ခေါတ်​အဆက်​ဆက်​အရက်​စက်​ဆုံး​သေဒဏ်​​ပေးနည်း၎မျိုး

ခေတ်အဆက်ဆက်က အရက်စက်ဆုံး သေဒဏ်ပေးနည်း (၄) မျိုး

အခုခေတ်မှာတော့ လူတွေကို ရက်ရက်စက်စက်သတ်ပြီး အပြစ်ပေးတာမျိုး မရှိတော့ပေမယ့် အရင်ခေတ်ကတော့ အပြစ်ရှိလို့ သေဒဏ်ပေးရင် အရက်စက်ဆုံး နည်းလမ်းတွေသုံးလေ့ရှိကြပါတယ်။

အောက်မှာတော့ ခေတ်အဆက်ဆက်အရက်စက်ဆုံး သေဒဏ်ပေးနည်းတွေကို အသုံးပြုခဲ့ကြပါတယ်။

(၁) လွှဖြင့်တိုက်ကာသတ်ခြင်း

ဒီသေဒဏ်ပေးနည်းမှာတော့ ရာဇဝတ်သားကို တိုင်မှာကပ်ပြီး ဇောက်ထိုးထားက ဂွကြားမှစပြီး လွှာနဲ့တိုက်ဖြတ်ကာ ဦးခေါင်းရောက်တဲ့အထိတိုက်ဖြတ်လေ့ရှိပါတယ်။ ဒီနည်းလမ်းကို အသုံးပြုတဲ့နေရာမှာ ပြစ်ဒဏ်ပေးသူတွေဟာ အမြန်လုပ်လေ့မရှိပဲ ရာဇဝတ်သားခံစားရအောင် ဖြေးဖြေးဖြတ်ကြတယ်လို့ဆိုပါတယ်။

လွှဟာဘယ်နေရာလောက်ရောက်တဲ့အထိ
လူဟာ အသက်ရှင်နေနိုင်သလဲဆိုတာတော့ တွေးကြည့်မိရုံနဲ့ အသည်းယားစရာပါ။

(၂) အသားကို တဖြေးဖြေးလှီးပြီးသတ်ခြင်း

ဒီနည်းလမ်းဟာ လူတစ်ယောက်ကို ဟိုနေရာလှီးလိုက်၊ ဒီနေရာလှီးလိုက်နဲ့ အချက်ပေါင်း ထောင်းနဲ့ချီပြီလှီးကာ ဖြည်းဖြည်း ချင်းသတ်တဲံနည်းဖြစ်ပါတယ်။ အေဒီ ၉၀၀လောက်က တရုတ်နိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ နည်းလမ်းဖြစ်ပြီး ၁၉၀၅ခုနှစ်မှာတော့ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

Lingchi လို့ အမည်ရတဲ့ ဒီနည်းလမ်းမှာ ရာဇဝတ်သားကို ကြိုးနဲ့ချည်ပြီး တစ်နေ့နည်းနည်း လှီးတာဖြစ်ပါတယ်။
သေအောင်လှီးခြင်းမဟုတ်ပဲနဲ့ တစ်ဖြည်းဖြည်း မသေနိုင်တဲ့နေရာတွေကနေ စလှီးကာ တစ်နေ့
နည်းနည်းစီ လှီးတာဖြစ်ပါတယ်။

(၃) အရေခွံစုတ်ခြင်း

ဒီနည်းလမ်းမှာတော့ ရာဇဝတ်သားကိုချုပ်ထားပြီး လူအများက အရေခွံကို ဝိုင်းစုတ်ခွာကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ
ထိုအရေခွံကို မြို့ရိုးပေါ်မှာ ချိတ်ထားတတ်ကြပါတယ်။ နောက်ထပ် ဒီလိုရာဇဝတ်မှုမျိုး မကျူးလွန်အောင် သတိပေးထားတာလည်းဖြစ်ပါတယ်။ တစ်ခါတစ်လေ မိဘဖြစ်သူရဲ့ရှေ့မှာ သားသမီးကိုအရေခွံစုတ်ပြကာ အပြစ်ပေးတာတွေလည်းရှိခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ရှေးရိုးကျလွန်းတဲ့နည်းလမ်းဖြစ်ပေမယ့် ၁၄ရာစုလောက်က တရုတ်ပြည်မှာ တစ်ကြိမ်ပြန်လည်
ပေါ်ပေါက်ခဲ့ပါသေးတယ်။ အမျိုးသမီးပေါင်း ၅၀၀၀ခန့်ဟာ ဒီနည်းလမ်းနဲ့ သေဒဏ်ပေးခံခဲ့ရတယ်လို့သိရပါတယ်။

(၄) အမြှောက်ထိပ်ဝတွင်တေ့ကာ ပစ်ခြင်း

ဒီနည်းလမ်းကို ၁၆ရာစုလောက်က ဥရောပမှာ အသုံးပြုခဲ့ကြါပတယ်။ ၁၈၅၇လောက်ကလည်း အိန္ဒိယမှာအသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒီနည်းလမ်းမှာတော့ ရာဇဝတ်သားကို အမြှောက်ထိမှာတေ့ကာ ပစ်သတ်ခြင်းဖြစ်ပါတယ်။

မှတ်တမ်းမှတ်ရာတွေအရတော့ အမြှောက်ပစ်ခံရတဲ့ ရာဇဝတ်သားဟာ ဦးခေါင်း၊ခြေထောက်၊လက် အစရှိသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တစ်စဆီဖြစ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။

Shwemom


Post a Comment