လှ တစ်မျက် နှာ ( ဂျာ နယ် ကျော် မမလေး )
ယခုဝတ္ထုတို လေး သည် ဂျာနယ်ကျော် မမလေး၏ လက်ရာများထဲ မှာ ကျွန်မ အကြိုက် ဆုံးဝတ္ထု တို တစ်ပုဒ် ဖြစ် သည် ။ ဤ၀တ္ထု ထဲ က " မူမူ " ကဲ့ သို့ ဘို ဆန်ချင် ၊အလှ အပ ကို သာ ဂရု စိုက် ပြီး မိန်း မ မပီ သသော မြန်မာ အမျိုး သမီးလေးများ ယခု ခေတ်တွင် လည်းများစွာ ရှိ ပါ သည် ။ မြန်မာဝတ် စုံ ကို အထင် မကြီး သော free style ကို နှစ်သက် ကြသော ယခုခေတ် မိန်းကလေး အများစု သည် လည်း ပွဲ တက် ဖို့ အကြောင်းရှိ ပါမှ ဟို မြန်မာ အင်္ကျီ ဆွဲ ထုတ် ၊ ဒီ အင်္ကျီ ဆွဲ ထုတ် ၊ အိပ် ယာ ထ ခြင် ထောင် မတင် ၊တံမျက် စည်း မကိုင် ချင် ပေါ့ ပျက် ပျက် နေ တက် သော မိန်းကလေး မျိုး ၊ အပြင် ပန်း အလှအပ ကို သာ ဂရု စိုက် ပြီး ၊စိတ် ဓာတ် လှ အောင် မပြု ပြင် တက် သော မိန်း ကလေး များစွာ လည်းရှိ ပါ ၏ ။ ကျွန်မ တို့ ကျောင်းတက် စဉ် အဆောင် နေတုန်းက အဆောင် သူ မိန်းကလေးတွေ ၊ချော ပါ ၏ လှ ပါ ပေ၏။ ဖြူ ဖြူ သန့်သန့် လေးတွေ နှင့် ကြွက် သိုက် လုပ် လို့ ရေ လာက် အောင် ပေပွ နေ သော ဖွထားသော အခန်းတွင် သူ တို့ နေတာ ဟုတ် ပါစ ဟု မထင်ရက် စရာ မိန်းမပျို များစွာ လည်း ယခု ခေတ် တွင် များစွာရှိ ပါ ၏ ။ အပြင် ထွက် လျှင် ကျော့ ကော့ နေေ အာင် ထွက် ပြီး ၊အိမ် ထဲ တွင် မထင်ရ လောက် အောင် ရှုပ်ယှက် ခတ် သိမ်းဆည်းနေ တက် ခြင်းမရှိ သော ၊အိမ်ထောင်မှု့ ထက် အလှအပ ကို သာ ဂရုစိုက် ထိန်းသိမ်းတက် သောမိန်း မချော တို့ ၏ သဘာ ၀ ကို ဂျာ နယ် ကျော် မမလေးက ပီပီ ပြင် ပြင် ဖြစ်အောင် မျက် လုံး ထဲ ပေါ် လာအောင် ရေးဖွဲ့ ထား၍ ဖတ်ရှု့တော် မူ ကြ ပါ ဦး ။ (မနှင်း)
လှမြတ်သက်မူ၏ နာမည်အရင်းမှာ မလှမူဖြစ်သည်။ ကောလိပ်ကျောင်းသို့ ရောက်သည့်နှစ်တွင် ကောလိပ်ကျောင်း၌ မူမူ ဟုအမည်
တွင်ကာ မူမူဟူ၍လူသိသူသိများခဲ့၏။ မယ်တက္ကသိုလ် အရွေးခံရသည့် နှစ်၌ တိုင်းသိပြည်သိ သတင်းစာထဲတွင်ပုံနှိပ်စာလုံးနှင့်နာမည်
ဖော်ပြ ကြေငြာအံ့ဆဲဆဲ သတင်းထောက်များကို လှမြတ်သက်မူဟူ၍ စိတ်တိုင်းကျနာမည်ရှည်ကြီးဖြည်စွက်မှည့်ပေးလိုက်လေ၏။
ထို့ကြောင့် မလှမူသည် မူမူအဖြစ်မှ လှမြတ်သက်မူဖြစ်လာရသည်။ လှမြတ်သက်မူဆိုသောအမည်သည်မယ်တက္ကသိုလ်အရွေးခံရသည့်
နှစ်၌တစ်ကြိမ်၊ဘိလပ်ပြန် ကိုဘမောင်နှင့် မင်္ဂလာဆောင်စဉ်ကတစ်ကြိမ်ဤနှစ်ကြိမ်သာလျှင်ပုံနှိပ်စာလုံးနှင့်အမည်တွင်လိုက်ရလေသည်။ ယခုတော့လည်းမစ္စက်ဘမောင်ဖြစ်နေရ၏။မူမူသည်သံရုံးတစ်ခုမှပေးပို့လိုက်သောဖိတ်စာကတ်ကိုခုံပေါ်မှဆွဲယူကာအိပ်ချင့်မပြေတစ်ပြေ
