ထူးဆန်းသော မှော်ဝင်ရုပ်နဲ့ သံယောဇဉ်ရှင်းတမ်း
❆ ❆ ထူးဆန်းသော မှော်ဝင်ရုပ်နဲ့ သံယောဇဉ်ရှင်းတမ်း
(ဒုတိယပိုင်း မှော်ဇတ်လမ်း)
စစ်နိုင်သော စစ်တပ်မှစစ်သားတစ်ယောက်မှမှော်ပညာ
ကျွမ်းကျင်သော စစ်သားတစ်ယောက်မှာ ဘယ်သူမှမသိအောင်.....
ထိုစစ်သားမှာ စစ်သူကြီးအလောင်းမှ သွေးစများမသိမသာ
ယူထားလိုက်၍ စစ်သူကြီးပုံရုပ်တုတစ်ခု ထုလုပ်ကာ
စစ်သူကြီးဝိညဉ်အား သွင်းထားခဲ့သည်။
သူမကျေနပ်သော သူများအားသတ်ရန် ထိုအငြိုးအာဃာတကြီးမား
လွန်းသောစစ်သူကြီးရုပ်အားအသုံးချခဲ့သည်။
ထိုမှော်ပညာရှင် စစ်သားသည် အသက်ကြီးလာချိန်နောင်တ
တရားများရ လာ၍ မကောင်းမူများစုဝေးနေသော ထိုရုပ်တုအား
အကြိမ်ကြိမ်ဖျက်ဆီးရန်ကြိုးပမ်းသော်လည်း အထမမြောက်ပေ။
ထို့သို့အထမမြောက်ပဲရှိနေစဉ် တစ်နေ့
အိမ်တွင်းဖောက်ထွင်းဝင်ရောက်လာသော သူခိုးများက
လက်သို့စစ်သူကြီးရုပ် ပါသွား သည်။
သူခိုးများလက်မှ ရုပ်တုစွမ်းအင်အားမသိပဲ အနုပညာ
ပစ္စည်းတခုအဖြစ် ဟိုလူ့လက်ရောက်လိုက် ဒီလူ့လက်ရောင်
လိုက်မှ နောက်ဆုံး ရုပ်တုသမိုင်းအား
သိသော သက္ကဆရာက ဈေးကောင်းပေးကာ ၀ယ်လိုက်သည်။
ရုပ်တုအား အသုံးချရန်အတွက်မဟုတ်ပဲ အောက်လမ်း
ဆရာများ လက်အတွင်းကျရောက်ပါက လူအများအတွက်
အလွန်အန္တရယ်များလွန်းလှသောကြောင့်ဖြစ်သည်။
သက္ကနှင့် ဒီပ ညီအစ်ကိုနှစ်ယောက်သည်ဆရာကြီး
စိတ္တဆိုသောအထက်လမ်း ဆရာကြီးတစ်ယောက်ထံတွင်
မှော်ပညာရပ်များသင်ကြားခဲ့ကြဖူးသည်။
သက္ကသည် နှလုံးသားနူးညံ့၍ ကြင်နာတတ်သလောက်
ဒီပကား ဒီပကား စိတ်ထားခက်ထန်ကြမ်းတမ်းကာ
ကိုယ်ကျိုးသမားပင် ...
သူတတ်မြောက်သော မှော်ပညာရပ်အားလည်း
မကောင်းမူတွင်သာအသုံးပြုလိုသူ..
ရုပ်တုအကြောင်းသိချိန်တွင် ဒီပ သည်ဆရာကြီးထံမှရုပ်တုအား
ခိုးယူထွက်ပြေးသွားကာ အောက်လမ်းဆရာလောကတွင်
ဆရာတစ်ဆူအဖြစ် မင်းမူသောင်းကျန်းနေတော့သည်။
ခုတော့နှစ်ကာလများစွာကွဲကွာနေသော
ညီအစ်ကိုနှစ်ယောက်ပြန်တွေ့နေပြီ..
ကောင်းသောတွေ့ဆုံခြင်းမျိုးတော့မဟုတ် တစ်ယောက်က
အမှောင်ဆိုလျင် တစ်ယောက်ကအလင်း တစ်ယောက်က
အဖြူဆိုတစ်ယောက်ကအမဲ ရန်သူအဖြစ်တွေ့ဆုံနေကြခြင်းပင်...
