စကားပြောသော အိမ်တိုင်နှင့် ကျွန်တော်မိဆိုး အခန်း(၆)
အပိုင်း-( ၆ )
-----------------------
''ဟဲ့ ကောင်မ''
အဲ-----ဘယ်ကအသံပါလိမ့်
တရေးနိုးအပေါ့သွားပြီးအိပ်ယာထဲပြန်အဝင်မှာ
မိန်းမတစ်ယောက်ရဲ့ ခပ်စွာစွာအသံကိုကြားလိုက်
ရ၍ ပြန်မအိပ်သေးပဲ ရှာနေမိသည်
အိမ်ကလူတွေရဲ့အသံလည်းမဟုတ်ပေ တခါမှ
မကြားဖူးသောအသံပိုင်ရှင်မို့စိတ်ထဲတွင်ပို၍သိချင်
နေမိသည် ရှာလို့လဲမတွေ့
ဘယ်နှယ့်ဟာတွေလည်းမသိဘူး စ စရာရှားလို့
ဟုစိတ်ထဲမှ မှတ်၍ အိပ်မည်ပြုရာ
''နင့်ကိုပြောနေတာ''
ဟာ
သေချာပါတယ် အသံက ငါ့ခေါင်းရင်းကထွက်လာ
တာ သူမ ခေါင်းရင်းဘက်ကိုရှာကြည့်သည်
ဘာမှ မတွေ့ ခက်တော့နေပြီ
အိမ်က ဒီနေ့ပဲပြီးတယ် ဒီအိပ်ယာကလည်း သူမ
ရဲ့ ပထမဆုံးအိပ်ယာပါ ကိုယ့်အိမ်ကိုယ်ပြန်ဆောက်
တာမို့ အခြားကအသားပိုလည်းလုံးဝမပါပါဘူး
ဒါနဲ့ စိတ်ထဲကနေစမ်းပြီးစကားပြောကြည့်မိတယ်
''ဘယ်သူလဲ ဘယ်သူ့ကိုပြောနေတာလဲ''
''-------------''
''ဟဲ့ မေးနေတယ်လေ ဘယ်သူ့ကိုပြောနေတာ
လဲလို့ ခုနကအသံရှင်''
''နင့်ကိုပြောနေတာလေ နင့်ကို''
ဟာ
သွားပြီ ငါကပဲ ကျန်းမာရေးမကောင်းလို့ဂေါက်သွား
တာလား တကယ်ပဲ အသံက ခေါင်းရင်းတိုင်ကကြား
နေရတာလား
သေချာစေရန် စိတ်ထဲမှထပ်၍မေးလိုက်မိသည်
''ဟဲ့ ဘာတွေပြောနေတာလဲ နင်ကရော
ဘယ်သူလဲ''
''--------------''
''မေးနေတယ်လေ လူလား သရဲလား''
''-----------------''
ဟူးးးးးဘာမှလဲပြန်မဖြေတော့ပါလား သေချတယ်
ဒီတိုင်ကနေ အသံထွက်လာတာပဲ
လာလေရော့
သူမ မတ်တပ်ရပ်လိုက်ပြီး အသံထွက်လာသော
အိမ်တိုင်ကို လက်ညှိုးထိုးကာ
''သြောင် တရာ့ရှစ်ကွက် ဗုဒ္ဓစက်
တစ်ဆယ့်လေးချက် ဓမ္မစက်-----------
--------------------
သြောင်းးးးးးးဒူရေ-----ဒူရေ-----သွားးးသွားးးဟုန်
ဟုန်''
စက်ကြီး ဆယ့်သုံးပါးကို (၁၁)ခေါက်တိတိရွတ်ဆို
လိုက်ပြီး အိပ်ပစ်လိုက်တယ် နောက်ထပ်ဘာသံမှ
မကြားရတော့ဘူး
မနက် အိပ်ယာကနိုးသောအခါ ရေချိုးခေါင်းလျှော်
ပြီး နံ့ရေမွှေးဘူး နှင့် သပြေပန်းတွေဝယ်ပြီး
ကန်တော့ပွဲဇလုံထဲထည့် ပရိတ်ရေအနည်း
ငယ်ထည့်ပြီး သောက်ရေနဲ့ပွားကာ ဘုရားကို
