စကား‌ပြော‌သောအမ်‌တိုင်‌နှင့်‌ ကျွန်​​တော်​မိဆိုး အပိုင်း-( ၇ )

စကား‌ပြော‌သောအမ်‌တိုင်‌နှင့်‌ ကျွန်​​တော်​မိဆိုး
အပိုင်း-( ၇ )
-----------------

မြစ်ဟု ယူဆရသော ကမ်းနဘေးရှိကျောက်ဆောင်
ပေါ်တွင် မိန်းကလေးတစ်ယောက်
အဝေးတနေရာသို့ မျှော်ကြည့်နေသယောင်ယောင်
ဆံနွယ်များမှာ
တိုက်ခတ်နေသောလေနှင့်အတူ လွင့်ပါလျက်
ထိုစဉ်
အဝါရောင်အလင်းတန်းကြီးတခုမှာ ကောင်းကင်မှ
ကျောက်ဆောင်အောက်ရှိရေပြင်သို့ ထိုးဆင်းလာ
သည် ကျောက်ဆောင်ပေါ်ရှိမိန်းကလေးမှာ
ထိုအလင်းတန်းကိုကြည့်ပြီး ပါးစပ်မှ တီးတိုးရေ
ရွတ်လိုက်မိသည်
''အဖေ'' ဟုတ်သည် ကျောက်ဆောင်အောက်ရှိ
ရေထဲတွင် လှေတစင်းပေါ်မှ မတ်တပ်ရပ်ကာ
သူမကိုလက်ပြနှုတ်ဆက်နေသော သူမရဲ့ အဖေ
တနည်း မိဆိုးရဲ့အဖေ ဝှေ့ယမ်းပြနေသောလက်မှ
မဲမဲသဏ္ဍာန်တခုကိုတွေ့ရသောကြောင့် စူးစိုက်ကြည့်
မိရာ ယာဘက်လက်ခလယ်သည် ကြီးမားစွာရောင်
ကိုင်းပြီး ပုတ်နေသည်ကိုတွေ့ရသည်
''စနေမ
ညည်းအမကြီး သွားနှိုးချည်အုံး နာရေးကပြီးသွား
ပေမယ့် လုပ်စရာလေးတွေကျန်သေးတယ်
သွားး နှိုးချည်''
အမေ့အသံကြား၍ သူမ အိပ်ယာမှလူးလဲထလိုက်မိ
သည်
နာရေး--??? ဟုတ်သားပဲ အဖေမရှိတော့ဘူးပဲ
ဒါဆို------ခုနက အိမ်မက်ပေါ့-- အဖေ ငါ့ကိုနှုတ်
ဆက်သွားတာပဲ-----ကိုယ်ရောင်ကကိုယ်ဝါတောက်
ပတယ်ဆိုတော့ မကောင်းတဲ့နေရာကိုတော့
မရောက်လောက်ပါဘူး------ယာဘက်လက်ခလယ်
ကပုတ်နေတာကရော နိမိတ်ပြသွားပြန်ပြီလား
ဟူးးးးးးသက်ပြင်းမောကိုမှုတ်ထုတ်ရင်း အောက်ထပ်
ကိုဆင်းလာခဲ့လိုက်ပါတော့တယ်
------------------
တခုသော နံက်ခင်းတွင်
ညဘက်အိတ်ချုပ်ရင်းမိုးလင်းခဲ့ရသော မိဆိုးတစ်
ယောက် အိပ်ပျော်နေစဉ်
''မိဆိုးရေ -----ဟေ့ ကောင်မလေး ထဟ
ဒီမှာ ညည်းအမေ ဆိုင်ကယ်တိုက်လို့တဲ့''
''ဟင်''
အိပ်ရေးမဝ၍ ခေါင်းမှာမိုက်ကနဲ အတင်းအားယူ
ကာ ကုန်းထပြီး အောက်ထပ်သို့ပြေးဆင်းသွားလိုက်
သည် သူမအောက်ရောက်တော့
အမေ့မှာ တန်းလျားခုံလေးပေါ်တွင်လဲလျောင်းနေ
သည် ထိခိုက်ပွန်းရှခြင်းမရှိ သွေးထွက်ခြင်းမရှိ
မိဆိုး ဘာမှမလုပ်တတ် ခါးနှင့်ပေါင်တလျောက်
