သံရုံးရှေ့၌ လမ်းနှစ်ဖက်တွင်ကားများပိတ်ရပ်လျှက်ရှိနေ၏ ။သံရုံးအ၀၌ကားကြီးများများတွေ့ လိုက်ရ၍ " တော်တော်လူစုံမယ့်ပွဲ" ဟုမူမူက ပြောလိုက်သည်။ သံရုံးထဲ၌ ကားဝင်၍ လူစုမိကြလျှင် စောင့်ရပ်ကြိုနေသော သံတမန်နှင် သံတမန် ကတော်တို့ က ဧည့်သည်တို့ အား တစ်ဦးစီ လက်ဆွဲနှုတ်ဆက် လေ၏ ။ အ၀င်ဝနှင့်မလှမ်းမကမ်း ရှိ မြက်ခင်းကြီးပေါ်၌ လူအုပ်ကြီးကိုတွေ့ရသည်။လူအုပ်ကြီးမှာ ၀တ်ကောင်းစားလှများ ၀တ်ဆင်လာကြ လျှက် ကိုယ့်အစုနှင့် ကိုယ် မတ်တက် မတ် တက်ဖြင့်ဝိုင်းဖွဲ့ရပ်နေကြ သည်။
လူအုပ်ထဲ၌ အဖြူရောင်ဝတ်ဆင်ထားသော ဘွိုင်ကုလားများသည် ဘိလပ်ရည်ခွက်များ၊ အရက်ခွက်များ ဗန်းပေါ်တင်လျှက်ကြိုက်ရာ ခွက်ကို လှမ်းယူသောက်ကြရန် စောင့်ရပ်ကမ်းနေကြ၏ ။ မူမူသည် ဒေါက်မြင့်ကြိုးသိုင်းဖိနပ်ပေါ်အောင်ထဘီစကိုပင့်ဆွဲကာ အမေရိကန်ထဲက မာရီလင်မွန်ရိုး လျှောက်ပုံမျိုးတိုင်း လိမ်ဖယ် လိမ်ဖယ် လျှောက် လာခဲ့၏ ။
အင်ဒိုနီးရှား သဲံအရာရှိက တော် သည် ပါတိတ်ဆင် ထဘီဝတ်လျှက် ငွေချည်ထိုး ဇာပုဝါလက်လက် စိမ်းစိမ်းကလေးကို ကျော၌
သိုင်းပတ်ချထားလေ၏။ အင်ဒိုနီးရှားသံအရာရှိကတော်နား၌ ပါကစ္စတန် သံအ ရာရှိကတော်ရပ်နေသည်။ပါကစ္စတန်သံအရာရှိကတော် မှာ အရွယ်သိပ် မကြီးသေ။ အိန္ဒိယအမျိုးသမီးဝတ်စုံ ဆာရီဝတ်စုံကို ၀တ်ဆင် ထားသည်။ ပါကစ္စတန်သံအရာရှိကတော်အနီး ဆိုဗီယက် အမျိုးသမီးသုံးလေးဦးရပ် နေသည်သူတို့သည် ။ ပါးနီ နှုတ်ခမ်းနီဖြင့်လှပသော ဂါဝန်ရှည်ကြီးများ ၀တ်ထားကာ အိန္ဒိယရွှေချည်ထိုး
ဆာရီပုဝါ များခြုံထားကြသည်။
မူမူသည်၌ ၎င်းတို့ ၀ိုင်းတွင်ရပ် မည် ဟုကြံပြီးမှ တစ်ဝိုင်းသို့မျက်စိရောက်သွားသည် ။ ဗြိတိလျှသံရုံး၊ ပြင်သစ်၊ အမေရိကန်၊သြစတြေးလီးယားစသော မျက်နှာဖြူ အရာ၇ှိကတော်များ၏ ၀ိုင်းဖြစ် သည်။ မျက်နှာဖြူ ကတော်များဝိုင်း၌ အမေရိကန်သံရုံးမှ အသိ ကို မြင် လိုက် သည်။မူမူ၏အသိ မျက်နှာဖြူ မ သည် ဖြူဖွေးသောရင် ညွန့် တစ် ခုလုံးဖော် ထားလျှက် ပုလဲကပ်ဆွဲထားသည် ။ ဂါဝန် အနက် အရှည် ကြီး မှာ မျက် ခင်းပေါ်၌ ၀ဲနေ သည်။မူမူ့ ကိုလှမ်းပြုံးလိုက်သည်။ ဆံပင် အလိပ်များငယ်ထိပ်၌ အမိုကမို့ ခွေလျှက် ရွှေကြိုးမျှင်မျှင် လညှ်းဆွဲ ထားကာ ဂါ ၀န်ရျှည် အဖြူ ၊ပိုးလက်စွပ် အိပ် အနက် ဖြင်သူတို့ဝိုင်းထဲတွင် အရပ် အရှည်ဆုံပြင်သစ်အမျိုးသမီးသည်ရာသီဥတုအကြောင်းကိုပြောပြနေလေ၏။
