အစိမ်း​သေ ​တောင်းတဲ့ဆု

👉🙏**အစိမ်းသေတောင်းတဲ့ဆု**🙏👈

"ကိုရင် ရေဝတ ကိုရင်တို့-----"

ဆရာတော် ခေါ်သံကြောင့် ကိုရင်ရေဝတနှင့် ကိုရင်ငယ်တဦး ဆရာတော်ဘုရားနားနေဆောင်သို့ပြေးသွားသည်။

"ဘုရားးးး"

"ကိုရင် ရွာထဲက ဒကာ ဖိုးကျော်ကို micနဲ့ခေါ်စမ်း တောင်ကိုင်းက ဘုရားပွဲပင့်ထားလို့ လာခဲ့ပါအုံးလို့"

ကိုရင်ရေဝတ ချဲ့ပုံးကို Micတပ်ကာ

"ဟယ်လို ဟလို ရွာထဲက ဒကာဖိုးကျော် ဆရာတော်က တောင်ကိုင်းကြွစရာရှိလို့
ကျောင်းကို လာခဲ့ပါအုံးတဲ့"
နှစ်ကြော့သုံးကြော့ခေါ်ပီးမှ ကိုရင်လည်း လုပ်စရာရှိတာ လုပ်နေတော့သည်။

ဒကာဖိုးကျော် လှည်း က ကာ ကျောင်းသို့ထွက်လာတော့သည်။ဘုရားပွဲ ဘာပွဲညာပဲရှိပါစေ ကျောင်းဝေယျာဝစ္စ ကျောင်းအလုပ်ကို အမြဲလုပ်ပေးနေသူဖြစ်သည်။သူ့တွင် အသက် ၆၀ကျော် မိခင်မှအပါး မရှိတော့။ဆွေမျိုးသားချင်းတော့ရှိသည်။သူကားအသက် ၂၅ခန့်။သူများအိမ်တွံင် လူငှားလုပ်ရသည်။ညဆိုရင်တော့ ကျောင်းလာလာအိပ်နေကျ။ဒါကို ကျနော်(စာရေးသူ) ညအိပ်ကျောင်းသားဘဝကသိခဲ့သည်။နောက်မှကျနော်က အိမ်မှာပဲအိပ်သည်။တခါတလေ ရွာထဲက ညီကိုသူငယ်ချင်းတွေနဲ့အိပ်သည်။

ကိုဖိုးကျော်က အမေကိုလုပ်ကျွေးပြုစုနေသော သားဖြစ်သည်။အလုပ်ရသမျှ ငွေလိုကို အမေ့ကိုအပ်သည်။သူ၏အမေေ ဒ်ါမြထွေးကလည်း သားကိုအရမ်းချစ်သည်။ကိုဖိုးကျော်တို့ ကျနော့်အမတို့ မမွန်တို့က သူငယ်ချင်းတွေပါ။မမွန်ဆိုတာက သူအလုပ်လုပ်တဲ့အိမ်က သမီးအငယ်ဆုံးပင်။မမွန်တို့အိမ်ကလည်း ဖိုးကျော်၏အလုပ်ကြိုးစားမှုတို့ကြောင့် သဘောကျကျသည်။သူသည် ရေသာမခိုတက် တွေ့ရာအလုပ်အကုန်လုပ်ပေးသည်။
 
တနေ့ ကျနော်က မမွန်တို့အိမ်အလည်သွားသည်။

"မမွန် မမွန်ရေးးးးခွေးးကြည့်အုံးး"

မမွန်တို့အိမ်က ခွေးဆို လူတိုင်းကြောက်ကျသည်။တောမှာမွေးသည့်ခွေးဖြစ်သော်ငြားလည်း အယ်ဇေးရှင်းခွေးများနီးပါးပင်။အကိုက်ကလည်း ရှာကျန်ကိုက်သည်။ လည်ပင်း မျက်နာတို့ကိုမှ ရွေးကိုက်၍ ကျနော်လည်း ခွေးကြည့်ခိုင်းရသည်။သို့ပေမယ့် မောင်မင်းကြီးသားက အိမ်ရှေ့တွင် ဝပ်လျက် ကျုပ်အသံကြောင့် ခေါင်းထောင်လာသည်။