တွင်အတွင်းဒဏ်ထိသည်ထင်ရဲ့ ညိုမည်းရောင်
ကိုင်းနေသည်
ရပ်ကွက်အသစ်လည်းဖြစ်ပြန် အသိမိတ်ဆွေဟူ၍
အရှေ့အိမ်မှ ရခိုင်ကြီးသာလျှင်ရှိသည်
''ဦးကြီး---ဦးကြီးး''
''ဟေ ဘာဖြစ်လာလဲ မိဆိုး''
''အမေဆိုင်ကယ်တိုက်ခံရလို့တဲ့ ကျွန်တော်လည်း
ဘာမှမလုပ်တတ်ဘူး အဲ့ဒါလိုက်ကြည့်ပေးအုံး''
''အေး အေး''
ရခိုင်ကြီးမှ အမေ့အားစမ်းသပ်ကြည့်ပေးပြီး
အိမ်ထောင်သည် ညီမအားဖုန်းဆက်အကြောင်း
ကြားပေးသည် လိုအပ်သောငွေကြေးကို မိဆိုး
မသိအောင်ထုတ်ချေး၍ အမေ့အားဆေးခန်းသို့ပို့
စေသည် (တိုက်ပြေးသောဆိုင်ကယ်သမားအား
ရှာမတွေ့ လက်ထဲတွင်ငွေပိုမရှိသည်ကိုသိ၍
အလိုက်တသိကူညီပေးခဲ့သော ရခိုင်ကြီးမိသားစု
ကို ကျေးဇူးအထူးတင်ပါကြောင်း အခုစာထဲကနေ
ပြောပါရစေ)
နဲနဲလေး သက်သာလာတာနဲ့အမေကအငြိမ်မနေ
ယ္ခင်နေခဲ့သောရပ်ကွက်သို့သွား၍ တခုမဟုတ်
တခု ဝင်ငွေရစေရန် အလုပ်သွားလုပ်လေ့ရှိသည်
သူ့ကြောင့် ငွေတွေ ဆုံးရှုံးရသည်ဟု စိတ်ထဲစွဲနေ
သည့်အလား ဝင်ငွေရအောင်ရှာသည်
ဆိုင်ကယ်ထပ်တိုက်ပြန်သည် ရှေ့နည်းတူပဲ
ဆိုင်ကယ်သမားမှာပြေးပြန်ပြီ
''အမေ
နောက်ထပ် အပြင်မထွက်နဲ့တော့
အိမ်မှာပဲ သမီးအိတ်ချုပ်တာကိုကူလုပ်တော့''
မိဆိုးရဲ့ တချက်လွှတ်အမိန့်
အမေကဘာမှပြန်မပြော ဒါပေမယ့် အပြင်ကိုတော့
မသွားတော့ပေ
အလတ်မကလည်းအိမ်ထောင်မပြု ကုမ္မဏီတခု
မှအလုပ်ဝင်ကာ ရသမျှ အမေ့ကိုအပ်သည်
မိဆိုးရသမျှလည်းအမေ့ကိုအပ်သည် သားအမိသုံး
ယောက်တက်ညီလက်ညီ အလုပ်လုပ်သော်လည်း
အကြွေးကင်းရုံ စားနိုင်သောက်နိုင်ရုံသာ
လက်ကြီးသောအမေ့အသုံးစရိတ်ကိုမကာမိချင်
လှူနိုင်တန်းနိုင် စားနိုင်သောက်နိုင် ရုံပဲမိဆိုးမှာ
ကျေနပ်မိသည် ရှိလာလျှင်ရှိသလို လာရောက်
နှိပ်စက်ကြသော အမျိုးတွေကိုမုန်းမိသည်
---------
''အမ ငါတို့မိသားစု အိမ်ပြန်လာမလို့ ရလား''
''လာခဲ့လေ မိသားစု စုံစုံညီညီနဲ့ တက်ညီလက်
ညီရုန်းကြတာပေါ့''
အငယ်ဆုံးညီမအိမ်ထောင်သည်က ပြန်လာချင်သည်
ဟုပြောတော့ နှင်လို့မှမဖြစ် တူလေးသုံးကောင်
ကလည်းရှိသေးသည်
မိသားစုတတွေ အားလုံးအလုပ်ကိုယ်စီနဲ့ရုန်းကြပေ