မျက်လုံးဖြင့် ဖတ်ကြည့်သည်။ ဖိတ်စာထဲ၌ မစ္စတာနှင့်မစ္စက်ဘမော်ဟူ၍ပါရှိ၏။ ယဉိကျေးမှု့အဖွဲ့နှင့် မိတ်ဆက်တွေ့ဆုံရန် သံရုံးကဖိတ်ကြားခြင်းကြောင့် ဧည့်ခံပွဲ၌ ယဉ်ကျေးမှုကပွဲ ကပြလိမ့်မည် ဆို၍ သွားချင်စိတ်ပေါ်လာလေသည်။ မူမူသည်ဖိတ်စာကတ်ကို အပေါ်သို့ပြန်တင်လိုက်သည် ။ လက်မြှေက်၍ နာရီကြည့်လိုက်သည်။ ညနေလေးနာရီ မထိုးသေး၍စောသေးသည် ဟု မျက်လုံးများမှိတ်လျှက် ပြန်မှိန်းပြန်၏ ။ မူမူဘေးတွင် ကိုဘမောင် အိပ်မောကျနေသည်။ကိုဘမောင်မှာနေ့လည်တစ်နာရီလောက်ထမင်းစားပြီးတစ်ရေးအိပ်တက်၏။
ညနေငါးနာရီလောက်ထမှ အိပ်ရေးဝသွားသည်။ မူမူသည် ကိုဘမောင် နှင့် လက်ထပ်ပြီးနောက် နံနက်ထမင်းစားပြီး ကျောခင်းရမှ
ခေါင်းမကိုက်တက်သူမို့ နေ ကုန်နေခမ်း အိပ်တက်ကြသည့် အကျင့်ခြင်းတူကြလေသည်။ မူမူတို့ လင်မယားမှာနတ်ဖတ်သည့်လင်မယား
ဟူလူပြောများသည်။ အအိပ်စုံမက်သလို၊ အစားစုံမက်ရာ၌ လည်းနာမည်ရလောက်အောင်ဖတ်မိကြ သည်။ ညစာထမင်းစားပြီးတင်းမတိမ်
တက်ခြင်းကြောင့် ညတိုင်းဆိုသလိုပင် အိမ်ကထွက်သည်။ တရုတ် တန်းကုလားတန်းသို့  တစ်ပတ်ကျော့ မှ သာ ၀မ်းအေး သွားကြ
သည်။
ကိုဘမောင် ဘိလပ်မှပြန်ကာ မူမူနှင့်လက်ထပ်ပြီး ကတည်းက ပင်ပင်ပန်းပန်းအလုပ် လုပ်သူမဟုတ်ပေ။ လခစားအစိုးရ အလုပ်လုပ်ရန် စိတ်ပျက် သည်ဟုအ ကြောင်းပြကာ ရှောင်သည်။ စက်မှု့လက်မှု့ကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခုထောင်ရန် မူမူ၏မိဘများက အရင်းအနှီး
ထုတ်ပေးမစချင်သည် ကိုပင် ခေါင်းရှုပ်စရာ တာဝန်ဟူ သရွေ့တို့နှင့် လွတ်လွတ်ကင်းကင်း ရှိအောင်ငြင်းလေသည်။ ကိုဘမောင်
လက်ထပ်ပြီး ၀တ်လုံတော်ရ ဆိုင်းဘုတ်လေးကို မဟာဗန္ဓုလလမ်း၌ သွားချိတ်ထားလိုက်ကာ ဆယ်ရက်နေမှတစ်ရက်လောက်ရုံးတက်
သူဖြစ်၏။ ကိုဘမောင်မှာ သားသမီးမရှိ၊ အိမ်ထောင့်သက်တစ်လျှောက်လုံး ပူပင် ကြောင့်ကြ ကင်းသည်။ မူမူနှင့်လက်ထပ်ပြီး ငွေတိုး
ချေးစားသော ယောက္ခမတိုက်ပေါ်တွင် ရုံးတက်ချင်မှတက်သော အလုပ်နှင့်ငါးနှစ်ခန့်အေးအေးဆေးဆေးနေခဲ့လေသည်။ ယောတ္ခမများ
သေဆုံးကုန်၍ ခယ်မအိမ်ထောင်စုနှင့် အတူတူ စုနေကြရာ မျက်နှာပူတော့မှ ယောက္ခမတိုက်ပေါ်မှ ဆင်းခဲ့ပြီး ဦးလေးအိမ်သို့ပြောင်းရွှေ့ လာခဲ့ကြသည်။ ကိုဘမောင်၏ ဦးလေး အတွင်းဝင်ဦးဘသောင်း မှာ သားမယားမရှိ မုဆိုးဖိုကြီးဖြစ်သည်။
ဦးဘသောင်းအိမ်၌ အိပ်ခန်းတစ်ခန်း စိုးပိုင်ထားကြသောကြောင့် အိမ်လခအတွက်ပူပင်သောက ကင်းသည်။ ထမင်းစားချိန်ကျရောက်
နေလျှင် အခန်းတခါးဖွင့်၍ စားပွဲ၌ ဆင်းစားကြရန် အဆင်သင့်ရှိနေ၏ ။အ၀တ်စားအခြားအသုံးစားရိတ်များအတွက် ယောက္ခမတိုက်ခန်း လခ၀င်ငွေများမှန်မှန်ရှိလေသည်။ အတွင်းဝန်ဦးသောင်း အိမ်ပေါ်၌ ခရိးဝေးမှခေတ္တ တည်းခိုနေသော ဧည့်သည်အချိုးအတိုင်း နေ့ရှိသ၍
ဧည့်သည် လုပ်နေကြလေသည်။ အတွင်းဝန်ဦးဘသောင်းမှာ အိမ်ကပ်သူ မဟုတ်ပေ ။ ရုံးနှင်ကလပ်နှင့် အချိန်ကုန်နေသူဖြစ်သည်။
မူမူသည် ပြန်မှိန်းရင်း ညပွဲဝတ်ရန် သေတ္တာထဲမှ ထမီများကို ရွေးချယ်စိတ်ကူးလျှက်ရှိသည်။ ယခုတလော ညပွဲများ၌ အနက်
ခေတ်စား၏။ ညပွဲတွင်အများအားဖြင့် မျက်နှာဖြူမများ အနက်ဝတ်ဆင်လာကြသည်။မြန်မာများလည်း အနက်ရောင်ဝတ်ကြကာ
