မင်းသမီး‌လေးရဲ့ အိမ်‌မက်‌ ၁၀

မင်းသမီးလေးရဲ့အိမ်မက်
………………………………………
                        အပိုင်း(10)
သူမသုံးနာရီခွဲအမီ စာရင်းစာအုပ်ကိုပြီ
အောင်လုပ်သောလည် အချိန်က
မလောက်သဖြင့် စာရင်းဖိုင်ငါးအုပ်ကျန်
သေးတော့သည်။ခွဲလိုမှမတင်နိုင်ရင်အ
ပြစ်ကထပ်ပေးဦးမှာမို့ မပြီလည်တင်ရန်
သူမဆုံးဖြတ်လိုက်တော့သည်။အချိန်အတိအကျဖြစ်နေသဖြင့် သူမခပ်သုတ်သုတ်
လေး ရုံးခန်းဆီသို့ စာရင်းဖိုင်များကိုပိုက်
ကာ သူမှပြေးလာတော့သည်။ ရုံးခန်းဆီ
ပြေးလာရာ စင်္ကြလမ်းတွင်
"ဝန်း မဟုတ်ဘူးလား ဘယ်သွားမှာလဲ"
"ရုံခန်းကိုအမ "
"အမလည် နေထက်ကိုလာတွေ့တာအ
တူတူသွားရအောင်လာ"
"ရှင် "
သူမနားရီကြည့်လိုက်ရာအချိန်ကငါးမိနစ်ကျော်လာနေပြီ ပိုးအိမ်ကသူမပုံစံက
ပြာတိပြာယာဖြစ်နေသဖြင့်
"ဘာဖြစ်လိုလဲဝန်း"
"စာရင်းဖိုင် အချိန်မီမတင်ရင်း သူဌေးက
အပြစ်ပေးလိမ့်မယ်"
"ဟုတ်လား ဒါပေ့မဲ့ရတယ် အမပြောပေး
မယ် နေထက်ညီမကို ဘာမှမပြောစေရ
ဘူး"
"ဖြစ်ပါ့မလား"
"လာပါညီမရယ် သွားရအောင် စိတ်ချဘာ
မှမဖြစ်စေရဘူး"
"အမ ဒါဆိုရင်လေ ဝန်းကိုလေတစ်ခု
လောက်ထပ်ကူညီပါလား"
"ဘာကိုလဲပြောလေ ဝန်း"
"ဟိုလေ စာရင်းလုပ်ခိုင်းတာ မပြီလို အဲ
ဘီလူးကဟောက်မှာအမရဲ့"
"ဟုတ်လား ဘယ်နဖိုင်တောင်မပြီတာလဲ"
"ငါးဖိုင်"
"ငါးဖိုင်တောင် ဝန်း ကဘယ်နဖိုင်တောင်
စစ်ရလိုလဲ"
"နှစ်ဆယ်"
"ဘာ နှစ်ဆယ်တောင် မနက်ကတည်က
လုပ်တာလား"
"မဟုတ်ဘူး နေလည့် ၂နာရီလောက်က
မှ"
"မဟုတ်သေးပါဘူး ဝန်းရယ် နေလည့်နှစ်
နာရီကစလုပ်တယ် သုံးနာရီခွဲတင်ရတယ်
စာရင်းဖိုင်အုပ်နှစ်ဆယ်လုံးကို တစ်
ယောက်တည်လုပ်တာလား"
"ဟုတ်တယ် ဝန်းကိုဝိုင်းလုပ်ပေးတဲ့လူ
ကို ဘီလူးကအလုပ်ထုတ်မယ်တဲ့"
"ဘာ နေထက်ကအဲဒီအတိုင်းပြောလား"
"အင်း"
"လာညီမ ဘာမှမကြောက်နဲအမရှိတယ်
သူဒါသက်သက် အနိုင်ကျင့်ပြီခိုင်းတာ"
"ဟုတ်တယ် အမ အဲဒီဘီလူးကအနိုင်ကျင့်
တာ"
သူမတို့ စကားပြောရင်းလမ်းလျှောက်လာ
ကာ ရုံခန်းရှေ့သို့ရောက်လာတော့သည်။
ပိုးအိမ်ကတံခါးကိုခေါက်လိုပြီ
"ဝင်လာပါ"
ပိုးအိမ်က အရင်အခန်းထဲသို့ဝင်လိုက်ပြီ
"ဟာ ပိုးအိမ် နင်ဘယ်လိုရောက်လာတာ
လဲ အကြောင်းလည်မကြားဘဲနဲ ငါကဝင်
လာတာ ဝန်းလေး လိုထင်သွားတယ်"
ပိုးအိမ်က
"ဝင်လာ ဝန်း"
ပိုးအိမ်ကခေါ်သဖြင့် သူမဝင်လာလိုက်
တော့သည်။
"ဘာလဲ နင်က သူနဲအတူလာတာလား"