"#ဝုတ်းးးးးဝုတ်းးးး"ဟူသော ဟောင်သံနက်ကြီးနှင့်အတူ ကျုပ်ထံပြေးလာသည်။ကျုပ်ကလည်း ခေသူမှမဟုတ်တာဗျာ ဟဲဟဲ နီးရာ သရက်ပင်ပေါ် ပြေးတက်ပစ်လိုက်တယ်။အောင်မာ ဒီကောင်က အောက်မှာ ထိုင်ဟောင်နေတာဗျိုးး။မမွန်လာမှ သံကြိုးနဲ့ချည်သွားလို့ ကျုပ်လည်းသူ့အိမ်ရောက်တော့တယ်။

"မမွန်ရေ---ဟိုရေတွင်းနားက ဘယ်သူရယ်တုန်းး"

"ဖိုးကျော်ရယ် ရေချိုးနေတာ နင့်ထမင်းစားပီးပီလား စားသွားလေ"

"တော်ပီအမ"

ကျုပ်လည်းထိုင်ရာက ထပီး ကိုဖိုးကျော်ဆီထွက်လာလိုက်သည်။သူက ရေတွင်းနားတွင် ကုန်းကွ ကုန်းကွ ဘာလုပ်နေသည်မသိ။

"ဗျိုးးးဟိတ်လူ ဘာတွေလုပ်နေတာတုန်းဗျ"

"မော်တာကွာ ဘာဖြစ်နေလဲမသိဘူးးရေချူနေရတာဟ"

"ဟင် ခင်ဗျားဟာ ဓါတ်လိုက်နေအုံးမယ်"

"ဒီမော်တာက ငါနှိုက်နေကျပါကွာ ပီးတော့ ငါက လျှပ်စစ်ပီးတယ် တကယ်လို့ သေရင်လည်းးမင်းအရင်လာခြောက်မှာ"

"မကြောက်တာ ဖင်တောင် လှန်ပြလိုက်အုံးမယ်လို့ဟဟား လုပ်ပီခင်ဗျားကတော့"

ကိုဖိုးကျော် နောက်နေသည်နှင့် ကျုပ်လည်းစကားအခြေတင်ပြောပီး အိမ်ပြန်လာလိုက်သည်။

နောက်ရက်ညနေ ကျနော်တို့ ပိုက်ကျော်ခြင်းဝိုင်းတွင် လူကစည်လှသည်။ညနေ 4:30လောက်ထည်းက ရွာထဲရှိ ကလေးများ ကာလသားများ အစုံအလင်ပင်။အနီးတဝိုက်ရွာများကလည်း လာလာခတ်ကြသည်။ပိုက်ဆံ ဘယ်လောက်ကြေးဖြင့် ဘယ်လောက်ကြေးပင်။
ခြင်းဝိုင်းက ကျုပ်ပြန်လာတော့ မှတ်မှတ်ရရ ၅နာရီ ထိုးပီနေပီ။ အိမ်ရှေ့မှာ ထိုင်ရင်း အမောဖြေနေတုန်းး။

"ဖိုးကျော် သေလို့တဲ့"ဟူသော စကားသံများက ကျုပ်နားဝလာရိုက်သည်။အေးလေ လူသတင်းလူချင်းဆောင်တာပေါ့။ကျုပ်လည်းထိုင်ရာက ထကာ အမကိုမေးလိုက်သည်။

"အမ ဘာဖြစ်တာလဲ"

"ဖိုးကျော်သေလို့ပါဆို ငါတောင် စိတ်မကောင်းလို့ ခုမှ မမွန်တို့အိမ်က ပြန်လာတာ"

"ဟာ ဟုတ်လို့လားဟာ မနေ့က ငါတွေ့တော့အကောင်းကြီး ဘယ်လိုဖြစ်တာလဲဟ"

"မမွန်ကိုသာ မေးကြည့်တော့ဟာ ဖိုးကျော် အလောင်းတောင် သူတို့အိမ်မှာ"