အမှောင်ကပဲ အလင်းကို ဖုံးမလားအလင်းကပဲ အမှောင်ခွင်းမှာလား
တစ်အူတုံဆင်းညီအစ်ကိုနှစ်ယောက်တိုက်
ပွဲကားစိတ်ဝင်စားစရာကောင်းလွန်းလှသည်။
ဒီပ သည်ဓားမြောင်အားဆွဲထုတ်လိုက်ရင်း မိမိလက်ညိုး
ထိပ်အားသွေးထွက်စေရန်အနည်းငယ်လှီးဖြတ်လိုက်သည်
တစက်စက်ကျလာသော သွေးများဖြင့် စစ်သူကြီးကိုယ်ပေါ်ချလိုက်ရာ .....
အရုပ်သည် အနည်းငယ်လူပ်ရှားလာလျက် မီးခိုးများ အရုပ်အနီးလွမ်းခြုံသွားသည်။
မီးခိုးများတဖြည်းဖြည်းလွင့်ပျယ်သွားချိန် အံအြစရာတစ်ခုအား တွေ့လိုက်ရသည်။
စစ်သူကြီး ရုပ်တုသည်လူအရွယ်အစားတိုင်းရှိနေကာ
စစ်ပွဲဝင်မည့် သဏ္ဌာန် ဖြင့်အသင့်ပြင်ထားသည်။
"ငါဟာမင်းသခင်ပဲ မင်းရှေ့မှာရပ်နေသူကို အသေသတ်လိုက် စစ်သူကြီး"
ဒီပအမိန့်ပေးသံအဆုံး စစ်သူကြီးသည် သက္ကရှေ့သို့ တိုက်ခိုက်ရန် တဖြည်းဖြည်း ဓားရှည်ဆွဲမြောက်ရင်းတိုးဝင်လာနေပြီဖြစ်သည်။
သက္ကလည်း ဆံဖြူ ဆံနီလက်တဆုပ်အား ဆွဲထုတ်လိုက်ရင်း
ပါးစပ် အနီးမန်းမူတ်ကာ စစ်သူကြီးရုပ်အားလှမ်းပက်လိုက်သည်။
စစ်သူကြီးခန္ဓာကိုယ်အားဆံစေ့များ ထိမှန်ချိန်
ဆံစေ့ထိမှန်သောနေရာများမှ မီးလောင်သကဲ့သို့ မီးခိုးများ ထွက်လာသည်။
သို့သော်ခဏတာ ရှေ့တိုးလာမြဲတိုးလာလျက်ပင် .တော်ရုံ
သရဲတစ္ဆေများဆိုပါက ထိုနေရာတွင်ပင်မီးလောင်ပြာကျသွားမည်ဖြစ်သော်လည်း
စစ်သူကြီးရုပ်တုအားဟန်းတားရန်မစွမ်းသာပေ ...
ထန်း...
စစ်သူကြီးက သက္ကအားခုတ်ချလိုက်ချိန် သက္ကကလူးလှိမ့်ရှောင်
တိမ်းသွားခြင်းကြောင့် ဂူနံရံအား ခုတ်မိသွားသော ထန်း ဆိုသော
ကျယ်လောင်သောအသံထွက်ပေါ်လာခြင်းပင်ဖြစ်သည်။
သက္ကဘမှော်ပညာသုံးခွင့် မရတော့ လက်လေးချောင်းစစ်သူကြီး၏
လက်နက်မျိုးစုံဖြင့်တိုက်ခိုက်မူကို အခန်းအတွင်းပတ်၍
လူးလှိမ့်ရှောင်ရှားနေရသည်။
ဒီပကားအခန်းထောင့်တစ်နေရာတွင် လက်ပိုက်ရပ်လျက်
လူသားနဲ့ သရဲတိုက်ပွဲအားအားရစွာကြည့်နေလေသည်။
"ဘယ်လိုလဲ အစ်ကိုကြီး ကျွန်တော်ပညာတွေ့ပြီမဟုတ်လား .
.ညီအစ်ကိုချင်းမို့တစ်ခုပြောမယ် လာရာလမ်းသာပြန်ပါတော့"
"မင်းပါးစပ်ပိတ်ထားခွေးကောင် ငါ့ကိုအစ်ကိုကြီးလို့ဘယ်တော့
မှမင်းမခေါ်နဲ့ဒီတသက်မင်းနဲ့ငါသေခန်းပြတ်ပြီ"
စစ်သူကြီး ၏တိုက်ခိုက်မူအားလူးလှိမ့်ရှောင်ရှားနေရင်းသက္က
ကအော်ပြောလိုက်ခြင်းဖြစ်သည်။
"တားမရတော့လည်း ခများထိုက် ခများကံပဲပေါ့ ခများသေတာကို
ပဲကျူ ပ်လက်ပိုက်ကြည့်နေတော့မယ်"
စစ်သူကြီးရုပ်အားလှည့်ပတ်ရှောင်တိမ်းနေရင်းမှ သက္ကသည်
ဆန်တဆုပ်အားနိုက်ယူလိုက်ရင်း စစ်သူကြီးမျက်နှာအားလှမ်းပက်လိုက်သည်။
စစ်သူကြီး ရုပ်မျက်နှာအားဆံစေ့ထိမှန်၍ ခနရပ်သွားချိန် ..
