ခွန်ဆန်လောနဲ့ နန်းဦးပြင်

စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် အချစ်ဇာတ်လမ်းများ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ပုံလေးတွေကို ထောက်လိုက်ခြင်းဖြင့် အကြောင်းအရာများကို ဖတ်ရှု့နိုင်ပါတယ်
မဖတ်အားသေးပါက shareထားခြင်းဖြင့် ဤပို့စ်အား သိမ်းထားပါ

မူရင်းရေးသားသူများအားလုံး credit ပေးပါတယ်
Please>>>
Like & Share
ရှမ်းလူမျိုးတို့ရဲ့ အတိတ်သမိုင်းပုံပြင်တွေ ထဲက အလွန်ဝမ်းနည်းကြေကွဲဖွယ် ကောင်းတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင် ပုံပြင်လေးပါ .. ( ဖြစ်ရပ်မှန်ပေါ့ )
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

မိုင်းကိုင်မြို့ကို - တောင်ကြီးကနေ သွားမယ်ဆိုရင်.... မိုင်တရာကျော်ဝေးပါတယ်...။
ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့ လမ်းအတိုင်း သွားမယ်ဆိုရင်တော့....တောင်ကြီး > ဟိုပုံး > မိုင်းပွန် > လွယ်လွိုင် အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား > ကနေတဆင့် မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. နန်းဦးပြင်နေတဲ့မြို့လေး ပေါ့...။

ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး... ကျိုင်းတောင်းမြို့မှာ နေတာဖြစ်ပါတယ်... ကျိုင်းတောင်းမှ.. မိုင်းကိုင်ကို လာမယ်ဆိုရင်... ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း > နမ့်စန် > လွိုင်လင် > ပင်လုံ > လဲချား > မိုင်းကိုင်မြို့ကိုရာက်ပါတယ်.. ကြားထဲမှာ.. မိုင် ၁၀၀ ကျော်ဝေးပါတယ်..။ဟိုးလွန်ခဲ့တဲ့ အတိတ် နှစ်များဆီက မိုင်းကိုင်ဆိုသော မြို့လေးမှာ အင်မတန် ချောမောလှပတဲ့ နန်းဦးပြင်ဆိုတဲ့ ကွမ်းတောင်ကိုင် ရွာမျက်နှာဖုံး သျှမ်းလှပျိုဖြူလေး တဦး နေထိုင်သတဲ့... အဲ့ဒီ နန်းဦးပြင် နေထိုင်တဲ့ မိုင်းကိုင်မြို့ရဲ့ အရှေ့ဘက်မိုင် ၁၀၀ကျော်ခန့် အကွာတွင်တော့ ကျိုင်းတောင်းဆိုတဲ့ မြို့လေးတမြို့ရှိတယ် အဲ့ဒီမြို့လေးမှာ အသားဖြူဖြူ အရပ်မောင်း ကောင်းကောင်းနဲ့ တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ ခွန်ဆမ်လောဆိုသည့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ကုန်သည် လူငယ်လေးတဦး နေထိုင်သတဲ့ သူတို့နှစ်ဦးဟာ အမတ်မထင်တွေ့ဆုံပြီး လူငယ်သဘာဝ ချစ်ကြိုက် သွားကြပါတော့တယ်…

တစ်ရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့ ခွန်ဆမ်လောဟာ မိုင်တစ်ရာကျော် ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့..

အချစ်ကြီးသူ နှစ်ဦးဖြစ်တော့ တဦးနဲ့တဦး မမြင်ရရင် မနေနိုင်အောင်ပဲတဲ့ကွယ်.. ခွန်ဆမ်လောလေးဟာ မိုင်တရာကျော် ဝေးတဲ့ ချစ်သူရှိရာကို မမောနိုင်မပန်းနိုင် မြင်းစီးပြီး အမြဲလူပျိုလည့်ခဲ့ပါသတဲ့ ဒီလိုနဲ့ တနေ့နမ့်တိန်းချောင်း ကလေးအနီးမှာ... ဆုံတွေ့ပြီး ချစ်စကားပြောနေချိန်မှာ..

နံဘေးက နမ့်တိန်းချောင်း ရေစီးသံက ဆူညံနေတဲ့အတွက် ချစ်သူ ခွန်ဆမ်လောပြောတဲ့ ချစ်စကားလေးတွေကို.. နန်းဦးပြင်လေးဟာ ကောင်းကောင်း မကြားရဘူးဖြစ်နေပါတယ်။ ဒီအခါ နန်းဦးပြင်လေးဟာ နမ့်တိန်းချောင်းဘက် လှည့်ကာ တိုးတိုးလေး ဆိုလိုက်တယ်တဲ့လေ..
“နမ့်တိန်းချောင်းရယ်.. ပီဆမ်လော ပြောလာမဲ့စကားကို နားထောင်ပါအုံး...မဆူပါနဲ့လားကွယ်” လို့ပြောလိုက်တော့ နမ့်တိန်းချောင်းလေးဟာ နန်းဦးပြင်အလိုကျ တိတ်ဆိတ်ငြိမ်သက် သွားလိုက်တာ..... ခုချိန်အထိ တိုင်အောင်ရေစီးသံ မကြားရတော့ဘူးလို့ဆိုပြန်တယ်..။

