အပိုင်း-(၅ )
--------------
''အမလေး သရဲ သရဲ အမေရေ လုပ်ပါအုံးး''
ညဘက်စာကျက်ဝိုင်းသို့သွားရန်ဖီးလိမ်းပြင်ဆင်နေ
သောညီမအငယ်ဆုံးမှာ အိမ်ပေါ်ထပ်မှအော်ဟစ်
ကာပြေးဆင်းလာခဲ့သည်
''အမေမရှိဘူး ဘယ်မှာလဲသရဲ ငါတို့အိမ်သရဲမရှိ
ပါဘူးဟ''
''ရှိတယ် ငါမှန်ကြည့်နေတုန်း မှန်ထဲမှာပေါ်လာတာ
ဒွေးကေကြီးနဲ့''
''ဘယ်နားမှာလဲ''
''ဟိုထုတ်တန်းပေါ်မှာ''
''ဘာမှမရှိဘူး တွေ့လား ကြံဖန်ပြီးကြောက်မနေနဲ့''
---------
ညီမဖြစ်သူကိုပြေရာပြေကြောင်းပြောလိုက်ရပေမယ့်
ကျွန်တော့်စိတ်ထဲမှာဘဝင်မကျ ဒေါ်ကြီးပြောသွားခဲ့တဲ့
အတိုင်းမေတ္တသုတ်နေ့စဉ်ရွတ်ဖတ် တရာမှတ်နေ
စဉ် အနီးအပါးမှ အရိပ်များဖြတ်သွားခြင်း လေတိုးသ
လိုပွတ်တိုက်သွားခြင်းတို့ကို တွေ့ခဲ့ရဖူးသည်
တရားရှုမှတ်စမို့ စိတ်အားစမ်းသပ်ခြင်းဟုပင်ထင်ခဲ့
မိသည် အခုဟာက
စိတ်ရှုပ်လိုက်တာ ဦးဝင်းဆီသွားပြီး အကြံဥာဏ်တောင်း
အုံးမှပါ
ဦးဝင်းအိမ်သို့ရောက်သော် အခန့်သင့်ပင်တွေ့လေ
သည် ဇနီးဖြစ်သူဒေါ်ဒေါ်နွဲ့ကိုမူမတွေ့
''ဒေါ်ဒေါ်နွဲ့ရော ဘယ်သွားလဲ''
''ညည်းတို့ဘက်ထွက်သွားတာပဲ ဆိုပါအုံးလာရင်းကို''
''ဟုတ် ဒီလိုဦးဝင်းရဲ့----'' ဟုအစချီကာပြောပြပြီး
''အဲ့ဒါ ဘယ်လိုထင်လဲ''
''ဦးလေးလည်း မဆိုတတ်ဖူးကွဲ့ မမြင်အပ်တဲ့အ
ရာတွေက ဘုရားဟောမှာလည်းပါတာပဲ
သူ့နေရာနဲ့သူရှိနေတာပဲလေ တခုပဲ''
ဦးဝင်းဆက်လာမယ့်စကားကိုစိတ်ဝင်တစားနားစွင့်
နေလိုက်မိသည်
''အိမ်ဆိုတာက စည်း ကာပြီးသားပဲလေ
အစောင့်ရှောက်နဲ့နေကြတာ သူ့စည်းကိုယ်စည်း
ရှိကြပါတယ် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်
လို့မရပါဘူး''
''ဟုတ်''
''ညည်းတို့စိတ်ထဲမသန့်ရင် အန္တရာယ်ကင်းဆွမ်းကပ်
လိုက်ပေါ့အေ''
''ဟုတ် အမေ့ကိုပြောပြီးလုပ်လိုက်ပါ့မယ်
ကျွန်တော်သွားပြီနော်''
'အေးး အေးး''
''အမလေးးးးလေးး မိဆိုး
ညည်းကဒီမှာကိုးးး ငါအခုပဲညည်းတို့အိမ်ကပြန်
လာတာ အမလေးးယောကျာ်းရယ် ပြောမပြောချင်
ပါဘူး သူတို့အိမ်မှာလေ ''
''အဟမ်းးး''
ဦးဝင်းမှ ချောင်းဟန့်သံပေးပြီးဟန့်လိုက်ရသည်
''အေးးအေးး
သမီး မိုးချုပ်နေပြီ ပြန်တော့လေ''
''ဟုတ် ကျွန်တော်ပြန်ပြီနော်''
---------
(နောက်ရက်တွင်အန္တရာယ်ကင်းဆွမ်းကပ်ပြီးနောက်
ပိုင်းအဖြစ်ပျက် ကိုဘူးထွားဟားဟား ဟုစာရေး
ပြီးဖြစ်၍အကျယ်မဖော်ပြတော့ပါ)
