သုတ…ယုယ ဝတ္ထုတို အပိုင်း(၃)
**************************
"ကျွန်တော်နာမည် မင်းဝသာန်ပါ
သူကတော့ သောကြာအာကာမိုးသူငယ်ချင်းတွေပေါ့
အခု အာကာဆီက
စာလာလို့ လာပို့ပေးတာပါ ဒါနဲ့ ယုနဲ့အာကာနဲ့က"
"သု သြော်ယုက ကိုမိုးရဲ့ညီမဝင်းကွဲပါ အလည်လာ
တာ စာမေးပွဲကျလို့ နယ်မပြန်တော့တာ"
"သုံးဆောင်ကြပါဦး "
(အိမ်အကူဒေါ်မြက လိမ္မော်ရည် နှစ်ခွပ်
လာချပေးတာမို့ သုတစကားကြောင်းလွဲလိုက်ရသည်) " အအေးလေး သောက်လိုက်ကြပါဦး"
"ဟုတ်ကဲ့ "
( ယု ရေ…ဇာတ်လမ်းရဲ့ ဇာတ်ကောင်နေရာကနေ
အစလေးမှာ နင်သရုပ်ဆောင်ခဲ့ပြီး အခု ငါက
ဒီဇာတ်ကားမှာဇာတ်လိုက်မင်းသမီးဖြစ်ရမှာလား
လူကြမ်းမင်းသမီးဖြစ်ရမှာလား ဟာ…… )
"ကလင် ကလင် ကလင်"
(သုတ စဉ်းစားနေစဉ်မှာပဲ ဖုန်းဝင်လာတာမို့
သုတအတွေးပျတ်သွားရသည်)
"ဟဲလို…"
"သုလား"
"အင်း ယု ပြောလေ"
"သု နင်အစဉ်ပြေလား ယုတော့အစဉ်မပြေဘူး
လေးဂွလည်း မပြစ်တက်ဘူး ကျောက်ဒိုးကစား
လည်း ယု ပဲ ရှုံးနေတော့တာပဲ"
"ယု ငါရောဘာထူးလို့လဲဟ နင့်လို မြန်မာဆန်ဆန်နဲ့
ယဉ်ကျေးသိမ်မွေ့ရတာတွေ ရှင်လို့ထူးရတာတွေ
အစဉ်မပြေသေးဘူးဟ"
"နင် စိတ်ညစ်နေပြီလားသု"
"မညစ်ပါဘူးဟ ယု ငါပြောစရာရှိတယ်"
"ယု လည်းမေးစရာရှိတယ်…"
"ဟင် ဟုတ်လား ဒါဆို ယု အရင်မေး"
"သု အရင်ပြော "
"ဒါဆိုပြောမယ်နော်ယုတို့ဖိနပ်အချစ်ဇာတ်လမ်းထဲက
မင်းသားကိုကိုက ကိုမိုးသူငယ်ချင်းဟ
ပြီးတော့ သူနာမည်ကမင်းဝသာန် တဲ့ "
"မင်းဝသာန် ဟုတ်လား သု"
"အင်း"
..."မီးငယ် ဘယ်သူနဲ့ပြောနေတာလဲ?"
"aww ဘကြီး သု သုနဲ့ပြောနေတာ ဘကြီးက
ဘယ်တုန်းက ရောက်နေတာလဲ?"
"အခု ပဲ ရောက်တာပါ ဘကြီးကားဟွင်းတီးတာ
မီးငယ်မကြားဘူးလား"
"ဟီးဟီးမကြားလိုက်ဘူး သု ဖုန်းလာနေလို့လေ"
(ဘကြီးက မီးငယ်(သုတ)ကို ကြည့်ပြီး နားမလည်
နိုင်စွာ ဖြင့်……)
"ဘကြီးခရီးပန်းလာတယ် ခနနားဦးမယ် "
"ဟုတ်ကဲ့ဘကြီး ယု လိုက်ပို့မယ် "
"ဖုန်းပြောနေတယ်မဟုတ်လား "
"သု ဒါပဲနော် ငါနောက်မှ ပြန်ဆက်တော့မယ် ဘိုင်း"
"အင်း"
"ဘကြီး ယု ကို အိတ်ပေး ဘကြီးက ကြိုပြီးမှ
ဖုန်းမဆက်တာ ယု စောင့်နေမှာပေါ့"
(အိပ့်ကို လု့ယူလျှက် အိမ်အပေါ်ထပ်ရှိ
ဘကြီးအိပ့်ခမ်းထဲသို့ လိုက်ပို့ရင်း
လှေခါးဒစ်တွေပေါ်ကနေ သုတ စကားတွေ
ဖောင်ဖွဲ့နေ၏ ဘကြီးကတော့ စကားတစ်ခွန်းမျှပင်
မပြောပါ)
******************-******************
"မီးငယ် ……"
"ရှင်……ဘကြီး "
"ရှင် ကိုထားခဲ့ လူအရင်လာ"
"ဟုတ်!"
