**စည်တော်သံကဗျာရေးနည်း**
လေးဆစ်အတိုင်း
၁။ အချိုးလေးချိုး (အချိုး၃ချိုးလည်းစပ်ဆိုနိုင်)
၂။ ပထမအချိုး
၂ပါဒစီ စပ်ဖွဲ့လေ့ရှိပြီး စာလုံး ၃လုံးပါ ပါဒဝက် ၂ခါစီယူ
(လေးဆစ်မှာ ပါဒဝက်သာ အထားများ)
ပထမအချိုး လဟု သံ ဒုတိယပါဒဝက်မှာယူရန်- တေး
သွားအရ ပါဒလင်္ကာရထည့်ရန် ။(လေးဆစ်မှာမထည့်
လို့ရပါတယ်။)
ဒုတိယပါဒရဲ့ရှေ့ပါဒမှာပိုဒ်တွင်းကာရန် (ပါဒလင်္ကာရ
ထည့်ပါက အသံလှ) ။နောက်ပါဒဝက် အချကို
လေးဆစ်လို ဂရု သံနဲ့ ချရန်
၃။ ဒုတိယအချိုး
၂ပါဒစီ ပါရပြီးပထမပါဒကို စာ ၃လုံးစီနဲ့ ပါဒဝက် ၂ခါ။
နောက်ပါဒဝက်ကို လဟု သံ နဲ့ ပဓာနကာရန်ယူပါ။
ပါဒလင်္ကာရ ထည့်ရပါမယ်။
ဒုတိယပါဒမှာပိုဒ်တွင်းကာရန် ဆက်ယူကာနောက်ဆုံး
အချ ကိုလည်း လေးဆစ်အတိုင်း ပထမအချိုးအချလို
ကာရန်တူ ဂရုသံ နဲ့ချရန်။
၎။ တတိယအချိုး ၂ပါဒ
လေးဆစ်ပုံစံပ/ဒုချိုးအချအတိုင်းနောက်ဆုံးစာလုံးကို
ခွာထောက်ကာရန်ပြန်ယူရန်။
ဒုတိယပါဒဟာ ပါဒဝက် ၂ခုရှိပြီး ရှေ့ပါဒဝက်ကို ပိုဒ်
တွင်းကာရန် ၊ နောက်ပါဒဝက်အချကို လေးဆစ် အ
တိုင်း လဟု ကာရန် (အောက်မြစ်/ဝစ္စံပေါက်အသံ)
စာ၅လုံးခန့်ထားပါရန်။
၅။ (၃ချိုးထဲဆိုရင်တော့ တတိယအချိုးကတ/စ ပေါင်း
ထားလို့ ၄ပါဒ ရှိပါမယ်။)
၆။ စတုထ္တအချိုး
အများအားဖြင့် ပါဒ၂ကြောင်း။ ထို့ ထက်လည်းပိုနိုင်။
ပထမပါဒမှာ ပါဒဝက်၂ခုရှိပြီး စာ ၃လုံးစီ၊ နောက်ပါဒ
ဝက်မှာ လဟုသံယူ၊ ပါဒလင်္ကာရထည့်ရန်
ဒုတိယပါဒဟာ လေးဆစ်လိုပဲ စာ၎ လုံးသာ ရှိရပြီး
ပိုက်တွင်းကာရန် ဆက်ယူကာ နောက်ဆုံးစာလုံးကို
တအချိုးအချအတိုင်း ကာရန်တူ ချပါ။
၇။ အချိုး၎ချိုးလုံးကိုမှ တစ်ပိုဒ်ပါ ။ တစ်ပုဒ်မှာ ၃ပိုဒ်နဲ့
အထက်စပ်ဖွဲ့နိုင်။
၇။ စတုတ္တအချိုးမှာပါဒ၃ကြောင်းထားမယ်ဆိုရင် ဒုတိယ
ပါဒ ပိုက်တွင်းကာရန်ကို (တိုင်သံ) ၁၀ ပါးထဲကထား
ရင်အသံပိုသာပါတယ် နဲ့ တသ်ပိုဒ်နဲ့တစ်ပိုဒ် ပိုဒ်
ဆက်ကာရန်ယုဘို့ လို့စည်တော်သံကဗျာရဲ့ပထမ
ဆုံး ဆရာ ဆရာနေဘုန်းမိုရ်က လမ်းပြပေးထား ပါ
တယ်။ ဒုတိလမ်းပြပေးသူက ဆရာကိုကြီး - ဆောင်း