မူမူသည် သူတို့ဝိုင်း ထဲ ၀င်ရပ် လိုက်၏။ဦးဘမောင် မှာ အသိများနှင့်တွေဆုံရန် သောက် ၀ိုင်းများ၌ လိုက်ရှာနေ သည်။မူမူသည် ၀ိုင်းထဲ ၀င် ရပ်မိလျှင်မျက်နှာဖြူအမျိုးသမီးအားလုံးနှင့် လက်ဆွဲနှုတ် ဆက် လိုက် သည်။နှုတ်ဆက် ပြီးရာသီ ဥတုအကြောင်းပဲ လိုက်ရောပြော၏။စ ကား
ပြောနေရင်း ဘေးချင်းကပ် ၀ိုင်းမှ့ မြန် မာအမျိုးသ မီး များဆီ သို့ လှမ်းကြည့်လေ သည်။ မီးရောင်ထဲဝယ်မြန်မာအမျိုးသမီးဝိုင်းမှ ပုဝါ
ရောင် စုံဖြင့် က္ကနြေ္ဒရေ ရရ တွေ့ ရ ၍ ပ၀ါမချဘဲ လက် တိုအင်္ကျီိ နှင့် လာခဲ့တာ သိပ် မကောင်းလှ ဟု စဉ်းစားမိသည်။လူအုပ် ထဲ၌ ကျောင်းနေ ဘက် မင်းကြီး ကေ တာ် ကို မြင် လိုက် ၏။ မူမူသည် လှမ်းပြံး လိုက် သည်။မူမူသည် ရှမ်ူပြည် နယ် ၊ကေ လာ၊ေ တာင် ကြီးမြို့များ၏ ရာ သီ ဥ တုအကြောင်းကိုဘိုသံပါပါ တရွှတ်ရွှတ် ပြောရင်းဘွိုင် ကုလား လာပေးသော ဗန်းထဲမှ ၀ိုင် ခွက် ကလေးကို လှမ်းယူ ကာ နှုတ်ခမ်းနှင့် တေ့ လိုက် လေ သည်။
သံရုံဝင်းထဲသို့ ကားကြီးများတစ် စီးပြီးတစ် စီးဝင် လာကြ ပြီး ကားထဲ မှဖိတ် အန် ကျ လာ သော ၀ါ နုနု ရွှေ စက် ထဘီ လေးကို ကြ ည့်ရင်း ဂွ တိုက်လာသော အတွင်းခံ ထဘီ ညစ် ကို သ တိရ မိ သည်။ကိုဘမောင်မှာ ဘယ်ဝိုင်းတွင် ရှိနေ မ ည် မသိ။ နိုင်ငံခြားသွားမည့် မေဂျာသက်ဖေ ကို လူအုပ်ထဲ၌ တွေ့ လို့ တွေ့ ငြားရှာကြည့်သေးသည်။ မတော် တဆချောင်းများ ဆိုး လာလျှင် အခက် ဟု ကျိတ်တွေးပူပန်ကာ ၀ိုင်ခွက် ကိုမှောက်ချ လိုက် ပြီးနောက် ဗန်း ထဲသို့ ထည့်ပေးလိုက် လေ သည်။ အင်္ဂ လိပ်စကားပြော၍ အားရမှ ကျောင်းနေ ဘက် မင်းကြီးကတော် ၀ိုင်းသို့ ကူး သွားသေည်။ မူမူဝင် ရပ် လိုက် လျှင် မင်းကြီး ကတော် သည် ၀င်းမင်းသန်း အမေရိကအပြန် ၀န်ကြီးချူပ် ကတော် အတွက် လက်ဆောင် .ယူ လာသော အနွးပုဝါ ဖြူ ကြီးလှပကြောင်း ချီးကျူး ပြောနေသံ ကို နားစွန်နားဖျားကြားလိုက် သည်။