ဆွမ်း ရေကြမ်း ပန်း ဆီမီး အမွှေးနံ့သာတိုင်တို့
ကပ်လှူပူဇော်သည် ပြီးနောက် မေတ္တသုတ် ခန္ဓသုတ် အစရှိသည်တို့ကိုရွတ်ဆိုပူဇော် မေတ္တ
ပို့ အမျှဝေပြီးသော် ဤအိမ်၌ ရှိနေသောမမြင်အပ်
သော သူတို့ထွက်ပြေးစေခြင်းငှာ ယ္ခုအချိန်မှစ၍
ပဋ္ဌာန်းဒေသနာတော်ကြီးနှင့် အာဏာစက်ပြင်းသော
မဟာသရဏဂုံတော်ကြီးကို ရွတ်ဖတ်ပူဇော်မည်
ဖြစ်သောကြောင့်မကောင်းသော အရာတို့ဝေးရာ
သို့ရှောင်ကြပါကုန်
ဟုပြောဆိုရွတ်ဖတ်ပြီးသော် ရှေ့တွင် ချထားသော
ပရိတ်ရေပွားအမွှေးနံ့သာရေတို့ကိုသပြေခက်ဖြင့်
ဆွတ်၍ စကားပြောသောတိုင်အပါအဝင် လက်
သမားတို့ ဇောက်ထိုးခင်းထားခဲ့သောကြမ်းပြင်ပါ
မချန် တအိမ်လုံး တမိသားစုလုံးကိုပက်ဖျန်းပေးခဲ့
သည် တိုင်မှာရှိနေတဲ့ မကောင်းဆိုးရွားမ လစ်
စေသတည်းးးးပေါ့လေ
ညရောက်တော့အိပ်ယာဝင်ခါနီးမှာ အသံထွက်လာ
တဲ့တိုင်ကိုအောင်နိုင်သူကြီးပမာကြည့်ပြီး
ခစ် ခနဲတချက်ရီလိုက်မိသေးတယ်
''အီးးးးးအင့်-----ဟင့်-----အင့်----''
ငိုသံပါလား
ဟိုဟိုဒီဒီရှာကြည့်တော့လည်းမတွေ့ရ
သူမခေါင်းရှုပ်သွားသည် ဘယ်သူများလဲမသိ
သူမ ရှာနေစဉ်မှာပဲ
''ထွက်သွားးးးးး''
ဟင်
ဘာပါလိမ့် ''ထွက်သွားးလို့ပြောနေတာ''
သေချာပြီ ဒါဒီတိုင်ကပဲ
''ဘာလို့ထွက်ရမှာလဲ ဒါ ငါ့အိမ် နင်ထွက်သွားရမှာ''
''တောက်''
''အောင်မာ အကောင်ထည်မပြနိုင်တဲ့သူကများ
တောက်တဲ့''
''ထွက်သွားးးးးအခု ''
''မထွက်ဖူး ဘာလုပ်ချင်လဲ''
သူမလည်းဒေါသထွက်ထွက်နဲ့ အသံထွက်လာတဲ့
တိုင်ကို လက်ညှိုးထိုးပြီး စက်ကြီး တဆယ့်သုံးပါး
ကိုရွတ်နေလိုက်တာ
လင်းကြက်တွန်သံကြားတော့မှပဲ မောပြီးအိပ်ပျော်
သွားခဲ့တော့တယ်
-----------
''လျှောက်ပါ အမရဲ့ အမရဲ့ကလေးအတွက်ပဲ
လမ်းလျှောက်များမှ မွေးရလွယ်ကူမှာပေါ့
လာ လာ ကျွန်တော်တွဲလျှောက်ပေးမယ်''
မွေးဖွားကာနီး
မိခင်လောင်းတဦးမှာ လမ်းမလျှောက်ပဲ ပေကပ်
နေသောကြောင့် မိဆိုးမှာ ချော့မော့ပြီးကိုယ်တိုင်
တွဲလျှောက်ပေးနေရသည် ကလေးမှာ အရိုးကွင်း
အတွင်းခေါင်းစိုက်နေသော်လည်း လှုပ်ရှားမှုမရှိ
သောကြောင့် မိခင်မှာဗိုက်မနာသေးပေ သားအိမ်
မှာလည်းပွင့်နေပြီဖြစ်သောကြောင့်