သက္ကအကျီချွတ်ကာ မန္တန်တပုတ်အားရွတ်ဆိုလိုက်ချိန် သက္က
ခန္ဓာကိုယ်တွင် ရစ်ပတ်လျက် ထိုးထားသော နဂါးရုပ်ကြီးသည်
လူပ်ရှားသက်ဝင်လာလျက် ကိုယ်ခန္ဓာကိုယ်မှရုန်းကြွထွက်လျက်
စစ်သူကြီးရုပ်အားဝင်တိုက်တော့သည်။
သက္ကခုမှဟင်းချနိုင်တော့သည်..ခုတော့ပွဲကြည့်ပရိတ်
သတ်နှစ်ယောက်ဖြစ်သွားပြီဖြစ်သည်။
နဂါးကြီးသည် မီးလျံများ အာခံတွင်းမှ မူတ်ထုတ်
တိုက်ခိုက်နေသလို စစ်သူကြီးကလည်း
လက်နက်လေးမြားပေါင်းစုံဖြင့်ပြန်တိုက်ခိုက်နေသည်။
စစ်သူကြီးနှင့် နဂါးကြီးတိုင်ပွဲကား ကြောက်ခမန်း
လိလိပြင်းထန်နေပြီဖြစ်သည်။
နဂါးကြီးမီးအမူတ် စစ်သူကြီးပစ်လိုက်သောမြားတစ်ချောင်းက
နဂါးကြီးလည်မြိုအားသွားထိ၍ နဂါးကြီးပြုတ်ကျလာချိန်
နဂါးမူတ်လိုက်သော မီးအရှိန်ကြောင့် စစ်သူကြီးရုပ်သည်လွင့်
စဉ်လျက် ဂူတွင်းရှိ မိစ္ဆာရုပ်ဘေးပြုတ်ကျသွားတော့သည်။
သက္ကသူလည်ပင်းမှဆွဲကြိုးအားလျှင်မြန်စွာချွတ်လျှက်
စစ်သူကြီးရုပ်အားစွတ်ချလိုက်တော့သည်ပြန်ထရန်အားယူနေသော
စစ်သူကြီးရုပ်သည် တဖြည်းဖြည်းယိမ်းထိုးလာလျက်
မီးခိုးများတငွေ့ငွေ့ထွက်လာကာ
"အား"
စစ်သူကြီးရုပ်တုအားထိန်းချုပ်ထားသောဒီပအော်
ဟစ်လိုက်ခြင်းပင်ဖြစ်သည်။
စစ်သူကြီး နည်းတူ ဒီပ ခန္ဓာ ကိုယ်မှာလည်း
အသားများမီးလောင်နံ့ထွက်လာကာ မီးတိုက်ခံရသူလို
တဖြည်းဖြည်းလောင်ကျွမ်းလျက်ရှိနေသည်။
စစ်သူကြီးရုပ်ပြာကျသွားသလို ဒီပတစ်ယောက်
လည်းသေဆုံးသွားခဲ့ပြီဖြစ်သည်။
ထိုဆွဲကြိုးကားမိစ္ဆာထိန်းဆွဲကြိုးပင်..သူဆရာကြီးက
တချိန်စစ်သူကြီးရုပ်တုအား ဖျက်ဆီးရန်အထူးတလည်
စီမံထားသော ဆွဲကြိုးပင်ဖြစ်သည်။
သက္က ပြာကျနေသော စစ်သူကြီး အလောင်းဘေးမှ
ဆွဲကြိုးအားကောက်ယူလိုက်သည်။
ထို့နောက်..... မီးလောင်သေဆုံးသလိုမီးခိုးငွေ့တလူလူထွက်
ကာသေဆုံးနေသော ညီဖြစ်သူအား တချက်လှမ်းကြည့်ကာ
စိတ်မကောင်းစွာခေါင်းယမ်းလိုက်လျက် ဂူအပြင်သို့
တလှမ်းချင်းလှမ်းကာ ထွက်ခွာသွားတော့သည်။
ပြီးပါပြီ
လေးစားစွာဖြင့်.
ရာဝန
Credit - ခြောက်ခြားဖွယ် ပရလောကနယ်ဇာတ်လမ်းများ
Post a Comment