ဖုန်းကိုဆွဲလန်းတဲ့အထဲသင်​ပါ​နေပြီလား



ဖုန်းစွဲလန်းတဲ့အထဲသင်ပါနေပြီလား..ဒါဆိုဘယ်လိုလုပ်မလဲ

 

နည်းပညာတိုးတက်လာတာနဲ့အမျှ လူတိုင်းဟာ ဖုန်းကိုယ်စီပိုင်ဆိုင်လာကြပါတယ်။ နည်းပညာဟာ လူသားတွေကိုအကျိုးပြုတာမှန်ပေမယ့် မသုံးတတ်ရင်တော့ ဘေးထွက်ဆိုးကျိုးရှိလာနိုင်ပါတယ်။ စစ်တမ်းတွေအရ လူတော်တော်များများဟာ နေ့တိုင်း ဖုန်းကို အကြိမ်၄၀ကနေ၈၀ကြားလောက် ပျမ်းမျှကြည့်မိကြတယ်လို့ဆိုပါတယ်။ ဒါဟာ အခြား
နိုင်ငံက စစ်တမ်းဆိုပေမယ့် မြန်မာနိုင်ငံမှာလည်း ဒီလိုအခြေအနေတွေတွေ့နေရပါပြီ။ ဖုန်းအသုံးပြုနေသူတွေကို
လက်ဘက်ရည်ဆိုင်မှာလည်းတွေ့နိုင်တယ်။ ဘတ်စ်ကားပေါ်မှာလည်းတွေ့နိုင်တယ်။ အလုပ်နဲ့စာသင်ခန်းတွေမှာ
တောင် တွေ့နေရပါတယ်။ မနက်မိုးလင်းရင်လည်း ဖုန်းကိုအရင်ဆုံးကြည့်လေ့ရှိကြပါတယ်။

မြန်မာနိုင်ငံမှာဆိုလွန်ခဲ့တဲ့ ၄နှစ်ကျော်လောက်မှာ ဖုန်းကိုင်နိုင်တဲ့ လူဦးရေနည်းခဲ့ပါတယ်။ အခုတော့ လူတိုင်းလိုလိုဖုန်းနဲ့ဖြစ်နေပြီး သတင်းအချက်အလက်တွေကို ဖုန်းပေါ်ကနေပဲ ရယူနေကြပါတယ်။ ဒါ့ကြောင့် ဖုန်းအသုံးပြုမှုများခြင်း
ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ အရင်တုန်းက ကွန်ပျူတာတစ်လုံးရှိမှ လုပ်လို့ရမယ့် အလုပ်တွေကို အခုတော့အိတ်ကပ်
ထဲက ဖုန်းလေးနဲ့ဖြေရှင်းလို့ရနေပါပြီ။ ဓာတ်ပုံရိုက်ခြင်း၊ စာရေးသားခြင်း၊ အီးမေးလ်ပို့ခြင်း၊ ဗီဒီယိုရိုက်ခြင်း စတဲ့လုပ်ငန်း
ဆောင်တာတွေကို အလွယ်တကူ ဖုန်းပေါ်မှာ ပြုလုပ်နိုင်လာကြပါတယ်။

စာဖတ်ခြင်းမှာလည်း အခုခေတ်မှာ သတင်းစာဖတ်မယ့်အစား အွန်လိုင်း မီဒီယာတွေကနေ သတင်းတွေကို အဖတ်များလာကြပါတယ်။ သမရိုးကျ သတင်းမီဒီယာတွေထက် အွန်လိုင်းမီဒီယာတွေက ပိုမိုအောင်မြင်လာတာကိုလည်း
တွေ့ရှိနေရပါတယ်။ အင်တာနက်လေး တစ်ချက်ဖွင့်ရုံနဲ့ နောက်ဆုံးရ သတင်းအချက်အလက်တော်တော်များများကို
အချိန်တိုအတွင်းမှာ သိနေနိုင်ပါပြီ။ သီချင်းတွေလား၊ ရုပ်ရှင်တွေလား၊ MTVတွေလား အချိန်ခဏလေးအတွင်းမှာရှာဖွေရယူနေနိုင်ပါပြီ။ လူတွေရဲ့ အင်တာနက်အသုံးများလာမှုနဲ့အတူ အသုံးပြုသူတွေ အဆင်ပြေအောင် Ooredooတို့လို ဆက်သွယ်ရေး
ကုမ္ပဏီကြီးတွေကလည်း ပရိုမိုးရှင်းများစွာ ချပေးနေတာကိုတွေ့ရပါတယ်။ ဒေတာတွေကို ဒေါင်းလုပ်ဆွဲရတာနှစ်သက်
တဲ့သူတွေအတွက် 25GB ကို ၂၉၉၉၉ ကျပ်၊ 130 GBကို ၉၉,၉၉၉ကျပ်နဲ့ဈေးလျော့ပေးနေတဲ့ ပရိုမိုးရှင်းတွေလည်းရှိနေပါတယ်။ ဖုန်းအသုံးပြုတာကို စွဲလမ်းတာက တော်ရုံတန်ရုံဆို ဘာမှမဖြစ်ပါဘူး။ အကျိုးမရှိတာတွေပဲ အင်တာနက်
ပေါ်မှာ လုပ်နေမှသာ အချိန်တွေကုန်တာပါ။ ဒီတော့ အသုံးဝင်လှတဲ့ နည်းပညာကို မိမိဘက်ကနေ ပါးပါးနပ်နပ်နဲ့အသုံးချဖို့တော့ လိုအပ်မည်ဖြစ်ကြောင်း Shwemom စာဖတ်ပရိသတ်ကြီးကို အကြံပြုလိုက်ရပါတယ်။

 

Credit – Shwemom


Post a Comment