မယ့် ငွေပိုရှိလာသည်နှင့် အကြောင်းအမျိုးမျိုး
ကြောင့်ကုန်နေရသည် ဘာဖြစ်မှန်းမသိ
အိတ်ပေါက်နှင့်ဖားကောက်နေရသလို
တရက်
အမေနှင့် ညီမဖြစ်သူတို့ မြို့သစ်ဈေးသို့သွားပြီး
အပြန်မှာ ကလေးတစ်ယောက်ကိုရှောင်ရင်းနဲ့
ကျောင်းအနောက်ဖက်ကဖုန်ဆိုးမြေမှာ
ဆိုင်ကယ် လဲလို့တဲ့
သက်ပြင်းကို ရဲရဲမချနိုင်ပါလား မိဆိုးရယ်
-------------
ထိုသို့ လေးကြိမ်မြောက် ဆိုင်ကယ်နှင့်အကျိုးပေး
ပြီးသော အမေမှာ အစားသောက်ပျက်လာသည်
လမ်းသွားရတာ နှေးလာသည် ခြေထောက်ပင်
မသယ်ချင်တော့ နဂိုက ပိန်သောအမေမှာ
အခု အရိုးပေါ်အရေတင်
ညီမဖြစ်သူမှာလည်း မကြာခနစုန်းကိုက်ခံရသလို
အကွက်တွေပေါ်တတ်ပြီး ခြေလက်မသယ်ချင်
လေးလံထိုင်းမှိုင်းနေသည် ဘာတွေဖြစ်နေမှန်း
မသိတော့
----------------
''အမ အကြောင်းကြားရတာ စိတ်မကောင်းလိုက်
တာ အမရာ''
''a ဆို အမကိုနတ်ဖမ်းစားတယ် ဘူကကောက်
ချင်တယ် ဘာတယ်တွေကို အရွဲ့တိုက်ခဲ့သမျှ
အမေတို့ပဲခံရ သလားမသိပါဘူးဟယ်''
''ကျွန်တော် စစ်ပေးရမလား''
''နေပါစေဟယ် အမရဲ့ပဋ္ဌာန်းနဲ့တိုက်နိုင်သမျှ
တိုက်မယ် အမေ့ကိုလည်း ဘာဝနာပွားခိုင်းမယ်
ဟိုစုန်းပြူးစနေမကတော့ နတ်မှနတ်ပဲဟေ့
ဘုရားစင်ရှေ့ကိုမရောက်တာ''
''အမသဘောပဲလေ
ကျွန်တော်က စစ်ရုံပဲစစ်ပေးမှာပါ တကယ်အစွဲ
ရှိမှ ပွဲတင်ရမှာ''
''အေးပါဟယ် သားပြောတာကိုစိတ်ဝင်စားပေ
မယ့် အမက အတတ်လွန်နေတော့
အမှားပြောမိမှာစိုးလို့ပါ''
''ဖြစ်ရတယ် အမရယ် ရပါတယ် အမကဂွစာ
မှန်း သားသိနေတာပဲကို''
''ကဲ
အာ့ဆိုလည်း စေတနာရှင်ဆရာလေး ကြွတော်
မူပါ အမရဲ့ စိတ်အစွဲကိုအရင်ချွတ်မှ ရမယ်နော်''
''ရပါတယ်
ကြမ်းပြင်ကို လက်နဲ့ပုတ်ပြီး အပျိုကြီးရဲ့ဖူးစား
ရှင်ရောက်စေ လို့ခေါ်ပေးလိုက်မယ်''
''ဖူးစာရှင်တော့ မရောက်ရင်နေပါ တစ်ယောက်
ထဲသော အမရဲ့အမေနေကောင်းရင်တော်ပါပြီ''
''ဟုတ်ကဲ့ပါအမ
အဲ့ဒါဆို ကျွန်တော်မနက်ဖန်မနက် ကိုးနာရီ
လောက်လာခဲ့မယ်''
''ဟောတော့်''
''ဘာဖြစ်ရပြန်ပြီလဲ''
''အမက fb ကိုမိုးလင်းထိသုံးတာ
ညနေ သုံးနာရီလောက်မှ အိပ်ယာကနိုးတာဟ''
''ဖြစ်ရတယ်''