ကျုပ်လည်းးသုတ်တိသုတ်ပြာပြေးခဲ့ရသည်။ခွေးကချည်ထား၍တော်သေးသည်။ အနောက်ပိုင်းက လူတော်တော်များများ လူအုပ်ကြီးဖြစ်နေလေသည်။ထိုလူအုပ်ကြီးထဲသို့ဝင်တိုးကာ ကြည့်မိတော့ ညိမ်သက်နေသော
ဖိုးကျော်ကို ကြည့်ကာ ငိုနေသောသူ့အမေ။လူသေကိုမနမ်းကောင်းဘူးဟု ကြားဖူးသော်လည် သူ့အမဝမ်းကွဲဖြစ်သူကတရှုံ့ရှုံ့နမ်းကာ

"အမလေးးးငါ့မောင်ရယ် အဖြစ်ဆိုးလှချည်လားးးအမတို့ အမေတို့ကို ထားခဲ့ပီလားးသူတော်ကောင်းကြီးရဲ့ အီးးဟီးးးဟီးးးး"

ကျုပ်နေရာမှ ထွက်လာကာ မမွန်ကိုအကြောင်းစုံမေးကြည့်သည်။မမွန်က

"ဖိုးကျော်က ကံကောင်းပါတယ်ဟယ် နေ့လည်က ငါတောက ပြန်လာတော့ သူက နွားချေးတွေ ကျုံးနေတာ ငါနဲ့အတူတူ ထမင်းစားပီး မမွန်တဲ့ ငါ့ညက အိမ်မက်လားဘာလားမသိဘူးတဲ့ ငါ့ကို ရေတွင်းထဲက လူကြီးက လာခေါ်တာတဲ့ ငါကလည်း မနက်မှ လိုက်တော့မယ်လို့ပြောခဲ့တာတဲ့ အဲ့ဒါ ဘာလဲလို့မေးတော့ ငါလည်းသိဘူးးးမသာ ပေါက်ကရတွေ လာမပြောနဲ့ ငါကြောက်တယ်လို့ပြောတော့ နေဟာ မယုံလည်းဆိုပီး တရားခွေတွေဖွင့်ပီး အိပ်နေတာတာ ညနေရောက်တော့ သူက ရေချိုးတာထင်တယ် ငါက ကြက်သွန်ခင်း ရေသွင်းပီး ပြန်လာတော့ ကုန်းကုန်းကြီးမော်တာနားမှာ လှုပ်လည်းမလှုပ်ဘူး ငါလည်း ကိုဇော်ခေါ်ပီး လှမ်းအော်တော့ ကိုဇော်က ရေတွင်းအစပ်နားရောက်မှ သူ့ပါဓါတ်လိုက်လို့ မိန်းချခိုင်းလိုက်မှ သူကသေသွားပီတဲ့
သူက ကံကောင်းပါတယ်ဟာ တရားနာပီးမှဟာ"

"ကျနော်လည်း စိတ်ထဲတမျိုးကြီးဗျာ သူက ဟိုနေ့က သေရင် ကျုပ်အရင်ခြောက်မှာတဲ့"

ကိုဖိုးကျော်သေတဲ့ရက် ညနေ ၈နာရီလောက်ပင် မမွန်က အိမ်ရောက်လာသည်။

"မောင်လေးးညကဖိုးကျော်တို့အိမ်သွားအိပ်ပေးလိုက်အုံးးသန့်ဇင်တို့ရော ကျော်ညိမ်းတို့ပါခေါ်ထားတယ် အများကြီးပဲ"

"အော် ဟုတ်ဟုတ်"

ကျနော့် အမကြီးအိမ်တွင် ထမင်းစားနေခိုက်လာပြောသွားခြင်းပင်။နည်းနည်းတော့ ကြောက်နေမိသည်။

"ငါသေရင် မင်းအရင်ခြောက်မှာ"ဟူသော စကားသံကြီးကြားကာ ကြက်သီးထနေခိုက် ယောက်ဖဖြစ်သူက

"#ဟိတ်ရောင်"

"#အမလေးးးးးးး"

"လန့်တာဗျာ ယောက်ဖကလည်း"

"ဖိုးကျော်အိမ်သွားအိပ်ရမှာ မြန်မြန်စားကွ ငါတို့နဲ့လည်းရင်းနှီးတော့မသွားရင်မကောင်းဘူး မင်းအမကြီးနဲ့ကလည်း ကျောင်းနေဘက်ဆိုတော့"

"အင်းပါ "

