ပဉ္စမ‌မြောက် ပန်း‌ဒေဝီ အပိုင်း၅

ပဉ္စမမြောက်ပန်းဒေဝီ
…………………………
                   အပိုင်း(5)
နန်းတော် အိပ်ဆောင်တွင် ဘုရင်ဟာ ညဥ့်နက်
အထိ အိပ်မပျော်နိုင်ဘဲရှိနေတော့သည်။ လမ်း
လျှောက်စဉ်းစားနေရာမှ ကုတင်ခုံတွင်ထိုင်လိုက်ပြီ
"ငါ သားတော် ကျန်မင်းကို ဒီမှဆက်ထားလိုမဖြစ်
တော်ဘူး အကိုတော်သတိထားမိရင် သားတော်
ဒုက္ခရောက်နိုင်တယ် ငါ တောင်ပေါ်ကို ပို့ရမယ်
ဟုတ်တယ် ငါ သားတော်ကိုတောင်ပေါ်ပို့ရမယ်
အသက်နှစ်ဆယ်ကျော်မှ ငါပြန်ခေါ်မယ် ဒီကလေး
ကို ဆရာတော်ရသေ့ လက်ထဲမှာ ပညာသင်ခိုင်းရ
မယ် ပညာတွေတတ်မှ ဒီကိုပြန်ခေါ်ရမယ်"
သူ ဆုံးဖြတ်ချက် ခိုင်ခိုင်မာ ချလိုက်ပြီ ညနက်
အချိန်မှာဘဲ အိပ်ဆောင်မှ ထွက်ကာ အခိုင်စေ
များကို ခေါ်ပြီ မင်းသားယူကျန်မင်း အိပ်ဆောင်
သို့ ထွက်လာတော့သည်။ အိပ်ဆောင်သို့ရောက်
တော့ မင်းသားရဲ့အထိန်တော်ကို မင်းကြီးက
"သားတော်လေးရော"
"အိပ်တော်ခေါ်နေပါတယ် အရှင်မင်းကြီး"
"သူအတွက် အကျီင်္အနည်းငယ်နဲ လိုအပ်တာတွေ
ထုတ်ပိုးလိုက်ပါ"
"ဟုတ်ကဲ့"
"သွား မြန်မြန်လုပ်"
"ဟုတ်ကဲ့"
အထိန်တော်လည် ကြောက်ကြောက်နှင့် ဘုရင်
ရှေ့မှ ထွက်သွားတော့သည်။ မင်းကြီးက ယူကျန်မင်း အိပ်နေသော ကုတင်ပေါ်သို့ ထိုင်
လိုက်ပြီ
"သားတော်…သားတော်"
ကျန်မင်းကို လှုပ်၍နိုးလိုက်တော့သည် ကျန်မင်းက
မကြီးသံကြား သဖြင့် နိုးသွားတော့သည်။ ထ၍ထိုင်
လိုက်ပြီ
"ဘာပြောစရာ ရှိလိုလည်ဖခမည်းတော်"
သူ၏ပုံခုံးနှစ်ကို ဘုရင်က ဆုပ်ကိုင်လိုက်ပြီ မျက်
နှာကိုသေချာကြည့်ကာ
"ခမည်းတော်ပြောတာကို သေးချာနားထောင် သားတော် သားတော်အခု တောင်ပေါ်မှာရှိတဲ့
ဆရာတော်ဆီကို သွားရမယ် အချိန်မရှိဘူး"
"ဘာလုပ်ဖိုလည် ဖခမည်းတော် အခုချိန်ကြီး"
"အဲဒီမှာသွားနေပါ အဲဒီမှာနေပြီ ဆရာတော်ရသေ့
ဆီမှာ ပညာသွားသင်ပါ ပညာတွေသင်ပြီ ပြန်လာ
ရမယ် ဒီမှာသားတော် ဆက်နေလိုမဖြစ်တော့ဘူး
အကိုတော်လက်က သားတော်ကို ကာကွယ်ဖို့ ဒီနည်းဘဲရှိတယ်"
"သားတော် ဦးရီးတော်ကိုမကြောက်ဘူး ခမည်း
တော်စိတ်မပူပါနဲ"