(ဧည့်ခန်းမှ ဘကြီး ခေါ်သံကြောင့်
သုတအိပ့်အောက်သို့ဆင်းလာ၏)
"ဟင်"
(အကြောင်းမရှိအကြောင်းရှာ၍ မင်းဝသာန်
တစ်ပတ်ကို တစ်ခေါက် အလည်ရောက်ရောက်လာ
တက်၏ အခုလည်းပဲ မင်းဝသာန်
ရောက်နေပြန်ပြီလေ)
"မီးငယ် ဒါက မင်းဝသာန်တဲ့ ကိုမိုး သူငယ်ချင်း"
(ဘကြီးက မိတ်ဆက်ပေးနေပေမယ့် သိ့ပြီးသားလူ
တွေမို့ ပြုံးနေမိကြ၏)
"ကိုမင်း ဒါကတော့ ဘကြီး တူမအငယ် ယုယ တဲ့"
"ဟုတ်ကဲ့ဘကြီး"
"ဘကြီး မီးငယ် အအေးဖျော်ပေးမယ်လေ ခနလေး"
(သုတ မီးဖိုအခန်းထဲသို့ ထွက်လာခဲ့၏
အခု အချိန်ထိ ယုယ လို ပြု့မူနေထိုင်၍
သုံးလဆိုသော်အချိန်ထိသုတ
အနေအထိုင်အပြောအဆို
အသားမကျသေးပါ ကံဆိုးချင်တော့ ဒီနေ့မှ
ဒေါ်ကြီးမြက နယ်ပြန်သွား၏ အမှန်ဆို
သုတ ဘာမှ မလုပ်တက်ပေအခုလည်း
အအေးဖျော်ဖို့ အခတ်ကြုံနေ၏)
"ဒုက္ခပါကဲ ငါ့နဲ့နော် ……… "
(ခနအကြာမှာတော့ သုတ အအေးခွပ်ကလေး
ကိုင်၍ ဧည့်ခန်းသို့ လျှောက်လာ၏)
"ရပါပြီ ရှင့် သုံးဆောင်ကြည့်ပါဦး"
"ဟုတ်ကဲ့ ယု"
(မင်းဝသာန် ကျေနပ်ကြီးကျေနပ်နေ၏
ကို ချစ်နေသော် မိန်းကလေး၏ပထမဦးဆုံး
ဖျော်တိုက်သော် အအေးမို့………
မင်းဝသာန် အအေးခွပ့်ကို သောက်လိုက်၏
တစ်ချက် မဲ့ချင်ချင်ဖြစ်သွားပြီး
သုတနဲ့ဘကြီးကို ပြုံးပြလိုက်၏)
"ဟီးဟီး ကောင်းလား "
"ကောင်းပါတယ် ယု ကအရမ်းတော်တာပဲ"
(မင်းဝသာန်ရဲ့စကားကြောင့် ဘကြီးသောင်း
ပြုံးပြီးကျေနပ်နေ၏)
"မီးငယ်ကအိမ်မှု့ကိစ္စနိုင်တယ်
သမီးကြီးလိုမဟုတ်ဘူးကိုမင်း. အချက်အပြုပ်
အရမ်းစိတ်ချရတယ် "
(ဘကြီးသောင်းရဲ့ ချီးမြှောက်နေသော်
ယုယဟန်ဆောင်ထားသော သုတကတော့
အအေးခွပ်ထဲသို့ ဆားနှင့် သကြား မှားထည့်မိ့ခဲ့
သည်ကိုမင်းဝသာန်ကလွဲ၍ဘယ်သူကများ
သိ့နိုင်ဦးမလဲနော်…)
*********************************
"ဘကြီး ဒီနေ့ ပါးပါးဆုံးတာ လေးနှစ်ပြည်ပြီ
အာ့ကြောင့် ခြေတော်ရာ သွားကြမလို့ ယုယကို
လာခေါ်တာကျွန်တော် ညီမတွေလည်း ပါ ပါတယ်"
(မင်းဝသာန်ရဲ့ စကားကြောင့် သုတ ပျော်နေ၏
အမှန်တော့ ခရီးထွက်ရတာကိုက သုတ
အကြိုက်ဆုံးသော် အရာတစ်ခုပင် ဖြစ်၏
ယု လိုဟန်ဆောင်ပြီး နေနေရလို့
အပြင်မထွက်ရတာ အတော်ကြာပြီ)
"မီးငယ် လိုက်ချင်လိုက်သွားလေ အပြန်တော့
မိုးမချုပ်ကြ…နဲ့"
"ဟုတ်ကဲ့ ဘကြီး"
"ကျေးဇူ့ပဲနော် ဘကြီး"
(မင်းဝသာန် အရမ်းပျော်နေ၏)
"ယုကားနဲ့ မတက်ရဲဘူးကိုမင်းခြေချင်လျှောက်မယ်"
.........
