တို့ဟူးကြိုနည်း

တိုဟူးကြိုနည်း

ရှမ်းမလေးတွေ ကျိုတဲ့ တိုဟူး မဟုတ်လို့..ကုလားပဲခြမ်းကို ကြိတ်ပီး ကျိုတာ မဟုတ်လို့ ရှမ်းတိုဟူးလို့ နာမည် တပ်ရ ခက်ပါတယ်.. သို့သော်လည်း တုံတုံလေးမို့ ရှမ်းတိုဟူး အလွမ်းပြေ စားကောင်းပါတယ်..။ မနေ့ညက တိုဟူးကျိုပါတယ်.. ။ မကျိုတာကြာ..အချိုးတွေ မေ့နေဘီမို့.. ထင်သလိုလေး မှန်းရမ်းပီး ကျိုလိုက်ပါတယ်..။ အချိုးထပ်မှတ်ဘို့တော့ မပျင်းပါ.. မှတ်ထားတဲ့အချိုးတွေ ပြန်ရှာရတာတော့.................ပျင်းသည်..။

1. စိန်ဖြိုး တိုဟူးမှုန့် ၁၄၀ ဂရမ် ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ၆ နာရီ စိမ်ပါ။
2. အပေါ်ရေ ၉၀၀ မီလီလီတာကို ဖယ်ပြစ်ပါ။
3. ရိုးရိုးရေ ၅၀၀ မီလီလီတာကို အိုးအောက်ခြေက ရေသီးလေးတွေတက်လာရုံလေး ကြိုပါ၊ ဆူပွက် မနေရ၊
4. နနွင်း၊ ဆား အနည်းငယ်ထည့်ပါ၊ ( သကြား / အချိုမှုန့် ထည့်နိုင်သည်)
5. ကျန်နေသော အဖြူရောင် ပဲ အနှစ် နဲ့ ပဲရည်ထဲကို ရေ ၁၀၀ မီလီလီတာခန့်ထည့်ပီး သမအောင်မွှေပေးပါ၊  ရေပူ ထဲ လောင်းထည့်နေရင်းမှာ ရေပူထဲမှာ တိုဟူး တန်း ခဲမသွားအောင်မွှေပေးနေပါ၊ တိုဟူးရည် ပြစ်လာသည့် အထိ အဆက်မပြတ်မွှေပေးနေရပါသည်၊
6. ကျိုနေကျ သူအဘို့ ဘယ်အချိန်တွင် ရနိုင်သလည်းဆိုတာ သိပါတယ်..။ စ ကျိုသူများအဘို့ ပဲနှစ်ကို မွှေနေရင်း ဒယ်အိုးအောက်ခြေ ကို မြင်ရဘီဆို တိုဟူးရလောက်ပါဘီ.( ညီမလေးတယောက် ပြောပြသည်..)

***တိုဟူးကျို နေစဉ်း မီး ပြင်းလျှင် အိုးကပ်လွယ်သည်၊ ရေခမ်းသွားအောင်သာ စိတ်ရှည်ရှည်နဲ့ ကြာကြာလေးမွှေပေးနေရတာမို့ မီးအသင့်တင့်ဖြင့်သာ ကျိုပါ၊ တိုဟူး ခဲမခဲကို တိုဟူးရည် ကို ဇွန်းနဲ့ အနည်းငယ်ခပ်ယူပီး ပန်းကန်ပြားတွင် အအေးခံကြည့်ပါတယ်.အေးသွားတာနဲ့ ချက်ချင်း ခဲသွားရပါတယ်.။

ရှမ်းတိုဟူးသုပ်တာမျိုးကျတော့ နဲနဲပျော့လည်းကိစ္စမရှိ..။ ကြော်စားမယ်ဆိုရင်တော့ တတ်နိုင်သမျှ ရေကုန်အောင်မွှေပေးတာကောင်းပါတယ်..။
Creditမူရင်း

Post a Comment