"ခမည်းတော်သိပါတယ် ဒီတိုင်းပြည်ရဲ့အနာဂတ်
ဟာ သားတော်လက်ထဲမှာဘဲရှိတယ် သားတော်
တစ်ခုခုဖြစ်လိုမရဘူး ဖခမည်းတော်ပြောတာ နား
ထောင်ပါ သားတော် အချိန်မရွေး ခမည်းတော် တစ်ခုဖြစ်သွားတယ် သားတော်ကို လာပြန်ခေါ်ဖို့
လူ လွတ်တာနဲပြန်လာခဲ့ပါ"
"ကောင်းပါပြီ ဖခမည်း ခမည်းတော်ရဲ့စကားကို
သားတော် နားထောင်ပါမယ်"
"အချိန်မရှိဘူး သားတော် အဝတ်အစားလဲလိုက်
ဝေါယာဉ်ပြင်ထားတယ် အခုညပိုင်း နန်းတော်က
ထွက်မှဖြစ်မယ် ဘယ်သူမှမရိပ်မိခင် မနက်
လောက်ဆို နှင်းတောင်ရဲ့ တောင်ခြေရောက်ပြီ "
"ဟုတ်ကဲ့ ခမည်းတော်"
"ကယ်ကယ် လုပ်တော့"
သူ အိပ်ယာကထလိုက်ပြီ အဝတ်အစားဝတ်ပြီ
လိုအပ်တာကို ယူလိုက်သည်။ အထိန်းတော်က
မင်းသားနောက် လိုက်ရန်ပြင်လိုက်ချိန် ဘုရင်က
"မင်းသားနောက် ဘယ်သူမှမလိုက်ဘူး သားတော်
တစ်ပါးတည် တောင်ပေါ်ကို သွားရမယ် ရဲမတ်တွေ
က သားတော်တောင်ခြေရောက်တဲ အထိပို့ပေး
လိုက်ပါ ပြီရင် ပြန်လာခဲ့ရမယ် ကယ်ရော့ သား
တော် ဒါက ဆရာတော်ရသေ့ကို ဒီစာပေးလိုက်ပါ
ပြီတော့ ဒါက တံဆိပ်တုံး သားတော်ယူသွားပါ"
"ဟာ မယူဘူး ခမည်းတော် သားတော် ဒါယူသွား
လိုက်ရင် ခမည်းတော် အမိန့်စာကို ဘာနဲ့ထုမလဲ"
"ငါ တံဆိပ်တုံးအတုကို ပုံစံတူ လုပ်ထားတယ် မစိုး
ရိမ်နဲ အကိုတော်က အချိန်မရွေး နန်းလုလာနိုင်
တယ် ငါမှတံဆိပ်တုံးအစစ်မရှိရင် သူဘုရင်မဖြစ်
နိုင်ဘူး သားတော်ပြန်လာရင် ခမည်းတော် ထီး
နန်းလွှဲထားပေးမယ် သားတော်ပညာတွေ သင်ယူ
ပြီ ပြန်လာပါ ထီးနန်းကို ကာကွယ်ရမယ်"
သူတံဆိပ်တုံးကိုယူလိုက်ပြီ သေချာကြည့်ကာ
"ကောင်းပါပြီ ဖခမည်းတော် အမိန့်တော်အတိုင်းပါ
ဘဲ ဒီတံဆိပ်တုံးကို သားတော်အသက်နဲရှင်းပြီ ကာကွယ်ပါမယ် "
"တံဆိပ်တုံးကိုသေချာသိမ်းပါ သားတော် လုံးဝ
မပျောက်စေနဲ"
"ဟုတ်ကဲ့"
"ကယ်သွားတော့"
"ကန့်တော့ခဲ့ပါစေ ခမည်းတော်"
"ကောင်းပြီ"
သူကန့်တော့ပြီ နန်းတော်မှ ရဲမက်တွေနဲအတူ
ဝေါယာဉ်ကို စီးကာဖြင့် ထွက်လာခဲ့တော့သည်။
ဘုရင်လည် သူသားတော်ထွက်သွားတာကို ကြည့်