ခေတ်စားနေချေသည်။ အချို့မှာ ထဘီအနက်၊အင်္ကျီ အနက် ပါချူပ်ဝတ်နေကြပြီ။ မူမူသည်အင်္ကျီ လုံချည် နက်ဝတ်ချင်လျှက်တစ်ခုသောအကြောင်းကြောင့်အောင့်နေရ သည်။ အနက်ထဲ၌ မည်းညစ်ညစ် ဖြစ်သွားမည့် ညိုပြာသောအသားရေ
ကို ငဲ့နေရသည်။ သေတ္တာထဲ၌ရှိသော ထမီများအနက် ကုလားပြည်မှ လူကြုံနှင့် မှာလိုက်သော ဆာရီိ အနက်ကိုတော့ စိတ်ပျက်သည်။ ဆာရီထမီ အနက်မှာ ပွဲ အပေါင်းပေါင်းနွှဲခဲ့ ပြီး၍ အထပ်ထပ် ထပ်နေချေပြီ။ ရွှေခက်ငွေခက်များနွယ်ထားသော အ၀ါနုနုလေးကိုဝတ်ရန် စိတ်ကူးကြည့်ပြန်သည်။ သည်ထမီ မှာ မင်္ဂလာဆောင်ပွဲထိုင်သာ ရွေးဝတ်ခဲ့သည်။ အကြိမ် အရေ အတွက သိပ်မထပ်သေးပေ။ ၀ါနုနုလေးကို ၀တ်သွားမည် ဟု စိတ်ကူးထားကာမှ ထမီအောက်မှခံဝတ်ရမည့် အတွင်းခံပိတ်ထမီက တမှောင့် ဝင်နှောင့်နေပြန်သည်။
မူမူသည် အ၀တ်လျှော်ရန် သူ့လက်ကလေးများ ပုံပျက်သွားမှာ စိုးပူသည်။ မူမူ၏ လက်ချောင်းကလေးများမှာ ခုံပေါ်၌ချလိုက်လျှင် ကျောက်စရစ်ကလေးများ ခုံပေါ်တွင်ပုံချလိုက်က ထွက်လာမည့်အသံကဲ့သို့ပင်ဂျလောက်ဟုမည်သွားတက်လေသည်။
လက်သည်းခွံများကို လက်ဆစ် တစ် ဆစ် ခန့် ကာလ အတန် ကြာ ဇွဲ နပဲနှင့် အရှည်ကြီးမွေးထားကာ ဆေးနီရဲရဲကြီးတိုးထားလေ သည်။
အတွင်းခံပိတ်ထဘီသည် အောက်က ခံဝတ်ထားသော အ၀တ်ဖြစ်၍ ဖြူဖြူမည်းမည်း လူမမြင်ဟုချူပ်ထားကတည်းက မလျှော်မဖွတ်ဘဲဝတ်ခဲ့သည်မှာ ငါးလ လောက်ရှိတော့မည်။ တစ်ခါတုန်းက ခုတင်ခြရင်းတွင် ပိတ် ထမီကို ကွင်းလုံးကျွတ် ပုံချွတ်
ထားခဲ့စဉ် ဘိလပ်ပြန်ကိုဘမောင် သည် ညစ် မည်းနေသော ပိတ်ထဘီကို အ၀တ်ဟောင်းတစ် ခု အမှတ်ဖြင့်နောက်ပိတ်ဖိနပ် ပွတ်သုတ်သွားခြင်းကြောင့် ဟောင်း ရာမှ ပိုညစ်သွားသည်။ မူမူသည် ပ၀ါပါးကဲ့သို့ခပ်ပါးပါးရွှေထဘီပျော့အောက်၌ ညစ်ထပ်ထပ် ပိတ်ထဘီ ကို ထပ်ခံစိတ်ကူးကြည့်ရာတွင် ၀ါနုနုရွှေထဘီမှာ ခဲသားရောင်ပြောင်းသွားလျှက် ညိုညစ်ညစ်ဖြစ်ကာအဟောင်းနှင့်တူနေ လေ
သည်။ ခုနေထလျှော် လည်းညပွဲအမှီခြောက်နိုင်မည်မဟုတ်၍ ပိတ်ထဘီဟောင်းနှင့်ခံဝတ်၍ ဖြစ်မည့်ထဘီများကိုရွေးချယ်စိတ်ကူးရ သည်။ ဟိုတစ်ထည်လည်းမကြိုက်၊ သည် တစ်ထည်လည်းနေရာမကျ ၊ တစ်ထည်ပြီးတစ်ထည်ရွေးချယ်စိတ်ကူးကြည့်သည်ပင်လျှင် အမောသား ၊တစ်ထည်စီတစ်ထည်စီ ရွေးရင်း ရင်ထဲ၌ကြပ်ချင်သလိုလို ၊ ခေါင်းသည် လည်းအုံတုံတုံ ၊ နားထင်ထဲ သွေးရောက်လာကာတစ် ထည်မှ
စိတ် တိုင်းမကျချေ။ မူမူနှင့် ကျောချင်း ကပ်လျှက် တခေါခေါဟောက်နေ သော ကိုဘမောင်၏အသံကြီးမှာ အာခေါင်တွင် ကပ်၍လျှာလိပ်ဟောက်နေခြင်းကြောင့် လတ်တလော နားထင်ထဲသွေးရောက်လာသောဝေဒနာကိုတိုးလာစေသည်။ လျှာနှင့်လိပ်
ထွက်နေသော အပြင်းအထန်ဟောက်သံကြီးသည်နားကျိန်းလာသည်။ မူမူသည် ကိုဘမောင်၏ခါးကို တတောင်နှင့် သုံးလေးချက်