ကျုပ်လည်းထမင်းခပ်သွက်သွက်စားပီး ရေနွေးအိုးကို ငှဲ့ကာ ရေနွေးတခွက်သောက်ပီး ထွက်လာလိုက်တော့သည်။အသုဘအိမ်ရောက်တော့ ဖဲရိုက်နေသူများက တဝိုင်းထဲသာ မိုးက တဖြောက်ဖြာက်မို့ လူနည်းနေသည်ထင်သည်။ငါးယောက်လောက်သာရှိသည်။သူ့အမေဖြစ်သူကတော့ သူ့သားအလောင်းနားထိုင်ကာ

"သားးးးသားးးရေ အမေ့ကိုသနားပါအုံးးးထကြည့်ပါအုံးးငါ့သားလေးးးဟီးးးး"

"ဒေါ်ကြီးးးတရားနဲ့ဖြေပါ"

တချို့ လာအိပ်ကျသော လူငယ်များနှင့် ဖိုးကျော်၏ အမဝမ်းကွဲဖြစ်သူကလည်းနှစ်သိမ့်ပေးနေသည်။

"သားးသားးကအမေနဲ့မအိပ်ရတာကြာပီလေ နောက်ပီးးငါ့သားကြိုက်တဲ့ နေမျိုးအောင်ကားလေး အမေငှားးထားးတယ်သားရဲ့"
ကျနော်တို့လည်း နေရာမှထွက်လာကာ ကုတင်ပေါ်တွင်ထိုင်နေကြစဉ် ယောက်ဖက

"သန့်ဇင်မလာသေးဘူး သွားခေါ်ရဲလားးဟေ့ရောင် "

"အင်းးသွားလိုက်မယ်လေ"

ယောက်ဖလက်နှိပ်ဓါတ်မီးကို ယူကာ အနောက်ပိုင်းသို့ရွာလည်ပိုင်းအသုဘအိမ်မှ ထွက်လာလိုက်သည်။

"#ရွှီ #ရွှီ ကျုပ် ကြောင်သွားသည်။ကျုပ်နောက်ကျောဘက်မှ ထွက်လာသောအသံ။နောက်လှည့်ကာ ဓါတ်မီးဖြင့် ထိုးလိုက်သည်။ဘာမှမတွေ့ရ။အတွေးက စဝင်လာသည်။

"#ငါသေရင်မင်းအရင်ခြောက်မှာ
ကိုယ့်စိတ်က ကိုယ့်ပြန်ခြောက်လာ၍ ကြက်သီးထလာသည်။ကျုပ် ခြေလှမ်းကို ကျဲကျဲလျှောက်လာသည်။ကိုသန့်ဇင်အိမ်နှင့်မလှမ်းမကမ်း တမာပင်နားအရောက် တမာပင်အောက်တွင် လူတယောက် ငုတ်တုပ်ထိုင်နေသည် ။ဟဲ ကျုပ်နည်းနည်းအားတက်သွားပီလေ။ထိုလူကလမ်းမီးရောင်မှိန်ဖျော့ဖျော့အောက်တွင် ဝိုးတဝါး။လမ်းမီးရောင် အနည်းငယ်ကျသည်မို့ ဓါတ်မီးကိုမှိတ်ကာလျောက်လာစဉ်

"ဟေ့ကောင် ဘယ်တုန်းးဟ"

"ကိုသန့်ဇင်အိမ်သွားမလို့"
ကျုပ်ခပ်သွက်သွက်ဖြေကာ ထိုလူ့ကိုကြည့်မိတော့

"#အားးးးအမေရေးးးးကိုဖိုးးကျော်ကြီးးး အော်ချက်က မျိုးကြီးအရှုံးပေးရသည်။ပြေးချက်က အူစိန်ဘော့နေခဲ့တော့။ဖနောင့်နဲ့တင်ပါးတသားတည်းကျအောက်ပြေးသည်။ကိုသန့်ဇင်အိမ်ထဲရောက်တော့ ဟန်မဆောင်နိုင် ဘုရားစဉ်ဆီတန်းပြေးကာ ပရိတ်ရေယူသောက်ကာ ပါးစပါမှလည်းး

"ဗုဒ္ဓံ သရဏံ ဟောဟဲ" အကုန်ကိုမဆိုနိုင် ။ပိုသန့်ဇင်အမေ အန်တီမြင့်က

"ဟဲ့ ကိုညီ ဘာဖြစ်လာတာလဲ နင့်အမောသကော"