ရေမွှာပေါက်လျှင်(or) ဗိုက်နာလျှင် မွေးရတော့မည်
ဖြစ်သည် ထို့ကြောင့် အိပ်ပုတ်ကြီးနေသော
အထဲမှ ကလေးကိုနှိုးရန် မိခင်ကလမ်းလျှောက်
မိဆိုးတို့က ဗိုက်ကိုပွတ်၍ သန္ဓေသားကိုနှိုးပေးရ
သည် (သားဖွားခန်းမို့အပြည့်အဝဂရုစိုက်ပေးနိုင်
တာပါ ဆေးရုံကြီးဆိုရင် ကြုံဖူးသူသိပါလိမ့်မယ်)
ထိုမွေးမိခင်မှာ
မနက်ရှစ်နာရီခန့်ကရောက်လာခဲ့ပြီး တွဲ၍လမ်း
လျှောက်ပေးခဲ့ရာ ညနေ (၅)နာရီခွဲပြီးမှ မွေးခန်းဝင်
သည် ညနေ(၆) နာရီကျော်မှ မိဆိုးတို့အိမ်ပြန်ရ
သည် ပင်ပမ်းလွန်း၍နေ့လည်စာလွတ်ခဲ့ရသည်
နေ့ခင်းဘက်မွေးလူနာလာလျှင်လည်း
မိဆိုးမှာထမင်းမစားတော့ ထိုမှအစပြုပြီးလက္ခဏာ
ပြနေသော နှလုံးရောဂါကို မိဆိုးသတိမမူမိခဲ့
ယ္ခုမူ တနေကုန်ပင်ပမ်းလွန်းသည့်အရှိန်နှင့်
ဖျားရာမှ အိပ်ယာထဲကမထနိုင်တော့
ဆေးစစ်ကြည့်တော့ နှလုံးရောဂါ လေးဘက်နာတဲ့
ဂရုစိုက်မယ့်သူမရှိပဲ အိပ်ယာထဲမှာနေရတာကြာ
တော့ လိမ်းဆေးနဲ့အရက်ရောသောက်ပစ်လိုက်
တာ ကျောက်ကပ်လောင်သွားခဲ့တယ်
ဖြစ်ရတယ် မိဆိုးရယ်
-------------
မိဆိုးကျန်းမာရေးအခြေနေပြန်ကောင်းလာတော့
သူမရဲ့အဖေ ဆုံးပါးသွားခဲ့တယ် လကွယ်နေ့
မတိုင်ခင်ည မှာဆုံးတာဆိုတော့ နာလန်ထစမိဆိုး
လည်းနားမနေနိုင်ပါဘူး စ လယ် ဆုံး အိမ်မှာပဲ
လုပ်စရာရှိတာလုပ်ရတာပေါ့ ရပ်ကွက်ကလည်း
အခုမှပြောင်းလာကာစဆိုတော့ အသိကျွမ်းမရှိ
အစိမ်းသက်သက် အဖေ့အလောင်းပြင်ထားတဲ့
အိမ်ရှေ့မှာ မီးပုံဖိုရင်း သားအမိတတွေမိုးလင်းခဲ့ရ
တယ် နာရေးကိုနေ့တွင်းချင်းအပြီးလုပ်ခဲ့ရတာ
ဆိုတော့ နေ့ရောညပါ မအိပ်ပဲပင်ပမ်းခဲ့တဲ့မိဆိုး
မှာ ညနေ ငါးနာရီကျော်ကျော်လောက်မှာ
အိပ်ပျော်သွားခဲ့ပြီး ည (၈)နာရီမှာ အိပ်ယာကနိုး
လာရာ ပြန်မအိပ်ချင်တာနဲ့
မှန်တချပ်ကိုယူပြီး ကဲ သရဲတို့ တစ္ဆေတို့ရေ
ငါ့ကိုကိုယ်ထင်ပြကြစမ်း
ဒီနေ့မှ သဂြိ င်္ုလ်လိုက်တဲ့ ငါ့အဖေလည်း ရှိနေရင်
ကိုယ်ထင်ပြပါ
စိတ်ထဲကတတွတ်တွတ်ပြောဆိုပြီး အိမ်တွင်းအိမ်
ပြင် လမ်းမဘက်ထိ လမ်းလျှောက်သွားခဲ့တယ်
ခွေးတကောင်ကြောင်တမြီးမှမတွေ့ရ
မိုးလင်းကာနီးမှ အိပ်ပျော်သွားခဲ့သည်
------------
ဆက်ရန်>>
Post a Comment