မင်းသမီး‌လေးရဲ့ အိမ်‌မက်‌ ၉

မင်းသမီးလေးရဲ့အိမ်မက်
………………………………………
                    အပိုင်း(9)
ဒီနေ့ဟာသူမအတွက် ပထမဦးဆုံးအလုပ်
စဝင်ရမယ်နေ့လေးပါ သူမပျော်နေတော့
သည်။ ကုမ္ပဏီသို့သူမရောက်လာခဲ့တော့
သည်။ သူမ သူဌေးဆီသို့အရင်လာခဲ့တော့
သည်။သူမတံခါး သုံးချက်ခေါက်လိုက်ပြီ
"ဝင်လာ"
သူမအခန်းသို့ဝင်လိုက်တော့သည်။
"သြော်မင်းပါလား"
"ဟုတ်"
"ငါအားလုံးပြောထားပြီပြီ ဌာနသွားလိုက်
ဌာနမှူးနဲတွေ့လိုက် နင်ကိုသူ ကြည့်ရ
မယ့်စာရင်း ဖိုင်တွေပေးလိမ့်မယ် သေချာ
လုပ်ပါ ကြားလား"
"ဟုတ်"
"သွားတော့ အဲဒါဆိုရင်"
"ဟုတ်ကဲ့"
သူမ သူဌေးရုံးခန်းထဲက ထွက်လာလိုက်ပြီ
စာရင်းဌာနသို့ ရောက်လာတော့သည်။
"သြော် လာ ကလေးမ ဟိုမှာ သမီးခုံ အဲ
ဒီ စားပွဲ မှာထိုင်"
ညာထောင့်က စားပွဲလေးကိုလက်ညှိုးထိုး
ပြသဖြင့် သူမကြည့်လိုက်သည်။ထိုပြော
ပြသော ဦးလေးက
"အန်ကယ်နာမည်က ဦးကျော်ထက် ဒီ
စာရင်းဌာနရဲ့ ဌာနမှူး"
"ဟုတ်ကဲ့"
"ကဲအားလုံးဘဲ ဒါက ဒီဌာနမှာ အလုပ်ဒီနေ့
မှစဝင်တဲ့ လဝန်းအိမ်ပါ တစ်ယောက်ချင်
စီတော့ မိတ်မဆက်ပေးတော့ဘူး သမီး
ရေး နောက်တော့ အားလုံးနဲခင်သွားလိမ့်
မယ် အခုတော့နေ့လည်စာရင်းတွေအား
လုံးပြီအောင် တင်ရမှာဆိုတော့ အားလုံး
အလုပ်ရှုပ်နေကြတယ်"
"ဟုတ်ကဲ့ရပါတယ် "
"ရပါတယ်ကိုနောက်ထား အခုတော့ စာ
ရင်တွေ ဝိုင်းကူပေးအုံး"
စာရင်းစာအုပ် လေးအုပ်ကို သူမလက်ထဲ
သို့ ထည့်ပေးတော့သည်။
"မြန့်မြန်လုပ်ပေး ကွန်ပျူတာကျွမ်းလား
သမီး"
"ဟုတ်ကဲ့ရပါတယ်"
"စာရင်းတွေသေချာပေါင်းပြီး မိတ္တူပြန်
ဆွဲပေး ကွန်ပျူတာသုံးပြီပေါင်း မြန်မြန်
လေး လုပ်ပေးသမီး သုဌေးမပြီရင်ဟောက်
မှာ သေချာလုပ်နော်သမီး သုညတစ်လုံး
လွဲသွားရင် သိန်းရာချီပြီ မှားကုန်မယ်"
"ဟုတ်ကဲ့ဝန်း ဂရုစိုက်ပါ့မယ်"
"အေး အေး သွား ထိုင်တော့သမီး "
"ဟုတ်ကဲ့"
"ကယ် ကယ် အားလုံးမြန်မြန်လေးကြိုးစား
လိုက်ရအောင် ကလေးတို့"
""""""""ကြိုးစားမယ်"""""""
အားလုံရဲ့အသံကြောင့် သူမထိုင်ရန်ပြင်
ချိန် လန့်သွားတော့သည်။ အားလုံးကို
ကြည့်လိုက်တော့လည် ချက်ချင်းဘဲကိုယ့်
အလုပ် ကိုယ်လုပ်ကြတော့သည်။သူမ
လည် သူရဲ့ပစ္စည်းတွေချလိုက်ပြီ စာရင်း
