စကားပြောသော အိမ်တိုင်နှင့် ကျွန်တော်မိဆိုး အခန်း(၂)
အပိုင်း(၂)
----------
ဒေါသ
လူကိုဒုက္ခအပေးနိုင်ဆုံးဒေါသက သူမတကိုယ်
လုံးကိုလောင်မြိုက်နေလေသည် အိပ်ယာထဲ
တွင် ဘယ်လူးညာလှိမ့်နဲ့ အဆင့်မရှိသောစကား
များအတွက် မကျေနပ်နိုင်
သက်ပြင်းတွေအခါခါချ ဒေါသကိုရေနဲ့မျှောချ
လည်း အတွေးတွေက ဟိုရောက်ဒီရောက်
ရေနည်းသောအိုင်ထဲမှ ငါးဘဝကိုရောက်မှန်းမသိ
ရောက်နေသည်
ထိုစဉ်
''လုံမလေး''
နွေးထွေးကြင်နာသောအသံတသံ
အသံရှင်ကိုကြည့်မိတော့ ထူးဆန်းသည်အသွင်
ပြင်နှင့် အသက်(၅၀) အရွယ်လောက်ရှိမည့်အဘ
တစ်ယောက်
သူမကိုပြုံးပြီးကြည့်နေသည်
ခုနကအပူတွေက အဘရဲ့နွေးထွေးသောအပြုံး
အောက်မှာ တဒင်္ဂ မေ့လျော့သွားခဲ့သည်
''သမီး
အဘနဲ့လိုက်ခဲ့''
သူမ ငြင်းဆန်လိုစိတ်မရှိ
ထိုအဘနောက်သို့ ထပ်ကြပ်မကွာလိုက်လာခဲ့မိ
သည် ထိုထူးဆန်းသောအဘက
ကမ်းစပ်တခုအနီးရောက်သော် ရပ်တန့်၍
လက်ထဲမှ တောင်ဝှေးလား ဘာလားမသိ တစုံတခု
ကိုမြှောက်ကိုင်ကာ အမိန့်ပေးလိုက်သော်
လှော်သူမဲ့ ရှေးသစ်သားလှေကြီးတစင်း ကမ်းစပ်
သို့ရောက်ရှိလာသည်
အဘလှေပေါ်သို့ရောက်နေသော်လည်း
သူမကိုမူ လှေပေါ်သို့မခေါ်ပဲ ရေထဲမှ ကူးခတ်
စေသည် စိတ်ညှို့ခံရသူပမာ ဘာမှမပြောနိုင်ပဲ
လှေကြီးနောက်မှ ကူးခတ်လိုက်ပါခဲ့သည်
ရေ၏ အေးမြသောအတွေ့ကြောင့်မောပမ်းခြင်း
အလျင်းမရှိ ရှေ့မှတရွေ့ရွေ့သွားနေသော
ရေနံဝနေသည့် သစ်သားရွက်လှေကြီးနောက်သို့
မျက်ခြည်မပျက်ကူးခတ်လိုက်ပါလာခဲ့သည်
ရေထဲမှ ကူးခတ်လိုက်ပါလာသော သူမကိုကြည့်
ပြီး လှော်သူမဲ့လှေပေါ်မှလိုက်ပါလာသောအဘမှာ
ပြုံးကာ ခေါင်းတဆတ်ဆတ်ငြိမ့်နေသည်
ရုတ်တရတ်
လှေကြီးရပ်သွားပြီး သူမမှာလည်း တဖက်ကမ်း
ပေါ်သို့မတက်ရောက်ရပဲ အဝတ်ရေစိုခြင်းမရှိ
ကမ်းစပ်ပေါ်တွင်ရောက်ရှိနေသည်
သူမအားခေါ်လာသော အဘကိုကြည့်မိတော့
လှေပေါ်မှမဆင်းပဲ တစုံတခုကို ညွှန်ပြလေသည်
ပိတ်ကားပေါ်တွင် အရောင်ပြောင်းလိုက်သကဲ့သို့
ရဲရဲနီနေသောကောင်းကင်အောက်တွင်
ဂူဘုရားငယ် များစွာကိုတွေ့ရသည် တဆူသော
ဂူဘုရားရှေ့တွင် သူမပုဆစ်တုတ်ထိုင်လိုက်ပြီး
နောက် ဦးသုံးကြိမ်ချကာ ငါးပါးသီလဆောက်တည်
