ထူးဆန်း‌သော‌မှော်‌ဝင်‌ရုပ်‌ ပထမပိုင်း

ထူးဆန်းသော မှော်ဝင်ရုပ်နဲ့ သံယောဇဉ်ရှင်းတမ်း
❆ ❆ ထူးဆန်းသော မှော်ဝင်ရုပ်နဲ့ သံယောဇဉ်ရှင်းတမ်း
(ပထမပိုင်း မှော်ဇတ်လမ်း)

အခန်းတစ်ခု. ...တိတိကျကျဆိုရပါမူ လူသူမနီးတောနက်
အတွင်းမှ ကျောက်လိုဏ်ဂူအတွင်းမှ အခန်းတစ်ခု .......။
အခန်းတစ်ခုလုံးသည် ကျောက်စားပွဲတစ်ခုတွင် တင်၍ထွန်း
ညှိထားသောဖယောင်းတိုင်ကြီး (၃)တိုင်မှမီးအလင်းရောင်ကြောင့်
အနည်းငယ်လင်းထိန်နေသည်။
သို့သော်....
သိပ်သည်းလှသောအမှောင်ထုအား ခွင်းနိုင်ခြင်းမရှိပဲ
မီးထွန်းထားရာအနီးတ၀ိုက်မှလွဲ၍ ကျန်နေရာများအားမြင်နိုင်စွမ်းမရှိပေ။
ကျောက်စားပွဲပေါ်တွင် ဖယောင်းတိုင်(၃)ချောင်းနှင့်အတူ
အမွေးတိုင်များထွန်းညှိထားပြီးတခြား အမျိုးအမည်
မသိသစ်မွေးတုံးများကို ပါမီးရို့ထားသောကြောင့် မီးခိုးများ
ရီဝေေ၀ မွေးရနံ့များဖြင့် အခန်းတခုလုံးအား လွမ်းခြုံထားသည်။
ထိုအမွေးတိုင်ဖယောင်းတိုင်များတင်ထွန်းရာကျောက်စား
ပွဲနောက်တွင်ကား မုဆိုးဒူးထောက်အနေအထားဖြင့် မျက်လုံးပြူးပြူး
အစွယ်ငေါငေါ ဗိုက်ပူပူဖြင့် တင်းပုတ်တဖက်ကို ပခုံးတွင်
တင်ထားသော မျက်ရုံဖြင့် စိတ်ခြောက်ခြားစရာ နိမိတ်မရှိလှသော
အရုပ်ကြီးတစ်ရုပ်က ခုပင်ထပြီးတင်းပုတ်ဖြင့်ထထုတော့မည်
အလား လက်ရာမြောက်စွာဖြင့် ရှိနေပါသည်။

အမွေးတိုင် ဖယောင်းတိုင်များ ကားထိုအရုပ်ကြီးအတွက်
ပူဇော်ပသထားခြင်းပင်ဖြစ်သည်။

အခန်းတစ်ခုလုံးသည် တိတ်ဆိတ်စွာဖြင့် အပ်ကျသံ
ကိုပင်ပြန်ကြားရလောက်အောင်ရှိနေသည်။
အခန်းတခုလုံးတိတ်ဆိတ်ခြင်းကြီးစိုးထားရာ အခန်း
အတွင်းသက့်ရှိ သတ္ထ၀ါ တယောက်တလေမျ ရှိပါလေစ
ဟုထင်ကောင်းထင်စရာရှိပေလိမ့်မည်။
ဒါပေမယ့်လူတစ်ယောက်အခန်းအတွင်းတွင်ရှိနေပါသည်။

ထိုသူသည် အခန်းထောင့်အမှောင်ရိပ် ကျသော နေရာတွင်
ဒူးထောက်ထိုင်ရင်းဖြင့် ကျောက်ရုပ်တစ်ရုပ်အလား
ငြိမ်သက်စွာရှိနေခြင်းပင် ခေါင်းဆောင်းပါအမဲရောင်
ဝတ်ရုံရှည်ကြီးအား ၀တ်ဆင်ထားသောကြောင့်
ထိုသူမျက်နှာအားမြင်တွေ့နိုင်ခြင်းမရှိပေ။