နှင်းဆီနဲ့ နမူနာလေ့လာတာက လယ်တီဦးမောင်ကြီး
ကဗျာများပါ။
စတုတ္တအချိုး ၃ပါဒ ပါ။
**ဘုရားစုံစုံဖူးစို့နော်**
စည်တော်သံ
*ရောင်အဝါ ဖြာကျလင်း ပါလို့
ရာဇမင်း ရယ်တဲ့ နေပြည်{တော်}။
ဥပ္ပါတသန္တိ စေတီ(ထူး) မယ်
ကွန့်(မြူး)ပူ{ဇော်}။
ရွှေတိဂုံရည်{ရော်}
ဖူး{မြော်} မယ်တည်ထား။
အလောင်းတော် ရွှေဟ(င်္သာ) တဲ့
ခြွေရံ(ကာ) လေးပါးနတ်* ရယ်က
သပ္ပာယ်ပုံ[များ]။
*ဗုဒ္ဓမွေသရီ ပနံ[ထား] တာက
သဏ္ဌာန်လား ရယ်တဲ့ သကျရံ{သီ}။
ကဿပဗုဒ္ဓ ပုံတော်ပွား ရယ်
ပြုံးထားပုံ{တည်} ။
ရတနာစိန်{စီ}
သဒ္ဓါ{ညီ} မော်ကွန်း။
စကျင်ကျောက် ဆင်းတုတော် ကယ်
ထွင်းထုသော် ဆောင်နိမိတ်* ရယ်လို့
အောင်ဘိသိတ်[သွန်း]။
*သမိုင်းဝင် အောင်မြင်[ကျွန်း] ဟာမို့
နောင်ပြင်ထွန်း ရယ်တဲ့ ရှေးစေ{တီ}။
ဓိဌာန်ပြု အောင်ပွဲဆက် ကယ်
ရွှေလက်လှ{မည်} ။
ဗျာဒိတ်တော်{ရည်}
ဌာပနာ{တည်} ဓာတ်တော်မြူး။
ဆန္ဒပြည့် ကြံဆောင်ချင် ပါလို့
ရန်အောင်မြင် ရွှေလက်လှ* ရယ်က
ဖူးရခွင့်ထူး။ ။
စမ်းစမ်း(မနောမြေ)
{ } ပဓာနကာရန်နှင့်ခွာထောက်ကာရန်
[ ] ပိုဒ်ဆက်ကာရန်
* လဟုသံ ဖြစ်နိုင်လျှင်တိုင်သံ ၁၀ ပါးမှသုံးရန်
**လမြတ်ကဆုန်**
* လေအလာ ယိမ်းနွဲ့မြူး ပါလို့
စိမ်းလဲ့ဖူး ရယ်တဲ့ စကားဝါ။
သင်းကြိုင်ကြိုင် နံ့သာပွား တယ်
ချရားဝေဆာ(လေ့) ။
ငွေလစန္ဒာ
ရောင်ခြည်ဖြာ ထိန်လင်း။
ပြိဿငယ် ယှဉ်မှီ လို့
သည်ရာသီ ဖုသျှနတ် ကယ်
ဓါတ်ဆန်းလို့(ဝင်း)။
*ဗုဒ္ဓဝင် မဟာ(မင်း) ကိုလ
အခါတွင်း ပါတဲ့ လကဆုန်။
အင်ကြင်းမြိုင် ပင်ခတ်ကိုင်း မယ်
နှိုင်းဖွဲ့မကုန်(လေ့) ။
လောင်းတော်မြတ်ဂုဏ်
သိုင်းခြုံကာ ဝေဖြာထွန်း။
လောကဓာတ် သုံးမဏ္ဍိုင် တဲ့
ဘုန်းတော်ပိုင် ဂုဏ်အပွင့် ကယ်
တင့်ထူးစေ(ညွှန်း)။
*ဝိသာခါ ညောင်ရေ(သွန်း) ပါလို့
အောင်စေညွှန်း ရယ်တဲ့ စန်းတူပြိုင်။
ပုဏ္ဏားငယ် နက္ခတ်မှူး
မြူးလို့မြိုင်မြိုင်(လေ့) ။
လကဆုန်တိုင်
အပြိုင်ဆိုင် ဆင်နွှဲ။
နုမောဒနာ စိတ်ရည်သန် လို့
နိဗ္ဗူစံ များလူကမ်း တယ်