ပြီ စိတ်မကောင်းဖြစ်ကာ ကျန်ရစ်ခဲ့တော့သည်။
  ညအချိန်တော်တော်ကြာကြာ ခရီးနှင်ခဲ့ပြီ ဝေါ
ယာဉ်ထဲတွင် ကျန်မင်းဟာ တစ်ရေးမှဆက်မအိပ်
တော့ဘဲ သတိနှင့်သာလိုက်လာတော့သည်။ မနက် မိုးသောက် တုန်ခေါက်ချိန်တွင် တောင်ရဲ့
ခြေရင်းသို့ရောက်လေတော့သည် သူဝေါယာဉ်
ကို ရပ်ခိုင်းကာ တောင်ပေါ်ကို မော့ကြည့်လိုက်
သည်။ တော်တော်ဝေးဝေး လံလံရှိအောင်
မြင့်လှသည်။
တောင်ခြေရင်းတွင် တစ်ယောက်သာတတ်ရန် စာ
ရေးထားတော့ သည်။ သူစာကိုကြည့်ပြီ စိတ်ညစ်
သွားသည်။ နောက်သို့ လှည့်လိုက်ပြီ
"သင့်တို့ပြန်ကြတော့ တောင်ပေါ်ကို ကျုပ်တစ်
ယောက်တည်းတက်မယ်"
သူတို့ထဲက ရဲမတ်ခေါင်းဆောင်က
"မင်းသားလေး ဒီနှင်းတောင်ရသေ့က လျှို့ဝှက်တံ
ခါးပိတ်ထားတယ် တံခါးငါးဆင့်ရှိတယ် တစ်ဆင့်
လျှင်မေးခွန်းတစ်ခုဖြေရမယ် အဖြေတစ်ခုဖြေနိုင်မှ
စည်းတံခါးတစ်ခု ပွင့်လိမ့်မယ် မေးခွန်းဖြေပြီ တောင် ပေါ်တတ်လျှင် နေ့ဝက်ကြာတယ် မင်းသား
ဝင်ပေါက်တံခါးတစ်ခုကို မဖြေနိုင်ရင် ပြန်ဆင်းလာ
ရလိမ့်မယ် မင်းသား"
"ဟုတ်လား ကောင်းပြီလေ သင့်တို့ ငါကိုယ်တော်
ကို နေဝက်စောင့်ပါ"
သူဝေါထဲမှ သူ၏အဝတ်အစားထုပ်ကို ကျောနှင့်
အရှေ့ကို ချည်လိုက်ပြီ
"ကယ် ကျုပ်စတတ်ပြီ"
သူ ပထမလှေးကား၌ တစ်ယောက်သာတတ်ပါလို့
ရေးထားသဖြင့် သူတတ်ရန် ချိန်လိုက်ချိန် ရှေ့မှ
တစ်ခုခု တွန်းထားသလို့ဖြစ်သဖြင့် သူစာကိုကြည့်
၍နောက်ကို ဆုတ်လိုက်ပြီ
"တစ်ယောက်တည်းလာ၍ တစ်ယောက်တည်း
တပည့်ဖြစ်ပါရစေ"
နူတ်မှ ရွတ်လိုက်ပြီ သူလှေကားပေါ်ပြန်တတ်
ကြည့်လိုက်သည်။ ခုနကဝင်မရ ဖြစ်နေရာမှ သူ
သူဝင်လို့ရသွားတော့သည်။ သူသုံးလေးလှမ်းတတ်
လာလိုက်ပြီ အနောက်သို့ပြန်ကြည့်ရာ ခုနကသူ
ဝင်လာရာ တံခါးကိုမတွေ့ရ ယခုသူနောက်လှည့်
ကြည့်ရာ သစ်သားတံခါးကိုတွေ့လိုက်သည်။ သူ
အံသြသွားတော့သည်။ သူကြည့်ပြီ ဆက်၍သာ
ရှေ့ဆက်၍ တောင်ပေါ်သို့ တတ်လာတော့သည်။
တောင်ပေါ်ရှိ တောထဲတွင် တိတ်ဆိတ်၍ ကျေး
ငှက်သံ များကိုသာယာစွာကြားရတော့သည်။
တောင်တတ်လမ်းရိုးတစ်လျှောက် သူတက်လာ
