မိန်းမဆိုတာရစ်​လုံး​တွေပါကွာ

မိန်းမဆွာ ရစ်လုံးတွေပါဗျာ _____😂😂
______________________________

ညတစ်ညတွင် လင်မယားနှစ်ယောက် အိပ်နေသည်...

ထိုစဉ် ဖုန်းဝင်လာသည်....ကလင်....ကလင်....📞📞📞

ယောက်ျား - Hello....တီတီတီနဲ့....ဖုန်းကျသွားသည်

မိန်းမ - ဘယ်သူလဲ.. 😒😒😒

ယောက်ျား - မသိဘူး....ဘာမှမပြောပဲ ချသွားတာ 😴😴😴

မိန်းမ - ဘာလို့ ဖုန်းချသွားတာလဲ...😒😒😒

ယောက်ျား - ဖုန်းမှားလို့ ဖြစ်မယ်...😯😯

မိန်းမ - ဘယ်သူက ညနက်ကြီး ဖုန်းမှားခေါ်မလဲ...

ယောက်ျား - ညဘက် ဘယ်ချိန်မဆို ဖုန်းမှားခေါ်တတ်ပါတယ်ကွာ....😖😖😖

မိန်းမ - ဘာလို့ ဒီနံပတ်ကို ရွေးရတာလဲ...သူက😕😕😕

ယောက်ျား - သူဒီနံပတ်ကို ရွေးခေါ်တာလို့ မထင်ဖူး....မှားနှိပ်တာဖြစ်မယ်😷😷

မိန်းမ - ဒါ...သူအချက်ပြတာလား...😏😏

ယောက်ျား - ဘာက...အချက်ပြတာလဲ

မိန်းမ - ရှင့်ကိုခေါ်တဲ့ ရှင့်သူငယ်ချင်း

ယောက်ျား - သူက ငါ့သူငယ်ချင်းမဟုတ်ဖူးဟ

မိန်းမ - သူက မဟုတ်ဖူးလား...ရှင်ပြောတော့ ဘာမှမပြောပဲ ချသွားတာဆို

ယောက်ျား - အင်းလေ..😷😷😷

မိန်းမ - ယောက်ျားလေးဆိုတာ ဘယ်လိုသိလဲ

ယောက်ျား - ငါမသိဘူးလေ...

မိန်းမ - ရှင်ပြောတာ " သူကငါ့သူငယ်ချင်း မဟုတ်ဖူး " လို့ပြောတယ်လေ

ယောက်ျား - ငါကရည်ညွန်းပြီးတော့ ပြောလိုက်တာပါ....တကယ်ဆို ဘယ်သူပဲဖြစ်ဖြစ်လို့ ပြောသင့်တာ

မိန်းမ - ဘာလို့မပြောတာလဲ ရှင်ကဒါဆို...

ယောက်ျား - မသိဖူး...ငါပြောခဲ့ရင်ကောင်းမှာ..

မိန်းမ - ဒါရှင့်ရဲ့ အကြံထဲက တစ်ခုလား....😕😕😕

ယောက်ျား - ဘာအကြံတုံး?

မိန်းမ - ငါ့ကို စိတ်ရှုပ်ထွေးအောင် လုပ်တဲ့အကြံလေ

ယောက်ျား - ငါ..မင်းကို ဘယ်လိုရှုပ်ထွေးစေတာလဲဟ..