"ဟားးဟားးးးးကိုဖိုးကျော် ခြောက်လို့ဗျိုးး ဟိုးးဟိုနားးးကတမာပင်အောက်က "

"နင်စိတ်ထင်တာ နေမှာပါဟယ် မဟုတ်လောက်ပါဘူးး"

"ဟာာာ တကယ် မယုံရင် အန်တီမြင့် လာခြောက်တဲ့အခါကျသိလိမ့်မယ်
ကဲ ကိုသန့်ဇင်သွားစို့"

"နေအုံး မမွန်က ရွာလယ်ပိုင်းသွားရင် သူ့ခေါ်အုံးတဲ့ သူက ဒီအိမ်မအိပ်ရဲလို့သူ့အမေကြီးအိမ်အိပ်မှာတဲ့ လာ"

မမွန်ကိုခေါ်ပီး သုံးယောက်သားထွက်လာတော့ အချိန်က ၁၀နာရီထိုးခါနီးလောက်။စကားတပြောပြောဖြင့် လာရင်း ခွေးလိုက်ဆွဲစဉ်က ကျုပ်တက်ပြေးသော သရက်ပင်နားအရောက်တွင်

"#ပတ်

"အားးးရိုးးးး"မမွန် နဖူးကို ပွတ်လိုက်ကာ

"အမလေးးငါတောင်းပန်ပါတယ်ဖိုးကျော်ရယ် ငါ့တော့မခြောက်ပါနဲ့ဟာ ငါကြောက်လို့ပါ"

"ဟာ အမ ဟုတ်လို့လားဗျာ သူခြောက်တာ "

"ဟုတ်တယ် အေးစက်နာပဲ ငါ့နဖူးပေါ်လက်တင်လိုက်သလိုပဲ"

သုံးယောက်သားသုတ်ခြေတင်ကြတော့သည်။ရွာလယ်ပိုင်းရောက်တော့ မမွန်ကိုလိုက်ပို့ကာ အ သုဘအိမ်ရောက်လာကျသည်။ထူးဆန်းသည် ဖဲဝိုင်းက လူတယောက်မှမရှိကြတော့ပါ။ယောက်ဖကို အသာလေး ကပ်မေးကြည့်တော့

"ခုနက ဖိုးကျော်မွှေသွားတာ အိမ်ကိုပုတ်သွားတာ ဟိုလူတွေပြေးတာ တန်းနေတာပဲ "

"ဒါလည်းကောင်းပါတယ် ကောင်းကောင်းအိပ်ရတာပေါ့ ဒါနက် ဒေါ်ကြီးအိပ်သွားပီ တိုးတိုးပြော"

ယောက်ဖနားကပ်ကာ ကုတင်ပေါ်လှဲရင်း ကိုကျော်ညိမ်း ကိုသန့်ဇင်တို့အပါအဝင်လေးယောက်သား အတန်းလိုက်ကြီး နှစ်ယောက်တကုတင်။အလယ်က လူသွားလမ်းခြားသည်။ခြေရင်းက လူသေအခေါင်း ခေါင်းရင်းက Tv အောက်စက်နှင့် ရေအိုးစဉ်။

"#အူးးးးးးဝူးးးးးးးဝူးးးးးးးး ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံကြောင့်နာရီကိုကြည့်မိတော့ 11:00'သွားချေပီ။ဟိုသုံးယောက်လုံးကလည်း ညိမ်နေပီမို့ကျနော်လည်း အိပ်လိုက်သည်။အချိန်မည်မျှကြာသွားသည်မသိရ။Tvသံကြောင့်ကျနော်အပါအဝင် သုံးယောက်သားနိုးလာသည်။ကိုကျော်ညိမ်းကတော့ အိပ်ပုတ်။ကိုသန့်ဇင် ကျနော်တို့ကုတင်ပေါ်တက်ကာ

"ဘယ်သူဖွင့်တာလဲ ညီညီမင်းလား"

"ဟာ မဟုတ်ပါဘူးး ဟာဟာ ဟိုဟိုမှာ"

