နေတက်ရင်ကျေနပ်တယ်

နေတတ်ရင် ကျေနပ်တယ်
***********************
ရုပ်
အရမ်းမလှလဲ ကိစ္စမရှိပါဘူး....
သပ်သပ်ရပ်ရပ် နေတတ်၊ဝတ်တတ်၊ပြုံးတတ်ရင်
ကြည့်လို့ အဆင်ပြေပါတယ်....

စိတ်
အရမ်းသဘောထား မကြီးနိုင်လဲ ကိစ္စမရှိပါဘူး....
ဒေါသ နဲနဲလျော့၊ မနာလိုစိတ်ကင်းပြီး
ရှင်းရှင်းလင်းလင်းတွေးတတ်ရင်ပဲ
ကြည်လင်ပါတယ်....

ငွေ
အများကြီး မချမ်းသာလဲ ကိစ္စမရှိပါဘူး....
ကိုယ်ရှိတဲ့အတိုင်းအတာလေးကို
အကျိုးရှိရှိသုံးစွဲနိုင်ရင်ပဲ
ကျေနပ်စရာကောင်းပါတယ်.....

မိတ်ဆွေ
အများကြီးမရှိလဲ ကိစ္စမရှိပါဘူး....
အပြန်အလှန် လေးစားယုံကြည်မှုနဲ့
ရိုင်းပင်းတတ်သူတချို့ရှိရင်ပဲ
နေပျော်ပါတယ်....

အလုပ်
ဝင်ငွေအများကြီးရတဲ့ အလုပ်မဟုတ်လဲ
ကိစ္စမရှိပါဘူး....
သမ္မာအာဇီဝကျတဲ့ အလုပ်နဲ့
မိသားစုနောင်ရေး စိတ်အေးရတဲ့ အာမခံချက်
ရှိရင်ပဲ ရောင့်ရဲနိုင်ပါတယ်....

ကံ
အများကြီးမကောင်းလဲ ကိစ္စမရှိပါဘူး....
ကိုယ်စွမ်းကိုယ်စနဲ့ လူ့အောက်မကျတဲ့
ဘဝမျိုးပိုင်ဆိုင်ခွင့်ရရင်ပဲ သာယာပါတယ်...

အချစ်
အများကြီး အချစ်မခံရလဲ ကိစ္စမရှိပါဘူး
ကိုယ်ပေးတဲ့အချစ်ကို ကြည်ကြည်ဖြူဖြူ
လက်ခံပေးနေရင်ပဲ နှစ်သိမ့်နိုင်ပါတယ်....

~WPH~

Post a Comment