မူမူမှာဟောလီးဝုဒ် က အမေရိကန် ဇာတ် လိုက် ဖြစ်ချင် နေ သည်။ ခရမ်းရောင်လွင်ပြင် ကားအတွက် ဂရယ်ဂရီပက်မင်းသားနှင့် တွဲရန်ရုပ်ရှင်မင်းသမီး လျှောက်ချင်နေသည်မှာ တပိုင်းသေနေသည် ။ မင်းကြီးကတော် သည် မူမူကို ၀တ်လုံတော်ရ မစ္စက် ဘမောင် ကတော် ဟုအားလုံးနှင့်မိတ် ဆက်ပေးသည်။မူမူမှာပုဝါ မချ ခဲ့ မိ၍၀ိုင်းထဲတွင် ရှိုးတိုးရှန့် တန့်ဖြစ်နေသည်။မင်းကြီးကတော်နှင့်စကားကောင်းနေ သည့်အတွက် မူ့မူ့ နောက်မကျောချင်းခိုင်းရပ်နေသောအဒေါ်ကြီးတစ် ယောက် က ပုခုံးလာကိုင် လိုက်သည်။မူမူသည် လှည့်ကြည့် ကာပြုံးလျှက် " အန်တီမာရဲ့နော် " ဟုနှုတ်ဆက်ပြီးအန်တီဝိုင်းထဲ သို့ ကိုယ်လှည့်ဝင်သွားသည်။" မူမူနှင့်မျက်နှာချင်း ဆိုင် ရပ် နေသော အမျိုးသမီးသည် သူ့ ဘေးရှိဝိသာခါအမျိုး သမီးကြီး တစ် ဦးအား စိတ် ထက်သန်စွာ သူ့ စကားကို ပြောလျှက်ရှိနေ သည်။ မျက်စိ ထဲမှာ အမြင် ကို မတော် ပါ ဘူး ဒေါ်ဒေါ်ရယ် ကျွန် မဖြင့်လူအများသွားလာနေ တဲ့ ရုံးတွေ၊မီးရ ထားတွေ ။သင်္ဘော တွေပေါ် မှာအိမ်သာတွေဆေးကြောာတဲ့ အလုပ် နဲ့တံမြက် စည်းလှည်းတဲ့ အလုပ်ကို အမျိုးသမီး
အလုပ်သမားနဲ့စုပြီး လိုက်ဆေးလှည်းချင်တာပဲ။ လမ်းတံမြက်စည်းလှည်း၊အိမ်သာတွေဆေးတဲ့အလုပ်ကိုအမျိုးသမီးတွေပဲလုပ် ဖို့ ကောင်းတယ် " မူမူသည် သူ့ရှေ့က အမျိုးသမီးပြော သော စကားကိုနားထောင် ရင်းလူမျိုးတစ်ရာ့ တစ်ပါး သွားနေ သော မိလ္လာ အိမ် သာ မျိုးများလိုက် ဆေးချင် သည် ဆိုသောအမျိုးသ မီး ကိုဘယ် သူများ ပါလိမ့်ဟု ရွံ ရွံ ရှာရှာ စိုက်ကြည့်သည်။အမျိုးသမီးကိုယ်နှိုက် ခေတ်ဆန်ဆန် ဖတ်ရှင် ကျကျ ဖိတ်ဖိတ် လက်လက် ၀တ် ဆင် ထားလျှက် သန့် ပြန့် သောအင်္ဂါ ရုပ် ရှိ၍ သူ့ရုပ် မှ သူ အားမနာသူ့ စိတ် နှယ် အောက် တန်းကျ လိုက် တာဟု အတော် အထင် အမြင် သေးသွားသည်။
