မင်းသမီ‌လေးရဲ့ အိမ်‌မက်‌ ၈

မင်းသမီးလေးရဲ့အိမ်မက်
……………………………………
                    အပိုင်း(8)
သူမဒီနေ့သန့်ရှင်းရေးကို ခါတိုင်းလိုဘဲ
လုပ်နေတော့သည် မနေ့ကပြသာနာ
ကြောင့် ကုမ္ပဏီဝန်းထမ်းတွေက သိပ်
မကြည်ကြပါ သူမလည်မျက်နှာငယ်လေး
ဖြင့်ခေါင်းလေး ငေါက်စိုက်ဖြင့် ကြမ်းကို
ပွတ်တိုက်နေတော့သည်။တစ်နေ့လုံး
လည်ကိုယ်ပြစ်နဲကိုယ်မို့ အမှားမရှိအောင်
ဂရုစိုက်လုပ်နေတော့သည် ဒီနေဟာခါး
တိုင်းနေထက် ပိုပင်ပမ်း၍ လက်တွေလည်
နာကျင်နေတော့သည်။ အနောက်မှ
"ဟိတ် မင်းသန်ရှင်းရေးလုပ်နေတာ တစ်
နေရာထဲလား"
သူမကြည့်လိုက်ရာ အရမ်းချောပြီစမတ်
ကျတဲ့လူတစ်ယောက်ကိုတွေ့တော့
သည်။သူမနူတ်မှ
"မင်းသားလေး"
"ငါကိုဘယ်လိုခေါ်လိုက်တယ်"
သူမကြောင်၍ကြည့်နေရာကနေ သတိ
ယူပြန်ယူလိုက်ပြီ
"ဒီ ဒီက အကိုက ဘယ်သူလဲဟင်"
သူကသူမကို စိုက်ကြည့်ပြီ အံအားသင့်
ကာသူက ဒီလောက်လှတဲ့မိနိးကလေး
ကဘာလို သန့်ရှင်းရေးလုပ်နေသလဲလို သူလန့်သွားသည်။
"ကျွန်တော်က ဒီကုမ္ပဏီက ဝန်ထမ်းတစ်
ယောက်ပါ မင်းကိုဒီကုမ္ပဏီမှမတွေ့ဖူးသ
လိုဘဲ အသစ်လားမင်းက"
"ဟုတ်ကဲ့ ဘာမျှခိုင်းစရာရှိလိုလဲအကို"
"C1ကအခန်းကို သန့်ရှင်းလုပ်ပေးပါလား"
"ဟုတ်ကဲ့"
နောက်မှဒေါ်လှဝင်းက
"အကိုလေးဘာခိုင်းစရာရှိလိုလဲ"
"ကျွန်တော့စားပွဲကိုမရှင်းထားလို့"
"မိဝန်းနင့်ကိုငါခိုင်းထားတာ သွားမလုပ်
ထားဘူးလား"
"အခုသွားမလို ဒါပြီမှ"
"တောင်းပန်းပါတယ် အကိုလေးရယ် သူကအသစ်မို့လိုပါ တောင်းပန်းလိုက်
ဒါက သူဌေးရဲ့ညီ ကို ညီဘွားတဲ့"
"ဟုတ်ကဲ အကိုလေးတောင်းပန်းပါတယ်"
"လိုက်ခဲ့ပါ ကျွန်တော်နဲ သူကိုခေါ်သွားလို
ရလား ဒေါ်လှဝင်း"
"ရတာပေါ့ အကိုလေးရယ် ကဲလိုက်သွား
လိုက် သေချာချာရှင်းနော်"
"ဟုတ်ကဲ့"
သူမ ညီဘွားနောက်ကလိုက်ခဲ့တော့
သည်။C1သို့ရောတော့ ဝင်လိုက်ပြီ
"မင်းရှင်းလိုက်ပါ "
"ဟုတ်ကဲ့"
သူမ စာအုပ်စာတမ်းတွေကိုသေချာစုပြီ
စီလိုက်သည် စားပွဲကိုသုတ်လိုက်ပြီ ကြည့်
ကောင်းအောင်သေချာချာ ထာနေတော့
သည် ညီဘွားက သူမရဲ့အမူအယာကို
သေချာအကဲခတ်နေတာ့သည်။ သူမက
အားလုံးပြီတော့မှ
"ပြီပြီအကိုလေး"
"အင်း ရပြီ ဒါနဲမင်းနာမည်ဘယ်လိုခေါ်လဲ"
"လဝန်းအိမ်ပါ"
"မင်းကသန့်ရှင်းရေးလာလျှောက်ထားတာ
လား"
"မလျှောက်ပါဘူး ဘီးလူးကြီးကခန့်လိုက်
တာ"
"ဘီးလူးကဘယ်သူလဲ"
"သူဌေးကိုပါ"
"ဘာ နေထက်ဇော်ကိုလား"
"အင်း ဘာလိုလဲ"
"သူကိုပြန်ပြောလိုတဲ့"
ဒီကောင်မလေးက နေထက်ဇော်ကို