အကုန်လုံးမြင်လိုက်ရပါသည်။အဖြူရောင် အင်္ကျီအကွက်နဲ့လူတယောက် ထိုင်ခုံပေါ်မှပျော်သွားသည်။ပြတင်းပေါက်က ဝင်သော အလင်းမျှသာရှိသော အိမ်ထဲတွင် ယောက်ဖက ဓါတ်မီးဖြင့်ထိုးမည်အလုပ်ကိုသန့်ဇင်က အနားကပ်ကာ

"နေအုံးဗျာ စောင့်ကြည့်ရအောင်"
အသင့်ပါလာသော Mp-4ကို ဖွင့်ကာ သုံးယောက်သားတိတ်ဆိတ်နေလိုက်သည်။TVက အဲ့အချိန်ထိ ပွင့်နေတုန်းပင်။ခဏအကြာ
အောက်စက်မီးပြာလေးလင်းလာသည်။အခွေထည့်သည့်အပြားလေးက ထွက်လာကာ ခဏအကြာပြန်ဝင်သွားသည်။Tvမှ Volumeတွေကျယ်လာသည်။ထို့နောက် ကျနော့်မျက်လုံးပင်ကျနော်တို့မယုံနိုင်တော့ အောက်စက်ရီမု လေပေါ်ပျံနေသည်။နိုင်ငံရေးဦးတည်ချက် ၄ရက်အစရှိသော ကြော်ညာများကိုကျော်နေသည်။နောက်တော့ နေမျိုးအောင် ကားက အသံတွေကျယ်လာသည်။ယောက်ဖက ဓါတ်မီးဖြင့်ထိုးကာ

"ဖိုးကျော် မင်းအမေအိပ်နေပီကွဒီလိုမလုပ်နဲ့လေ မင်းကလည်း  သေသွားပီကွ ငါအပွင့်လင်းဆုံးပြောတာ မင်းစိတ်ဆိုးလည်းမတက်နိုင်တော့ဘူးး"

ယောက်ဖက Tvကို ပိတ်ကာ အကုန်ပြန်အိပ်လိုက်ကြသည်။မနက်လင်းပီမို့မျက်နှာသစ်ကာ အိမ်ရောက်မှ သွားတိုက်ရတော့သည်။ထို့နောက် ဆိုင်ကယ်ယူကာ ဘုန်းကြီးသွားပင့်ခဲ့သည်။အသုဘ တရားနာရန် ရွာထဲက လူများရောက်နေသလို ဘုန်းကြီးငါးပါးလည်းအဆက်သင့်ရှိနေလေသည်။ပရိတ်တရားစတင် ရွတ်ဖတ်နေပီး တော်တော်အကြာ

"#Oုန်းးးးးးးး
ကျယ်လောင်စွာ ထွက်ပေါ်လာသော သံဆီပိုင်းသံကြောင့် ဘုန်းကြီး သုံးပါးထပြေးမည့်ဟန်ရှိသော်လည်း ဆရာတော် ကတော့ ငြိမ်သက်စွာရွတ်နေသည် ကားဦးဇင်းလေးနဲ့အတူ။နောက်မှငါးပါးစလုံးပြန်ရွတ်ကြရသည်။တရားနာ အပီး၌ ဆရာတော်က

"ဒီဆီပုံးသံက နေပူလို့ပုန်းကြွတာ ဖြစ်မှာပါ ဒကာဖိုးကျော်တော့ မဖြစ်နိုင်ဘူးးသူက ဘာသာတရားကိုင်းရှိုင်းတယ် ဒီလိုလုပ်မှာမဟုတ်ဘူး"လို့မိန့်သွားသည်။နေ့လည် တနာရီအချိန်မှ သင်္ဂြိုပို့ရသည်။တော်တော်အနံကဆိုးသည်။မသာတင်လာသော လှည်းကို ကျုပ်မောင်းလာရသည် နှာခေါင်းကိုအဝတ်စီး၍ တော်တော်ကိုဆိုးသည်။ဘာ့ကြောင့်မသိ နှစ်ရက်ပဲရှိသေးတာကိုတော်တော်နံသည်။မြှုတ်ခါနီး အခေါင်းကို ခဏလှန်ကြည့်တော့ အရည်တွေထွက်နေသည်။တော်တော်နံသည်မို့လူအားလုံးအမြန်မြှုတ်လိုက်ကြရသည်။
အသုဘအိမ်က ပြန်အလာ အန်တီမြင့်အိမ်သွား၍ ဂဒက်ညွန့်သွားခူးနေပီး လက်ဘက်ဝင်စားနေစဉ်

