ဘာအတွက်‌ အသုံးပြုပါသလဲ?

��ဘာအတွက် အသုံးပြုပါသလဲ ?
====================

မိနစ်အနည်းငယ် အချိန်ပေးပါ !
သင့်အတွက် အကျိုးပြုစေမယ့်စာသားတစ်ချို့ကို ရေးသားထားပါသည် !

ယခုလိုတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူဦးရေ
70 % က ဖုန်းကိုင်နိုင်ကြပါတယ် !

ဖုန်းကိုင်နိုင်သူ 80 % ဟာလည်း facebook ကို
အသုံးပြုနေကြပါတယ် !

အသုံးပြုသူ 90 % က အကျိုးမဲ့စွာ အသုံးချနေကြပါတယ် !

ဒါကို မိတ်ဆွေသတိထားမိပါလိမ့်မည် !
သင် ဖိနပ်စီးဖူးပါလိမ့်မည် #
ဘာအတွက် စီးပါသလဲ #
လှချင်လို့လား ဆူးညှောင့်ခလုတ်ကို ကြောက်လို့လား #

ဒီလိုလေးတွေ မိမိကိုယ်ကို မေးဖူးပါသလား ?

အခု facebook သုံးနေတယ် !
ဘာအတွက် အသုံးပြုတာလဲ ?

ပုံတင်ပြီး လှကြောင်းကြွားဖို့လား #
အီစီကလီ လုပ်ဖို့လား #
ရည်းစားနဲ့ကဲနေတာတွေ ကြေငြာဖို့လား #
ချမ်းသာတာကို အများသိစေချင်လို့လား #

ဘာအတွက် အသုံးပြုနေတာလဲ ?

ကိုယ်စီးတဲ့မြင်း အထီးအမ ကွဲဖို့လိုပါလိမ့်မည် !
facebook ကို ဘယ်လိုအကျိုးရှိအောင် သုံးကြမလဲ ?

မိတ်ဆွေကောင်း ရှာပါ !

နေ့စဉ် ဖြစ်ပျက်နေတဲ့ သတင်းတွေ ဖတ်ပါ !
မိတ်ဆွေများကို ပြန် share ပေးပါ !
အသိပညာတိုးပွားစေမယ့် ပို့စ်တွေရှာဖွေဖတ်ပါ !
လေ့လာထားသမျှလေးတွေ ကျင့်သုံးပါ !
ကျန်းမာရေးအသိပေးစာတွေ ရှာဖတ်ပါ !
ဟာသလေးတွေ အပျင်းပြေဖတ်ကာ ရယ်မောပါ !
သင်သိသမျှ ဗဟုသုတအချို့ကို အားလုံးသိရန် !
ပို့စ်တင်ခြင်း share ခြင်းဖြင့် မျှဝေပါ !
ဘဝအတွက် အကျိုးရှိစေမည့်ပို့စ်များကို ရှာဖွေပြီး အစဉ်လေ့လာပါ !

မိတ်ဆွေကောင်း / ပညာရှိများနဲ့ အချိန်ရလျှင် စကား စမြည်ဟြေဆိုပါ !
မှတ်သားထိုက်သော စကားများကို မှတ်သားပါ !
ဒီလိုလေးတွေအတွက် အသုံးပြုတယ်ဆိုရင် !
သင်နှင့်သင့်မိတ်ဆွေအားလုံး အကျိုးရှိပါလိမ့်မည် !
ဘယ်အရာမဆို သုံးတတ်လျှင်ဆေးကောင်းပါ !
မသုံးတတ်လျှင် ဘေးဖြစ်စေပါလိမ့်မည် !

( ဥပမာ ) ပုံလှလှတွေတင်ဖို့ facebook သုံးသူတစ်ချို့ဟာ sexy page လုပ်ခံရသလိုပေါ့ !
ဒါဟာ မသုံးတတ်တော့ အရှက်ကွဲစေတာပေါ့ !
တိုင်လို့ရပါတယ် ဒါပေမယ့် နာမည်ကပျက်ခဲ့ပြီ !
နာမည်ပျက်ပြီဆို ဆုံးရှုံးမှုတွေအရမ်းများပါမည် !
ဒီလို အဖြစ်မျိုးတွေ နေ့စဉ်ဒုနဲ့ဒေးပဲ !
ကျွန်တော်ဆိုလိုသည်က အကျိုးရှိစွာအသုံးချစေဖို့ပါ !

ယခုခေတ် လူငယ်တော်တော်များများဟာ အသုံးပြုပုံ မှားယွင်းနေကြပာသည် !
မိမိကိုယ်ကိုယ် ဆန်းစစ်ပါ !
ငါ ဘာအတွက်အသုံးပြုနေတာလဲ ?
ငါ့အတွက် ဘာအကျိုးရှိစေသလဲ ?
အကျိုးရှိစွာဖြင့် အသုံးချတတ်ပါစေ …

မေတ္တာဖြင့် ရေးသားတင်ပြခြင်း ဖြစ်ပါ၏ !

Credit by အမှောင်ထဲက လူသား

Post a Comment