မင်းသမီးလေးရဲ့အိမ်မက်
………………………………………
အပိုင်း(7)
သူမ ကြောက်ကြောက်နှင့် လိုက်လာ
တော့သည်။နေထက်က သူမကိုဘာမှ
ထက်ပြောတော့ပါ မသိချင်ယောင်ဆောင်
ပေးလိုက်သည်။ သက်မင်းလည် မသိမ
သာဖာသိဖာသာနေလိုက်လိုက်သည်။ သူ
မကတော့ နေထက်ကို စေ့စေ့မကြည့်ရဲ
ရှာ နေထက်ကသူမျက်နှာကိုမြင်ရင် ဒေါသထွက်ပေ့မဲ့ ဘာမှဆက်မပြောတော့
ချေ။ သူတို့ကားကိုမောင်းထွက်လာကြ
တော့သည်ခဏကြာgarden ooသို့
ရောက်လာကြတော့သည်။
ကားပေါ်ကဆင်းလိုက်ကြပြီ နေထက်
ကဖုန်းကို ဆက်လိုက်သည်။
"ဟဲလို ပိုးအိမ် နင်ရောက်နေပြီလား"
"နာရီဝက်တောင်ကြာနေပြီ"
"ok ငါတို့အခုဘဲဝင်လာပြီ"
နေထက်က ဖုန်းကိုချလိုက်ပြီ သက်မင်း
မျက်နှာကြည့်လိုက်ပြီ
"စောင့်နေတာကြာပြီတဲ့ ငါတို့ဝင်ရအောင်"
"အင်း လာဝန်း ဝင်ရအောင်"
သူမခေါင်းလေးငြိမ့်ကာ လိုက်လာတော့
သည်။ သူတို့လည်ဆိုင်ထဲသို့ဝင်လာကြပြီ
ညာထောင့် ၌ ထိုင်နေသော ရွှေပိုးအိမ်က
လက်ပြသဖြင့် သူတို့လည် ရွှေပိုးအိမ်ဆီ
သို့လာ လိုက်ကြသည်။ သူတိုလည် ထိုင်
ရန်ပြင်လိုက်ချိန် ပိုးအိမ်က
"အံမယ် သူကဘယ်သူတုန်း တစ်ခါမှ
မတွေ့ဘူးသလိုဘဲ ချစ်စရာလေး"
နေထက်ကရွှေပိုးအိမ်နဲ့အတူတူထိုင်
လိုက် ပြီ
"သက်မင်းရဲ့အချစ်ဆုံးလေ အမွှေစိန်"
"အံမယ် သက်မင်းနော် နင်မှအချစ်ဆုံးရှိ
တာငါလည် မပြောဘူး"
သက်မင်းက ရွှေပိုးအိမ်နဲမျက်နှာချင်ဆိုင်
မှထိုင်လိုက်ပြီ သူမကမျက်နှာလေးစူပုတ်
ကာ သူနှင့်မျက်နှာချင်ဆိုင်ထိုင်လိုက်
သည်။သက်မင်းက
"မပြောဘူးဆိုတာကလည် မတိုက်ဆိုင်
လိုပါ ပိုး"
နေထက်က
"ငါနဲမျက်နှာချင်ဆိုင်ထိုင်ရင် မျက်နှာပြင်
တာ နင်ကိုသိပ်ကြည်နေတာမဟုတ်ဘူး"
သူမကမျက်စောင်းလေးထိုးလိုက်သည်
"အောင်မာ ပုံစံကိုက ငါအုပ်ထည့်လိုက်
ဦးမယ်"
သက်မင်းက
"ကယ်တော်ကြပါတော့ကွာ ငါဘဲကြားထဲ
ကတောင်းပန်းပါတယ် ပိုးကိုလည်အားနား
ပါအုံး"
ပိုးက ဝိတ်တာကို
"ဝိတ်တာ စားစရာတွေယူလာလို့ရပြီ"
"ဟုတ်ကဲ့"
"ကယ်နင့်တို့အကြိုက်ကြီးဘဲ ငါမှားထား
တယ်နော် ဒီကညီမကတော့ ကြိုက်
မကြိုက်တော့မသိဘူး"
သူမကဘာမှမပြောသဖြင့်သက်မင်းက
"ရတယ်သူက ငါကြိုက်တာသူစားတယ်"
"တော်တော်သိနေတယ်ပေါ့"
"ဒီလိုပါဘဲ ပိုးရယ်"
နေထက်က
"ပိုးအိမ် နင်နေနိုင်တယ်ဟာ ငါတို့ဆီဖုန်း