ဒီလိုနဲ့ ခွန်ဆမ်လောကို... ခွန်ဆမ်လောမိခင်က သူ့တို့ရွာမှာ..သွက်သွက်လက်လက် ရှိတဲ့နန်းဦးပျဉ်း နဲ့ တိတ်တဆိတ် သဘောတူထားတာပေါ့... ပြီးတော့ နန်းဦးပျဉ်းကိုလဲ ခွန်ဆမ်လောနဲ့ လက်ထပ်ပေးမယ်လို့ ကတိပေးထားသတဲ့.. ဒီအကြောင်းကို ခွန်ဆမ်လောသိတော့ သူ့ချစ်သူ နန်းဦးပြင်ကလွဲ၍ အခြားမည်သူ့ကိုမျှ လက်မထပ်နိုင်ဘူး လို့ပြောပြီး.. နန်းဦးပြင်ကိုပဲ... လက်ထပ်၍.. သူနေတဲ့ ကျိုင်းတောင်းမြို့လေးကို ခေါ်ဆောင်လာခဲ့သတဲ့..။ နန်းဦးပြင်လေးခများ မောင့်တမျက်နှာ တရွာထင်၍ လိုက်ခဲ့ရှာလေသည်။

ဒါကြောင့်ခွန်ဆမ်လောရဲ့ အမေက နန်းဦးပျဉ်းကို ပေးထားတဲ့ ကတိ နန်းဦးပြင်ကြောင့် ပျက်ရတယ်
ဆိုပြီးတော့ နန်းဦးပြင်လေးကို မနှစ်သက်၊ မကြည်ဖြူ တဲ့အပြင် ငါ့သားနှင့် နှင်တူသလား တန်သလား ဟုဆိုကာ အညိုးကြီးထား၍ နှိပ်စက်လေတော့သည်၊ အိမ်မှာ မနေနိုင်အောင်.. အိမ်ပေါ်က ဆင်းသွားအောင် ခွန်ဆမ်လော ကုန်ရောင်းထွက်လို့ အိမ်မှာမရှိတဲ့အခိုက် နန်းဦးပြင် စားမဲ့ထမင်းထဲမှာ.. ဆူးတွေ ထည့်ထားတာတို့ ကောက်ညင်းဆန်ကို အပ်တွေထည့်ပြီးပေါင်း.. ပြီးမှ နန်းဦးပြင်ကို ခူးခိုင်းတာ... စသဖြင့် နည်းပေါင်းစုံနဲ့ နန်းဦးပြင်လေးကို အမျိုးမျိုး နှိပ်စက်ပါတော့တယ်..

နန်းဦးပြင်လေးကတော့... ခွန်ဆမ်လောကို ချစ်လွန်းတာကြောင့်..ဘယ်လိုနည်းနဲ့နှိပ်စက် နှိပ်စက် ခင်ပွန်းသည် ခွန်ဆမ်လော စိတ်မကောင်းဖြစ်မှာစိုးလို့.... ဖွင့်မပြောပဲနဲ့ ကြိုတ်မှိတ်ပြီးနေရှာပါတယ်...။သိပ်စိတ်ဆင်းရဲလာတဲ့ အခါမျိုးမှာဆို နန်းဦးပြင်လေးဟာ အိပ်ယာထဲမှာ တယောက်ထဲတိတ်တဆိတ် ခိုးခိုးငိုရရှာပါသတဲ့...။ ဒီလိုနဲ့ ... နန်းဦးပြင်ဟာ.. ခွန်ဆမ်လောရဲ့ရင်သွေးကို လွယ်ဖို့ဖြစ်လာချိန်မှာတော့.... နှစ်ယောက်သား ကြည့်နူးနေကြရှာတာ ပြောမပြတတ်အောင်ပဲပေါ့... ဒီလိုနဲ့ ကိုယ်ဝန်အရင့်အမာ ဖြစ်နေတဲ့အချိန် တနေ့မှာတော့..

