သံသယသား​ကောင်​ စဆုံး
သံသယ သားကောင် {စ/ဆုံး}
👹👹👹👹👹👹👹👹👹👹
"" အား""
လည်ပင်းကို လာညှစ်သော အေးစက်စက်လက်ကြီး
ကြောင့် အသက်ရူကျပ်ကာ ဘချစ်အသံနက်ကြီးဖြင့် အော်
လိုက်၏။ တစ်ယောက်တည်းသမားမို့  အိပ်ယာအထတွင် 
ကျီးကန်းတောင်မှောက်ကြည့်၍ လူက ပိုပိုထိတ်လန့်
လာသည်၊၊ ဒီရက်ပိုင်းအတွင်း ကံဆိုးနေပါလား။
အိမ်ရှေ့မှာ လူသံတွေဆူလာသဖြင့် ဘချစ်အားတက်ကာ
အိမ်ရှေ့လှေကားပုသို့ အပြေးခုန်ဆင်းလိုက်သည်၊၊
"" ဘာကိစ္စရှိလို့လဲ သူကြီး""
"" မင်းကို လာသတိပေးတာ လူသတ်မူနဲ့မင်းကို
မသင်္ကာဖြစ်ရတဲ့အထဲ သူများအိပ်ချိန်ဘာလို့ 
အော်ဟစ်နေရတာလဲ။ မင်းကြောင့် အိပ်ရေးပျက်တယ်""
"" မကောင်းဆိုးဝါး လည်ပင်းညှစ်သလိုဖြစ်ပြီး
လန့်အော်မိတာပါ။ တောင်းပန်ပါတယ်ဗျာ""
"" ဒါပဲလေ သူကိုအောင်ခင်သရဲအနေနဲ့ပြန်ကလဲ့စား
ချေတာနေမယ်။ ဟေ့ကောင် မင်းအောင်ခင်ကိုသတ်တာ
ဝန်ခံလိုက်တော့ တောက်  သရဲဘောကြောင်တဲ့ကောင်""
"" သူခိုးက လူပြန်မဟစ်နဲ့ မင်းတို့က ငါရန်လိုတာ""
"" တိတ်ကြစမ်း ငါရှေ့မှာ ခွေးလိုကိုက်မနေနဲ့ 
ငထွန်းမင်းကလည်း သက်သေမရှိပဲ မစွပ်စွဲနဲ့""
"" ဟုတ်  သူကြီး""
"" ပြီးတော့ ဘချစ် သက်သေမရှိပေမယ့် အလောင်းက
မင်း အိမ်ဝန်းအပြင်ဘက် တွေ့တာဆိုတော့  မင်းက
သံသယ အရှိဆုံးလူပဲ။ ဒါကြောင့်အနေအထိုင်ဆင်ခြင်ပါ""
"" ဟုတ်ကဲ့ပါ  သူကြီး""
"" ကဲ သွားကြမယ်""
သူကြီးနှင့်ရွာသားများ ဘချစ်အိမ်ရှေ့ကနေ ထွက်ခွာသွား
ကြသည်၊၊ ဒီလိုဖြစ်ရပ်မျိုးဖြစ်မယ့်လို ယောင်လိုတောင် 
မတွေးမိခဲ့၊၊ သေသွားတဲ့အောင်ခင်ဆိုတာက သူချစ်သူ
စံပယ်ကို မရရတဲ့နည်းနဲ့သိမ်းပိုက်ချင်နေသူ၊၊ စံပယ်မိဘ
များက မိဘမရှိပေမယ့် ရိုးသားကြိုးစားသော ဘချစ်ကို
သမီးဖြစ်သူနဲ့သဘောတူကြသည်၊၊ ဒါကြောင့် ဘချစ်ကို
အသက်ရန်ရှာဖို့အထိ အောင်ခင်ကြိမ်းဝါးခဲ့သည်၊၊
သူကိုဓားကြိမ်းကြိမ်းသော အောင်ခင်မှာ ဘချစ်အိမ်ရှေ့
တွင် ဝမ်းဗိုက်ဓားထိုးလျက် မရူမလှသေဆုံးသွားသည်၊၊
ဒီလူသတ်မူတွင် ဘချစ်ကမသင်္ကာစရာလူများထဲတွင်