တွတ်ပစ်လိုက်သည်။ကိုဘမောင်၏ဟောက်သံသည်တုံ့ဆိုင်းသွားသည်။ အင်….ဆိုသောအသံကြီးကိုကြာရှည်ဆွဲကာ လေးတွဲ့တွဲ့ညှစ်ထုတ်လျှက် ပက်လက်လှန်လိုက်သည်။ မကြာခင်သော အချိန်ကာလအပိုင်းအခြားအတွင်း ကိုဘမောင်သည် တစ်ဖက်သို့ပြန်စောင်းသွားကာ
ဟောက်သံကြီး ထွက်ပေါ်လာပြန်သည်။ မူမူသည် အိပ်ရာမှ ငေါက်ခနဲ ထလိုက်သည်။ ကိုဘမောင်၏လက်ပြင်ကြီးကိုလက်သီးနှင့်
ထုပစ်ခဲ့ကာစိတ်နှင့်မာန်နှင့် ခုတင်ပေါ်မှဆင်းလိုက်လေသည်။
ကြမ်းပြင်ပေါ်၌ အမှုန့်များပတ်ဖြူးထားသကဲ့သို့ ဖုံနေသောဖုန်မှုန့်တို့သည်ဒေါနှင့်မောနှင့် နင်းသွားသော ခြေရာတွေကို ပုံကျကျတသီကြီးဖေါ်ပြကြလေသည်။ မူမူသည် ခုတင်ခြေရင်း ရှေ့ မှန်တင်ခုံကြီး၌ ရပ်ကာ မှန်ထဲကြည့်လိုက်သည်။ မှန်သားပေါ်၌
အကွက်များ အစက်များဖြင့် ရှုပ်ရော မှေးမှိန်နေ သဖြင့် အားမရ၍ မျက်နှာနှင့်မှန်ကပ်ကာ အားပြုကြည့်ရလေသည်။ နေ့လည်
တရေး၀၀ကြီးအိပ်ထားသောကြောင့် မျက်ခွံကလေးသည်မို့နေသည်အတွက်ကြောင့်ကျေနပ်သွားသည်။မျက်ခွံအထက်ကမျက်ခုံးနှစ်ဖက်မှာ
တင်ထားရသလိုတန်းသွယ်လျက်ရှိ၏။
အရင်းတုတ်တုတ်။အဖျားသွယ်သွယ်၊အပါးမထူရှိအောင်ဂရုစိုက်လျက်နေ့စဉ်နှင့်အမျှပြုပြင်ပေးသည်။
မျက်ခုံးကိုပုံကျမကျ စစ်ဆေးနေရင်း ကျောင်းနေဖက်မေဂျာသက်ဖေကို သွားသတိရမိသည်။ မေဂျာသက်ဖေမှာ နိုင်ငံခြားသွားမည်ဖြစ်၍ အကယ်၍ ညပွဲ ၌ဆုံမိကြလျှင်မျက်တောင်မွေးကြီးများ အထက်သို့ကော့မ တင် ပေးနိုင်သောကိရီယာတန်ဆာပလာများမှာလိုက်ဖို့ရာသတိ ထားလိုက်လေ သည်။
မူမူသည် မှန်ပေါက်ထွက်မတက် မျက်နှာနှင့်မှန် အပ် ထားလျက် ဆင်းကျနေ သောနှာတံလေးကို သုံးလေးခေါက် မျှ တည့်တည့်ဘေးစောင်း
လုပ်ကြည့်နေသည်။ သုံးလေးခါက်စလုံးအားရနှစ်သိမ့်သွားလေ၏။ကောလိပ်ကျောင်းသား၌ အမည်မသိသောသူများက နှာတံပေါ်ပေါ် နှင့်
ဟုဝိသေသအထူးအမှတ်အသားပြုပြောကြကာ ဘယ်တော့များမှ မမေ့ ၊မှန်ကြည့်တိုင်း အမှတ်ရရရှိသည်။ကျောင်းထွက်မှအိမ်တွင်နေ့ရှိသ၍ စားပြီး အိပ်ပြီးစားရှိနေရပုံပန်းပျက်ကာ အလွန် ဆူဖြိုးသောကိုယ်လုံးကိုယ်ထည်ကြီးကိုနည်းနည်းလေးမှ စိတ် တိုင်းမကျ သည် မှ တစ် ပါး
ဘယ်တော့ကြည့်ကြည့် လှနေ သော မျက်နှာ၏ အလှကို အားအထားဆုံးဖြစ် ပေသည်။
မူမူ၏အကြည့်သည် မျက်ခုံး မျက်လုံး၊နှာတံမှဆင်းလာခဲ့ကာ နှုတ်ခမ်းပေါ်တွင်ဝဲနေ လေ၏။ မူမူသည်နှုတ်ခမ်းလေးကို စိမ်ပြေနပြေကြည့်နေရာက ခုတင်ဘေး၌
ရှိသော စားပွဲ ပေါ်သို့ဆတ်ခနဲ လှည့်ကြည့် လိုက်သည်။ စားပွဲပေါ်၌ ကိုဘမောင်၏ အမှု့ တွဲများမှာ အနေ့အနေ့ အရက်အရက် ကအတိုင်း ဖရိုဖရဲ ပုံယိုင် လျက်ရှိနေ၏။ ကိုဘမောင်၏ ဆေးလိပ်တိုများနှင့်ပြာပုံများသည် လည်း ပြန့်ကျဲလျက်ရှိနေ၏ ။
မနေ့ အိပ်ရာဝင် ခါနီးစားထားကြသော မြေ ပဲလှော်ခွံများမှာ ခုံပေါ်၌ ပွမွလျက် မနေ့ ည က အတိုင်းပင် ရှိသည်။ပုရွက်ဆိတ်များသည် မြေပဲခွံတွေထဲ၌ တပျော်တပါးကြီး အုံဖွဲ့ပြေးလွားနေကြရင်း တစ်နေရာ၌ရှိသော ကွမ်းရာထုပ်ထဲသို့ လမ်းမှားရောက်သွားကြရာမှ