"ဟုတ်တယ်"
သူက
"ကယ် ဒေါ်လဝန်းအိမ် ဘယ်လိုလဲပြီပြီ
လား"
"ဟုတ်ကဲ့"
"အချိန်ကတော့ ဆယ်မိနစ်နောက်ကျ
တယ်နော် နင်အပြစ်နင်သိလား"
သူမက ပိုးအိမ္ဘက္လွည့္ကာ
"အမ"
ပိုးအိမ္က
"နေထက် နင်ကလေးကိုတော်တော်အ
နိုင်ကျင့်ပါလား"
"ငါကအနိုင်ကျင့်တယ် သူကိုဟုတ်လား"
သူမက
"ဟုတ်တယ်အမ"
"ဘာဟုတ်တာလဲ သေဦးမယ်"
ပိုးအိမ်က
"နင် သူကိုစာရင်းဖိုင်အခုနှစ်ဆယ်တောင်
တစ်ယောက်တည်းခိုင်းစရာလား"
"မဟုတ်သေးဘူး မဟုတ်သေးဘူး ပိုးအိမ်
နင်သူအကြောင်းဘယ်လောက်သိလိုလဲ
နင်ဝင်မပါနဲ ဒါကငါအလုပ်ပါ"
"မပါလိုရမလား သက်မင်းရဲ့ညီမဆိုရင်
ငါတို့အားလုံးရဲ့ညီမဘဲဟာ ဝိုင်းပြီဂရုစိုက်
ရမှာပေါ့ အခုဟာက ဝန်းလေးကိုနင်ခိုင်း
တာ ဝန်းလေးမပြောနဲ နင်တောင်တစ်နာ
ရီခွဲနဲ စာရင်းဖိုင်အုပ်နှစ်ဆယ်စစ်လိုပြီသ
လား"
"ပိုးအိမ် နင်မြင်းကိုချိုးမတပ်ပေးနဲနော်
ယောက်တတ်ပြီ ထခွေလိမ့်မယ်"
"ဘာမှယောက်တတ်စရာမရှိဘူး သူ
နောက်ကျတာ ငါစကားရပ်ပြောနေလို့
ပြီတော့ စာရင်းဖိုင်က ငါးအုပ်လုပ်ဖို့မပြီ
ဘူး အချိန်မီပြေးလာခဲ့ရှာတာ ငါကတွေ့
လိုဘာဖြစ်လဲမေးတော့ မှ ဝန်းဖြေမှသိ
ရတာ နင်ဒီလောက်တော့ မခိုင်းသင့်ဘူး"
သူမကတော့ ပိုးအိမ်နောက်ကနေမျက်နှာ
ပြောင်စပ်စပ်ဖြင့် ပိုးအိမ်စကားကိုခေါင်း
တငြိမ့်ငြိမ့် ထောက်ခံနေတော့သည်။
သူက သူမကိုကြည့်ပြီ  သူမအပြစ်လွတ်
အောင် ပိုးအိမ်ကိုစစ်ကူး တောင်းလာပုံ
ရသဖြင့်
"ဝန်း လာခဲ့ဇမ်း ဒီကို"
သူမက
"မမ"
"မမလုပ်မနေနဲ လာဒီကို ငါ့ဒေါသကိုနင်
သိတယ်နော် ငါဒေါသမထွက်ချင်ဘူး
လာခဲ့"
ပိုးအိမ်က
"နင်ဘာလုပ်မလိုလဲ ကလေးကို"
သူမက မျက်နှငယ်လေးဖြင့် ပိုးအိမ်ကို
စောင့်ငဲစောင်ငဲ့နှင့် သူမျက်လေးငေါက်
စိုက်ဖြင့် စားပွဲရှေ့သို့ရပ်လိုက်သည်။သူက
"စာရင်းစာအုပ်ငါးအုပ်မပြီဘူးလား"
"ဟုတ်"
"နောက်ကျတာက ပိုးအိမ်နဲစကားပြောလို
လား"
ပိုးအိမ်က
"ဟုတ်တယ် ပိုးနဲစကားပြောနေလို"
"ပိုးအိမ် ငါပြောမယ် ဒီတစ်ခါတော့ထား
လိုက် နောက်တစ်ခေါက်နင်ဝင်မပါနဲ
ငါဒါက ငါအလုပ်ကိစ္စပါ ငါအလုပ်ကိုဝင်
ရှုပ်တာငါမကြိုက်ဘူး သူကိုငါအပြစ်ပေး
ချင်းပေးမယ် အလုပ်ခိုင်းချင်ခိုင်မယ် သူ
ကိုငါဆန္ဒ ငါသဘောအတိုင်းဘဲ သူနေရ
မယ် ငါမခိုင်းဘဲသူဘယ်သူခိုင်းတာမှ
မလုပ်ရဘူး ငါအပြစ်ပေးရင်လည် သူကို
ဘယ်သူကမှကူညီတာမကြိုက်ဘူး ဒီတစ်