ထိပ်ဆုံးကပါနေခဲ့သည်၊၊ စံပယ်မိဘများကလည်း
သူလိုအရင်လို မကြည်ဖြူ ကြတော့ပေ၊၊
°      °     °     °      °     °     °      °     °     °     °
``ဟင်း  ငါကိုလာခြောက်တာ အောင်ခင်လား။့
ဒါ‌ပေမယ့်‌ ငါစိတ်ထဲမှာ သူမဟုတ်သလို ခံစားနေရတယ်။
အင်းဘာပဲဖြစ်ဖြစ် သိမ်ဝင်ပုတီးလေးဆွဲအိပ်မယ်´´
သိမ်ဝင်ပုတီးလည်ပင်းဆွဲ၍ ဘချစ်ကောင်းမွန်စွာ
ပြန်လည်အိပ်ပျော်သွားလေသည်‌၊၊ မနက်မိုးလင်း
ပြီထင်ပ၊၊ ဘချစ်အိပ်ချင်မူးတူးနှင့်အိမ်အပြင်က ချစ်သူ
အသံလေးကြောင့် ကပျာကယာအိပ်ယာကထလာသည်၊၊
"" စံပယ် ‌ခေါ်နေတာကြာပြီလား""
"" တကတည်း အိမ်ကအဖေနဲ့အမေကမကြည်ဖြူ တဲ့
ကြားက သူဖို့ဟင်းလာပို့တာ သူက အိပ်ပုပ်ကြီးတာ""
"" ညက အကို အိပ်ရေးပျက်သွားတာကြောင့် မထနိုင်ဘူး
ဖြစ်သွားတာ။ ခုတလော အဆင်မပြေမူတွေ များတာနဲ့
ဟင်းကိုမချက်ဖြစ်ဘူး၊ စံပယ်လာပို့ပေးလို့သာ""
"" ကဲပါအကိုရယ် တရားကိုနတ်စောင့်ပါတယ်။
စံပယ် ပြန်တော့မယ်နော်""
မြင်ကွင်းထဲကနေ စံပယ်ပျောက်ကွယ်သွားတဲ့အထိ
ငေးကြည့်ရင်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်၊၊
အမြန်ဆုံး အောင်ခင်ကိုသတ်သော တရားခံကို မိပါစေ၊၊
ခုချိန်မှာ သူအလိုချင်ဆုံး ဆုကဒါပဲမလား၊၊ မနက်စာ
စားဖို့  ထမင်းချက်ကာ စံပယ်လာပို့သောဟင်းဖြင့်အမြန်
စားလိုက်သည်၊၊ လယ်ထဲသွားဖို့ နောက်ကျနေပြီလေ၊၊
°      °     °     °      °     °     °      °     °     °     °
#လမိုက်ည သန်းခေါင်ယံအချိန် 
``မင်းအောင်ခင်ကို သတ်တယ်ဆိုတာ
ငါရအောင်ဖော်ပြမယ် ဘချစ်´´
ငထွန်းအနေဖြင့် ဘချစ်ကိုမကျေနပ်တာလည်း မလွန်ပါ၊၊
အောင်ခင်မကောင်းပေမယ့် သူအချစ်ရဆုံး သူငယ်ချင်းပင်။
တစ်ခြားလူအပေါ်မှာ အောင်ခင်မကောင်းသော်လည်း
ငထွန်းအပေါ်တွင် အရမ်းခင်တွယ်လေသည်၊၊ ငထွန်း
အမေ၏ ကျန်းမာရေးအတွက်လည်း အောင်ခင်က ငွေများ
ထုတ်ပေးလေ့ရှိသည်၊၊ အောင်ခင်သေဆုံးသောအခါ 
ဘချစ်သတ်တာလို့ပင် သံသယရှိမိသောကြောင့် ပြန်၍
သတ်ချင်မိသည်‌၊၊ ယခုတော့ အခွင့်အရေးပေးခဲ့ပြီ၊၊