စာအုပ်ကို စားပွဲပေါ်တင်လိုက်တော့သူ
သူထိုင်လိုက် စားပွဲကရှုပ်ပွာနေသဖြင့် သူ
မရှင်းလိုက်သည် အလုပ်စလုပ်ရန်
အတွက် ပြင်လိုက်သည် ကွန်ပျူတာကို
ဖွင့်လိုက်ပြီ စာရင်းတွေကိုစတင်လုပ်တော့
သည်။ အချိန်တစ်နာရီအကြာတွင် သူမ
စာရင်းစာအုပ် လေးဖိုင်လုံးပြီသွားတော့
သည်။ သူမထလိုက်ပြီ မိတ္ထူ ကူးလိုက်
သည် ပြီတော့ စာရွက်တွေကိုသေချာစီပြီ
ဖိုင်သစ်နှစ်ညှပ်ကာ ဌာနမှူးဆီလာပြီ
"ဌာနမှူး စာရင်းစာအုပ်လုပ်ပြီပြီ"
"ဟေ့ ပြီပြီ သမီးက လေးဖိုင်လုံးလား"
"ဟုတ်ကဲ့"
တစ်ခန်းလုံးကလူတွေ သူမအနားသို့ဝိုင်း
အုံလာကြတော့သည်။ ဌာနမှူးက
"တော်လိုက်တာသမီးရယ် ပေးပေးအန်
ကယ်စစ်လိုက်မယ်"
သူမကမ်းပေးလိုက်သည်။
"လာမအုံကြနဲ အခုထိမနက်ကတည်းက
စာရင်းလုပ် နေကြတာအခုဘယ်နဖိုင်ပြီ
ကြလဲ"
"တစ်ဖိုင်စီပါ"
"အေ နင်တို့ တစ်ယောက်မှအသုံးမကျဘူး
စာရင်းဖိုင်တွေကို နောက်တစ်နာရီအတွင်း
တင်ရတော့မယ် ကျန်တဲ့စာရင်းဖိုင်ယူလာ
ကြ"
သူတို့တွေအားလုံးပြေးကြကာ မလုပ်
ရသေးသောဖိုင်တွဲတွေ အလုအယက်
သွားပြေးယူကြတော့သည်။ ဖိုင်တွဲတွေကို
ဌာနမှူးစားပွဲပေါ်သို့  လာတင်ကြတော့
သည်။စာရင်းဖိုင် ဆယ်နှစ်ဖိုင်လောက်
ကျန်နေသေးတော့သည်။ ဌာနမှူးက
"သွားကြစာရင်းတွေ  သွားလုပ်ကြ"
အားလုံးလည် တစ်ယောက်မျက်နှာတစ်
ယောက်ကြည့်ပြီ သူမကိုပြုံးပြကြတော့
သည်။ …အမယ်လေး အပြုံးတွေက ငါကို
ညာခိုင်း ကြတော့မယ့် ရုပ်တွေဘဲ သူမ
တွေးကာ ပြန်ပြုံးပြလိုက်သည်။
"လဝန်းအိမ် သမီးလဝန်းအိမ်"
"ရှင့်အန်ကယ်"
"သွားကြနင်တို့"
"ဟုတ်ကဲ့"
အားလုံးကသူနေရာသူ ပြန်သွားထိုင်ကြ
တော့သည်။
"သမီး အားတော့နားပါတယ် သမီးရယ်
ပထမဦးဆုံးနေ့မှာ ခိုင်းရတာ ဒီဖိုင်လေး
တွေကို"
"မပြောနဲတော့ ဌာနမှူး သမီးလုပ်လိုက်ပါ့
မယ်"
သူမစာရင်းဖိုင်တွေ အားလုံးယူပြီ သူမစား
ပွဲပေါ်သို့တင်လိုက်တော့သည်။
နေလည့်ဆယ်တစ်နာရီကျော်လောက်
အချိန်တွင် ဌာနသို့
"ဌာနာမှူး ဦးကျော်ထက် သူဌေးကမှာ
လိုက်တယ် စာရင်းတွေအခုလာပို့ပါတယ်"
"ဟုတ်ကဲ့ပါ အခုလာပို့ပြီလို့ "
လာပြောတဲ့ ကောင်းမလေးတစ်ယောက်
ပြောပြီ ထွက်သွားလိုက်တော့သည်။
"ကယ်ကယ် အားလုံးစာရင်းတွေလာပေး
ကြတော့"