လိုက်ပြီး
ဘုရား ဂုဏ်တော်ကိုးပါးကို ရွတ်ဆိုပွားများနေမိ
သည် ထိုမှ တဆင့်
စိတ်များသည် တည်ငြိမ်လာပြီး ဂုဏ်တော်အနက်
ကိုအာရုံပြုကာဆက်လက်ပွားများနေလိုက်သည်
လက်ရှိပတ်ဝန်းကျင်အခြေနေကို
မေ့လျော့ကာ ဂုဏ်တော်ကိုသာမပြတ်ပွားများနေ
ရာ စိတ်၏အေးချမ်းမှု ကိုယ်၏ချမ်းသာမှုတို့ကို
ရရှိပြီး စိတ်၏သာယာမှုနောက်ကိုလိုက်နေမိသည်
အချိန်မည်မျှကြာသွားသည်မသိ
မျက်နှာပေါ်မှ အေးမြသောရေ၏ အထိအတွေ့
ကြောင့် ဂုဏ်တော်ပွားများမှုကိုရပ်လိုက်ပြီး
ဘေးဘီကိုကြည့်ရာ အဘရော လှေကြီးရောမတွေ့
တော့ ဂူပုထိုးများစွာရှိသည့် တဖက်ကမ်းတွင်
သူမ တစ်ယောက်ထဲပါလား ဆိုတဲ့အသိက
အားငယ်စိတ်ဝင်မိတာတော့အမှန်ပဲ
ဘယ်သွားရမလဲ??? ဘာဆက်လုပ်ရမလဲ???
ဟိုအဘကရော ဘယ်သူလဲ???
အိမ်ကိုဘယ်လိုပြန်ရမလဲ???
အိမ်
ဟုတ်သားပဲ ငါအိမ်မှာအိပ်နေတာမဟုတ်ဖူးလား?
ဒါက ဘယ်နေရာလဲ???
လဲ ပေါင်း လားပေါင်းများစွာတွေးနေသော်လည်း
အဖြေကမထွက် ထိုင်ရာမှ ထလိုက်သော်
ခေါင်းမှာ မိုက်ကနဲဖြစ်သွားပြီး ပြန်လဲကျ
အမှောင်သည်သာ
-------------
''အမေ အမေ သရဲချောက်နေပြီ''
''ဟဲ့ ဘာဖြစ်တာလဲ''
''သမီး ဘုရားရေတော် သွားလဲတာလေ''
''အေးလေ ''
''အမ မိဆိုးပေါ်ကို ရေစက်ကျသွားတော့
သူ့ရဲ့ လက်တွေလှုပ်လာတယ် အမေရဲ့ သရဲ
ဝင်ပူးနေတာလားမသိဘူး''
''ကြံကြီးစီရာအေ မိဆိုးက သေမှမသေတာ
လူသစ်တုံးလိုဖြစ်တာလို့ ဆရာဝန်က
ပြောထားတာပဲ လှုပ်မှာပေါ့''
''လာကြည့်လှည့်အုံး အမေရဲ့ မျက်နှာကပါ
ပြုံးနေတာ''
''သူ သတိမေ့နေကတည်းကပြုံးတာများအေ
အဆန်းလုပ်လို့''
ပွစိပွစိပြောရင်း ဒေါ်မြိုင်မှာ မိဆိုးရှိရာအပေါ်ထပ်
သို့ တက်လာခဲ့သည်
ဟယ်-------
မိဆိုး လက်နှစ်ဖက်က ဘေးကိုကျနေပါလား
''အမေ ''
အသံမှာလေသံမျှလောက်ပေမယ့် မိခင်တစ်
ယောက်အနေနဲ့ သေရွာကပြန်လာသောသမီးဖြစ်
သူရဲ့ခေါ်သံက လော်စပီကာဆယ်လုံးတပ်
အော်လိုက်သကဲ့သို့ ကျယ်လောင်လွန်းနေသည်
တသက်လုံးအိပ်ယာမှမထဟုထင်ထားသောသူက
ခြေလက်တွေလှုပ်ပြီး အမေ ဟုခေါ်နိုင်သည်
ဆိုတော့
''အေးး အေး သမီး အမေရှိတယ်
သမီး ဘာစားချင်လဲပြော အမေလုပ်ပေးမယ်
ခွံ့ကျွေးမယ်''