`` ဘချစ် မင်းသေဖို့သာ ပြင်ထားတော့´´
"" ဟင်း ""
"" ဟင်""
သူနောက်ပါးတွင် ညည်းသံလိုလိုကြားလိုက်သဖြင့်  ငထွန်း
နောက်ကို ဆက်ကတည်း လှည့်ကြည့်လိုက်သည်၊၊အမှောင်
ထဲတွင် အရာရာဟာ တိတ်ဆိတ်နေသည်၊၊ ဘချစ်တို့  အိမ်
ဝန်းထဲရောက်ကတည်းက စိတ်ထဲတွင် ထိုင်းမှိုင်း
လာသည်။ တစ်ချက်တစ်ချက်အိမ်ထဲက ဘချစ်ဟောက်သံကြားရသည်‌။
"" အား   ဘယ်သူလဲ လွှတ် လွှတ်""
သွေးညှီနံ့များ မွှန်ထူလာပြီး နောက်ကနေ ဖမ်းချူ  ပ်ခံလိုက်
ရသဖြင့် ငထွန်းကြောက်လန့်သွားသည်၊၊ အဘယ်ကြောင့်
ဆိုသော သူကိုဖမ်းချူ ပ်သူသည် လူမဟုတ်သော်ကြောင့်၊
ငထွန်းမှာ မြေပြင်တွင် ကန်ပေါက်ခံလိုက်ရသည်၊၊မြေပြင် 
ပေါ်မှာ ပစ်လဲကျသွားပြီး ကန်ပေါက်သူကို  အနီးကပ်
သေချာမြင်လိုက်မှ အံ့သြသွားသည်၊၊
""'ဘီ  ဘီလူးကြီး""
သူကိုဘီလူးကြီးက ထပ်မံအန္တရာယ်ပြုမလို့ရှိသေး၊ အပုပ်
နံ့များ မွှန်ထူလာပြီး သူတို့ကြားထဲတွင် အောင်ခင်သရဲ
ရောက်လာခဲ့သည်၊၊ 
"" အောင်ခင် သူငယ်ချင်း""
"" ငါအိမ်စောင့်နတ်ကို ခွင့်တောင်းလာတာ၊ ဒီဘီလူး
အိမ်ဝင်းအပြင် ကိုင်ပေါက်တာကြောင့် ငါဝမ်းဗိုက်ကို
လက်‌ကဓားနဲ့ထိုးမိပြီး သေဆုံးခဲ့ရတာ၊၊ ငါဘချစ်ကို ဓားနဲ့
ထိုးသတ်မယ်အကြံကြောင့် အကုသိုလ်အကျိုးပေးတာ
သူငယ်‌ချင်း ငါသေတာ ဘချစ်နဲ့မဆိုင်ဘူး သူကိုသွားနှိုး""
"" ‌အေး ‌အေးပါ ဟာ ဘီလူး မင်း ကို ""
"" ‌သေစမ်း ဘီလူးစုတ်‌""
ဘီလူးနဲ့အောင်ခင်တို့  အပြန်အလှန် သတ်ပုတ်နေကြသည်‌။
အောင်ခင်မှာ သရဲဘဝမှာတောင် ဘီလူးနှိပ်စက်ခံနေရ၏၊၊
ဘီလူးကို အောင်ခင်သရဲနိုင်ပုံမရသဖြင့် အိမ်ခန်းထဲဝင်
ပြေးကာဘချစ်ကို လှုပ်နိုးလိုက်သည်၊၊
"" ဟေ့ကောင် ဘချစ်ထစမ်း""
"" ဟာ မင်းအခန်းထဲဘယ်လိုရောက်လာတာလဲ""
"" မင်းမွေးထားတဲ့ ဘီလူးနဲ့အောင်ခင်နဲ့ ချနေကြတယ်။
မင်းဘီလူးမွေးပြီး အောင်ခင်ကိုသတ်ခဲ့တာကွ""
"" ငါမသတ်ဘူး။ ဘီလူးလည်းမမွေးဘူး။
မင်းရှေ့က ဖယ်စမ်းကွာ""
ဘချစ်အိမ်ရှေ့ပြေးထွက်လာသည်၊၊ အိမ်ဝန်းထဲတွင် 