''အေးပါ အေးပါ သားရောက်မှပဲ အမကို
နှိုးလိုက်တော့
see you
ok
bye့''
''ဟုတ်''
fb မှသိကျွမ်းခဲ့သော ရွှေရင်ကျော်ဆရာလေး
ဝေဖြိုးနဲ့ စကားပြောဖြစ်ခဲ့ခြင်းပါ
aww
မနက်ဖြန်လာမှာဆိုတော့ စောစောအိပ်ရမှာပါလား
see you
good night

တော်တန်ရုံ ဟောပြောနေသူများကို အထင်တစက်
မှမကြီးတတ်သော မိဆိုးမှာ စေတနာအရင်းခံ
ဖြင့်ကူညီမည့် ဆရာဝေ့်ဖြိုး၏ စကားကြောင့်
ရှိခဲ့လျှင် ဖြစ်ခဲ့လျှင်သံသယရှင်းတာပေါ့လေဟုစိတ်
ပိုင်းဖြတ်ကာ အစွဲရှိမရှိစစ်ရန် သဘောတူလိုက်လေ
သည်
မိဆိုး၏ ယုံကြည်ချက်ပြင်းထန်မှု ခေါင်းမာမှုတို့
ကြောင့် လက်လန်ပြီးပြေးခဲ့ရသော နတ်ကတော်
တို့ ဗိန္ဓောလိုလိုဘာလိုလို တွေလည်းရှိခဲ့ဖူး
သည်
နတ်မေးခြင်းအလုပ်ကိုပင် တခါဖူးမျှမလုပ်ဖူးသော
မိဆိုးအတွက် အစွဲစစ်သည်ဆိုတာကိုဘယ်လိုပါလိမ့်
ဟု တွေးတောကာ အိပ်၍မရ
အကယ်၍များ စကားပြောသောအိမ်တိုင်မှာ ဘာ
အစွဲမှမရှိခဲ့ရင် ငါ့ကိုအရူးလို့များထင်သွားမလား?
စက်ကြီး(၁၃)စက်နဲ့နှင်ခဲ့ပြီးသော်လည်းယ္ခုအချိန်
ထိ အိမ်မက်ထဲတွင် သူမအားစိတ်ပျက်သောအမူ
အရာနှင့် ထိုင်ကြည့်နေသောခပ်ဝဝမိန်းမကရော
ဘယ်သူလဲ?-----အမေကအသက်ကြီးလို့မို့လူကြီး
ရောဂါဖြစ်တယ်ဆိုရင်ရော?-----ညီမဖြစ်သူက
သားကြောဖြတ်ထားလို့ ညောင်းညာကိုက်ခဲနေတာ
ဆိုရင်ရော?----ဒါဆိုရင်မကြာခနပေါ်လာတဲ့စုန်း
ကိုက်ကွက်တွေကရော?---
''အောက်----အီ-----အီးးးးအွတ်--''
ဟင်းးစောစောအိပ်ပါမယ်ဆိုနေမှ
မိုးတောင်လင်းနေပြီ အတွေးတွေကိုမနည်းဖြတ်
ပြီးအိပ်ပျော်အောင်ကြိုးစားလိုက်သည်
အိပ်ပျော်သွားသလားတော့မသိ အမေ့ရဲ့အသံ
ကြောင့်ပြန်နိုးလာခဲ့ရသည်
''ဟဲ့ မိဆိုး မထသေးဘူးလား ဆရာကနင်ပင့်
ထားတာနော် ငါတို့နဲ့သိတာမဟုတ်ဖူး
ရှစ်နာရီပဲခွဲနေပြီ''
အိပ်ယာမှလူးလဲထကာ မျက်နှာမသစ်ပဲဂိမ်းဆော့
နေလိုက်သည်
''ဟော ဆရာလေးကြွလာပြီ
မိဆိုးရေ အိမ်ထဲခေါ်ပါဟ''
''သမီးက မျက်နှာတောင်မသစ်ရသေးဘူး''
''အလိုတော် ဆရာလေး အားနာစရာ''
''ရပါတယ် သမီးပြောထားပြီးသားပဲ မနက်သူ
ရောက်ရင်နှိုးလိုက်လို့''
''အမလေး ဖြစ်ရတယ်''