"မသာလေး နင်ပြောခဲ့လို့ထင်တယ် ငါ့ပါခြောက်တာတော့ ခြေထောက်ကိုဆွဲတာတော့ "

ကျုပ်လည်းပြန်ပြေးလာရသည်။အမကြီးကလည်း

"ငါ့လည်းခြောက်တယ် ငယ်ငယ်ထည်းက ငါ့ဆို အမာ အမာနဲ့ခေါ်တာ သူလာတာထင်တာပဲအပြင်က အဲ့လိုခေါ်တာ ကလေးက လန့်လန့်နိုးလို့ ငါက ဖိုးကျော်ရယ် ငါ့ကလေးလန့်နေပီမခြောက်ပါနဲ့တော့ဆိုမှ ရပ်သွားတာ"
ရွာထဲတွင် သူခြောက်သွားသောသူကတော်များသည်။ရက်လည်ပီးတာတောင်မှ ဟိုလူကမကျွတ်သေးဘူးပြောလို့ပြော ဖြင့် သူ့သတင်းကပျံ့နေသည်။သို့သော် သူ့အမေအိမ်အရောက်တွင်တော့ ကျနော်တို့မသိလိုက်ရသည်များကို ဒေါ်ကြီးကပြန်ပြောပြခဲ့သည်။

"ရက်လည်ညက ဖိုးကျော် ငါ့ဆီလာသွားတယ် အမေတဲ့ သူသေမှန်းမသိလို့အကုန်လုံးကို ခြောက်ပါတဲ့ သားကသေသွားပီဆိုတော့ အမေနဲ့လည်းခွဲရပီတဲ့ အမေတဲ့သားတောင်းဆုတခုပဲပြုချင်တယ်တဲ့ အမေ တရားအလုပ်တွေလုပ်တော့တဲ့ အမေက အသက်လည်းကြီးနေပီတဲ့ အမတို့ကိုလည်းပြောပေးပါ သူကအမေစိတ်ချမ်းသာဖို့တရားရဖို့နဲ့ သူကတောင်းဆုတခုပြုသွားတယ်တဲ့ နောက်ဘဝမှာ လူဖြစ်ဖြစ် တိရိစ္ဆာန်ဖြစ်ဖြစ်တဲ့ အမေ့ကို လုပ်ကျွေးရတဲ့သူ ဖြစ်ပါစေတဲ့ ငါ့သားဆုတောင်းလေးက လှတယ်တဲ့"
ကျနော် ကိုဖိုးကျော်ကိုလေးစားသွားသည်။ဘယ်ဘဝရောက်ရောက် အမေ့ကို လုပ်ကျွေးပြုစုရသော သူတယောက်ဖြစ်ပါစေတဲ့။ကောင်းလိုက်တဲ့ သူတောင်းတဲ့ဆု။အစိမ်းသေတယောက်တောင်းတဲ့ဆုက လှလှချည်လားဗျာ။ဝဲတက်လာသော မျက်ရည်ကိုသုတ်ကာ အိမ်အပြန်လမ်းတွင် မျက်ရည်များ အထိမ်းအကွတ်မဲ့စွာ ကျဆင်းခဲ့သလို ယခုစာရေးနေသည့်အချိန်ပင် မျက်ရည်ဝဲမိပါသည်။အဘယ့်ကြောင့်ဆိုသော် ကျနော့်မိဘကို ကျေးဇူးမဆပ်နိုင်သေးပါ။

*****@@@ပြီးပါပြီ@@@*******

အလုပ်အခြေအနေကြောင့် အတိုခြုံးရေးသားခဲ့ပါသည်။ဇာတ်လမ်းတိုသော်လည်း အတက်နိုင်ဆုံးဇာတ်ကွက်ကိုနားလည်အောင်ရေးခဲ့ပါသည်။မိဘကျေးဇူးဆပ်နိုင်ကျပါစေ

အားလုံးကို ကျေးဇူးတင်ရင်း
     ဇာတ်လမ်းတိုသည့်အတွက်အားနာမိရင်း

                                 #စာရေးသူ-သူရိယ(MDY)


Post a Comment