စကား‌ပြောအိမ်‌တိုင်‌ ၁

စကားပြောသော အိမ်တိုင်နှင့် ကျွန်တော်မိဆိုး အခန်း(၁)

အပိုင်း(၁)
---------

''အသက်တစ်ရာမနေရ အမှုတစ်ရာပွေရ'' တဲ့
ယုံတမ်းလည်းမဟုတ်သလို ကြုံတမ်းလည်းပြောလို့
ရသည်မဟုတ် ''မယုံဘူး ကြုံဘူးမှ သိ'' ဆိုတဲ့
စကားကလည်း ရှိနေပြန်တော့
ကျွန်ုပ်တသက်တာ တခါမျှ ကြားရမည် သိရမည်
မထင်သောအကြောင်းအရာတို့အား
အောက်ပါအတိုင်း ရေးသားတင်ပြလိုက်ရပါကြောင်း
********
''သတ်မယ် သတ်ရမှကျေနပ်မယ်''

ထင်းခွဲဓားမကိုဆွဲကာအိမ်အပြင်သို့ပြေးထွက်လာ
သည့် ကောင်မလေးတစ်ယောက် ရှိလှမှ (15-16)
ဝန်းကျင်အရွယ်လောက်လေး ဘာတွေများဒေါသ
တွေကြီးနေပါလိမ့်

''ခွမ်းးးးးခလွမ်းးးးဝုန်းးးးးး''