မိန်းမ - ရှင်းပါတယ် ရှင်က သူ (ယောက်ျားလေး) လို့ပြောတယ် တကယ်တော့ မိန်းကလေးကြီး ဒါမဲ့ ရှင်က ဘယ်သူပဲဖစ်ဖစ်ဆိုပြီး ကျမခေါင်းရှုတ်အောင်လုပ်တာ

ယောက်ျား - ငါတောင်ခေါင်းပိုရှုပ်လာပြီ ဘယ်ကမိန်းကလေးတုံး

မိန်းမ - ရှင့်သူငယ်ချင်းလေ

ယောက်ျား - ဘယ်မိန်းကလေးမှ မဟုတ်ဖူး ဖုန်းမှားခေါ်တာ ဒါပဲ

မိန်းမ - အဲ့...ကောင်မက လှလား😕😕😕

ယောက်ျား - ဘယ်သူတုံး

မိန်းမ - ရှင့်ရည်းစားလေ😡😡😡

ယောက်ျား - ဘယ်မိန်းမမှ မဟုတ်ဖူး ဖုန်းမှားခေါ်တာ ဒါပဲကွာလို့ ပြောပြီး တံခါးထပိတ်လိုက်သည်

မိန်းမ - အဲ့ တံခါးပိတ်တာကလဲ အချက်ပြတာပဲလား

ယောက်ျား - ဘာကလဲ

မိန်းမ - တံခါးပိတ်တာ ပြောတာလေ

ယောက်ျား - ငါအေးလို့် ပိတ်လိုက်တာပါကွာ

မိန်းမ - ဖုန်းအချက်ပြတာ မရခင်က ဘာလို့မအေးတာလဲ...ဘာလို့ မပိတ်တာလဲ 😬😬😬

ယောက်ျား - ဒီအချက်ပြတာ မရခင်က ငါမှမအေးတာ

မိန်းမ - အဲ့ဒါ အချက်ပြတာပဲ

ယောက်ျား - ပိတ်နေတဲ့ မီးဖွင့်ပြီး ဘယ်မိန်းမမှမဟုတ်ဖူး...ဖုန်းမှားဝင်တာ...ငါအေးလာပြီ ဒါပဲ

မိန်းမ - သူမြင်တာ သေချာလား

ယောက်ျား - ဘာကိုလဲ

မိန်းမ - ရှင် မီးပိတ်လိုက်ဖွင့်လိုက် လုပ်တာလေ

ယောက်ျား - ဘယ်သူလဲဟ

မိန်းမ - ရှင့်ကောင်မလေးလေ

ယောက်ျား - မိန်းမ...အိပ်ပါတော့ကွာ မနက် ၂နာရီခွဲနေပြီ

မိန်းမ - ၂နာရီခွဲမှန်း ဘယ်လိုသိတာလဲ

ယောက်ျား - နာရီပြောတာလေ

မိန်းမ - ဒါမှမဟုတ် ရှင့်ကောင်မလေးလေ ၂နာရီခွဲခေါ်မယ်ပြောလို့လား

ယောက်ျား - ဘယ်သူလဲ

မိန်းမ - အပြင်မှာစောင့်နေတဲ့ ရှင့်ကောင်မလေးလေ
ရှင်အချက်ပြ တံခါးပိတ် မီးဖွင့်တာကို မြင်တဲ့ အပြင်ကကောင်မလေးလေ 😬😬😬

ထိုစဉ်မီးပြန်ဖွင့်ပြီး

ယောက်ျား - တွေ့လား ဘယ်ဖုန်းမှမဟုတ်ဖူး အပြင်မှာလဲ ဘယ်သူမှမရှိဖူး မင်းကဘာလို့ ငါတစ်ခြား မိန်းကလေးတွေ ပတ်သက်တယ်လို့် ထင်နေတာလဲ😥😥😡

မိန်းမ - အင်းပါ ကျမ မနာလိုနေတာ ဖြစ်မှာပါ အိပ်တော့နော် အရမ်းချစ်တယ် ဆောရီးနော်😘😘😘

ယောက်ျား - ကိုယ်လဲချစ်ပါတယ်ကွာ😍😍😍

ဘာရယ်မဟုတ်ဖူး သဘောကျလို့်ပါ မိန်းမဆိုတာ ချစ်ရင် သ၀န်တိုစရာမရှိ ရှာကြံသ၀န်တိုတာမျိုးလေ

😂😂😂

#dialog_from_eng_movie


Post a Comment