ဝတ်ရုံနက်သည် ထိုင်နေရာမှ မတ်တတ် ရပ်ကာ
အရုပ်ကြီးဆီသို့ ဦးတည်လျောက်လှမ်းလာလိုက်သည်။
ထို့နောက် ကျောက်စားပွဲပေါ်တွင် အသင့်ရှိသော
ကျောက်ခွက်တခုအားယူ၍ အရုပ်ကြီး ဦးခေါင်းပိုင်းပေါ်မှ
ခွက်သဏန်ပြုလုပ်ထားသော နေရာသို့ သူ့လက်
အတွင်းကျောက်ခွက်မှ အရာများသွန်ချလိုက်သည် ။

နီရဲစေးထန်းနေသောသွေးများပင်...
ဝတ်ရုံနက်ကားမကောင်းသော အတတ်ပညာများ လေ့လာလိုက်စားနေသော ပညာရှင်တစ်ယောက်မှန်းသူလုပ်ရပ်ကဖော်ပြနေချေပြီ...
ရုပ်တုကြီး ဦးခေါင်းပိုင်းသို့ သွေးများလောင်းချလိုက်ချိန်
ဦးခေါင်းပိုင်းကျောက်ခွက်မှ မြောင်းသဏန်သည်ရုပ်တုကြီး
ပါးစပ်ပေါက်သို့ဖောက်လုပ်ထားခြင်းကြောင့် သွေးများသည်
လမ်းတလျောက်စီးဆင်း ကာ ပါးစပ်တွင်းဝင်ကုန်တော့ သည်။
ရုပ်တုကြီးပါးစပ်ပေါက်သို့ သွေးများရောက်သွားချိန်
လိုဏ်ဂူကြီးတစ်ခုလုံး
သိမ့်သိမ့်ခါသွားလျက် ပြိုကျတော့မည့်အလားပင်...
ထိုနောက်ပြန်လည်ငြိမ်ကျသွားလျက် ဂူနံရံဘေးပတ်လည်မှ
အမဲရောင် အရိပ်များသည် ဟိုမှ ဒီမှ မီးခိုးငွေ့ သဏ္ဌာန် ထွက်ပေါ်
ပျံသန်းနေသည်ကို အံ့သြဖွယ်ရာတွေ့မြင်လိုက်ရသည်။
ထိုမြင်ကွင်းကိုကြည့်ကာ သဘောအကျကြီးကျနေသူမှာကား ၀တ်ရုံနက်ပင်......

ဟား...ဟား....ဟား.....ဟား......

အောင်ပြီ...အောင်ပြီ....အောင်ပြီကွ..

..အနှစ်နှစ်အလ လငါကြိုးစားမူ တွေ ဒီနေ့အောင်ပြီ ၀ိညဉ်တွေ
ကို ထိန်းချူပ် စေခိုင်းနိုင်သူတစ်ယောက်အဖြစ် ကို ဒီနေ့ ငါရောက်ပြီ....

....ဟင်း..မင်းခုထိ .မိုက်လုံးကြီးတုန်းပါလား.ဒီပရေ.
အသက်တွေလည်း ကြီးပြီ
မင်း ဘာကြောင့် ခုထိမိုက်နေသေးတာလဲ ..ဒီပရေ...