ဆရာဝေ့်ဖြိုးကို အပေါ်ထပ်ဘုရားခန်းသို့လိုက်
ပို့ပြီးနောက် သူမရေချိုးလိုက်သည်
အပေါ်သို့ရောက်သော်အမေ့အားအစွဲစစ်နေပြီ
အသက်ကြီးလို့အာရုံမခံနိုင်တာလားမသိ
မျက်စဉ်းခတ်သော်လည်း ဘာမှမထူး
''အမလာ အမနဲ့စစ်ကြည့်မယ်''
မိဆိုးတွင်လည်းဘာအစွဲမှမရှိ အမေ့အတွက်ကိုယ်
စားစစ်သော် မျက်စဉ်းခတ်ပြီးအစစ်မှာ မိသည်
အလတ်မကိုစစ်ရာတွင်လည်းဘာအစွဲမှမတွေ့
ညီမအငယ်ဆုံးကိုစစ်သောအချိန်တွင်
ဆရာ့အတွက်အအေးသွားဝယ်နေ၍မိဆိုးမရှိပေ
အအေးဗူးနှင့်ဖန်ခွက်ကိုယူပြီးအိမ်ပေါ်သို့
တက်မည်အပြုတွင် ကြမ်းပြင်အားတဘမ်းဘမ်း
ရိုက်နေသောအသံကြောင့် အပြေးအလွှားတက်
ခဲ့ရသည် ညီမအငယ်ဆုံးတွင်အစွဲမိနေလေပြီ
ဘုရားတရားမမြဲသောစနေမတွင် အစွဲမိသည်မှာ
မဆန်းသော်လည်း အခုမိသည့်အစွဲမှာ
ပညာစက်ဖြစ်နေသည် ကံနိမ့်သောညီမဖြစ်သူအား
စုန်းအတက်ဖြင့် ပြုစားရာမှ ညီမဖြစ်သူမှာ ပညာ
တတ်မှန်းမသိတတ်နေခဲ့ပြီ
အစွဲထုတ်ရန်အတွက်ကန်တော့်ပွဲဝယ်ရမည်ဟု
ပြောကာ ဆရာဝေဖြိုးမှ ပိုက်ဆံထုတ်ပေးသည်
ဆရာ့ရဲ့ ပိုက်ဆံကိုငြင်းကာမိဆိုးမှပေး၍
စနေမကိုကန်တော့ပွဲဝယ်ရန်ဈေးသို့လွှတ်လိုက်
သည် သူတို့ဈေးသွားခိုက်တွင် ဆရာနှင့်စကားပြော
ချိန်ရ၍ အိမ်တိုင်အကြောင်းပြောဖြစ်ခဲ့သည်
''ဒီတိုင်လားအမ''
''ဟုတ်တယ် အဲ့ဒီတိုင်ကထွက်လာတဲ့အသံပဲ''
''အမက ခုနကတော့မပြောဘူး ပြီးမှပဲစစ်တော့
မယ် အမတို့ကစစ်လို့မရဘူး
စနေမကတော့ သူ့နဂိုစွဲနဲ့ဆိုတော့စစ်ရတာမြန်
တယ်လေ''
အငယ်မတွေဈေးကပြန်ရောက်ပြီး ရေကန်တွင်
ငှက်ပျောသီးအုန်းသီးတွေရေဆေးနေသည်ကိုမြင်
သော် ဆရာဝေဖြိုးမှ
''ဟာ အမ အဲ့ဒါကျွန်တော်ဆေးရမှာဗျ''
ဟုပြောဆိုကာ ကန်တော့ပွဲကို ကိုယ်တိုင်ပြင်
လေသည်
ပြီးနောက် သစ္စာပြုရွတ်ဖတ်တိုင်တည်ကာ စနေမ
ထံတွင်ရှိသော အစွဲကိုဖြတ်လေသည် ထိုအစွဲကို
မဖြတ်မီတွင် အိမ်တိုင်တွင်ရှိသော ပုဂ္ဂိုလ်ကိုဆင့်
ခေါ်သည် သရဲမတဦးဖြစ်ကြောင်း ကျွတ်လွတ်ချင်
နေပြီဖြစ်ကြောင်း စနေမရဲ့အစွဲကိုလည်းကူညီပြီး
ဖြတ်ပေးပါမည့်အကြောင်း သိရသည်
စနေမထံတွင်ရှိနေသော ပညာများကိုလှူရန်
ဆရာဝေဖြိုးမှပြောဆိုရာ ရှိ၍ရှိမှန်းပင်မသိသော