အားလုံးက ခပ်မြန်မြန်လေးလက်စသတ်
ပြီး သွားပေးကြတော့သည်။ သူမလည်
အားလုံးပြီပြီ မို့သွားပေးလိုက်သည်။ ဌာန
မှူးက ဖိုင်တွေအားလုံးကို ယူပြီထွက်သွား
တော့သည်။ ဌာနထဲကတစ်ယောက်က
"နေ့လည်စာစားမယ်ဟေ့"
"ok အားလုံးဘဲ စားကြမယ် goမယ်"
လူသုံးယောက်လောက်က သူမအနား
လာပြီ
"လဝန်းအိမ် ငါတို့နဲအတူတူစားပါလား"
"ဟုတ်ကဲ့"
သူမတို့ နေလည်စားရန် ဌာနအစီးဝေးစား
ပွဲပေါ် သို့ ထမင်းချိုင့်များကိုတင်လိုက်ကြ
တော့သည်။တစ်ယောက်က
"အမနာမည်က သိမ့်သိမ့်သူ မှတ်ထား
နော် မသိမ့်လို့ခေါ်လို့ရတယ်"
"ဟုတ်"
နောက်တစ်ယောက်က
"ကျွန်မနာမည်က မြတ်နိုးပါ မောင်နှမလို
ခင်လို့ရပါတယ်အကူအညီလိုရင်လည်း
ပြော ကူညီပေးမယ်သိလားအားမနာနဲ့
နော်"နောက်ထပ်ယောကျာ်းလေးတစ်ယောက်က
"ကျွန်တော့နာမည်ကအောင်ကျော်မင်းပါ သူတို့ကိုခင်သလိုကျွန်တော့ကိုလည်းခင်လို့ရပါတယ်ဗျာ"
သူတို့တွေ စကားလေးပြောရင်းထမင်းလေးစားရင်းနဲ့ခင်မင်ရင်းနှီးသွားကြတော့သည်။
        နေ့လည်၂နာရီလောက်အချိန်တွင် နေထက်ဇော်တစ်ယောက် စာရင်းဖိုင်လေးကိုင်ကာ ဌာနသို့ရောက်
လာသည်။ဌာနထဲသို့ဝင်လာပြီး ဌာနမှူးဧ။်စားပွဲပေါ်သို့ စာရင်းဖိုင်တစ်ခုပစ်တင်လိုက်သည်။တစ်ခန်းလုံးရှိလူများလန့်သွားကြတော့သည်။ဌာနမှူးကအံ့အားသင့်ကာ
"ဘာ ဘာဖြစ်လို့လဲသူဌေး "
သူကဒေါသထွက်ပြီး
"ဒီစာရင်းစာအုပ်ကိုဘယ်သူလုပ်တာလဲ"
ဌာနမှူးက
"ဘာဖြစ်တာလဲဗျာ"
သူက
"ခင်ဗျားတို့ထဲမှာဘယ်သူက စာရင်းကိုမလုပ်ဘဲနဲ့လာတင်ရဲတာလဲခင်ဗျားသေချာမစစ်ဘူးလား"
သူဧ။် ဒေါသထွက်တဲ့ပုံက်ုကြည့်ပြီးတော့ဌာနမှူးကကြောက်ကြောက်လန့်လန့်ဖြင့် စာရင်းစာအုပ်ကိုကောက်ကိုင်ကာ
"ဒီစာအုပ်ကိုဘယ်သူလုပ်တာလဲ"
တစ်ခန်းလုံးလည်းတစ်ယောက်မှမဟကြပါ သူမကဌာနမှူးရဲ့ကြောက်လန့်တဲ့ပုံ တစ်ခန်းလုံးရဲ့တိတ်ဆိတ်နေတဲ့ပုံကို
ကြည့်ပြီးတော့ ဘယ်သူမှမပြောရဲကြပါ
သူမက တစ်ယောက်ကတင်လိုက်ပြီ သူ
ကို ပြောရဲမှာမဟုတ်ဘူး မပြောရင်လည်
သူက အလွတ်ပေးမှမဟုတ်ဘူး ဒါကြောင့်
သူမက တစ်ယောက်ယောက်ကိုယ်စား
"ဝန်းလုပ်တာပါသူဌေး"
အားလုံးရဲ့အကြည့်တွေကသူမဆီကိုရောက်လာကြတော့သည်။
ဌာနမှူးကအသံတုန်ရီစွာဖြင့်
"သမီးတကယ်လုပ်တာလား"
"ဟုတ်ကဲ့"
