ဝက်‌‌ခေါက်‌သုတ်‌

ဝက်ခေါက်သုပ်

ဝက်ခေါက်ကို အမွှေးတွေ ပြောင်အောင် မီးမြိုက် ၊ ဘလိပ်ဒါး ထက်ထက်နဲ့ ခြစ်ပြစ်၊ ရေ ၃-၄ ပြန်ဆေး၊  ဆားနဲ့ တရည်ပြုတ်ပီး သွန်ပါ..။
ဝက်ခေါက်ကို ရေဆေး၊ အလိပ်လေးဖြစ်အောင်လိပ်၊ မပြည်အောင် သွားကြားထိုးတံနဲ့ ထိုးစိုက်ထား၊
• ချင်း ပါးပါး ၃-၄ ပြား၊
• ပဲငံပြာရည် အကျဲ၊
• ဆား သင့်ရုံ
• ပဲငံပြာရည် အပျစ် နဲ့ ရေအေးပြန်ထည့်ပီး ကိုယ်ကြိုက်တဲ့ နူးညံ့မှု့အနေအထားအထိ ပြန်ပြုတ်ပါ။ ကျက်တဲ့အခါ ပါးပါး ထူထူ ကြိုက်သလိုလှီးပါ။
• ကြက်သွန်နီ
• သခွားသီး လှီးထားပါ
အသုပ်အတွက် အချဉ်ရည်
1. ငရုတ်သီးစပ်စပ်, ကြမ်းကြမ်းလေးလှီးထား   ၃ တောင့်          
2. ကြက်သွန်ဖြူ   ၄မွှာ   
3. သကြားညို  ၂ ၁/၂   လက်ဘက်ရည်ဇွန်း         
4. ရေ  အနည်းငယ်
5. ပဲငံပြာရည် အကျဲ  ၃ စားပွဲဇွန်း               
6. သံပုရာရည်  ၂ စားပွဲဇွန်း                 
7. ဆား   သင့်ရုံ 

ငရုတ်သီး၊ ကြက်သွန်ဖြူ နဲ့ ဆား ၊သကြားတို့ ကို ငရုတ်ဆုံထဲမှာ ရောထောင်းပြီး ပန်းကန်လုံးထဲပြောင်းထည့်ပါ၊ ဖျော်ထားတဲ့ သကြားရည်၊ သံပုရာရည်နဲ့ ပဲငံပြာရည် အကြည်တို့ ထည့်ပြီး သမအောင်မွှေပေးပြီးရင် အချဉ်ရည် ချိုချဉ်စပ်မွှေး ၀က်ခေါက်သုပ်ဘို့ အဆင်သင့်ဖြစ်ပါပီ။

Post a Comment