တစီတတန်းကြီးပြေးထွက်သွားကြလျက် နှုတ်ခမ်းပြတ်သတ်နေ သည့် နှီးခွက်စုတ်တင်ထားသောရေတကောင်းအိုးပေါ်တွင် ကြောင်လိမ်
လှေခါးတက်ကြသလို ကွေ့ပတ်ပြေးတက်နေ ကြလေ သည်။ ရေခွက်ထဲ၌ တစ်ဝက်ခွေနေသော စံပယ်ကုံးသည် ညှိုးဝါနေ သောတစ် ၀က် မှာ ရေ တကောင်းကောင်းပေါ်သို့ ကြိုးစတန်းလန်းနှင့် တွဲ လောင်းကျ လျက်ရှိသည်။
ဘားမားစတား၊ တိုင်းရင်းမေ၊ စုံတောက်ဝတ္ထု၊ ဟောလီးဝုဒ်ရုပ်ရှင် စာစောင်များမှာနှစ်နှင့် ချီ၍ ခုံပေါ်၌ ဖုတ်လူး နေ ကြ သ တည်း။
မူမူသည် စားပွဲပေါ် သို့ လှည့်ကြည့်လိုက်သည့်အခါ ခုံပေါ်၌ မြင်မကောင်းအောင် စုပေါင်းနေသော ဤအရာတွေ ကို မမြင်လေ သည် မြင်လေ သည် မဆိုနိုင်။ မက်(စ်)ဖက်တာ ကုမ္မဏီမှလက်ဆောင် ပေးစားပွဲပေါ်၌ တင်ထားသောရုပ်ရှင်မင်းသမီးဂျက်နက်လေး
၏ပုံကားကို ကွင်းကြည့်လိုက် သည်။
နှုတ်ခမ်းရဲရဲဆိုးထားသော ဂျက်နက်လေး၏ နှုတ်ခမ်းလေးကို စိုက်ပြီးကြည့်လျက် သူ့နှုတ်ခမ်း
လေးနှင့် ဆင် မ ဆင် တူမတူ မှန်ထဲ လှည့်ပြီး ကြည့်နေ သည်။ အပေါ်နှုတ်ခမ်းသည် အလယ်၌ ချိုင့်ကာ အထက်သို့ ခုံးမို့ပြီးမှ ကျ
သွယ်ရူးလျက်အောက်နှုတ် ခမ်းသည် ပွင့် အာကျေ သော နှင်းဆီ ပန်းနှင့် တူရမည် ဖြစ် သည်။ ဘာပဲပြောပြောမျက်နှာပဲစိတ် တိုင်းကျ သည်၊ မျက်နှာပဲကျေနပ် သည်။ သည်မျက်နှာပိုင်ရှင်မျိုးသည် ဘာ မှ အရေးထားစရာမ ဟုတ် ၊ဘယ်လိုနေနေဘယ်လိုဝတ်ဝတ် လှ သည်ချောသည် ပင်ဖြစ်ရမည်ဟု စိတ်ချယုံကြည်လိုက်သည် ။
မူမူသည် မှန်ဝအောင်ကြည့်ပြီးနောက် နဖူးပေါ်၌ ကောက်လိပ်ကျနေသော ဆီနှင့်မထိရသည့် လှိုင်းဆံပင်ကို ကောက်သည်ထက်
ကောက်လိပ်စေရန် ရေမချိုးခင် ၀ါယာကြိုးနှင့် လိပ်ထားရန် အတွက် ၀ါယာကြိုးလိုက်ရှာလေ၏။ မှန်ခုံမှာ ရှေးရှေးက ပုံစံ
ဘဲဥပုံသဏ္ဍန်မှန် တွင် သစ်သားပန်းပွင့်များဖြင့် ထွင်းကပ် ထားသည်။ ဆွဲအံ အသေးလေးနှစ်ခု မှန်အောက်၌ ရှိ ၏။ ဆွဲအံလေး
နှစ်ခုကိုဖွင့်ရှာရာတွင် အထဲ၌ ပစ္စည်းမားပြည့်ကျပ်နေ လေ၏ ။ ပြည့်နေသောပစ္စည်းများမှာ ဘာတွေ များကျကျ နန မ မှတ်မိ။ တစ်ခါမှ လည်းမရှင်းကြည့် ။ ဤဘာတွေ မှန်းသေသေချာချာ မပြောနိုင် ချေ။ ဓာတ်မီးခဲကြိုး၊၀ါယာ ကြိုးသာ အတွင် ရှာ သည်။အထက်အံဆွဲ ငယ်လေး နှစ်ဖက်၌ မတွေ့၍ ခုံအောက်က အံဆွဲ ကြီးကို ဆွဲဖွင့်လိုက် သည်။ အံဆွံထံ၌ စိတ်ရှိ လက်ရှိမွှေ ရှာပစ် လိုက်ရာ၊
ကိုဘမောင်၏ အပေါ်အင်္ကျီ၊ရှပ်အင်္ကျီ၊စွပ် ကျယ်၊ပုဆိုး စသော အ၀တ် အထည်များမှာ မူမူ၏ ပန်းရောကြိုးသိုင်း ခုံမြင့်ဖိနပ် နှင့့််လိပ်ထွေးလုံးပတ် ရှုပ် ပွ သွားလေသည်။ အောက်အံဆွဲကို ဖွင့်ရှာပြန်သည်။ ချည်ထဘီ၊ ပိုးထဘီ၊ ထဘီ တစ်ပတ်ရစ်တွေ
တွေထိုးသိပ်ထညိ့ထား၍ အံဆွဲနှင့်ညပ်နေသည်။ အံဆွဲမှာ တော်တော်နှင့် ဖွင့်၍မရ ။၊ အားထုတ်ပြီး ဆောင့်ဆွဲဖွင့်တော့မှပွင့်တော့