-----
အန္တရာယ်ကင်းဆွမ်းကပ် သချိ င်္ုင်းမြေနှုတ်အပြီး
တွင် မိဆိုးတို့မှာ မြောက်ထိပ်မှ တောင်ထိပ်ဝိုင်းသို့
ငွေပိုနှုတ်ကာအလဲထပ်လုပ်ပြီးပြောင်းသွားကြသည်
ထိုအိမ်သို့ပြောင်းရွှေ့ပြီး အိမ်တွင်းရေးမငြိမ်မသက်
ဖြစ်ကာ နေ့စဉ်လိုလိုပင်
မိဆိုးတို့သားအဖမှာစကားများရန်ဖြစ်နေကြသည်
ဒေါ်မြိုင်မှာလည်း စကားတတ် သောသားအဖနှစ်
ယောက်ကြား ဘာမှမဖြန်ဖြေနိုင် လက်ပိုက်ပြီးသာ
ကြည့်နေရသည် စီးပွားရေးမှာလည်း ဝင်ငွေ
နည်း ထွက်ငွေမမျှဖြစ်ကာ ပရုပ်လုံးလေတိုက်တာ
ထက်ပိုမြန်ပြီး ဘာမှမကျန်တော့ပေ
ထိုနေရာတွင် သုံးနှစ်ခန့်နေထိုင်ပြီးနောက်ရောင်းချ
ပြီး ဝိုင်းဈေးလျော့နည်းသော သင်ပန်းကုန်းသို့
ဝိုင်းကွက်ဝယ်ယူရန် စုံစမ်းနေသည်ဟုကြားရသည်
ဤသည်ကိုလည်း မိဆိုးက
60×40 မြေကွက်ကို တခြမ်းပိုင်း၍ရောင်းရန်
သင်ပန်းကုန်းသို့မပြောင်းရန် အမေဖြစ်သူကိုတား
ရာ မှနေ့စဉ်လိုလိုစကားများရလေသည်
ရသမျှဝင်ငွေလေးနှင့် လောက်ငှစေရန်သုံးဖို့ပြော
သည်ကိုလည်း လက်ကြီးသောမိခင်ဖြစ်သူကလက်
မခံ ကြာလာတော့ မိဆိုးမှာ အမြဲတမ်းအတိုက်ခံလုပ်
နေသောသူတစ်ယောက်အဖြစ် မိသားစုမှပစ်ပယ်
ခြင်းကိုခံရလေသည် သူမရဲ့ တဦးတည်းသော
ရင်ဖွင့်ရာ ပုဏ္ဏတိုင်မှာကျွန်တော်သာလျှင်ဖြစ်သည်
တခုတော့ ဒီကောင်မလေးကိုချီးကျူးတယ်
တအိမ်လုံးရဲ့ ဥပေက္ခာပြုခြင်းကိုခံရပေမယ့် ရည်းစား
သနာထားပြီးထွက်ပေါက်မရှာတာပဲ
သူမ ကို ဘယ်တော့မင်္ဂလာသတင်းကြားရမှာ
လည်းမေးတိုင်း ပြန်ဖြေတဲ့စကားတစ်ခွန်းရှိတယ်
''ကျွန်တော်က ယောကျာ်းမယူဘူးဗျ ယူရင်မိန်းမပဲ
ယူမှာ'' တဲ့ တင်ပါးဖုံးထိရှည်လျားတဲ့ဆံပင်ကိုအထိ
မခံအဖြတ်မခံပဲနဲ့များ မိန်းမယူအုံးမလို့တဲ့
ဟားးးဟားးးးဟားးးးဟားးးး
''ဦးဝင်း ရှိလား
ဟာ ဦးဝင်း တစ်ယောက်ထဲ ဘာတွေသဘောကျ
ပြီး ရီနေတာလဲဗျ''
''အော် အေးး အေးး လာဟေ့ မိဆိုး
ဘာရယ်မဟုတ်ပါဘူး အတွေးလွန်သွားတယ်ထင်
ပါရဲ့''
''ထားပါတော့ ဘာလို့ပဲရီ ရီ ပေါ့
ကျွန်တော် ပြောစရာလေးရှိလို့ လာခဲ့တာ''
''ပြောလေ''
''ကျွန်တော် အရှေ့အရပ်ကိုမပြောင်းချင်တာ
အကြောင်းရှိတယ်''
''အေး ပြောပါအုံး''
''ကျွန်တော့်ကို အမေတို့က ကျဉ်ထားတော့
ကျွန်တော်လည်း ဘယ်သူ့ကိုမှ စကားမပြောတော့
ပဲ အလုပ်ကပြန်လာရင် တရားအလုပ်ကိုပဲစိတ်နှစ်
ပြီးလုပ်ဖြစ်တယ်''
''ကောင်းတာပေါ့''
