င်္င်းမြေထည့်ခဲ့တယ်ဆိုလားပဲ အိမ်တွင်းရေး
အခြေနေမငြိမ်သက်အောင် စီးပွားရေးကျအောင်
လူသေအောင်လုပ်တဲ့ အစီရင်လို့ပြောတယ်''
''အို အေ
ငါတို့က သူတို့ကိုဘာများထိခိုက်အောင်လုပ်ခဲ့လို့
လဲ တတ်နိုင်သမျှကူညီခဲ့တာပဲရှိတာပါ
သူတို့ကသာ ငါ့သမီးအငယ်ဆုံးကို သေလူအဖြစ်
ဓာတ်ရိုက် ဓာတ်ဆင်လုပ်ခဲ့တာပါ
သူ့အမှုကိုသူယူပါလိမ့်မယ် ငါမယူပါဘူးအေ''
''ပြောလိုက်ရမကောင်းဘူး
သမီးက စာချမ မအေက တရားပေါက်မ
တယောက်ပါးမှ သိမယ့်ကောင်မတွေ ခေါင်းမာ
ပုံကတော့ မအေရောသမီးရောမနိုင်ဘူး
သတိတော့ထားပေါ့အေ ငါလည်းဒါပဲပြောနိုင်
တော့တယ် ဘုရားတရား မမေ့ကြနဲ့
ငါပြန်ပြီ မြိုင်ကြီးရေ အဆင်ပြေပါစေဟယ်''
''အေး အေး
သူငယ်ချင်း အခုလိုလာပြောပေးတာကျေးဇူး
ထမင်းစားသွားအုံးလေ''
''မစားတော့ပါဘူး ငါပြန်ပြီဟေ့''
------------
''အမေ အမေ့သယ်ရင်းကြီးက
ဘာတွေပေါက်ပေါက်ဖောက်သွားသေးလဲ''
''ဒေါက်''
အမေ့ရဲ့ လက်သံကလည်းပြောင်ပါ့ သိသမျှ
အမှန်အတိုင်းလည်းမျှဝေရသေးတယ်
သြော် လူတွေ လူတွေ
အသက်ကြီးပြီးအချိန်မစီးကြဘူး ငယ်တဲ့သူကပြော
ရင် ဂရုမစိုက်ကြဘူး
----------------
------------
------- ဆက်ရန်-----
(အထက်ပါအကြောင်းအရာများမှာ
ကျွန်တော် ရေးခဲ့ဖူးသော စိတ်ဓာတ်အခံမကောင်း
တဲ့မိန်းမတစ်ယောက်အကြောင်းမှာဖော်ပြပြီး
ဖြစ်ပါတယ် ဒီမှာတော့ အခန်းဆက်များသွားမည်
စိုးသောကြောင့်အတိုချုန်းပဲရေးသားလိုက်ရပါ
ကြောင်း----)

Post a Comment