လေးတောင်မဆက်ဘူး"
"နင်တို့ကငါ့ဘဲ ပြောကြတာ နင့်တို့
ရောလွမ်းလို့လား"
သက်မင်းက သူမကို
"မျက်နှာကြီးကဆူပုတ်ပြီမနေနဲ"
သူက
"မျက်နှာကမချိုမချည်နဲ သံပုရာသီးစား
ထားတဲ့ရုပ်နဲ သူလည်မှားသေးတယ် သူ
ကိုဘဲပြန်တောင်းပန်းရမယ့်ပုံဘဲ"
ပိုးအိမ်က
"သူကဘယ်သူလဲဟင် "
သူက
"လဝန်းအိမ် ငါကုမ္ပဏီက အမွှေစိန်လေ
သူကြောင့် ပြသာနာတော်တော်ရှင်းလိုက်
ရတယ် ငမွှေမလေးလေသက်မင်းရဲ့
အချစ်တော်လေ"
စားစရာတွေကို ဝိတ်တာကလာချပေး
တော့သည်။ပိုးအိမ်က
"ကယ်တော်ကြပါတော့ စားကြရအောင် နင်တို့မလာသေးလို လာမှချခိုင်းလိုက်
တာ"
သူတို့လည်ဘာမှာထပ်မပြောကြဘဲ စား
ရန်သာပြင်လိုက်ကြသည်။ သက်မင်းက
သူမရဲ့ဇွန်းနှင့်ခရင်းကိုသုတ်ပေးသည်။
သူမလက်ထဲကို ထည့်ပေးလိုက်သည်။
"ကြက်သားနဲ့စား မှာ"
"အင်း"
သက်မင်းက ကြက်ကြော်ကို ဖဲကာနွှင်ပေး
ပေးလိုက်သည် သူမစားရလွယ်အောင်
သေးသေးတွေ နွှင်ပေးနေတော့သည်။
သူမက သက်မင်းက တစ်ခုထည့်ပေးရင်
ထမင်းတစ်လုတ် ခပ်စားသည်။ဒါကိုနေ
ထက်ကကြည့်ပြီ
"သက်မင်း မင်းထမင်းစားအုံးမှာလား မင်း
အဲသလိုတွေလုပ်ပေးနေလို့ သူဒီလောက်
စိုးနေတာ"
ပိုးအိမ်က
"နင်တော်တော်ဂရုစိုက်တာဘဲနော် ငါ
တောင်မနာလိုဖြစ်မိတယ် သူကကံ
ကောင်းလိုက်တာ နင်အဲလိုဂရုစိုက်တတ်
မယ်မှန်းငါအရင်ကမသိခဲ့ဘူး နင်တို့လက်
ထပ်ရင်လည်ပြောနော် ငါလက်ဖွဲကောင်း
ကောင်းလက်ဖွဲ့မယ်"
"ဘာ"
"အဟွတ် အဟွတ် အဟွတ်"
သူမစားနေရင်း ထမင်းသီးသွားတော့
သည်။နေထက်က
"ဟားးးးးးးးးဟားးးးးးဟားးးးပိုးအိမ် နင့်ပြော
လိုက်မှငါတောင်မတွေးဖူးဘူး ဟားးးးး
ငါတော်တော်ရီချင်သွားပြီ"
"ဘာရီနေတာလဲ ပိုးပြောတာရီစရာပါလို့
လား"
သက်မင်းကသူမကို
"ရော့ရေသောက်လိုက်"
သူမကထမင်းသီးသွားသဖြင့်ရေသောက်
လိုက်တော့သည်။
"ပိုးရယ် သူကငါ့ညီမလေဟာ"
"နင့်ညီမ ဟိုနင်မှညီနှစ်ယောက်ရှိတယ်
ဆိုတာ"
သူက
"ဟုတ်တယ် အလတ်မလေ"
"အာ့ ဟို မင်းသမီးလေး လား"
"အင်း"
"မမကလဲ ဝန်းကိုမိုးကြိုးတွေပစ်အောင်
လုပ်နေပြန်ပြီ"
"sorry ပါညီမလေးရယ်အမကမသိလိုပါ
နေက သက်မင်းရဲ့အချစ်တော်လိုပြော
နေတော့ သက်မင်းကလည်တော်တော်
ဂရုစိုက်နေတော့ တစ်မျိုးမြင်သွားတာ"
သက်မင်းကပြုံး၍
"ငါတို့အိမ်မှာက ကလေးလိုမင်းသမီးလေး