တော့သည်။ အတော်အတန်ကြာပြီနောက် လှေ ကားထစ်တစ်ခုကို ထပ်တွေပြန်တော့သည်။ လှေးကာဘေးတွင် စာကိုတွေ့ရပြန်သည်။
"ဂီတာသံကို ခံစား၍ မျက်ရေကျတတ်သော တိရစ္ဆာန်ကို သင့်ပြောပါ တစ်ချိန်သာဖြေခွင့်ရှိ
သည်။"
သူစာကို ဖတ်လိုက်ပြီအတော် အတန်စဉ်းစား
လိုက်ပြီ လှေကားနားသို့ ကပ်ကာ
"ဂီတသံကြား၍ ငိုစေနိုင်တာ နွားပါ"
တံခါး ပွင့်သွားလေတော့သည်။  သူအဖြေမှန်သ
ဖြင့် တံခါးကိုမြင်ရလေတော့သည်။ သူဆက်၍
ဒုတိယမြောက်တံခါးကို ဖွင့်နိုင်ခဲ့တော့သည်။ သူ
ဆက်၍တောင်ပေါ် သို့တတ်လာခဲ့တော့သည်။ လမ်းတစ်ယောက်တွင် သစ်ပင်ကြီးတွေကြောင့်
အရိပ်ကောင်း၍ ကောင်းကင်ကိုမော့ကြည့်၍ မမြင်
နိုင်တော့ပေ့ သူဆက်၍သာ လျှောက်တတ်လာ
တော့သည်။ အချိန်အတော် အတန်အကြာ တက်
လာခဲ့ပြီ နောက်တစ်ကွေ့တောင်အချိုးတွင် လှေး
ကားထစ်ကိုတွေရပြန်သည်။ ဒီတစ်ခါတော့ သူစာ
ကို မတွေ့ရပါ အိုးလေးသုံးအိုးချထားပေးသည်။
ရွှေအို ငွေ အိုး ကြေးအိုး အိုးတွေတင်ထားတဲ့
အောက်တွင် စာရေးထားသည်။
"ရွေးပါ တံခါးဖွင့်ရန် သော့ထားထားသည်။သင့်က တစ်အိုးသာရွေးခွင့်ရှိသည်။"
သူအခက်ခဲဖြင့်သွားသည်။ သော့က ဘယ်အိုးမှ
ရှိမှန်းမသိပါ ဘယ်လိုလုပ်ရမလဲဟုသူတွေးလိုက်
သည်။ သူအိုးတွေကို သေချာကြည့်လိုက်သည်။
ဘယ်လိုအိုးတွေလည်ဟု စစ်ဆေးကြည့်လိုက်
တော့သည်။ ရွှေအိုးကိုကြည့်ရာ
"ဒါ ရွှေအစစ်အိုးဘဲ ရွှေနှင့်သံရောလိုမရဘူး ဒီရွှေ
အိုးမှာ သော့မရှိနိုင်ဘူး"
နောက်တစ်အိုးဖြစ်သော ငွေအိုးကိုကြည့်လိုက်
သည်။
"ဒီအိုးက ငွေအိုးဘဲ သံထည့်လိုရတယ် မမဲဘူး သော့က ငွေအိုးမှရှိနိုင်တယ် မဖြစ်သေးဘူး နောက်
တစ်အိုးကိုကြည့် ရဦးမယ် ငါရွေးချယ်မှုမှားလိုမဖြစ်
ဘူး ဒီအိုးကတော့ ကြေးအိုးဘဲ"
အနံကိုခံကြည့်လိုက်ရာ
"ကြေးနံဘဲ ဒါပေ့မဲ့ အိုးကဘာလိုမဲနေတာလဲ ကြေး
ရောင်မတွေ့ဘူး မဲနေတယ် ဘာကြောင့်လဲ အဆိပ်သုတ်ထားတာလား ကျန်တဲ့အိုးကိုပြန်ကြည့်
လိုက်ရာ တော်သေးတယ် ငါတစ်အိုးမှလက်နဲမထိ
မိလို ဟူးးးး"
သူသက်ပျင်းတစ်ချက်ချလိုက်ပြီ ငွေနှင့်ကြေး ဘယ်အိုး ဖြစ်မလဲဟုသူတွေးလိုက်မိတော့သည်။