သူကဒေါသထွက်ပြီးသူမရှေ့သို့ရောက်လာတော့သည်။
"မင်းဘယ်လိုသတ္တိနဲ့စာရင်းစာအုပ်ကိုမပြီးဘဲတင်ရဲတာလဲ"
သူမဘာတစ်ခွန်းမှပြန်မပြောပါ။
"ဒီစာရင်းဌာနတစ်ခုလုံးမှာစာရင်းမလုပ်ဘဲနဲ့တင်ရဲတဲ့လူတစ်ယောက်မှမရှိဘူး မင်းအ ရင်ရာထူးပြန်လိုချင်လို့လား"
သူမက
"ဟင်အင်း"
"ဒါဆိုမင်းဘာလို့စာရင်းမလုပ်ဘဲ စာရင်းစာအုပ်လာတင်ရဲတာလဲ"
"များသွားလို့"
"ဘာများတာလဲ အလုပ်ကိုသေချာမလုပ်နိုင်ဘူးဆိုရင်မင်းအရင်ရာထူးပြန်ရသွားမယ်။ ဒီစာရင်းဖိုင်တွေဟာ မင်းအသက်ထက်တောင်အရေးကြီးတယ် အဲ့ဒါကိုမင်းနားလည်လား"
"ဟုတ်ကဲ့ နားလည်ပါတယ်"
"ဘာကို မင်းနားလည်တာလဲ ဟမ်"
"ဝန်းမှမသိတဲ့ဟာ"
"မသိလိုရမလား မင်းကလေးလား မင်းကို
ကိုဒီအတိုင်းတော့ ခွင့်မလွတ်နိုင်ဘူး
အပြစ်ပေးရမယ် ဦးကျောက်ထက်"
ဌာနမှူးကသူ့နားသို့ပြေးလာပြီး
"ဟုတ်ကဲ့ပြောပါသူဌေး"
သူက
"ညနေမှာလုပ်မည့် စာရင်းဖိုင်ဘယ်နှခု
ရှိလဲ"
"သုံးဆယ်ကျော်လောက်ရှိမယ်ထင်တယ်"
"သူ့ကိုစာရင်းဖိုင်အခုနှစ်ဆယ်ပေးလိုက်
ပါ."
"ဟုတ်ကဲ့ သူဌေး"
ဌာနမှူးက သူစားပွဲပေါ်က စာရင်းဖိုင်တွေ
ယူလာပြီ သူမစားပွဲပေါ်တင်လိုက်တော့
သည်။
.".စာရင်းဖိုင်အခုနစ်ဆယ်လုံးကိုမင်းတစ်ယောက်ထဲပြီးအောင်လုပ်ပြီးတော့ သုံးနာရီခွဲအတွင်းလာတင်ပါ"
သူမက
"စာရင်းဖိုင်အုပ်နှစ်ဆယ်တောင် အခုဘဲနှစ်နာရီကျော်နေပြီ ဘယ်လိုလုပ်ပြီးမှာလဲ"
"မပြီးပြီးတာမင်းအပိုင်းဘဲ ပြီးအောင်လုပ်"
"မလုပ်နိုင်ဘူး"
"ဘာပြောတယ် မင်းကမလုပ်နိုင်ဘူး.
....မင်းမလုပ်နိုင်ဘူးဆိုရင် အရင်အလုပ်
မင်းပြန်လုပ်မလား"
"အဲ့ဒါလည်းမလုပ်နိုင်ဘူး"
"မင်းရွေးချယ် စာရင်းစာအုပ်အုပ်နှစ်ဆယ်
လုပ်မလား အရင်အလုပ်မင်းပြန်
လုပ်မလား"
"တစ်ခုမှမလုပ်နိုင်ဘူး"
"မင်းငါ့ကိုကလန်ပြန်ပြီလား မင်းငါ့ကိုကလန်ရင်မင်းဘာဖြစ်မလဲဆိုတာမင်းသိတယ်နော်"
စာရင်းစာအုပ်ကိုသူမကောက်ကိုင်လိုက်သည်
"ပြီးစေရမယ်"
"ကောင်းပြီလေ ငါးမိနစ်နောက်ကျတယ်
ဆိုတာနဲ့ မင်းရဲ့ပြစ်ဒဏ်ကနှစ်ဆဖြစ်သွား
မယ်"
"ရတယ်မပြီးပြီးအောင်လုပ်ပြမယ်"
"ကဲ အားလုံးကြားတယ်နော် သုံးနာရီခွဲလောက်မှသူလာမတင်နိုင်ဘူးဆိုရင်ကျွန်တော့အဆိုးမဆိုနဲ့"