သတ်ပုတ်နေကြသော ဘီလူးနှင့်သရဲအောင်ခင်ကို
ကြည့်ပြီး ကြောက်လန့်တကြား တရွာလုံးကြားအောင်
အော်လိုက်လေသည်၊၊ ရွာထဲကလူများ ဘချစ်အိမ်ဝန်းထဲ
ပြေးလာကြသည်၊၊
°      °     °     °      °     °     °      °     °     °     °
"" ဟေး  ဘာဖြစ်ကြတာလဲ ""
လူတွေ အသံကြားသောအခါ သရဲအောင်ခင်ရော ဘီလူး
ကြီးပါ ပျောက်ကွယ်သွားကြသည်၊၊ သူကြီး၏ လေသံ 
မာမာကြောင့် ဘချစ်နှင့်ငထွန်းမျက်နှာငယ်လေးဖြင့် 
အကြောင်းစုံရှင်းပြနေကြသည်၊၊
"" ဘာဘဲပြောပြောသူကြီး  ဒီကောင်‌သူကိုယ်‌တိုင်‌
‌အောင်‌ခင်‌ကို မသတ်ပေမယ့်  သူမွေးထားတဲ့
ဘီလူး‌ကြောင့်‌ ‌သေရတာ""
"" ကျွန်တော် ဘီလူး မမွေးပါဘူး သူကြီး""
"" ကဲ တိတ်ကြစမ်း""
""ဘမောင် ဝင်ပြောလို့ရမလား
ဘချစ်ကိုမေးစရာရှိလို့ ""
"" ရပါတယ်ဗျာ ကဲ ဘချစ် ဘမောင်မေးတာဖြေလိုက်""
"" အင်း  မင်း အသားဟင်း နေ့တိုင်းချက်စားဖြစ်လား""
"" စားဖြစ်ပါတယ်  ဘမောင်""
"" အသားဟင်းတွေကို ဆေးကြောတဲ့နေရာလိုက်ပြစမ်း""
ဘချစ်သူအသားများ ဆေးရာနေရာသို့ ခေါ်လာခဲ့သည်၊၊ 
လူတိုင်းမျက်နှာတွင်  တရားခံက ဘာမှန်းမသိသေး
သောကြောင့် ထိန်လန့်ကြောက်ရွံ့နေပုံရသည်၊၊
"" ဟော  တရားခံက အဲ့အပင်ပဲ""
"" ဟာ အဘကလည်း ဒါတောထဲက ကျွန်တော်
သဘောကျလို့ ယူလာတဲ့အပင်ပါ။
မင်းသားကြီး ဂမုန်းနဲ့တောင်တူသေး""
"" ဒါဂမုန်းပဲလေဘချစ် ဒါပေမယ့် နန်းထိုင် ဘီလူးဂမုန်း""
"" ကျွန်တော်တို့ အားလုံးနားမလည်ဘူး။ ဒါကြောင့်
ဘမောင်က ရှင်းပြပေးပါ""
""'ကောင်းပြီ သူကြီး   ဒီ နန်းထိုင်ဘီလူးက သွေးလောင်း
လေ ပိုကြီးထွားလာလေပဲ။ ခုဘချစ်က အသားဆေး
ပြီးသား‌ရေတွေကို အမှတ်တမဲ့ အပေါက်ကနေ ပတ်လိုက်
တာ သူကိုမွေးထားသလိုဖြစ်ရောကွယ်။ ခုကြည့်  
ဘချစ်အိမ်ခိုးဝင်လာတဲ့  အောင်ခင်ကို ဒီဘီလူး
သတ်လိုက်တာဖြစ်မယ်""
"" ဟုတ်ပါတယ် ဘမောင်""
ငထွန်း သရဲအောင်ခင် ပြောသမျှကို ပြန်လည်ပြောပြ
လိုက်သည်၊၊ လူအများနဲ့မို့ အန္တရာယ်မရှိနိုင်သော်လည်း
"" ဒါဆို ကျွန်တော်သာ သွေးမလောင်းခဲ့ရင် 