တောင်ပြန်ပြောရဲတယ် ဒီလောက်လှတဲ့
မိန်းကလေးတစ်ယောက်ကို သူကအလုပ်
မထုတ်ဘဲ အလုပ်ခန့်ထားတယ် ဘာ
ကြောင့်လဲ ဒီကောင်းမလေးကဘယ်သူလဲ
"အကိုလေး ပြန်လိုရပြီလား"
"မင်းဘာနဲကျောင်းပြီထားတာလဲ"
"စာရင်းအင်းနဲပါ"
"ဒါတောင်မင်းက အလုပ်မရဘူးလား"
"ဟုတ်တယ် သူကိုပြန်ပြောလိုတဲ့ အလုပ်
ထုတ်ဆိုတော့လည်အလုပ်မထုတ်ဘူး
ဝန်းကအလုပ်ထွက်မယ်ပြောတော့လဲ
ကိုကို့ကိုပါအလုပ်ထုတ်မယ် ဆိုလိုသီခံ
နေရတယ် မုန်းလိုက်တာအဲဘီးလူးကြီး
ကို"
"ကိုကို့ ကိုကို့ကဘယ်သူလဲ"
"ဝန်းအကိုလေ ကိုသက်မင်းနောင်"
"ဘာ မန်နေဂျာ သက်မင်းနောင်ရဲ့ညီမ
လား မင်းက"
"ဟုတ်ကဲ့"
သြော်ဒါကြောင့်ကိုး ဒါနဲဘာလိုသူက သန့်
ရှင်းရေးလုပ်ခိုင်းထားရတာလဲ ဒီကောင်းမ
လေးကို ငါအသုံးချရမယ် သူတွေးလိုက်
သည်။သူမတော့ စိုက်ကြည့်နေတဲ့ သူမျက်ဝန်းတွေ သူအိမ်မက်ထဲက မင်းသားလေးများလား ဟုထင်မနေသဖြင့်
ကြိတ်၍ပျော်နေတော့သည်။
   သူမကို ခိုင်းစရာရှိသဖြင့် သူလိုက်ရှာ
တော့သည်။ ဒေါ်မြဝင်းကိုတွေ့သဖြင့်
"ဒေါ်မြဝင်း  လဝန်းအိမ်ရော"
"အကိုလေးခေါ်သွားတယ်"
"ဘယ်သူလဲ ညီဘွားလား"
"ဟုတ်ကဲ့"
"ဟာ ဘာလိုထည့်ပေးလိုက်တာလဲ"
"ကိုလေးစားပွဲသန့်ရှင်းရေးလုပ်ဖို့ပါ"
"နောက်တစ်ခါမှတ်ထား ကျွန်တော်က
မခိုင်းရင်း သုကိုဘယ်သူ့ခေါ်ခေါ်ပေးမ
သွားနဲ သန့်ရှင်းရေးလုပ်ဖို့လာခေါ်ရင် ခင်
ဗျားဘဲသွားလိုက်"
သူပြောပြီ C1'သို့ လာခဲ့တော့သည်။အခန်း
တံခါးကို ဆောင့်ဖွင့်လိုက်ပြီ
"ဝန်းလေး ခိုင်းစရာရှိတယ် လိုက်ခဲ့"
ညီဘွားကအံသြစွာဖြင့် ပြုံးလိုက်ပြီ
"ကိုနေထက်ကလည် သန့်ရှင်းရေးမိန်းက
လေးတစ်ယောက်ကို ကုမ္ပဏီသူဌေးက
ကိုယ်တိုင်လာခေါ်နေပါလား"
"အဲဒါမင်းကိစ္စမဟုတ်ဘူး ကိုယ်အလုပ်
ကိုယ်လုပ်ပါ လာ ဝန်းလေး"
သူက သူမလက်ကိုဆွဲ၍ လှည့်ထွက်ရန်
ပြင်ချိန်
"ခဏနေပါအုံး ကျွန်တော်ပြောစရာရှိလို"
"ဘာကိုလဲ"
"ကျွန်တော်နားမှာ လက်တိုလက်တောင်း
ခိုင်းဖို့ ကျွန်တော်ကိုကူညီပေးဖို့ လူတစ်
ယောက်လောက်ခန့်ချင်တယ်"
"ကောင်းပါပြီ ခန့်ပါလိုအပ်တယ်ဆိုရင်
ပေါ့ ဘယ်သူကိုခန့်မှာလဲ မင်းအတွက်နဲ
ကြော်ငြာစာကပ်ပြီ ထပ်မခေါ်ပေးနိုင်ဘူး"
"မလိုပါဘူး အဲလောက်ကြီးလုပ်ပေးစရာ
မလိုပါဘူး ကျွန်တော်ခန့်မယ်သူ့က ကျွန်
တော်တွေ့ပြီပါပြီ"
"ကောင်းပြီ ဘယ်သူ့ကိုလဲ"
"သူကိုဘဲ"
"ဘာ ဝန်းလေးကို"
"ကိုနေထက်တွက်လည် ပြသာနာမရှိပါ
ဘူး သန့်ရှင်းလုပ်တဲ့မိန်းကလေးတစ်
ယောက်ဘဲ သူရုပ်သူရည်လေးနဲ သန့်ရှင်း
ရေးလုပ်နေရတာ သနားလိုပါ"