ချွေးကျလာသည်။ ဆံပင်လိပ်ရန် ၀ါယာကြိုး အပူတပြင်း လိုက်ရှာတော့မှ အံဆွဲထဲ၌ ယခင်လကမသန့်ရှင်းသေးသော
ထဘီများ မလျှော်ရသေးဘဲ ခေါက်ထိုး ထည့်ထားတာ တွေ့မိသည် ။ တစ်နေ့မှာဘဲ တစ်နေ့မှဘဲဟု လျှော်ရန် စိတ်မှတ် ထားလိုက်သည်။
အံဆွဲ တစ်ခုလုံး ကိုမွှေဖွ ကြည့်သော်လည်း ၀ါယာကြိုးမတွေ့ သဖြင့် စိတ် အိုက် အိုက် နှင့်ဆောင့်ပိတ် ပစ် လိုက်သည်။မှန်တင်ခုံပေါ်၌ ရှိရှိ သမျှ ဘူးခွက်တို့ ကို ဖွင့်မှောက် ရှာ သည် ။ ရေမွှေး၊ ပေါင်ဒါ၊ ခေါင်းလိမ်းဆီ ၊ မိတ်ကပ် စသော၊ မက်(စ်) ဖက် တာများ ခုံပေါ်၌
ရှုပ်ယှက်ခတ်သွားတော့မှ ၀ါယာကြိုး ဘယ်မှာရှိမှန်းသိလေ သည်။ မူမူသည် ခေါင်းအုံးအောက်၌ ပြေးယူလေ သည်။ကိုဘမောင် သည် ဒုန်းဒိုင်း အသံ ဗလံ များကြောင့် နိုးသွားလေ သည်။ မူမူသည်ဝါယာကြိုးကိုယူရန်ခေါင်းအုံးကိုမဖယ်ပစ်လိုက်ရာ ကိုဘမောင်၏မျက်နှာပေါ်သို့ အုပ်ကျသွားသည်။
" ဟေ့…. ဘာလုပ်နေ တာလဲကွ ''
ကိုဘမောင်သည် မျက်နှာပေါ်ကျလာသော ခေါင်းအုံးကို ခြေရင်းဘက်သို့ပစ်လိုက်ပြီးနောက် အာလေးလျှာလေး အသံကြီးဖြင့်
မေးလိုက်သည်။
" ထလေ ကိုရဲ့…ငါးနာရီထိုးတော့မယ်၊ည ပါတီသွားရမှာ "
ကိုဘမောင်အိပ်ရေးမ၀သေးချေ ။ ညနေခြောက်နာရီ မှ ထ ကာ ရေ ချိုး အ၀တ် လဲ လည်းမူမူကို သူ က စောင့်ရ အုံးမှာမြင်ယောင်သေး၍ မထပဲပြန်မှိန်း အိပ်ပြန်လေသည်။ မူမူသည် ရှေ့၌ကျနေရမည့် လှိုင်းဆံပင်ကို ၀ါယာကြိုးနှင့်ညှပ်၍ ပူးလိပ်လိုက်ကာ နဖူးထိပ်၌
ကွေးစုထားလိုက်ပြီးနောက် ဆံပင် ကိုခပ်မြင့်မြင့်ဖီး၍ လိပ်ခွေ ထုံးထားလိုက်လေ၏။ ခေါင်းဖြီးပြီး ၍အင်္ကျီ များချွတ် ကာ ထဘီရင်လျားလေ၏။ ရေမချိုးဘဲ ညပွဲဝတ်သွားမည့်  အင်္ကျီ ထဘီများကို အသင့်ထုတ်ထားရန် ရှိသေး၍ ခုတင်အောက်ကသားရေ
သေတ္တာကြီးကို ဆွဲထုတ်ယူလေ သည်။ သားရေသေတ္တာ အဖုံးပေါ်၌ လက်တစ်လုံးလောက် ဖုန်တက်နေပုံမှာ ပေါင့်မုန့်ပေါ်၌
ထောပတ် သုတ် ထားသကဲ့ သို့ ရှိ၍ မဖွင့်ခင် ၀ှုးခနဲမှုတ်ပြီးမှ ဖွင့်သည်။ အောက်ကခံဝတ်ရ မည့်ပိတ်ထဘီ မည်းမည်းမပေးနိုင် မည့် နီညိုရောင် တရုတ်ဖဲ လုံချည်ကို ဆွဲထုတ် ယူလိုက် သည်။ နီညိုရောင် လုံချည်နှင့် ၀တ်သွားမည့် နိုင်လွန် ပန်းရောင် အင်္ကျီလက်တို
လည်ပင်းထောင် ကော်လာကုတ်၌ ချေးများ ပေနေ သည်။
မူမူသည် အင်္ကျီ နိုင်လွန် ၀တ်ပြီး မလျှော်ဘဲပြန်ခေါက်ထားလိုက်လျှင်ပြန့်ပြီးသားကြောင့် ဘယ်နှစ် ခါခေါက်မိလေသည်ကိုပင် မမှတ်မိနိုင်ချေ။ ကုတ်က ချေးကြောင်းကြီးများမြင်မှပင် လျှော်ဖွတ်သင့်ပြီဟုယူဆသည်။ အင်္ကျီ လက်ရှည်ဝတ် လျှင်ပ၀ါချထား
ရမှာကြောက်သည်။ ပ၀ါချလျှင် အသက်ကြီးရုပ် ဆောင်သည် ဟု ထင်ထားသည်။ ညပွဲ ပဲမမြင်ပါဘူးဟုလည်ကုတ်ချေးပေ နိုင်လွန်လက်ပြတ် အင်္ကျီ တွင် ကြယ်စေ့တပ်လိုက် လေသည်။ သေတ္တာထဲ၌ ဘေးကြယ်စေ့တပ် ပုံကျကျ ဘော် လီ အင်္ကျီကို ရှာမတွေ့ ၍စိတ်ရှုပ်သွား