ခဏကြာ
"ဟာ ဟုတ်ပြီ ကြေးအိုးဘဲ ကြေးဟာ သံနှင့်ထိရင်
ထားတာများရင် အရောင်ပြောင်းတယ်"
သူ ကြေးကိုရွေးလိုက်ပြီ ဖွင်လိုက်ရာ သံသော့တံ
တစ်ချောင်းကိုတွေ့ရလေတော့သည်။ သူယူလိုက်
ပြီ တံခါးကိုဖွင့်လိုက်တော့သည်။ သူတံခါးသုံးခုကို
ဖွင့်လာနိုင်ခဲ့ပြီ နောက်ထက်တံခါးနှစ်ခု ကိုဖွင့်
ရန် ဆက်၍တောင်ပေါ်သို့တတ်လာခဲ့တော့သည်။
တောင်၏တော်တော် မြင့်မြင့်ကိုရောက်ရှိလာပြီ
တောင်ပေါ် အောက်ခြေကိုတော်တော် လှမ်းလှမ်း
မြင်ရသည်မှ သူအနေဖြင့် သည်းထိပ်ရင်ဖို့ဖြစ်နေ
သည်။ ဒါပေ့မဲ့လည်သူ မတုန်လှုပ်ဘဲ ရှေ့သို့သာ
တက်လာခဲ့တော့သည်။ နောက်ထပ်တံခါးတစ်ခု
သို့ ရောက်လာပြန်တော့သည်။ လှေကားအောက်
ခြေ၌ ကျားခုံ တစ်ခုထားထာသည်။ ဇယ်သီး ဆယ်
နှစ်လုံးကိုစီး ၍စကြာင်္ပုံသဏ္ဍန်ဖော်ထားသည်။သူ
ဇယ်သီးတွေကိုကြည့်ပြီ တံခါးဖွင့်ရန် တစ်ခုခုရှိရ
မည် ဇယ်သီးတစ်လုံးကိုယူ၍ နေရာရွေ့ကြည့်
လိုက်သည်။ သူမှားရွေ့မိသဖြင့်ဇယ်သီးတွေ ကနဂို
မှုလအတိုင်းပြန်ဖြစ်သွားတော့သည်။ ကျားခုံ
ဘောင်အပေါ်ကနေ စာတမ်းလေပေါ်လာသည်။
အခွင့်အရေးသုံးခါသာရှိသည်။ သင့်တစ်ခါမှားသွား
ပြီ နောက်ထပ်နှစ်ခါမှားလျှင် သင့်တောင်အောက်
ပြန်ဆင်းရပါမည်။
"ဟူးးးးး'
သူသက်ပျင်း တစ်ချက်ချလိုက်ပြီ ဇယ်သီးတွေကို
သေသေချာချာ ကြည့်လိုက်သည်။
"ဒါက ဘာကိုရည် ညွှန်နေတာလဲ ငါမှရွေ့ခွင့်
နှစ်ကြိမ်ဘဲကျန်တော့တယ်"
သူသေချာကြည့်နေပြီ
" ဒီစကြာင်္ပုံစံက ငါတွေ့ဖူးသလိုဘဲ ဘယ်မှာတွေ့
ဖူးတာလဲ"
သူအတော်ကြားအောင်တွေးလိုက်ပြီ
"ဟုတ်ပြီ စစ်သူကြီးမူလန် ငါကိုပြဖူးတဲ့ စကြာင်္ပုံစံ
စစ်တိုက်နည်းဘဲ ဟုတ်ပြီ ငါ ဖြိုခွဲရမယ်"
သူ ထိပ်တစ်လုံးနှင့် အလယ်လုံးကို ခပ်မြန်မြန်
လေးယူလိုက်သည်။ ချက်ဆိုသလို စကြာင်္ပုံသဏ္ဍန်
ပျက်ဆီးသွားတော့သည်။
"ဟားးးး ငါက ဒီလောက်လေးမှ အရည်ချင်းမရှိရင်
ကျန်မင်းမဟုတ်တော့ဘူးဟားးး"
စတုတ္ထမြောက်တံခါးပွင့်သွားလေတော့သည်။
နောက်ဆုံးတံခါးကို သူဖွင့်ရန်အတွက် တောင်
ထိပ်ပေါ်သို့ ရောက်လာလေတော့သည်။  ထိပ်သို့