လိုသူကိုထားတာ ဒီနေ့ နေထက်ကအော်
လိုက်တော့ စိတ်မကောင်းဖြစ်ပြီ အနောက်လှေကားမှာသွား ထိုင်နေတာ
သူတစ်ခုခုဖြစ်ရင် အဖေရောအမေရော
ငါကို အော်မှာဟာ အိမ်မှကငါမဟုတ်ရင်
တောင် သူကိုတစ်ယောက်ယောက်က
ဂရုစိုက်ရတယ် သူက စိတ်ဆိုးရင်စကား
ပြောပေ့မဲ့ စိတ်မကောင်းဖြစ်သွားရင် စကားလည်မပြောဘူး ထမင်းလည်မစား
တော့ဘူး ဒါကြောင့်ချော့ပြီစားခိုင်းနေရ
တာ သူကအစားရောဂါရှိတယ် ထမင်းကို
အချိန်နဲစားမှာ ဒါကြောင့်နေလည် ထမင်း
စားရင်း ငါနဲအတူတူစားခိုင်းတာ အိမ်မှာ
သူထမင်းစားဖို့ကို တစ်ယောက်ယောက်
ကစောင့်ကြည့်နေရတယ်"
ပိုးအိမ်က
"ဟုတ်လား ဒါဆိုထမင်းကို ဂရုစိုက်ပြီစား
နော်ညီမ"
"ဟုတ်ကဲ့ မမကအရမ်းချောတာဘဲ စိတ်
လည်ကောင်းတယ် အော်လည်မအော်ဘူး
ဘေးနားက ဘီးလူးနဲတော့ကွာပါ့"
"ဘာ ထပ်ပြောနေသေးတယ်ငါအုပ်ထည့်
လိုက်အုံးမယ် စားစရာရှိတာစား စကား
မများနဲ မင်းကိုသိပ်ကြည်နေတာမဟုတ်
ဘူး"
သူကအော်လိုက်ပြန်သဖြင့် သူမထမင်း
ကိုဇွန်းဖြင့် ဆောင့်နေ၍နူတ်မှတိုးတိုးလေး
"သေစမ်း သေးစမ်းဘီးလူးစုတ် ဘီးလူးကြီး
သေစမ်း မုန်းလိုက်တာ"
သူကသူမအမူအယာကို ကြည့်ပြီကြား
သဖြင့်
"မင်းမတော်သေးဘူးလား"
သက်မင်းနဲ ပိုးအိမ်တို့က သူတို့နှစ်
ယောက်ကိုကြည့်ပြီ ထမင်းဘဲစားရမလား
ဝိုင်းဘဲဆွဲရမလား နေထက်ကသူမပုံစံကို
ကြည့်၍ဒေါသ ထွက်သည်။ သူမကလည်
ခံမယ်သူမဟုတ်
"မတော်နိုင်ဘူး ရှင်ကိုလုံးဝကြည့်မရဘူး
အော်လို ပိုးတောင်မုန်းတယ်"
"သြော်ငါကမင်းကို မအော်ရဘူးပေါ့"
"ဟုတ်တယ်မအော်နဲ မကြိုက်ဘူး"
"အော်မှာဘဲ အချိုးမပြေရင်အော်မှာဘဲ
ဒါမင်းအိမ်မဟုတ်ဘူး အလုပ် ငါပြော
စကားမင်းနားထောင်ရမယ်"
"နားမထောင်နိုင်ဘူး အလုပ်ထွက်မယ်"
"အောင်မာ မင်းကများလာသေးတယ်
အလုပ်စခန့်ကတည်းက မင်းကိုငါဘာ
ပြောထားလည် အချိုးမပြေရင်ငါဘာလုပ်
မယ်လိုပြောထားလဲ"
"ရှင် အကျင့်မယုတ်နဲနော် ဒါသက်သက်
အနိုင်ကျင့်တာ"
"အဲဒါမင်းအပြစ်နဲမင်းဘဲလေး ငါအနိုင်
ကျင့်တာမဟုတ်ဘူး"
သူမ နူတ်ခမ်းလေးကိုက်ကား သူကိုစိုက်
ကြည့်လိုက်တော့သည်။ သက်မင်းက
မဟန်တော့သဖြင့်
"မင်းတို့ထမင်းစားမှာလား ရန်ဖြစ်မှာလား
ငါမင်းတို့နှစ်ယောက်ပြသာနာ ဝင်မရှင်း
ဘူးနော် ဘယ်သူဘက်မှမလိုက်ဘူး"