ပြန်သည်။ နိုင်လွန် လက် တို နှင့်ထဘီ ကို အိပ်ရာပေါ်ပစ်တင် လိုက်ပြီးနောက်သေတ္တာကို ခုတင် အောက်သို့ပြန်တွန်းပို့လိုက်သည်။
မှန်ခုံအနီး၌ထားသော ဒိုဘီခြင်းမှာ မလျှော်ရသေးသော အ၀တ်များနှင့်လျှော်ပြီး သားများ ၊မီးပူ မတိုက်ရ မခေါက်ရသေးသော
အ၀တ်များ စုပေါင်းလုံးထွေး သိပ်ထည့်ထားရာ အ၀တ်ခြင်းဖြစ်၏ ။ ဒိုဘီခြင်းဘေး၌ ဘေးကြယ်စေ့တပ် ဇာဘော်လ အ င်္ကျီ ကို
ို အဟောင်းတွေ့မလား၊ လျှော်ပြီးသားတွေ့ မလား၊ မသေချာ၍ ခေါင်းကြီးကြီးဖြင့် တစ်ထည်ထည်ပြီး တစ် ထည် ဆွဲဖွ ရှာေ နလေ၏။
ကိုဘမောင်မှာ ထဘီနှင့်မျက်နှာသုတ်ပုဝါ ရောထွေးနေလျှင် လည်း ပြောမည့်လူစားမျိုးမဟုတ်ပေ။ လူအေးမှတကယ့်လူရေခဲတုံးကြီး
ဖြစ်သည်။ မကြာသေးမီ က လသာဆောင် ၀ရံ တာ၌ မူမူ၏ ထဘီရေစိုတစ် ထည် လွှားလှမ်းထားရာ အတွင်းဝန်အိမ်မျက်နှာစာ
ဝရံတာ၌ ထဘီလှမ်းတာ လူမြင်မတော်လွန်းဖြင့် ကိုယ်တိုင်ရုပ်လျှက် ခုတင်ခြေရင်း၌ ပြောင်းလှမ်းပေးလိုက်၏။ တံမြက်စည်းမကိုင်ချင်သော တက္ကသိုလ် ကျောင်းသူ နှင့် လက်ထပ်ပြီးသည့်နောက်၌ အိမ်ထဲ၌ ဖုတ်ထ၍ ဖုတ်ထူထူ သဲတရှပ်ရှပ်ဖြ င့်
နေသားကျနေ၏ ။
ဦးလေးအိမ်သို့ ပြောင်းခဲ့ပြီးနောက် ဖုတ်တသောသော တက်နေသောအခန်းကို ဦးလေးမြင်မှာ စိုးရိမ်စိတ်နှင့် အခန်းတံခါးစောင့်ပိတ်ရာ၌ မပေါ့မလျော့ ဂရုစိုက်သည် ။ကိုဘမောင် သည် မယ်တက္ကသိုလ်ဘွဲ့ရ မိန်းမ ချောမိန်းမလှ ရခဲ့ပြီးသည့်
နောက် အိမ်ထောင်ရေးဏ္ဍ ၌ သူ၏ စိတ်ကြိုက်သည် ပြီးဆုံးတိုင်သွား၏ ။ မူမူမှာမူ ကိုဘမောင်အား သူ၏ အလှဘွဲ့ပေးအပ်ခြင်း
ဖြင့်အိမ်ထောင်ရေးတွင် တာဝန်ဆုံးခန်းတိုင် ထားလေ သည်။
မူမူသည် အ၀တ်ခြင်းထဲ၌ ဘေးကြယ်စေ့တပ် ဘော်လီကိုရှာရာ၌ လျှော်ပြီးသားတွေ့သည်။ ဘော်လီအင်္ကျီမှာမီးပူမတိုက်ရသေးသဖြင့်
တွန့်ကြေနေလေသည်။ အင်္ကျီကို မွေ့ရာပေါ်၌ ဖြန့်ကာ တွန့်ကြေသောနေရာများ၌ လက်ဖနောင့်နှင့် ဖိပွတ် တိုက်ဖြန့် သည်။ ဘော်လီ လက်ကြိုး သေးသေးလေးမှာမပြန့်လှ၍ ဆွဲ ဖြောင့်ကာ ဆေးဆိုးထားသော လက်မ လက်သည်းခွံရှည်ကြီးဖြင် ကြိုးစပြန့်အောင် ဆွဲခြစ်ဖြန့် ပေးသည်။ သုံးလေးကြိမ် လက်သည်း နှင့် ခြစ်စွဲရသေးသည။် ဘော်လီကြိုးသည် အရင်းမှကြိုးစာပြုတ်ထွက် သွားသည်။
အဲဒါမှ ခက်သည်။ မူမူ၌ အပ်နှင့်အပ်ချည်လုံးများ အဆင်သင့်မရှိချေ။ အိမ်၌ အပ်ချည်လုံးမရှိမှန်းသိ၍ပြုတ်ထွက် သွားသော
ဘော် လီ လက်ကြိုး ကို ချိတ်ကလေးနှင့်တွဲချိတ် ၀တ်သွားရန်ပြီး စလွယ်စဉ်းစားကြည့်လိုက် သည်။ချိတ်ရှိမည့်နေရာကိုသိပ်မစဉ်းစားရချေ။
ဘယ် မှာရှိမှန်းခေါင်းထဲ ဒက်ခနဲဝင် လာသည်။ ခုတင်၌ ထောင်ထားသောဇာခြင်ထောင် ကြီးပြဲနေ၍ ပြဲသည့်နေရာကိုစုလုံးပြီး ချိတ်ကလေးနဲ့တွယ် ထားလေရာ ထိုချိတ် ကိုဖြုတ်ယူရန် ခုတင်မှ ခြင် ထောင်စ ကို ဆွဲချလိုက် လေ၏ ။
တစ်ရေးပြန်မှေးအိပ်နေသောကိုဘမောင်သည့်ခင်ထောင်စနှင့်မျက်နှာခတ်သွားပြန်သဖြင့်နိုးသွားပြန်သည်။