"ဟင်"

ဝတ်ရုံ နက်ခေါ် ဒီပ အံ့အြောသွားသည်။
အခန်းဝတွင်လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရပြီး
ထိုသူမှာ အသက် (၆၀)ခန့် ဆံပင်များ တခေါင်းလုံးဖြူဖွေးလျက်
မုတ်ဆိတ်မွေးဖြူ အဖြူ ရောင်သင်တိုင်းရှည်ကို ၀တ်ဆင်ထား
သူတစ်ယောက်ပင်ဖြစ်သည်။

...ဘယ်သူများလဲမှတ်တယ် ငါအစ်ကိုကြီး သက္ကပါလား .
ခုလိုအချိန်မျိုးမှာ အကိုကြီးကိုကျနော်တွေ့ရတာအတော်ဝမ်းသာ
တာပဲ ကျနော် ၀ိညာဉ် ထိန်းချူပ်တဲ့အဆင့် ကိုအောင်မြင်သွားပြီ.အကိုကြီး ..
ကျွန်တော် တို့ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး
ကျွန်တော်တို့ရန်သူတွေကိုတိုက်လို့ရပြီ...

..တော်စမ်းဒီပ..မင်းဒီမကောင်းတဲ့အတတ်ပညာတွေလေ့လာလိုက်စားလို့ ဆရာဆီကလည်း နှင်ထုတ်ခံရတယ် နောက်ဆုံးမင်းကြောင့်အမေ
စိတ်ဆင်းရဲပြီး.သေရတယ်သေတာတောင်အသေမဖြောင့်ဘူး.
.ဒီမကောင်းတဲ့ပညာနဲ့ လူတွေကို ဒုက္ခပေးတယ်..
မင်းကြောင့်သေရတဲ့ အထက်လမ်းပညာရှင်တွေ မနည်းဘူး..
ငါအထက်လမ်းဂိုဏ်းသားတစ်ယောက် ဖြစ်ပေမယ့်
ငါမင်းကိုလိုက်ရှာပြီးမသတ်တာ ..အမေကိုပေးထားတဲ့ ကတိကြောင့်ပဲ
မင်းကိုစောင့်ရှောင့်ပါမယ်လို့..ငါကတိပေးခဲ့လို့ပဲ..

..ကျနော်ကို ကိုကြီးချစ်သလို ကျနော်လည်းကိုကြီးကို ချစ်ပါတယ်
နှစ်တွေအများကြီးခွဲနေပြီးမှကိုကြီးရာ ကျွန်တော်တို့ ညီအစ်ကို အတူတူ နေရအောင်..

...ဒါဆို မင်းငါ့ကို ကတိတခုပေးရမယ်ဒီပ.မင်းပညာတွေအားလုံး
မကောင်းတဲ့ ဒီပညာတွေအားလုံး ဘုရားကိုလှူ၇မယ် ဘယ်လိုလဲ...

..ဒီတစ်ခုကလွဲပြီးကျနော့်ကိုကြိုက်တာခိုင်းပါ.ကျွန်တော် နှစ်ရှည်လ
များလေ့ကျင့်ခဲ့ရတဲ့ ဒီပညာတွေမစွန့်လွတ်နိုင်ဘူး...

...ကောင်းပြီဒါဆို အမေ့ကိုပေးထားတဲ့ ကတိကို ငါဒီနေ့ဖျက်လိုက်ပြီ
လူတွေဒုက္ခမရောက်ဖို့ မင်းပညာတွေ ငါဖျက်ဆီးရလိမ့်မယ်..

...အစ်ကိုကြီး အစွမ်းရှိရင်လုပ်လိုက်လေ ကျနော်က တခြားသူတွေဆို
ဒီလို စကားမျိုးပြောနေမှာ မဟုတ်ဘူး ကို့အကိုမို့ စကားလက်ခံပြောနေတာ...

ပြောရင်းဒီပသူ့ခေါင်းဆောင်းအားဖယ်လိုက်ကာ သက္ကရှေ့
မျက်နှာချင်းဆိုင်အနေထားသို့လျောက်လာသည်။

အနီးကပ်မြင်လိုက်ရသော သူညီမျက်နှာက ညီအကိုမပြောနဲ့မွေး
ထားသော မိခင်ပင်မှတ်မိစရာ မရှိတော့ မျက်နှာတခုလုးံ အရိုးငေါငေါ
မျက်တွင်းဟောက်ပက် ဆံပင်ဖရိုဖရဲဖြင့် အောက်လမ်းကျင့်
စဉ်များကြောင့် သူကိုယ်တိုင် သရဲရုပ်ပေါက်နေချေပြီ..