သူကပြောပြီးထွက်သွားသည်။သူမကစိတ်ထဲတွင် ဘီလူးကြီးတော်တော်အနိုင်
ကျင့်တယ် လုပ်ထားဦးပေါ့ မိုးကောင်း
တုန်းတော့ရွာထားဦးပေါ့ ငါမိုးကောင်းတဲ့ အခါ မိုးကြိုးပါပစ်ချမယ်။ ဘီလူးစုတ် ဘီလူးနာ ဘီလူးသရဲကြီး မုန်းလိုက်တာ
စာရင်းဖိုင်တွေကိုဒေါသထွက်ပြီးစာပွဲပေါ်သို့ဆောင့်၍တင်လိုက်သည်။
ထိုအချိန်တွင်မြတ်နိုးကပြေးလာပြီးသူမကိုကျေးဇူးတင်တဲ့အကြည့်ဖြင့်
"ငါတောင်းပန်ပါတယ် ကျေးဇူးလည်းတင်ပါတယ် ငါ့အစားဘာဖြစ်လို့နင်ဝင်ပြောပေးတာလဲ
နင်ဆိုလို့တော်သေးတယ်ငါဆိုရင်အလုပ်ပါပြုတ်နိုင်တယ် သူဌေးကတော်တော်
ဒေါသကြီးတာ ငါနင့်ကိုဘယ်လိုကျေးဇူး
တင်ရမှန်းတောင်မသိဘူး '
"နင်တင်လိုက်တာလား"
"အင်း ငါလည်မတင်ရင်အော်ခံထိမှစိုးလို
တင်လိုက်တာ မပြီလိုတင်မိရင် ဒီလောက်
သူဌေးဒေါသထွက်မယ်မှန်းမထင်ခဲ့ဘူး"
"ရပါတယ် အဲသူဌေးနဂိုကတည်းက ငါကို
ကြည့်မရနေတာ ငါကိုသူအလုပ်ထုတ်
လည်ကောင်းတာဘဲ"
ဌာနမှူးက
"သြော် မြတ်နိုးရယ် နင်ကြိုပြောပါလား မ
ပြီရင် မပြီပေါ့ အခုတော့ ငါကဘာမှမသိ
တော့ နင်လုပ်တဲ့ပုံဟာ ငါက အလုပ်ပြုတ်
မယ်ကိန်းဘဲ"
တစ်ယောက်ကဌာနသို့ရောက်လာပြီ
"သူဌေးက မှာလိုက်တယ် လဝန်းအိမ်ကို
စာရင်းကူလုပ်ပေးတဲ့ လူကိုအလုပ်ဖြုတ်
ပစ်မယ်တဲ့ ဘယ်သူမှဝိုင်းမလုပ်ပေးပါနဲ
တဲ့ cctvက သူလုပ်မလုပ်ကိုကြည့်နေ
မှာတဲ့"
ဌာနမှူးက
"ဘာ"
သူမက
"အဲဒီ ဘီးလူးကိုကအဲသလိုဘဲ ဝန်းကို
ဒုက္ခပေးဖို့မွေးလာသလိုဘဲ နည်းနည်းမှ
ကြည့်လို့ကိုမရဘူး"
မြတိနိုးက
"ငါအားနားလိုက်တာ လဝန်းအိမ်ရယ် ငါ
ကြောင့်ပါ ငါကြောင့်ပါ"
"နင်ကြောင့်မဟုတ်ပါဘူး သူကငါကိုအနိုင်
ကျင်ချင်တာ သွားကြပါ နင်တို့အလုပ်နင်
တို့ လုပ်ကြပါ ငါဖာသာ ပြီအောင်လုပ်
လိုက်ပါမယ်"
ကျန်တဲ့လူတွေလည် ဘာမှဆက်မပြော
ကြတော့ဘဲ ကိုယ်နေရာကိုယ်ပြန်ထိုင်ပြီ
ကိုယ်အလုပ် ကိုယ်ပြန်လုပ်ကြတော့
သည်။မြတ်နိုးက မျက်နှာငယ်လေးဖြင့် သူ
နေရာသို့ သူသွားပြန်ထိုင်တော့သည်။ ဌာနမှူးလည် သူမကိုကြည့်၍ဘာပြောရ
မယ်မှန်မသိတော့ပါ သုမကတော့စာရင်
တွေကို အချိန်မီပြီ ရန်စလုပ်လေတော့
သည်။

အပိုင်း(9)ပြီး၏စာဖတ်သူများအားလေးစား
လျှက်
                              စာရေးသူ…လင်းသုခ

Post a Comment