''အမေကလည်း ဘာတွေပြောနေတာလဲ
သမီး ကိုယ့်ဘာသာကိုယ်စားမှာပေါ့''
''ဟင်''
''ဘာဖြစ်နေတာလဲ''
လှဲနေရာမှ ထ ထိုင်ပြီးစကားပြောနေသော
မိဆိုး
''ညည်း ညည်း ပြန်ကောင်းသွားပြီ
ဟေ့ ကိုဝင်းတို့ ဘိုကြီးတို့ ဒီမှာ နင့်တူမ
နင့်သူငယ်ချင်း နေပြန်ကောင်းသွားပြီဟေ့ ဒီမှာ
လာကြည့်ကြအုံး''
အမေ့ခေါ်သံကြောင့်
ဦးဝင်းနဲ့ ဘိုကြီးတို့ အိမ်အပေါ်ထပ်သို့ပြေးတက်
လာကြသည်
''မိဆိုးရာ ငါတို့ကနင်သေပြီမှတ်လို့
ဖဲဝိုင်းတောင် အသင့်ပြင်ထားပြီးသားကို''
''အကောင်စုတ်
ငါက ဘာလို့သေရမှာလဲ ကိုယ့်ဘာသာကို
အိပ်နေတာကို''
ဘေးတွင်ရှိသောရေကိုဖြည်းဖြည်းချင်းသောက်နေ
ရင်း ဘိုကြီးစကားကိုပြန်ပက်လိုက်သည်
''အိပ်နေတာ''
''အေးလေ မနေ့က ကြက်သတုံးမကြီးနဲ့ ရန်ဖြစ်
ပြီး ဒေါသထွက်လွန်းလို့အိပ်မရတာကြောင့်
ခုလိုနေ့ခင်းမှနိုးလာတာကို အထူးဆန်းလုပ်လို့
မောထှာဟယ် ရှင်းနေရတာ''
တကယ်လည်းမောသွားဟန်နဲ့ မိဆိုးမှာ
အိပ်ယာပေါ်သို့ပြန်လှဲနေသည်
''နင် အိပ်တာကလည်းဟာ''
ဆက်မပြောသော ဘိုကြီးကို ဘာဖြစ်လဲဆိုတဲ့
အမူအယာနဲ့ လှမ်းမေးလိုက်တယ်
''ဘာမှ မဟုတ်တော့ပါဘူးဟာ နင်မောနေရင်
အနားယူတော့''
ဘာတွေမှန်းလဲမသိဘူး စိတ်ရှုပ်စရာ
ဂုဏ်တော်ရဲ့ အေးချမ်းမှုကိုသိပြီးသောမိဆိုးမှာ
ဂုဏ်တော်ကိုပဲ အာရုံပြု နှလုံးသွင်းပြီး
ပြန်လည်အိပ်ပျော်သွားခဲ့သည်
----------
''ဘာ ငါးရက်ရှိပြီ ဟုတ်လား
ငါအိပ်နေတာ ငါးရက်''
''အေးလေ ဆရာဝန်ကပြောသွားတာ
နင့်ဒေါသကြောင့် ရှော့ဝင်ပြီးဦးနှောက်ထိခိုက်
သွားတာတဲ့ တသက်လုံး လူ့သစ်တုံးဖြစ်သွား
နိုင်တယ်တဲ့ ''
''ဟုတ်ဖူးဟ ထူးဆန်းတဲ့ဘကြီးတစ်ယောက်က
ငါ့ကို လာခေါ်သွားတာဟ''
''ဘယ်လို ထူးဆန်းတဲ့အဘလဲ''
''သူ့ပုံစံက
နေအုံးဟ ငါနောက်မှပြောပြမယ်
အခုတော့ ငါ့စိတ်ကို အေးချမ်းစေခဲ့တဲ့
ဘုရားဂုဏ်တော် ကိုးပါးကိုရွတ်ဆိုပွားများကြ''
''ဘယ်လိုအေးချမ်းစေခဲ့တာလဲ''
''နောက်မှ ပြောမယ် လို့
နာချင်ပြီလား မနက်ဖန်ကျပြောပြမယ်
လာခဲ့''
---------------
ဆက်ရန်
---------
Credit - ရာရာ
Credit - တမလွန်ဘဝဖြစ်ရပ်မှန်နှင့် သရဲအကြောင်းပြောသူများ Group
Post a Comment