နေထက် မချိပြုံးပြုံးလိုက်သည်။
"sorryဘဲ သူကလွဲပြီ မင်းတစ်ခြားလူခေါ်
နိုင်ပါတယ် ငါသူကိုခိုင်းစရာရှိတယ် လာ
ဝန်း သွားမယ်"
ဘီးလူးကြီး ငါကို အကိုလေးကအလုပ်ခန့်
မယ်ပြောတာ ဒင်ကဖျက်လိုဖျက်ဆီးလုပ်
ပြန်ပြီ ငါကိုတော်တော် အနိုင်ကျင့်တယ်
သွားပါပြီ အကိုလေးက ငါရဲ့မင်းသားလေး
ဘဲ ရှင့်လိုလူနဲတော့တစ်ခြားဆီဘဲ သူမဒေါသထွက်ကာ သူလက်ဆွဲရာ
နောက်မှလိုက်လာတော့သည်။ သူမက
ဒေါသ ထွက်ပြီ သူလက်ဆွဲရာလက်ကိုခါ
ထုတ်လိုက်သည်။နေထက်က လက်ကို
လွှတ်လိုက်တော့သည်။
"မင်းဘာလုပ်တာလဲ"
"ဝန်းကိုတစ်ယောက်ယောက်လက်ဆွဲ
ထားတာမကြိုက်လို"
"ဘာ မင်းအမူအယာက လုပ်ပြန်ပြီလား"
"ဘာလုပ်လိုလဲ လက်နာလိုဟာကို"
"ပြစမ်းမင်းလက်"
သူမ လက်နှစ်ဖက်ကို ဖြန့်၍ထုတ်ပြလိုက်
သည်။ လက်ကနီရဲလျှက်ရှိသည်။ သူမ
လက်လေးကိုပွတ်၍ မျက်နှာလေးမဲရွဲ့နေ
တော့သည်။ သူကသူမကိုကြည့်၍သနား
သွားတော့သည်။ သူမကသန့်ရှင်ရေး
ဆက်လုပ်ခိုင်းရန်မဖြစ်တော့ဘူးဟုတွေး
လိုက်မိသည်။
"ငါနောက်လိုက်ခဲ့"
"ဟုတ်"
သူမ သူ၏နောက်သို့လိုက်လာခဲ့တော့
သည်။ ဌာနတစ်ခုသို့ဝင်လိုက်ပြီ
"အားလုံးခဏလောက် မတ်တပ်ရပ်ပေး
ပါ"
လူဆယ်ငါးယောက်လောက်က မတ်တပ်
ရပ်လိုက်ကြတော့သည် သူမကသူနောက်
ကရပ်၍ အလိုက်တသိနဲနေ၍ သူဘာပြော
မလဲဟု နားထောင်နေလိုက်တော့သည်။
"ကျွန်တော်ပြောစရာရှိပါတယ် ဒီစာရင်း
ဌာနမှာ လူတစ်ယောက်ထပ်တိုးမယ် သူ
က လဝန်းအိမ် ဒီစာရင်းဌာနမှ အလုပ်လုပ်
မယ့်လူဘဲ မနက်ဖြန်ကစပြီ သူဒီမှာအလုပ်
ဆင်းမယ်"
သူစကားကြောင့် သူမအံသြသွားတော့
သည်။
"ပြောစရာကတော့ ဒါဘာပါဘဲ အားလုံး
ကိုယ်အလုပ် ကိုယ်လုပ်ကြပါ"
သူကစကားပြောပြီ လှည်ထွက်လာ
တော့သည် သူမလည် ခေါင်းလေးငုတ်ပြ
ပြီ သူနောက်လိုက်လာတော့သည်။
"ဝန်ကိုသန့်ရှင်းရေးမလုပ်ခိုင်းတော့ဘူး
လား"
"အင်း"
"ဘာလိုလဲ"
"မခိုင်းချင်တော့လို"
"အခုရောလုပ်ရအုံးမလား
"တစ်ကယ်နော်"
"အင်း "
"ရားးးးဝမ်းသားလိုက်တာ မနက်ဖြန်ကစ
ပြီ သန့်ရှင်းရေးလုပ်စရာမလိုတော့ဘူး"
"မင်း ဒီနေနားလိုက်တော့"
"အခုလား"
"အင်း အိမ်ပြန်လိုက်တော့ မနက်ကစပြီ
စာရင်းဌာနမှာ အလုပ်စဝင်တော့"
"ဟုတ် ဒါဆိုသွားပြီနော် ကို့ကို့သွားပြော
လိုက်ဦးမယ်"
"အင်း"
သူမက သူရှေ့ကနေဝမ်းသာပြီ ပြေး၍
ထွက်သွားတော့သည်။ သူလည်သူမ
ကိုကြည့်ပြီပြုံးမိတော့သည်။

အပိုင်း(8)ပြီး၏စာဖတ်သူများအား လေး
စားလျှက်
                            စာရေးသူ…လင်းသုခ

Post a Comment