အိုးခွက်ပန်းကန်တွေရိုက်ခွဲနေသံ ကြားရလို့ကျုပ်ပြေး
ကြည့်မိတော့ မုန့်တီ မုန့်ဟင်းခါးရောင်းသောဆိုင်
လေးမှာ ပြိုကျပျက်စီးနေပြီ
ဆိုင်ရှင် အရေပါး$ခေါင်းကျယ်ကိုမူမတွေ့ရ
ဒီမိန်းမကြီးဘာတွေများ စကားရှုပ်ထားသည်မသိ
မိန်းကလေးမှာ ထိုမိန်းမကိုမတွေ့ရ၍ထင်သည်
ပျက်စီးနေသောပစ္စည်းများကိုပင် ဓားဖြင့်အရူးတစ်
ယောက်လိုလိုက်လံခုတ်ပိုင်းနေသည်
ထိုစဉ်
ဆိုင်ပိုင်ရှင်မိန်းမကြီးနှင့်အတူရပ်ကွက်ဥက္ကဋ္ဌ ရောက်
လာကာ
''မိဆိုး ရပ်လိုက်စမ်းး ပေးး နင့်လက်ထဲကဓား''
မိဆိုး ဆိုသော
မိန်းကလေးမှာ ဥက္ကဋ္ဌ ကြီးကိုမကျေနပ်သောအ
ကြည့်ဖြင့်ကြည့်ပြီး လက်ထဲမှ ဓားကိုကမ်းပေးလိုက်
သည်
''အဲ့ဒါသာကြည့်ပါတော့ ဥက္ကဋ္ဌကြီးရယ်
ကျွန်မကို သူတို့မိသားစုက အမြဲတမ်းအနိုင်ကျင့်
ကြတယ်''
''တိတ်စမ်း ညည်းအကြောင်းငါမသိဘူးများ
ထင်နေလား
ဒီမီး ညည်းမွှေးတာ သူကငါ့တပည့် သူတို့မိသား
စုက ဘယ်လိုဆိုတာတရပ်ကွက်လုံးသိတယ်''
''လွှတ်စမ်း ငါ့ကိုလွှတ်
အဲ့ဒီမိန်းမကိုသတ်မယ် ခုနကဘယ်သွားသေ
နေလဲမသိဘူး''
ဥက္ကဋ္ဌကြီးစကားမှမဆုံး မိဆိုးက ဆိုင်ရှင်မိန်းမကို
သတ်မယ်တကဲကဲနှင့်ပြေးအထွက်
ဦးလေးဖြစ်သူမှ ဖမ်းချုပ်ထားလိုက်ခြင်းဖြစ်သည်
မိဆိုးသတ်မယ်ဆိုသူက ထိုဦးလေးရဲ့မိန်းမ
ကျုပ်အပါအဝင် အခြားလူကြီးများကမိဆိုးကိုအိမ်
ပြန်ဖို့ချော့မော့ပြီးမနည်းခေါ်လာရသည်
တော်တော်ဒေါသကြီးတဲ့မိန်းကလေးပါဗျာ
အမျိုးတွေမို့ အမှုတော့မဖြစ်လိုက် မိဆိုး၏ဦးလေး
မိန်းမကိုတော့ ခံဝန်ကတိလက်မှတ်ထိုးခိုင်းသ်ာဟု
ကြားရသည် ကျုပ်အတွက်ထူးဆန်းလွန်းနေတော့
စပ်စုမိသည် ဘယ့်နှယ် ဆိုင်တခုလုံးဖျက်ဆီးခံရတဲ့
သူက ခံဝန်ကတိလက်မှတ်ထိုးရတယ်ဆိုတော့လေ
----------
''ယောကျာ်းရေ ရှင်သိပြီးပြီလား''
''မင်းဟာက အရင်းမရှိအဖျားမရှိ ဘာတုန်းဟ''
မိန်းမတွေများ
စပ်စုရန်ကောဆိုတဲ့ပုံမျိုးဖြင့်ပြောလိုက်ရာ
''မနက်က
မိဆိုးတို့ရန်ပွဲကိုပြောပါတယ်''
''ဟေ''
ကျုပ်မှာ တခွန်းပဲဟေလိုက်နိုင်တယ်
''အဲ့ဒါ ကျုပ်လက်ချက်လေတော်''
''ဘာ''
ကျယ်များသွားလားမသိ အသံပြောပါတယ်
''တော်ကလည်း ဒီလိုပါယောကျာ်းရဲ့
အဲ့ဒီကလေးမတို့မိသားစုက အနေအထိုင်အေး
သလို ရှုပ်ရှုပ်ယှက်ယှက်မရှိတာလဲ
ကျုပ်တို့အသိ မိဆိုးလေးကလည်းယောကျာ်းလေး
တစ်ယောက်လိုနေထိုင်တတ်ပြီး ယောကျာ်းလေး
တွေနဲ့ပဲပေါင်းပေမယ့် အနေထိုင်မသော့သွမ်းဘူး
လေ''
''မင်းဟာက လိုရင်းရောက်ပါအုံးမလား''
''တိုတိုပြောရရင်
အဲ့ဒီ အရေပါး$ခေါင်းကျယ်မိန်းမကအတင်းပြောစရာ
မရှိ ကြံဖန်ပြောတတ်တာတော်လည်းအသိ''
''အင်း''
''သူ့အဖေအရက်သမားဖြစ်နေတာပဲ သူ့မှာအမှုကြီး
ပြီး ဟွာလုပ် ဒါလုပ်တွေလျှောက်ပြောတာတော်''