ခွန်ဆမ်လောဟာ မဖြစ်မနေကုန်ရောင်း ကုန်ဝယ်သွားရမဲ့ အချိန်နဲ့ တိုက်ဆိုင် နေပါတော့တယ်.. ခွန်ဆမ်လောခမျာ မသွားချင်ပေမဲ့ သွားရပြီမို့.... ကလေးမမွေးခင်မှာ. ကိုအချိန်မှီ ပြန်လာခဲ့ပါ့မယ်လို့.. နန်းဦးပြင်ကို ကတိတွေ ပေးပြီး.. ခရီးထွက်သွားရှာတယ်.။

ခွန်ဆမ်လော ခရီးထွက်သွားတာနဲ့တပြိုင်နက် ခွန်ဆမ်လော အမိခင်ဟာ အညိုးကြီးသူပီပီ နန်းဦးပြင်လေးကို ထုံးစံ အတိုင်း နှိပ်စက်ပြန်ပါတော့တယ်...။

ကိုယ်ဝန်အရင့်မာ ဖြစ်နေတဲ့... နန်းဦးပြင်ကို လှေကားက ပြုတ်ကျအောင်ဆိုပြီး.. လှေကားကို ပြုတ်ခံနီးအထိ တမင်ဖြုတ်ထားသတဲ့.. ဒါကိုမသိတဲ့ နန်းဦးပြင်က လှေကားကနေ ဆင်းတော့ ပြုတ်ကျတော့တာပေါ့.. ကံကောင်း ထောက်မ၍ ကလေးရော မိခင်သေကံ မရောက်ခဲ့ပေမဲ့ ဒီလောက် လူမဆန်စွာ ရက်စက် ကြမ်းကြုတ်သော ယောက်ခမမျိုးနဲ့ မနေတော့ဟု စိတ်ဆုံးဖြတ်ခါ ချစ်လင်ပြန်အလာကို မစောင့်နိုင်ရှာပဲ မိမိမွေးရပ်ဌာနေ မိခင်တွေဆီကို ပြန်သွားပါတော့တယ်...။

ကိုယ်ဝန်ကလဲ အရင့်အမာနဲ့ဆိုတော့.. လမ်းခရီး..တ၀က်မှာပဲ..ဗိုက်အရမ်းနာလာပြီး... ကလေးကို ပါလာတဲ့အဖော် အကူညီနဲ့ပဲမွေးဖွားခဲ့ပါတော့တယ်...။

သို့ပေမဲ့ ကံဆိုးချင်တော့.. ကလေးကအသက်မရှင်ခဲ့ပါဘူး..ဒီတော့ နန်းဦးပြင်က စိတ်နှလုံး ထိခိုက်ကြေကွဲစွာနဲ့ “သြော်.. ကံဆိုးလှတဲ့ သားလေးရယ်... နင့်အဖေမျက်နှာကိုတောင် မြင်ခွင့်မရှိပဲ...လူ့လောက ကနေပြန်လည်ထွက်ခွာ သွားရပြီကောကွယ်... နင့်အဖေကိုသွားရှာပါတော့... ” ဆိုပြီး..၀ါးနှစ်ပင်ရဲ့ ခွကြားမှာ.. တင်ထားခဲ့လိုက်ပါတယ်..။

အဲဒီ ကလေးဟာ.. နောက်ဆုံး.. ဥသြ ဌက်လေး ဖြစ်လါပြီး သူ့အဖေကို အမြဲတမ်း အော်ခေါ်နေရှာသတဲ့ သူ့အသံလေးကို သျှမ်းတို့က..“ပေါ့ဝေ့” “ပေါ့ဝေ့” (အဖေရေ) လို့ကြားနေရတယ်....။ သူ့အဖေ ခွန်ဆမ်လောကို ခုချိန်ထိအဲဒီငှက်ကအော်ခေါ်နေတုန်း

စိတ်ဒဏ်ရာများစွာနဲ့ နန်းဦးပြင်ဟာ သူအိမ်ရောက်တာနဲ့ ချက်ချင်းသေဆုံးသွားခဲ့လိုက်ရတယ် အဲဒီချိန်ခွန်ဆန်လောခရီးထွက်လာရာကနေ အိမ်ရောက်လာတော့ သူအလွန်တရာမြတ်နိုးတဲ့ဇနီးလေးလဲမတွေ့ အကြောင်းစုံကိုချက်ချင်းရိပ်မိပြီ မိုင်းကိုင်ကို မြင်းနဲ့ချက်ချင်းလိုက်လာခဲ့တယ်လေ ...

အလာကောင်းပေမယ့် အခါကနှောင်းသွားပြီ.
နန်းဦးပြင်အလောင်းနားသူ့ကိုဘယ်သူမှအဝင်မခံဘူး နောက်ဆုံးသူ့မှာပါလာတဲ့ငွေဒဂါးအိတ်ကိုလွင့်ကျဲ လူတွေလိုက်ကောက်နေချိန် သူ့ဇနီးအလောင်းဆီကိုချက်ချင်းသွားပြီး ပြေးဖက်ငိုကြွေးတ်ာပေါ့
နောက်ဆုံးတော့ သူ့မှာပါလာတဲ့ဆောင်ဓါးနဲ့ သူ့ကိုယ်သူအဆုံးင်္စီရင်လိုက်တယ်

အရမ်းသဘောကျလို့တင်ပေးလိုက်ပါတယ်
copyright from KoSaiWonAein

ဖတ်ပီးဘာတွေခံစားရလဲပြောသွားပါအုန်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးလို့သိရပါတယ်။

Post a Comment