မတ်တက် မတ်တက် နှင့်စုဝေးလျှက် ရှိကြသော လူအုပ် ကြီးသည် ကပွဲ ပြ မည့်နေရာသို့ ရွေ့ လျားသွားကြ သည်။ပွဲခင်းရှေ့ ဆုံး၌ ကြိမ် ကို လား ထိုင်များချခင်းလျှက်ဝန်ကြီးများနှင့်ဝန်ကြီးကတော်များထိုင် ကြ သည်။နောက် တန်းတွင် ဆန်းကဖီး ထင် ရှုးကုလားထိုင် လေးများတန်းစီခင်းထားလေ သည်။မူမူ သည် ပွဲ ခင်းသို့ လူအုပ်နှင့်ရော၍ လျှောက် လိုက်လေသည်။ယဉ်ကျေးမှု့ အဖွဲ့မှ ပွဲ ဦးထွက် တူရိယာမျိုးစုံတီးမှုတ်ပြသည်။တယောသံမှာစီမည်လျှက်သာယာညက်ညောင်းလှသည်။မူမူသည်နိုင်ငံခြားတီးမှုတ်သံဆို၍ ရော့အင်ရိုး အသံမျိုး သာ နားထဲစွဲလျှက် အခြား တီးမှုတ်သံမျိုးက နားသော တမခံယူ တက်ချေ။လူများစု တောအက တစ်မျိုး မှာ မျက်စိ နောက် နေ သည်။ ကချေ သည် တို့ ၏ အ၀တ်အစားသည် အမေရိကန် ဘဲ လေး ကပွဲ လောက် မခမ်းနားဘူး ဟုအောက်မေ့သည်။ယဉ်ကျေးမှု့ အဖွဲ့ မှ ဖြုန်းခနဲမြန်မာသီ ချင်းတစ်ပုဒ် ကောက်တီးလိုက်သည်။မူမူသည်တီးဝိုင်းမှ မြန်မာသီချင်းကျကျနန တီးပြနေကြပုံကို အံ့အားသင့်သွားသည်။ အဆို ပါ လျှင် ပိုမို၍ မြိုင်ဆိုင်၍ စည် ကားဖွယ်ရာရှိမည်ဟု တိုးတိုးလိုက်ဆို ပေးမိသည်။မြန် မာသီချင်းပြီှးဆုံး၍ မူမူ သည်အများနှင့်ရောကာ စိတ် ရောကိုယ်ပါလက်ခုပ်တီးလိုက်မိရာ နောက်ကျောတွင် ချိတ်နှင့်တွယ်ခဲ့သော ဘောလီအင်္ကျီ မှကြိုးသည် ပြုတ် ထွက် သွားလေ သည်။
စောစောက မြေပဲ စားလှော် ပင် မစားဝံ့ဘဲချောင်းမ ဆိုးအောင် တစ်ချိန်လုံးသတိထားနေကာမှ လက် ခုပ်တီးလိုက်မိ၍ပြုတ်မအောင်ချိတ်က
ပြုတ်ရ သေးသည်။မူမူသည်ထိတ်ခနဲ ဖြစ် ကာ အမှတ်တမဲ့အင်္ကျီ ထဲ လက်သွင်း၍ဘော်လီကြိုး ကို က ပျာက ယာ ရှေ့ သို့ ဆွဲ ချ ယူလိုက်သည်။ချိတ် တွဲ လောင်းနှင့်ပါ လာသော ကြိုးစ မှာ လက်ပြင် ကို ဆွဲခြစ်ပါလာ၍ပခုံးတွန့်သွားလေ သည်။ကြိုးပြ တ်ထွက်သွားသော ဘက်မှ အင်္ကျီ သည်အထိန်းမရှိအောက် သို့ လျှောကျ သွားရာရင် တစ် ပိုင်းပေါ်နေ လေ သည်။မူမူသည် ရင် တလှပ်ဖြစ် နေ ၏။ချကိချင်း မျက်လုံးတွေပြာလာသည်။ ကြိုးကိုကျော၌ ပြန်ချိတ်ရန်မဖြစ်နိုင်သဖြင့်မသိမသာရင်ကို ငုံ့ကြည့်လျှက် ခေါင်းကြီးလာ၏။ကချေသည်
ကလေးများလိုက်ကာနောက်မှပြေးထွက်လာ၍မီးမှိလိုက်မှပင်ရှေ့ သို့ဆွဲချလိုက်သော ကြိုးစဖျားမှ ချိတ်ကို စမ်းဖြုတ်ယူလိုက်သည်။
ကြိုးစကိုလုံးထွေး၍ကဗျာကယာ ရင်ထဲ သို့ ထိုးသွင်းထည့်လိုက် သည်။