''ဟေ
မင်းဟာကသေချာလို့လား''
''ကျုပ်ကိုပြောလိုက်တာတော် ဟောဒီကနားကြီး
နဲ့သေချာကိုကြားလိုက်တာပါတော်''
''တော်တော်ဆိုးတဲ့မိန်းမကွာ''
''ကျုပ်မျက်စိရှေ့တင်အရွယ်ရောက်လာတဲ့
ကလေးကို မနေ့တနေ့ကမှ ဦးလေးမိန်းမဆိုပြီး
အဒေါ်တော်ရတဲ့ကောင်မကပြောတာ
ကျုပ်ဘယ်ကျေနပ်ပါ့မလဲတော့်''
''ဆိုတော့''
''ကျုပ်လည်း ချက်ချင်းပြောဆိုဆူဆဲပြီးဖိနပ်နဲ့
ကောက်ရိုက်ပစ်လိုက်တယ်''
''နောက်တော့ မိဆိုးကိုသွားပြောတယ်ဆိုပါတော့''
''ဒါပေါ့တော်
အသရေဖျက်မှုနဲ့တရားစွဲရင် သက်သေလုပ်ပေး
မယ့်သူတွေက တရပ်ကွက်လုံးနီးပါးရှိတယ်''
''သြော် ဒါကြောင့်ကိုး''
-----------
''ယောကျာ်းရေ ယောကျာ်း
ထပါအုံးတော့်' '
''ဘာဖြစ်လာပြန်ပြီလဲဟ''
''မိဆိုးလေ မိဆိုးးး''
''လာပြန်ပြီလားဟ မိဆိုး ရဲဖမ်းသွားပြီလား''
''အိုတော် ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ
သြော်--ငါ့နှယ် အဲ့လိုဖြစ်တာမှကောင်းအုံးမယ်''
''မင့်ဟာက ရှုပ်နေတာပဲ''
''သေပြီလားမသိဘူးတော့်''
''ဟေ
ဟိုမိန်းမက လာသတ်သွားလို့လား''
''ဘယ်ကလာ ဟိုမိန်းမကဖြင့် အိမ်ထဲကနေ
တောင်အပြင်မထွက်ရဲဘူး
ကျုပ်တို့ဝိုင်းရိုက်မှာကြောက်လို့ အခုဟာက
အိပ်ရင်းနဲ့ မနိုးလာတာတော့် ''
---------
ကျုပ်လည်း မနေသာတော့ပဲ မိဆိုးအိမ်ကို
ထွက်လာခဲ့လိုက်တယ် ကလေးမက ငယ်ရွယ်သူ
ဆိုတော့ အရှက်ကြီးပြီး စိတ်လိုက်မာန်ပါတွေများ
လုပ်မိသလားမသိ
တဖက်ကလူကလည်း တော်တော်ကိုလွန်ပါတယ်
ှဗျာ စီးပွားရေး ကြီးပွားရေးမပါ ပါးစပ်ထဲတွေ့ကရာ
ပြော တဖက်သားဘယ်လောက်ထိခိုက်မယ်
ဆိုတာမတွေးကြ တွေးရင်းနဲ့ ကျုပ်တောင်
ဒေါသထွက်လာတယ် ဟိုမိန်းမ အပြင်မထွက်ရဲ
တာမဆန်းဘူး ခုနေချိန်မျက်နှာချင်းဆိုင်တွေ့လို့
ကတော့ ဟင်းးးး ( မျက်နှာလွှဲသွားမှာပေါ့နော်
မကြည့်ချင်လို)့
မိဆိုးတို့အိမ်ရှေ့ရောက်တော့
လူတွေတော်တော်များများကိုတွေ့ရတယ်
မိဆိုးသူငယ်ချင်းတွေရောပဲ အားလုံးပဲမျက်နှာ
မကောင်းကြ ကျုပ်သတင်းမေးရမှာတောင်
လန့်နေပြီ
ဘာမှမဖြစ်ပါစေနဲ့ ကလေးမရယ်
မိဆိုးရှိရာ အိမ်ပေါ်ထပ်သို့တက်လာခဲ့လိုက်သည်
သူမအိပ်နေကျ ဘုရားစင်ရှေ့မှာပဲ မိဆိုးကို
ပက်လက်ကလေးတွေ့ရတယ် လက်လေးနှစ်ဖက်
က ချက်ပေါ်မှာ မျက်နှာလေးကပြုံးလို့
သေတာရော ဟုတ်ရဲ့လား
မိဆိုးအမေကို အကျိုးသင့် အကြောင်းသင့်မေးမယ်
ဟန်ပြင်တော့
ဆရာဝန်ဟု ယူဆရသော သူထံမှကြားရသော
စကားသံကြောင့် ကျုပ် အသက်ရှူရပ်သွား
ပြီလားအောက်မေ့ရတယ်
ဖြစ်ရလေ မိဆိုးရယ်-----------
-----------
ဆက်ရန်
-----------

Credit - ရာရာ
Credit - တမလွန်ဘ၀ဖြစ်ရပ်မှန်နှင့် သရဲအကြောင်းပြောသူများ Group

Post a Comment