ပညာများကိုအသုံးမပြုလိုကြောင်းပြော၍
ပညာစက်ဖြတ်ပေးလေသည်
အစွဲစက် ပညာစက်တို့ဖြတ်ပြီးနောက်
ဆရာဝေဖြိုးသည် ဘုရားစင်ရှေ့တွင် သောက်
ရေခွက်ကိုကိုင်ကာ ဒူးတုတ်ထိုင်ပြီးနောက်
''ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော မြတ်စွာ
ဘုရားအား အမှုးထား၍ ရွှေရင်ကျော် ဣစာသယ
မဟိဒ္ဓိ စေ ဂိုဏ်းတော်မြတ်ကြီးအားအစဉ်ထား
စောင့်ရှောက်တော်မူသော အဖဆရာကြီးများ အဖိုး
ဆရာစေတနာရှင်ဆရာကြီးဦးသန်းညွန့် ဥပ္ပဇ္ဈာယ်
ဆရာကြီးဖြစ်သော ဆရာဦးခင်မောင်ထွေးထံတွင်
ဤ ရွှေရင်ကျော်ဣစာသယမဟိဒ္ဓိပညာအားစတင်
သင်ယူစဉ်မှ အစပြု၍ယ္ခုအချိန်ထိ အမဲသား ကျွဲ
သား နွားနောက်သား တို့အားသိလျက်နှင့်မစားခဲ့ပါ
လင်ရှိမယား မယားရှိလင်တို့အားခိုးယူပေါင်းသင်းခြင်း
မပြုခဲ့ပါ အရက်သေစာတို့ကိုဆေးဖြင့်လိမ်းကြံ၍
သော်မျှမသောက်သုံးခဲ့ပါ ပယောဂမဟုတ်ပဲ ပယော
ဂဟု သိလျက်နှင့်လိမ်လည်၍မကုသခဲ့ပါ ဤသစ္စာများမှန်ကန်ပါက ဘုရားတပည့်တော်
ဆိုထားသည့်သစ္စာများနှင့်ထပ်တူ မီးစက်ရေစင်
နှင့်တကွမူလပြန်အနံ့ပေးစေသောရေစင်တို့နှင့်
အတူ ခံစားနေရသော ရောဂါဝေဒနာများအားသက်
သာစေသောရေစင်အဖြစ်ပေးသနားပါဘုရား
ဤသစ္စာများ မမှန်ကန်ပါက ပညာပျောက်ပါစေ
သား''
ဟု ရွတ်ဆို၍ ဘုရားရှိခိုးသည်
ပြီးနောက် ထိုရေစင်အား မိဆိုးကိုပေးလေသည်
''ရော့ အမ
အဲ့ဒီရေစင်ကိုလိုသလိုပွားပြီး ဥာဏ်ရှိသလိုသုံးပါ
ကဲ အမေကြီး သားကိုဘာများမေးစရာရှိသေး
လဲ ခြေထောက်ရော ပေါ့သွားပြီလား''
''ထူးဆန်းတယ်ကွယ့် အရင်ကထက်စာရင်
တော်တော်လေးပေါ့သွားပြီ''
''ဟိုအမရော ဘယ်လိုနေသေးလဲ''
''ဘာမှမဖြစ်တော့ဘူး ခုနကဇက်ကြောတွေလေး
နေတာပါပျောက်သွားပြီ''
''ဟုတ်ကဲ့ပါ အမကရော ကျွန်တော့်ကိုဘာတွေ
မေးအုံးမလဲ''
''အချိန်ကိုပြန်ကြည့်အုံး လာထမင်းစားရအောင်''
''မစားတော့ဘူးအမ ကျွန်တော်ဆိုင်မှာစားမှာ''
''ဒါဆိုလည်း သွားတော့လေ နှစ်နာရီကျော်
''ဘာမှမေးစရာမရှိတော့ရင်လည်း ကျွန်တော်
ပြန်တော့မယ်''
''အေးပါ ဂရုစိုက်ပြီးပြန်နော်''
-----------
ပြီးပါပြီ

Post a Comment