မူမူမှာ နောက်ထပ် လက် ခုပ်မတီးရဲတော့ချေ။ အကြီးအကျယ် စိတ်အိုက် ကာ အနေရအထိုင် ရ ကျပ်လျှက်ဘာတွေ ကဆိုနေချင်မှန်းမသိလောက် အောင် ကို ပင်စိတ်ပျက် နေသည်။ မူမူသည် အသက်ပင် ပြင်းပြင်း မရှုရဲတော့ဘဲ ချွေးကျလာသည်။
ပုဝါမချခဲ့မိ သည့်အတွက် နောင် တကြီးစွာဖြစ် မိသည်။ ပုဝါ သာချခဲ့လျှင် ရင်ဘတ်လူမမြင်အောင် ဖုံးပေးနိုင် သည်။ ဆူညံနေသော
တေးသံတို့သည်မူမူ ကိုဝိုင်းလှောင်နေကြ သည်။ မူမူမှာ စိတ်ချောက်ချားလာသည် ။ ကချေသည်လေးတို့ခုန်လိုက်ပေါက်လိုက်
သည်ကိုရဲရဲ မကြည့်ရဲရှာ။နောက်ထပ်ကြိုးများထပ်ပြုတ်သွားဦးမလားဟုအလိုလိုစိတ်ထဲ၌ မလုံနိုင် အောင် ဖြစ် နေ သည်။မူမူ သည် စိတ်မလုံ၍ ရင် ဘတ် ကုမသိမသာငုံ့ ကြည့်ပြန် သည်။ တစ္ဆေ သူရဲမြင် ရ သကဲ့သို့ ကျောထဲ၌ စိမ့်တက်လျက် ခြေဖျားလက်ဖျားများအေးစက်သွားလေ သည်။ မူမူ၏စိတ် သည် တစ်ချိန်လုံးအင်မတန်မှ ပင် ပန်းဆင်းရဲလျက် ရှိနေ သည်။ ပွဲအပြီးထကြ၍လူတွေမြင်တော့မှာမတွေးဝံ့ ၊လှိုက်ဖိုနေရှာပေ သည်။
" ငါ့အပြစ် …ငါ့ အပြစ် ၊အပ်နဲ့အပ်ချည်သာ အိမ်မှာဆောင်ထားရင်ဒီလိုဖြစ်မှာမဟုတ်ဘူး ။ ငါကိုက အင်မတန်ပေါ့ပျက်ပျက်နိုင်ပါတယ်၊
ဘာမဆို ပြီးလွယ်စေကြောင်း လုပ်လိုက်ချင် တာချည်းပဲ၊လုပ်ဦးလေ ..လုပ်ဦး၊ ကဲ "
မူမူသည် ဘော်အင်္ကျီလက်ကြိုးကို လက်သည်းရှည်ကြီးနှင့်ဆွဲခြစ်ဖြန့်နေသော အိပ်ခန်းထဲကိုမူမူကိုပြန်ပြောင်း၍ မြင်မိလေသည်။
အိပ်ခန်းထဲ၌မူမူသည်ယောက်ယက်ခတ်နေလေ၏။ဝါယာကြိုးလိုက်ရှာရ၊ဘော်လီလိုက်ရှာရ ၊ခြင်ထောင်ချပြီးချိတ်ဖြုတ်ရ ။ မူမူသည် သူ့ရှေ့၌ပြနေသောယဉ်ကျေးမှု့ ကပွဲ အစား အခန်းထဲ၌ ဗြောင်းဆန်အောင် ဖွကာဗရုတ်သုတ်ခဖြစ်နေသော မူမူ၏ ပုံသဏ္ဍန်နှင့့််လုပ်ပုံကိုင်ပုံများကိုပြန်မြင်နေ၏ ။ နေ့စဉ် နေခဲ့သော ဖုတ်အလိပ်လိပ်တက်နေသော အိမ်ခန်းကြီးကု ယခင်က မမြင်ခဲ့မိဘဲပွဲထဲကျမှရှုပ်ယှက်ခတ်ကာဖုတ်လူးနေသောအိပ်ခန်းကြီးကိုပါမြင်မိတော့သည်။မူမူသည်လူပေါင်းစုံသွားသည့်အိမ်သာတွေကိုလိုက် ဆေးကျောပေးချင်သည်ဆိုသော အမျိုးသမီးကို ဖျတ်ခနဲသတိရကာ ရှေ့နှစ်တန်းသုံးတန်းအကျော်၌ ထိုင်ကြည့်နေသောအမျိုးသမီး၏