''အင်း အဲ့ဒါကြောင့်လားတော့မသိဘူးအိမ်မက်ရ
တယ် တခုခုဖြစ်တော့မယ်ဆိုရင် ကြိုတင်အိမ်မက်
ရတဲ့အတိုင်း သတိပေးတယ်ထင်တာပဲ''
''အင်း''
''အိမ်မက်ထဲမှာလေ
ခဲကြမ်းကြီးတွေခင်းထားတဲ့လမ်းမကြီးတခုမှာ
ကောင်းကင်ကြီးကမဲမှောင်နေရာကနေ
လေကျတော့မယ့်အတိုင်းရုတ်တရတ်ကြီးအဝါရောင်
ပြောင်းသွားတယ် ကျွန်တော်ကအနောက်ကနေ
အရှေ့ကိုလမ်းမကြီးအတိုင်းလမ်းလျှောက်သွားခဲ့
တာ ခြေထောက်တွေလေးလံပြီးအရမ်းညောင်းတာ
ပဲ တနေရာရောက်တော့ ကျွန်တော်လဲကျသွားတယ်
ထူမယ့်သူမရှိဘူး ကိုယ့်ဘာသာကိုယ်အားယူထ
တော့လည်းမရဘူး အဲ့ဒီအချိန်မှာ ဖိနပ်မပါတဲ့ခြေအ
စုံကိုတွေ့ရတယ် မော့်ကြည့်မိတော့ရဟန်းတပါး
အရမ်းကြည်ညိုဖို့ကောင်းတာပဲ
လက်အုပ်ချီပြီးကန်တော့လိုက်တဲ့အချိန်မှာပဲ
အိမ်မက်ကနေနိုးခဲ့ရတယ်''
''အင်း နိမိတ်ပြတာလည်းဖြစ်နိုင်ပါတယ်
ဒါပေမယ့် စိတ်ထဲမထားပါနဲ့ ညည်းကိုရတနာသုံးပါး
မမေ့ဖို့သတိပေးတာပါ''
''အင်းပါ မမေ့ပါဘူး အမေ့ကိုသာသိစေချင်တာ
အဲ့ဒီကိုမပြောင်းဖို့ဘယ်လိုမှ ပြောမရဘူးဗျာ''
''ညည်းအမေခေါင်းမာတာလည်းညည်းအသိပဲ
ဘာမှပြန်ပြောမနေနဲ့ညည်းပဲ ငရဲကြီးမယ်''
''ကျွန်တော့်ရဲ့စိတ်ထဲမှာ အဖေနဲ့အမေကိုစိတ်ဆင်း
ရဲစေချင်တဲ့စိတ်မရှိဘူး အခုဟာကအမေသူ့မောင်
နှမတွေကို ပစ်စလက်ခတ်ငွေတွေပေးနေတာ
အခုလိုကြပ်တည်းချိန်မှာကျတော့ တစ်ယောက်မှ
မလာကြရုံမဟုတ်ဖူး အမေသွားတာတောင်မှမတူသ
လိုမတန်သလိုဆက်ဆံကြတယ်''
ပြောရင်းနဲ့ မျက်ရည်တွေကျလာသောမိဆိုးကို
ကျွန်တော်ဘာပြန်ပြောရပါ့မလဲ
လူမမြင်ကွယ်ရာမှာ ဒီကလေးမ ဘယ်လောက်တောင်
ကြိတ်ငိုနေခဲ့သလဲမသိ နှလုံးသားရေးရာကြောင့်
မဟုတ်ပဲ အိမ်တွင်းတိုက်ပွဲတွေကြောင့်လည်း
မျက်ရည်ဆိုတာရှိတာပါပဲလား
အချစ်ဆိုတဲ့အရာနဲ့တွေ့ခဲ့ရင် မိဆိုးတစ်ယောက်
မျက်ရည်ထပ်မကျပါစေနဲ့လို့ပဲ ကျွန်တော်
ဆုတောင်းပေးလိုက်မိပါတယ်ဗျာ
----------------
ဒီလိုနဲ့ မိဆိုးတို့ သင်ပန်းကုန်းကိုပြောင်းသွားခဲ့ပြီ
လေ အိမ်ပြောင်းတဲ့နေ့က
မိဆိုးတစ်ယောက် ပစ္စည်းတွေကူမသိမ်းပဲသူ့ရဲ့
အချစ်တော်ကြောင်လေးတွေကိုလိုက်ဖမ်းနေတယ်
တကယ်ပဲ
အိမ်တွင်းရေးကို ဥပေက္ခာပြုလိုက်နိုင်ပြီလားဆို
တာတော့ ကျွန်တော်မသိပါ
ဆက်ရန်
--------
Credit - ရာရာ
Credit - တမလွန်ဘဝဖြစ်ရပ်မှန်နှင့် သရဲအကြောင်းပြောသူများ Group
Post a Comment