"နေ သူကကလေးဘဲ စိတ်လျော့လိုက်ပါ
သူအကြောင်းလည်မသိတာလည် မဟုတ်
ဘဲနဲ သက်မင်းရဲ့ညီမဆိုတော့ ငါ့တို့ညီမ
ဘဲပေါ့ အလျော့ပေးလိုက်ပါဟာ"
"နင်မသိဘူးနော် ပိုးအိမ် သူကတစ်ကယ်
အမွှေစိန်"
"ကယ်ပါ သူစားပါစေ စားတော့ ညီမလေး"
"ဟုတ်မမ"
"ကြည့်စမ်း ပိုးကိုကြတော့ဟုတ်မမတဲ့ ငါ
ကိုကြတော့ ဘီးလူးတဲ့ မင်းနော်"
"အမြင်ကပ်လိုဘီးလူးလိုခေါ်တာ"
သက်မင်းက
"တော်တော့ ဝန်းလေး ထမင်းစားတော့"
အကို့ဖြစ်သူက ဒေါသထွက်လာသဖြင့်
သူမက
"ဟုတ်"
ထမင်းကိုသား ခပ်မြန်မြန်လေးစားတော့
သည်။သူတို့လည် တစ်ယောက်တစ်ခွန်း
စကားတွေပြောကြတော့သည် သူမလည်
ကိုယ့်နဲမဆိုင်သလိုနေတော့သည် ထမင်း
စားပြီတာနှင့် ထရပ်လိုက်ပြီ
"ကိုကို ကားမှာစောင့်နေမယ်နော်"
"အေးသွားသွား ကားထဲမှာဘဲနေနော်
ဘယ်မှလျှောက်မသွားနဲ"
"ဟုတ်"
သူမက ကားဆီသို့ထွက်လာကာ ကား
ပေါ်တတ်ပြီစောင့်နေတော့သည်။ အချိန်
တော်တော်ကြ ထိုင်စောင့်နေသည် ဆိုင်
မှထွက်မလာသေးသဖြင့် သူမေးကနဲအိပ်
လိုက်တော့သည်။ အတော်ကြာမှသူတို့
ထွက်လာကြတော့သည်။
သူက ပိုးအိမ်ကိုနူတ်ဆက်လိုက်ပြီ
ကား တံခါးဖွင့်လိုက်ရာ
"သက်မင်း သက်မင်း ငတိမလေးတော့
အိပ်ပျော်နေပြီ "
"ဟုတ်လား ငါနိုးပေးမယ် ဒီကောင်းမလေး
ဘာလိုအိပ်သွားလည်မသိဘူး"
"မနိုးနဲ အိပ်ပါစေတော့ရောက်မှ နိုးလိုက်
တော့ လာ တတ်တော့ သူကိုအနောက်
မှပေးအိပ်ထားလိုက်တော့"
"ငါအားနားလိုက်တာကွာ"
"ရပါတယ်ကွာ ငါတို့ကြားမှာ အားနားစရာ
မလိုပါဘူးကွာ မင်းညီမဆိုပေ့မဲ့ငါညီမလို
သဘောထားပါတယ်"
"ကျေးဇူးပါကွာ လာသွားရအောင်"
သုတို့ကားမောင်းက ကုမ္ပဏီသိုပြန်လာ
ကြတော့သည် သူမက ကားလှုပ်သဖြင့်
နိုးသွားတော့သည်။ သူမလန့်ပြီ
"ကိုကိုရေး ကယ်ပါအုံး ကားက လှုပ်နေ
တယ် "
မျက်စိမှိတ်ကာ ထိုင်လိုက်ပြီအော်တော့
သည်။
သက်မင်းက
"ဝန်း ဝန်းလေး ဘာမှမဖြစ်ဘူး ကို့ကို့တို့
ရှိတယ် "
သူအသံကြားမှာ မျက်လုံးလေးကို ဖွင့်
ကြည့်လိုက်သည် ကားမှန်ကိုကြည့်လိုက်
ရာ သူနှင့်အကြည့်ချင်တစ်ချက် ဆုံးကာ
အကိုဖြစ်သူကိုတွေ့သဖြင့် သူမစိတ်ချ
သွားတော့သည်။ သူတို့လည်ကုမ္ပဏီသို့
ပြန်လာကြသေ့ည်။
"အပိုင်း(7)ပြီး၏ စာဖတ်သူများအားလေး
စာလျှက်
စာရေးသူ…လင်းသုခ


Post a Comment