ကျောပိုင်းကိုလှည့်ကြည့်လိုက်သေးသည်။
"ငါ့လောက်ပစ်စလက်ခတ်နိုင်တဲ့မိန်းမမရှိဘူး ။လှည်းကျင်း ပြီးသန့်သန့်ပြန့်ပြန့်စည်းနဲ့ကမ်းနဲ့နေထိုင်ချင်တဲ့စိတ်မျိုးလည်း တစ်စက်မှ မရှိဘူး ။အားအားရှိ ကျော့စန့်နေချင် နေ တာ ပဲ။ လဘော်သရေ နေချင် တာပဲ။ ငါသာမိန်းမပီပီသသစိတ်၇ှိရင် ဒီလိုဖြစ်မှာမဟုတ်ဘူး ။"
မူမူသည် ခုံတန်းရှေ့ က အမျိုးသမီး ကိုစောစော ကရွံရှာမိ သည် ထက်သူ့ကိုယ်သူအစစအရာရာ စိတ်ပျက်လျက် တစိမ့်စိမ့်ရွံရှာနေတော့ သည်။ ပွဲအပြီးလင်းထိန်လိုက်၍ လန့်ဖျန့်သွားကာ ဘော်လီကြိုးပြတ်သည့်ဘက်မှ ချိုင်းအောက် အင်္ကျီစ ကို အထက်မြှင့်တင် လိုက်သည်။ လုံးထွေး ထည့်လိုက်သောကြိုးစသည် တွဲလောင်းထွက်ကျသွားသည်။ မူမူသည် လက်ပြင်ကိုင်းလျက် ကုလားထိုင်တန်းများ မှဘေးစောင်းထွက်လာရင်း ကြိုးစပြုတ်သော လက် ကိုလက်မောင်းလုံးကြီးနှင့် အားရှိ သလောက်ကပ်ဖိထားလေသည်။
ကိုဘမောင် သည် အတွင်းဝန်ကလေးတစ်ယောက်နှင့်မီးတိုင်အောက်ရှိ မူမူနားသို့ရောက်လာသည်။ အတွင်းဝန် ကလေးသည် မူမူအား
ပြုံး ပြနှုတ်ဆက်ကာ လူအုပ်ကြီးထဲ၌သူ့မင်းကတော်ကိုရှာဖွေကြည့်နေ သည်။ ကိုဘမောင် သည်မူမူ၏ရင်ဘက်ကိုကြည့်လိုက်မိကာ မျက်လုံးမျက်ဆန်ကြီးပြူးသွားလေ သည်။
"ဟေ့..မင်းအထဲက ဘော်လီကြိုးကြီးပြတ်နေပြီ ။ ကြိုးစကြီးလည်းကျလို့။''
အထိတ်အလန့်ဖြင့် မူမူအနားသို့ခပ်တိုးတိုးကပ်၍ ပြောလိုက်သော ကိုဘမောင်အသံကို အနီးရှိအတွင်းဝန်မင်းကြားချင်လည်းကြားပေ
လိမ့်မည်။ မူမူသည် ပူထူပြီး မျက်နှာပျက်ပျက်နှင့်နှုတ်ခမ်းလေးစူကာ မကြားတကြားပြန်ပြောလိုက်သော အသံကို အနီးရှိအတွင်းဝန်မင်း လည်းကြားချင် လည်းကြားပေလိမ့်မည်။
" ကို ကလဲ…အမေရိကန်ရုပ်ရှင်မင်းသမီးတွေလည်းဒီလိုပါဘဲ...တစ်ချို့ကြိုးတောင် မပါ ဘူး" ။
မူမူသည် ဟန်လုပ်၍ ပြောမည့်သာ ပြောလိုက်ရ သည်။သူ့ခြေထောက်အောက်ကမြေကြီးကိုသူမမြင်၊ရင်အုံတစ်ပိုင်းပေါ်နေသော သူ့ ရင်ဘတ် သာမြင်နေ ရ သည် ။ ။
Posted by MaHnin
လှတစ်မျက်နှာ အပိုင်း၂ ဂျာနယ်ကျော်မမလေး
- on 1:06 AM
- No comments
Post a Comment