" ဘာတွေလုပ်နေ တာလဲကွ"
မူမူသည် ခြင်ထောင်ထဲကိုဝင်ကာ ကိုဘမောင်ကို ကျောပေးလျှက် ချိတ်ဖြုတ်ယူရင်းခြင်ထောင်ထဲ မျက်နှာဝင် လာသော ကို ဘမောင် ကို လှည့်မ ကြည့်အားဘဲ-
" ကတဲမှဘဲ၊ မထသေးဘူးလား " ဟု စိတ်မရှည်သံဖြင့်မေး၏။
ခြင်ထောင်ကိုပြန် မတင် တော့ဘဲ အိပ်ရာပေါ်မှထဘီအင်္ကျီများကိုခြင်ထောင်အပြင်ဘက်သို့ ထုတ်ယူခဲ့လျှက် ဒိုဘီခြင်းပေါ်၌ ပုံချမလို ပြုပြီးမှ သတိရ၍ မချခင် ဖုတ်ကိုတအား မှုတ်ပစ်လိုက်သည်။ ဇာဘော်လီကြိုး၌ ချိတ်ကလေးတွယ်တက်ပြီးနောက်
ရေချိုးခန်းသို့ ပြေးဝင်သွားလေသည်။ ကိုဘမောင်သည်ပြန်မှိန်းနေရင်း ရေချိုးခန်းထဲမှမူမူ၏တေးသံကိုကြားရလေသည်။ရေချိုးရင်း
အသံဝဲ၀ဲနှင့် မေးရိုက်ကာ ဆိုနေသော တေးသံသည် မြန်မာသီချင်းမဟုတ်ပေ။"လံဒန်တံတား"ခေါ် အင်္ဂလိပ်သီချင်းဖြစ်သည်။
မူမူသည် အင်္ဂလိပ်သီချင်းမှ ဆိုချင်သည်။ အင်္ဂလိပ် အက လည်း ကျောင်းထွက်မှ က တက်အောင်သင်ထားသည်။ ကပွဲသွားလျှင်
ကိုဘမောင်မှာ ငုတ်တုတ်ကြီး ထိုင်ကြည်နေသည်။ မူမူသည် လူတစ်ယောက်နှင့်တွဲကနေတုန်း ငုတ်တုတ်ကြီးထိုင်လျှက် သမ်းဝေနေတက်သော ကိုဘမောင်ကို မေ့လျော့နေတက်သည်။ ရေချိုးခန်းထဲ၌ အင်္ဂလိပ်သီချင်းများ သံဝဲ သံတုန် သုံးလေးပိုဒ်
သီချင်းဆိုပြီးလျှင်ရေချိုးခြင်းကိစ္စပြီးသွားလေ၏ ။
ညနေ ခြောက်နာရီခွဲလောက်တွင် မူမူ၏မျက်နှာသည် ပန်းသွေးရောင်တက်လာလေပြီ။ မျက်ခုံးတို့သည် မည်းသွယ်နေချေပြီ။
နှုတ်ခမ်းလေးသည် အင်္ဂလိပ် ရုပ်ရှင်မီးသမီး ဂျက်နက်လေးနှုတ်ခမ်းကဲ့သို့ တစ်ပုံစံ တည်း ရဲနီသွားချေင်္ပြီ ။ လှိုင်းဆံယဉ် တို့သည်
နဖူးပေါ်၌ တွန့်လိမ်ကောက်ကွေး ကျလာကြ သည်။ မှန်ခုံတိုင်၌ ညှပ်သွင်းထားသောကတ္တီပါ ပန်းပွင့်နီနီကြီ့း ဖြုတ်ယူလျှက်ဆံထုံးဘေး၌
ပန် လိုက်လေ၏ ။ ကိုဘမောင်သည် မူမူသနပ်ခါးလိမ်းပြီးစ၌ အိပ်ရာ၌ထကာ ရေချိုးခန်းသို့ဝင်သွားသည်။ မူမူအ၀တ်စားလဲနေ တုန်းအောက်ထပ်သို့ ရောက်သွားချေပြီ။ ကိုဘမောင်သည် အပေါ်အင်္ကျီအဖြူ၊ ခဲရောင်ဘန်ကောက် လုံချည်ဝတ်ဆင်ခဲ့လျှက် မူမူကို
ထိုင်စောင့်ရင်း စားပွဲမှ သတင်းစာ ကို ဆွဲဖတ်နေ လေ၏။
သံရုံးရှေ့၌ လမ်းနှစ်ဖက်တွင်ကားများပိတ်ရပ်လျှက်ရှိနေ၏ ။သံရုံးအ၀၌ကားကြီးများများတွေ့ လိုက်ရ၍ " တော်တော်လူစုံမယ့်ပွဲ" ဟုမူမူက ပြောလိုက်သည်။ သံရုံးထဲ၌ ကားဝင်၍ လူစုမိကြလျှင် စောင့်ရပ်ကြိုနေသော သံတမန်နှင် သံတမန် ကတော်တို့ က ဧည့်သည်တို့ အား တစ်ဦးစီ လက်ဆွဲနှုတ်ဆက် လေ၏ ။ အ၀င်ဝနှင့်မလှမ်းမကမ်း ရှိ မြက်ခင်းကြီးပေါ်၌ လူအုပ်ကြီးကိုတွေ့ရသည်။လူအုပ်ကြီးမှာ ၀တ်ကောင်းစားလှများ ၀တ်ဆင်လာကြ လျှက် ကိုယ့်အစုနှင့် ကိုယ် မတ်တက် မတ် တက်ဖြင့်ဝိုင်းဖွဲ့ရပ်နေကြ သည်။
ဆက်လက်ဖေါ်ပြပါမည် ....
လှတစ်မျက်နှာ အပိုင်း၁ ဂျာနယ်ကျော်မမလေး
- on 1:02 AM
- No comments
Post a Comment