အမျိုးသမီးများ အလှကြွယ်​ အလွယ်​လှ​စေဖို့ ​ဆေးနည်းတိုများ

အမျိုး သမီးများ အလှကြွယ် အလွယ်လှစေဖို့ ဆေးနည်းတိုများ
<<>><<>><<>><<>><>><<>><<>><<>>

၁။နနွင်းကို ပျားရည်နှင့် နယ်ပြီး လ္ဘက်စားဇွန်း တရက် တဇွန်း စားပါ။ကြာသော နနွင်း အဆီတက်နေသော နနွင်းကို
ဆေးမဖေါ်ပါနှင့် **နနွင်းအဆီသည် သားသမီးမြုံ စေသော အာနိသင်ရှိ၏။"ရေနှင့်ဖျော်ပြီးညအိပ်ခါနီးခေါင်းမှခြေဆုံးလိမ်းပါ။

၂။ရှင့်မတက်ဥ သတ္တု ရည်တွင် ပျားရည်ရော၍ ညစဉ် ပုံမှန် ဟင်းစားဇွန်း တဇွန်း သောက်ပေးပါ။ မိန်းမကိုယ်  ပူခြင်း မီးယပ်သွေးဆင်း  ညိုညစ်ခြင်း တို့ကိုပျောက်ကင်း၏။

၃။ကြိတ်မှန်ရွက် တစ်ကျပ်သား ကန့်ချုပ်နီ တစ်ကျပ်သား ငရုတ်ကောင်း တစ်ကျပ်သား အားလုံးရောကြိတ် သုံးလုံး လုံးပါ
တလုံးကို (၃ကြိမ် )မနက် နေ့ ည နေ့စဉ် ခွဲစားပါ။(မီးယပ်တလ နှစ်ကြိမ်သွေးဆင်း ရောဂါ ပျောက်ကင်း၏

၎။မီးယပ်ထိမ်သော် တမာခေါက် ၄ပဲ ထန်းလျက်ဟောင်း တစ်ကျပ် ၈ ပဲသားတွင် ရေ ၁၅ ကျပ်သားထည့်၍ ရေထက်ဝက်ကြွင်း ကျို ပြီးသောက်ပါ။ ထိမ်သမျှ ပြန်ပေါ်လာမည်

၅။ခံတက်ခေါက်မှုန့် ၂၅ ကျပ်သားကို ရေ တစ်ပိသာ ၅၀ ကျပ်သား ကို  ၅၀ ကျပ်သား ကျန်အောင်ကျိုပါ ။ ဆားမီးဖုတ် ၅ ကျပ်သားထည့် ပြီငရုတ်ကောင်းမှုန့် တမတ်သားထည်၍ ဆေးအားလုံးမျှတ အောင် ရောမွှေပါ။ ဟင်းစားဇွန်း တဇွန်ဖြင့်
မနက် အိပ်ယာထ တစ်ကြိမ်  ညအိပ်ယာဝင် တစ်ကြိမ် မှန်မှန်သောက်ပါ ရက်ကြာ မီယပ်သွေးချုပ်ရောဂါပျောက်ကင်း၏။

၆။ဖီးကြမ်း ငှက်ပျောမှဲ့ တစ်ဖီး အုန်စိမ်းတလုံး (ရှာစောင်းလက်ပပ်  မန်ကျည်းမှည့်  ထန်းလျက် ၂၀ ကျပ်သားစီ)
စမှုံမျိုးငါးပါး တစ်ကျပ်သားစီ ယင်းဆေးများ မတူးမချစ်အောင် ကျို ပါ။ဟင်းစားဇွန်း ဖြင့်  နံနက်  ည တဇွန်းစီ သောက်ပါ။
မီယပ်ကြောင့်ဖြစ်သော ဒူလာ အညောင်း အကိုက် ပျောက်ကင်း၏။

၇။ကျွန်း ခေါက်ကို ရေ တညလုံးစိမ် နံနက်ရောက်သော် သောက်
မီးယပ်ဖြူ ဆင်း ပျောက်၏။

၈။ဆီးဖြူ သီး အစေ့ ကို ရေနွေးနှင့် သွေးပါ ထိုသွေးပြီးသားရေ
ဟင်းစားဇွန်း တစ်ဇွန်းစာကို ပျားရည် သို့မဟုတ် သကြားခဲနှင့် ရောစပ်သောက်ပါ ။မီးယပ်ဖြူ  ဆင်းခြင်း ပျောက်ကင်း၏။

၉။မီးနေသည် လန့်လျှင် ဆီးယိုစားပါ ဆီးမြစ် သွေးသောက်ပါ။

Credit   ##ကျန်းမာရေးအတွက် မျှဝေသည် SYM


Post a Comment