ဒီပကမန္တန်တစ်ခုကိုတီးတိုး ရွတ်ဆိုလိုချိန် အမှောင်အတွင်းမှ
မီးခိုးငွေ့များသည်ကြောက်လန့်ဖွယ် ပုံသဏန်များဖြင့်
သက္ကဆီတိုးဝင်လာကြတော့သည်။
သက္ကကသူ့ လွယ်အိတ်အတွင်းမှ ဆန်ဖြူ ဆန်နီရောထားသော
ဆန်တဆုပ်အားနိုက်ယူရင်း မန္တန်ရွတ်ဆို၍ သူ့ဆီတိုးဝင်
လာသော အရိပ်မဲများအားလှမ်းပက် လိုက်ရာ
အရိပ်မဲများသဏန်မကောင်းဆိုးဝါးအားထိမှန်၍
အရိပ်များကွယ်ပျောက်ကုန်သည်။

ဒီပမျက်နှာတစ်ချက်ပျက်သွားပြီး အံကြိတ်လိုက်ကာ
သူ့ဝတ်ရုံနက်အိတ်အတွင်းမှ ဗူးတဗူးအား ထုတ်ယူ လိုက်သည်။

ဗူးအဖုံးအားဖွင့် ၍ အထဲမှအရာအားကြမ်းပြင်ပေါ်
သွန်ချလိုက်သည်။
ကြမ်းပြင်ပေါ်ပြုတ်ကျလာသောအရာမှာ.ရှေးခေတ်
စစ်သည်တော် အရုပ်ကလေးတရုပ်ဖြစ်ပြီး စစ်ဝတ်တန်
ဆာအပြည့်စုံဖြင့် တိုက်ပွဲဝင် တော့မည့်ဟန် ထူးဆန်း
သည်က လက်လေးချောင်းပါပြီး လက်တဖက်စီတွင်
.နှစ်ဖက်သွားပုဆိန်.ဓားရှည်.လှံတို.လေး.
လက်နက်တမျိုးစီကိုစွဲကိုင်ထားသေးသည်။
သက္ကအနည်းငယ်ထိတ်လန်းသွားသည် ဤ အရုပ်သည်
မိမိတို့ကို မှော်ပညာသင်ပေးဖူးသောဆရာကြီးထံတွင်တွေ့ဖူးပြီး
ဆရာပြောကြားချက်အရ. ရှေးက အင်မတန်ခက်ထန်ကြမ်း
တမ်းသောစစ်သူကြီးတပါးရှိဖူးပြီး
ထိုစစ်သူကြီးသည် တိုက်ပွဲတိုင်းကို အောင်နိုင်သူ
တစ်ယောက်လည်းဖြစ်သည်။
သို့သော်အောင်မြင်မူရှိလျင်ကျဆုံးမူလည်းရှိစမြဲမို့စစ်သူကြီးသည်
စစ်ပွဲတစ်ခုတွင်စစ်ရူးတော့သည် လက်အောက်ငယ်သားတစ်ယောက်မှမကျန်သည်
အထိတိုက်ခိုက်ပြီးနောက်ဆုံး ရန်သူများသူ့အား ၀ိုင်းရန် ပိတ်ဆို့ထားချိန်
စစ်သူကြီးသည် ရန်သူ့လက်တွင်အသေမခံပဲ လက်စွဲတော
ဓားဖြင့်မိမိကိုယ်ကို ထိုးသတ်၍ သတ်သေလိုက်တော့သည်။
ရာဝန
@@@@@@

Post a Comment