အောင်ခင်မသေနိုင်ဘူးပေါ့။ ကျွန်တော် အမှားပါ""
"" အောင်ခင် အကုသိုလ်စိတ်က သူသတ်လိုက်တာ
ဘချစ် အမှားမဟုတ်ပါဘူး။  ပြီးတော့ ဒီဂမုန်းက
သွေးမလောင်းလည်း    ခုမကြာခင်ပွင့်တော့မယ်
ပန်းနှစ်ပွင့်သာ ပွင့်ခဲ့ရင် စိုက်တဲ့သူအလိုလိုသေမှာ""
"" ဗျာ   ဒါဆိုဟိုတလောက ကျွန်တော်လည်ပင်း
လာညှစ်တာလည်း ဒီဘီလူးဖြစ်မယ်။ ဘာလို့ဆို
ကျွန်တော်ဟင်းမချက်တော့ သူလည်း သွေး
မသောက်ရတော့ဘူးလေ""
"" မှန်တာပေါ့  ဘချစ်ကံမြင့်လို့ သေကံမရောက်တာ
ကဲ ဒီအပင်ကိုနှုတ်လိုက်ကြ အထဲက ဘီလူးမျက်နှာနဲ့
ဥကိုထုချေပြီးမှ ခပ်ဝေးဝေးကိုလွှတ်ပစ်‌။ ‌နောက်‌ဆို
မစူးစမ်းနားမလည်‌ပဲ ‌တောထဲက အပင်‌‌တွေ ‌လျှောက်‌
ယူမလာကြနဲ့ သတိထားကြ""
"" ဟုတ်‌ကဲ့ပါ ဘ‌မောင်‌""
ဘချစ်နဲ့ငထွန်းတို့ ဘီလူးမျက်နှာနဲ့ဥကို အပြိုင်အဆိုင်
ထုချေကြသည်၊၊ ခုဆို သူတို့နှစ်ဦး နားလည်မူရသွား
ကြပြီ၊၊ ဒီဖြစ်ရပ်များကို အောင်ခင်သရဲမှာ  တစ်နေရာ
ကနေ ပြုံးရွှင်စွာကြည့်နေသည်၊၊ သူအသက်ကို ယူသွား
တဲ့ ဘီလူးကြီး ပျက်စီးသွားပြီလေ၊၊ မကြာခင်မှာ သူလည်း
တခြားဘဝသို့ ကူးပြောင်းရတော့မည်၊၊
``အချစ်စိတ်ကြောင့် မလုပ်သင့်တာလုပ်ခဲ့တဲ့
ငါကိုခွင့်လွှတ်ကြပါ  ဘချစ်နဲ့စံပယ်´´
သံသယ သားကောင်အဖြစ်ကနေ လွတ်မြောက်သွားလို့ 
ဘချစ်မှာ အချိန်များမဆွဲတော့ပဲ ချစ်ရသူစံပယ်နဲ့ တစ်ရွာ
လုံးမီးခိုးတိတ်ကျွေး၍ ပျော်ရွှင်စွာ လက်ထပ်ခဲ့ကြသည်၊၊
အမေအိုကြီးဆုံးသွားတာဖြင့် ငထွန်းမှာတော့  ဘဝနေ
ဝင်ချိန်ထိ တရားများအားထုတ်ဖို့ ဦးဇင်းဝတ်သွားခဲ့သည်၊၊
               (ပြီးပါပြီ)
စာဖတ်‌သူများကို လေးစားကျေးဇူးတင်လျက်,
# Written by,👻 ဇူးဇူးငယ် (ဇင်ငြိမ်းမွန်)
ကျွန်‌‌တော်‌က တွတ်‌ပီကာတွန်းမှန်‌သမျှ ဖတ်‌‌လေ့ရှိသည်‌။
တစ်ရက် တွတ်ပီကာတွန်းထဲက နန်းထိုင်ဘီလူးဂမုန်း
အကြောင်းဖတ်လိုက်ရတယ်... ငါဒီဂမုန်းနဲ့ပတ်သတ်
ပြီး ဇာတ်လမ်းရေးရင်ကောင်းမလားဆိုပြီး တွေးမိတာနဲ့ 
ကြိုးစားရေးသား ပေးလိုက်ပါတယ်ရှင်။
Post a Comment