"ယုယ ပျော်ရဲ့လား မောနေပြီလား"
"ပျော်ပါတယ် မမောပါဘူး
ဒါနဲ့ ကိုမင်း ညီမတွေပါတယ်ဆို မတွေ့ပါလား"
"ကိုမင်း က ယု နဲ့ နှစ်ယောက်ထဲ သွားချင်လို့
အိမ်က ထွက်ကတည်းက အရှုပ်တော်တွေကို
ကျောက်လုံးကြီးမှာ စောင့်နေခဲ့ခိုင်းတာ
ပြန်မှ ဝင်ကြိုသွားမယ်လေ "
(…သု ပျော်ပါတယ် ကိုမင်းရယ်…ကိုမင်းရင်ထဲမှာ
ရှိနေတဲ့ ယု ကိုလည်း သုမနာကျင်စေချင်ဘူး
တကယ်တော့ သု ဘဝ မှာ ကိုမင်းလို
ခန့်ငြားတည်ကြည်သော် ယောက်ျားနဲ့
အခုလို ရင်ခုန်စွာ နှစ်ဦးသား လျှောက်ခဲ့ဖူးတာ
ဒါပထမဆုံးနေ့ပါပဲ……)
"ယု ခနနားမယ်လေ
ပြီးတော့မှ ဆက်တက်ကြတာပေါ့
ယု မောနေမှာဆိုးလို့"
"ဟုတ်"
"ယု"
"ဟင်"
"ရော !!!"
(မင်းဝသာန် က သုတကို ပဝါ
အဖြူလေး လှမ်းပေး၏ သုတက လှမ်းယူရင်း)
"ကျေးဇူ့ပါ ကိုမင်း"
(မင်းဝသာန်က သုတကို မျက်တောင်မခတ်ပဲ
ကြည့်နေသဖြင့် သုတ ရှက်နေ၏)
"ဘာလို့ အဲ့လိုကြည့်နေတာလဲ ယု ရှက်တယ်"
"ယုက ဘယ်လိုကြည့်ကြည့် အပြစ်ကင်းစင်တဲ့
မိန်းကလေးတစ်ယောက်ပါ ကိုမင်း အတွက်
အမောပြေလေးပေါ့"
"အို ကိုမင်းကလည်း ဆက်တက်မယ် ရောက်တော့မှာ
နေပူရင် မတက်နိုင်ပဲ နေမယ်"
"အင်း…"
(ထိုအချိန် သုတ ကျောက်တုန်းကို
ခြေချော်နင်းမိရာ မင်းဝသာန်မှ လျှင်မြန်စွာ
ထိန်းထားလိုက်သည်မို့ သုတ မင်းဝသာန်
ရင်ခွင်ထဲသို့ရောက်သွားလေတော့သည်)
"အား………"
"လွှတ်တော့ ရပြီ လွှတ်တောလေ ကိုမင့်း"
(သုတ ရုန်းသော်လည်း မင်းဝသာန် မလွှတ်သေးပဲ)
"ယု ကို ကိုမင်းချစ်တယ်
အရမ်းကိုနက်နက်ရှိုင်းရှိုင်းနဲ့ ချစ်တာပါ"
"ဟာ ကိုမင်းကလည်း…"
"ကိုမင်းကို တစ်ခုခုတော့ ပြောပါ ယု ရယ်"
....ခဏကြာကြာစကားမပြောပဲ ရှက်သွေးဖြာနေတဲ့ သုတက
ယုယ အစား ပြောပေးရတော့မည်.....
"ယု စဉ်းစားပေးပါ့မယ်…ကိုမင်း"
(ဒီတော့မှ မင်းဝသာန် လွှတ်ပေး၏)
*****&&&&******&&&&&&*******
"မီးငယ် သမီးကြီးဖုန်းလာတယ် နောက်တစ်ပတ်
မြဝတီကို လာမယ်တဲ့ "
"ဟင်!" အပိုင်း(၄)သို့အဆက်
**************************
စာပေချစ်သူခင်သူများအားလုံးကို
ခင်မင်လေးစားလျှက့် သဲသုတ(ခေတ္တထိုင်း)
သုတယုယ အပိုင်း၃
- on 7:00 PM
- No comments
Post a Comment