သင့်​လက်​ထဲက ဘဝတစ်​စုံ

သင့်လက်ထဲက ဘဝတစ်စုံ  💝💝

တကယ်လို့ ကလေးတစ်ယောက်ဟာ အပြစ်တင်မှုတွေကြားမှာကြီးပြင်းလာရတယ်ဆိုရင် ဒီကလေးဟာ ရှုတ်ချဖို့သင်ယူတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ပါလိမ့်မယ်။

တကယ်လို့ ကလေးဟာ ရန်လိုစိတ်တွေနဲ့ ကြီးပြင်းလာရတယ်ဆိုရင်တော့ သူဟာ တိုက်ခိုက်ဖို့အတွက်သင်ယူတဲ့ ကလေးတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
တကယ်လို့ ကလေးဟာ လှောင်ပြောင်သရော်မှုတွေနဲ့ ကြီးပြင်းလာရတယ်ဆိုရင်တော့ သူဟာ ရှက်ရွံ့တတ်တဲ့ကလေးတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

တကယ်လို့ ကလေးလေးဟာ ရှက်ရွံ့သိမ်ငယ်ရတဲ့အခိုက်အတန့်တွေနဲ့ ကြီးပြင်းလာခဲ့ရရင် ဒီကလေးဟာ မလုံမလဲစိတ်တွေနဲ့ မိမိကိုယ်ကိုယ် အပြစ်တင်တတ်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာပါလိမ့်မယ်။

ထုဆစ်တဲ့ သင့်ရဲ့လက်အစုံဟာ ကလေးတစ်ယောက်ဖြစ်တည်မှုအတွက် သိပ်ကိုအရေးကြီးပါတယ်။

သည်းခံတတ်ဖို့ သင်ပေးခံရတဲ့ကလေးဟာ စိတ်ရှည်တဲ့ကလေး တစ်ယောက်အဖြစ် ကြီးပြင်းလာလိမ့်မယ်။

လဲကျတိုင်းအားပေးခံရတဲ့ကလေးဟာ ယုံကြည်အပြည့်နဲ့ကလေးတစ်ယောက် အဖြစ် ကြီးပြင်းလာလိမ့်မယ်။

ချီးမွမ်းခံရတဲ့ကလေးဟာ အသိအမှတ်ပြုတတ်တဲ့ကလေးတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

အကျိုးသင့် အကြောင်းသင့် ပြောပြဆက်ခံခဲ့ရတဲ့ကလေးဟာ မျှမျှတတဆက်ဆံပြောဆိုတတ်တဲ့ ကလေးတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

လုံခြုံငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာရတဲ့ကလေးဟာ မေတ္တာ တရားနဲ့ငြိမ်းချမ်းရေးအကြောင်းကို သင်ယူခွင့်ရရှိလိမ့်မယ်။

ငယ်ငယ်ကတည်းက သဘောတူညီချက်တောင်းခံပြီး နေရာပေးခံရတဲ့ကလေးတွေဟာ သူ့ကိုယ်သူပြုပြင်ဖန်တီး တတ်တဲ့လူတစ်ယောက်အဖြစ် သင်ယူပါလိမ့်မယ်။

မိတ်ဆွေဖွဲ့ဖို့၊ ကြိုဆိုလက်ခံဖို့ သင်ကြားခြင်းခံရတဲ့ကလေးတွေဟာ ချစ်ခြင်းမေတ္တာတရားကို ရှာဖွေတတ်တဲ့ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာပါလိမ့်မယ်။

Dorothy Law Holte ၏ A life in your hands ကို ကိုးကားဖော်ပြပါသည်။

nayaung


Post a Comment