ဝက်‌သား ပဲပြား ကြက်‌ဥ အချိုချက်‌

ဝက်သား ပဲပြား -ကြက်ဥ အချိုချက်

1. ၀က်သား..............  ၁ ပေါင်  (လက်မောင်းသား/ ဗိုက်သား)
2.ပဲပြား ...................၁ တုံး ကို အတုန်းများတုန်းပီး အပေါ်ယံတင်းရုံးလေးကြော်ထားပါ
3. ကြက်ဥပြုတ်............၃ လုံး
4.ပဲငံပြာရည် အနောက်.. ..  ၁ လက်ဘက်ရည်ဇွန်း
5. သကြား   ............ ..  ၁ လက်ဘက်ရည်ဇွန်း 
6. ဆား.........................သင့် ရုံ  
7. ချင်း .........................ပါးပါး ၄ ပြား
8. ငရုတ်ကောင်း ...........၅စေ့  
9. နာနတ်ပွင့်.................  တစ်ပွင့်  
10. ရေ......................... ၁၁/၂ ခွက် ( ၃၆၀ မီလီလီတာ)
11. ဆီ ..........................၁ စားပွဲဇွန်း    

ချက်နည်း  

1. ၀က်သားကို ရေဆေး၊ ရေ ခြောက်အောင်သုတ်၊ နှစ်သက်ရာ အရွယ်တုံးပြီး သကြား၊ ဆား၊ ပဲငံပြာရည် အနောက်တို့ဖြင့် နယ်ပြီး နာရီဝက်နှပ်ထားပါ။
2. ချက်မည့်အိုးထဲ ဆီ ထည့်၊ မီး ကို အလယ်လတ်မှာထား၊ ဆီပူတာနဲ့ နှပ်ထားတဲ့ ၀က်သားထည့်ပြီး အဆက် မပြတ်မွှေပေး၊ လိုအပ်လျှင် မီးလျှော့၊ ငရုတ်ကောင်း နဲ့ နာနတ်ပွင့်ထည့်ပြီး ၀က်သား နီညိုရောင် ပြောင်း တဲ့ အထိ မွှေပေးပါ။
3. ၀က်သားနီညိုရောင်ဖြစ်သွားပြီးဆိုရင် ရေ ၁ခွက်ခွဲထည့်၊ အဖုံးပိတ် ၀က်သားအိလာတဲ့အထိ ၁ နာရီခန့် မီးအေးအေးဖြင့် ချက်ပါ။ လိုအပ်သလို ရေပူဖြည့်ပေးပါ။
5. ၀က်သားအိသွားပီဆိုလျှင် ကြက်ဥပြုတ်ထည့်ပီး ၂၀-၃၀ မိနစ်လောက် မီးအေးအေးနဲ့ ချက်ပါ။ အရည်ကျဲကျဲကြိုက်လျှင် ရေပူထပ်ထည့်ပါ။ ကြက်ဥ အရောင် ညိုသွားပြီး ၀က်သားကို အိသွားသည့် အထိချက်ပါ။ Pressure cooker ဖြင့်ချက်လျှင် နာရီဝက်အတွင်းနူးပါသည်။

meemeeto fu

Post a Comment