ရောက်တော့ အဆောင်ရဲ့ မုတ်ဝသို့ရောက်လာ
တော့သည်။ တံခါးကိုဖွင့် ၍ ကိုရင်ကြီးတစ်ပါး
ထွက်လာတော့သည်။ သူကထိုကိုရင်ကိုကြည့်၍
ပြုံးပြလိုက်ပြီ ထိုကိုရင်ကြီးက
"မေးခွန်းလေးခုကို ဖြေဆိုပြီ တံခါးတိုင်းဖွင့်လာနိုင်
တဲ့အတွက် ဂုဏ်ယူပါတယ် ဒကားလေး"
"နောက်ဆုံးမေးခွန်းမေးပါ ကျုပ်ဖြေမယ်"
"ကောင်းပြီ ဒကားလေး ၁။ခေါင်းပေါ်မှပျံနေတဲ့
ငှက်ကို သင့်ဘယ်လိုတားမလဲ ၂။သင့်နောက်မှာ
သင့်ကို ခုန်အုပ်ဖို့လုပ်နေတဲ့ကြားကို သင့်ဘယ်
လိုသတ်မလဲ ၃။သင့်ရှေ့မှရှိနေတဲ့ ခြင်္သေ့တစ်
ကောင်ရဲ ဟိန်းဟောက်သံကို သင့်ဘယ်လိုနား
ထောင်မလဲ ဒကားလေးဖြေပါ အမွှေးတိုင်တစ်တိုင်
စာ အချိန်ပေးမယ် မဖြေနိုင်ရင် ဒကားလေးလာ
ရာလမ်းကို လှည့်ပြန်ရမယ်"
"ကောင်းပြီ ကျုပ်ဖြေမယ် ၁။ ကျုပ်ခေါင်းပေါ်မှပျံ
နေတဲ့ ငှက်ကို ကျုပ်မတားနိုင်ပါ ကျုပ်ခေါင်းမှာ
အသိုက်လာမဆောက်အောင်တော့ ကျုပ်တား
နိုင်ပါတယ်။ ၂။ ကျုပ်ရဲ့နောက်ကျား ခုန်အုပ်လာပါ
စေ ကျုပ်မကြောက်ပါ သူခုန်အုပ်ချိန်ဟာ သူဝမ်း
ဗိုက်ကို ကျုပ်လက်နက်တစ်ခုခုနှင့် ကျုပ်ထိုးသတ်
နိုင်ရင် ကျုပ်နောက်ကကျားကို ကျုပ်သတ်နိုင်မှာ
ပါ  လိုအပ်တာ ကျုပ်က သူထက်လျှင်ဖိုဘဲ။
၃။ရှေ့ကာ ဟိန်းဟောက်နေသောအသံကို ခြင်္သေ့
သံကျုပ်ကြားနိုင်ပါတယ် နားခံနိုင်သော ကျုပ်ထပ်
ကြီးမြတ်တဲ့ ပုဂ္ဂိုလ်မဟုတ်ရင် ကျုပ်အမိန့်ကို သူပြန် နာခံရပါလိမ့်မယ် ဒါဟာကျုပ်ရဲ့ဆုံးဖြတ်
ချက်ဘဲ ကျုပ်ထက်တော်ရင် ကျုပ်လေးစားမယ်
ကျုပ်ထက်ညံရင် ကျုပ်အစေခံဖြစ်ရမယ်"
"ကောင်းလေးစွ ကောင်းလေးစွာ ကောင်းပြီ ဒကား
လေး သင့်အဖြေမှန်ကန်ပါတယ် ကိုယ်တော်ရဲ့
အနောက်ကို လိုက်ခဲ့ပါ ဒကားလေး"
သူပြုံးလိုက်ပြီ အလွန်ဝမ်းသာသွားတော့သည်။
အောက်၌ စောင့်နေသောရဲမတ်များလည် နေ့ဝက်
ကျော်ပြီ မို့ ပြန်မလာတော့ဘူးဆိုတာ သိသဖြင့်
နန်းတော်သို့ပြန်ကြလေတော့သည်။

အပိုင်း(5)ပြီး၏စာဖတ်သူများအား လေးစားလျှက်
                                  စာရေးသူ…လင်းသုခ

Post a Comment