လှမ်းညောင်ရေ(ပွဲ) ။
*မြတ်အလှူ စိတ်သန်(ဇွဲ) ရယ်နဲ့
ဓိဌာန်မြဲ ပါလို့ ချမ်းကြည်စွာ။
နတ်ရှင်လူ အပူအေး
ဘေးကင်းစေရာ(လေ့) ။
ညောင်ရေတော်ခါ
စမ်းပမာ နိုင်ငံတလွှား။
ညွှတ်တွား ကြည်သဒ္ဓါ နဲ့
ပြည်ရွာမှာ ဓမ္မာလွှမ်း တယ်
ချမ်းမြှေ့စေသား ။ ။
စမ်းစမ်း(မနောမြေ)
24-9-2916 နေ့က လမ်းပြကြယ်စင် နှစ်ပတ်လည်အ ထူးထုတ်မဂ္ဂဇင်းသို့ ပေးပို့ထားတဲ့စာမူပါ။ စတုတ္တအချိုး ၂ ပါဒပါ။
၁။**ဆယ့်နှစ်လရာသီချိန်ခါညီ**
(စည်တော်သံ)
*သည်ရာသီ လတန်ခူး ပါတဲ့
နှမမြူး ရတဲ့ သင်္ကြန်ပါ။
ဝါရွှေရွှေ ထူးပိတောက် ငယ်
တစ်ခေါက်ပွင့်လါ(လေ့)။
ကဆုန်ခါ
အေးသီတာ-ညောင်ရေသွန်း။
ပြည်ရွာမှာ ဓမ္မာလွှမ်း လို့
ချမ်းမြှေ့စေ(ညွှန်း) ။
*ခါနယုန် သော်တာ(ရွှန်း) ပါဘိ
မော်ကာထွန်း လေတဲ့ စံပယ်ဖြူ။
စာသဘင် အခြေမြင့် မယ်
ဘုန်းပွင့်မော်ထူ(လေ့)။
ဝါဆိုမူ
ဆွတ်ချူယူ ပုန်းညက်ပဲ။
မြတ်စိန္တေ ထံတော်သွင်း တယ်
ပဉ္ဇင်းခံ(ပွဲ) ။
*စာရေးတံ အလှူ(မဲ) ကိုလ
ယူနွှဲ ပါတဲ့ လဝါခေါင်။
သိဟ်ရာသီ ခြင်္သေ့မြူး ကယ်
ခတ္တာဖူးအောင်(လေ့)။
မြန်မာ့ဂုဏ်ဆောင်
လှေဖောင်ဖွဲ့ တော်သလင်း။
ကန်ရာသီ ရင်းမာမွှေး လို့
ဆော်သွေးလေ(ညင်း) ။
*အသဝနီ နက္ခတ်(ခင်း) ရင်ဖြင့်
ကြိုင်သင်း လေတဲ့ ကြာငါးမည်။
မီးမြင်းမိုရ် ပူဇော်ညွှတ် ကယ်
သီတင်းကျွတ်ပြီ(လေ့)။
မြတ်ကထိန်ရည်
လှူမည်ပ ကြာသင်္ကန်း။
တန်ဆောင်တိုင်ကြယ်စုံကျင်း တယ်
ဆက်သွင်းလှူ(ဒါန်း)။
*စာဆိုရှင် ဂုဏ်တင်(ဆန်း) ပါဘိ
သဇင်လန်း ပါတဲ့ ဓနုရာသီ။
မိဂသီ နတ်တော်ဦး မယ်
သီကျူးမှန်းရည်(လေ့)။
မြခွာညိုရီ
သင်းကြည်ကြည်ပျံ့မွှေး။
သည်ပြာသို အမေနေ့ ကယ်
မမေ့လွမ်း(တေး)။
*ပေါက်လဲငုံ ဟိုပင်(လေး) မှာဖြင့်
ပျိုခင်ငေး ရတဲ့ ဆက်ရက်ပျံ။
ကုံရာသီ တပို့တွဲ ရယ်
မီးဖုန်းပွဲညံ(လေ့)။
နွေဂိမှာန်
တောင်ပြန်လေ ငါးကြင်းမြူး။
သဲစေတီ တည်တပေါင်း ဝယ်
ဆုတောင်းရည်စူး။ ။
စမ်းစမ်း(မနောမြေ)
စည်တော်သံကဗျာရေးနည်း
- on 2:27 AM
- No comments
Post a Comment