ခါထားလိုက်တော့"
ပိုးအိမ်က သူစကားကြောင့်သူမ အံအား
သင့်သွားသည်။
"နင် ဘယ်လိုဖြစ်သွားတာလဲ"
"ငါမကြိုက်ဘူး အခုနင်မို့လို ငါဘာမှမပြော
တော့တာ တစ်ခြားလူဆို ငါမောင်းထုတ်
လိုက်ပြီ"
"ဘာ တော်ပြီ ငါပြန်တော့မယ် ဘာမှထပ်
မပြောတော့ဘူး"
"နင်ငါဆီလာတာမဟုတ်ဘူးလား"
"ဟုတ်တော့ဟုတ်တယ် ဒါပေ့မဲ့ အခုပြန်
ချင်သွားပြီ"
"သဘောဘဲဟာ"
"ဘာ သဘောဘဲဟုတ်လား ကောင်းပြီ
ဒါဆိုငါပြန်ပြီ"
သူကစိတ်တိုပြီ မျက်နှာလွဲလိုက်သည်
ပိုးအိမ်က စိတ်ဆိုးကာ အခန်းထဲမှာအပြင်
သို့ထွက်သွားလိုက်တော့သည် သူမက
တော့ သွားပြီ မပိုးအိမ်လည်ငါကိုမကယ်
နိုင်တော့ဘူး သူတောင်စိတ်ဆိုးပြီထွက်
သွားရပါလား ဘီလူးကိုနိုင်တဲ့လူမရှိတော့
ဘူးလား ဘုရားကယ်ပါ
"မျက်လုံးမှိတ်ပြီ ဘာရပ်နေတာလဲ"
မျက်လုံးလေးကိုအသာအယာဖွင့်လိုက်
ပြီ ပြုံးလိုက်ကာ
"သူဌေး ပြန်လိုရပြီလား"
"မင်းကိုဘယ်သူကပေးပြန်လိုလဲ မင်း
အပြစ် မင်းသိလား"
မျက်နှာကပြုံးရာနေမဲသွားကာ
"ဟုတ်"
"မျက်နှာကိုအမျိုးမျိုးလုပ်ပြမနေနဲ နောက်
တစ်ခါမှတ်ထား သူများက ကြားဝင်လာ
ပြီ ကူပြောပေးခိုင်းရင် ဒီထက်ပိုးဆိုးမယ်
ကြားလား"
"ဟုတ်"
"မပြီတဲ့ စာရင်းဖိုင်တွေယူသွား မနက်ကျ
ရင် အပြီတင် ဒီတစ်ခါဘဲရမယ် နင်ကြောင့် ပိုးအိမ်ပါ စိတ်ဆိုးသွားပြီ
ပေါကြောင်ကြောင်နဲမင်း"
"ဟုတ်"
"ဘာဟုတ်လဲ သွားတော့"
"ဟုတ်"
သူမ မပြီသေးသော စာရင်ဖိုင်ယူပြီ ထွက်
လာတော့သည်။ သူကဖုန်းကိုကောက်
ဆက်လိုက်သည်။
"ဟဲလို သက်မင်း "
"အေးပြော"
"ပိုးအိမ်အခုဘဲ ငါကိုစိတ်ဆိုးပြီထွက်သွား
တယ် မင်းလိုက်ချော့လိုက်အုံး"
"အေး အေး ငါတွေ့ပြီ သူလာနေတာ
ဘာဖြစ်ကြလိုလဲ"
"မင်းညီမကြောင့်လေ ထားလိုက်ပါကွာ
သူလည်ကလေးမဟုတ်တော့ဘူး နင်ဘဲ
အဆင်ပြေသလို ကြည့်ချောလိုက်တော့
ဒါဘဲဟာ ဖုန်းတစ်ခုဝင်နေလိုဖုန်းချလိုက်
တော့မယ်"
"အင်း"
သူကဖုန်းကိုချလိုက်ပြီ နောက်ဖုန်းဆက်
လာတဲဖုန်းကိုကိုင်လိုက်သည်။
"အဖေ ပြောပါ"
"မင်းဒီနေ့စောစောပြန်လား ငါဧည့်သည်
တွေဖိတ်ထားတယ် ငါးနာရီမထိုးခင်ပြန်
လာခဲ့ "
"အရေးကြီးလိုလား"
"အေး ဒါဘဲ"
ပြောပြီဖုန်းကကျသွားတော့သည်။ သူလည်သက်ပျင်းလေးချပြီ အလုပ်တွေ
ကိုလက်စသတ်တော့သည်။

အပိုင်း(10)ပြီး၏စာဖတ်သူများအားလေး
စားလျှက်
                              စာရေးသူ…လင်းသုခ

Post a Comment